Saraniya Dhamma Meditation Centre

Saraniya Dhamma Meditation Centre Homepage : http://www.saraniya.com/
Saraniya Dhamma Meditation Centre : Insight meditation https://www.facebook.com/groups/177755272272991/

UK branch of Panditãrãma Shwe-taung-gon Sasana Yeik-tha monastery.

11/09/2026

၂၀၂၆ ခုနှစ် နှစ်စဉ် ညီလာခံကို ၆ရက် စက်တင်ဘာလ မှာ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း သာရဏီယ ဓမ္မမိသားစု ကြီး နဲ့ တကွ ရပ်ဝေးရပ်နီးမှ အားလုံးသော ဓမ္မမိတ်ဆွေ များကို အသိပေးပါရစေ။

ဆရာတော် ဉီးခေမာသီရိ နှင့် ဆရာတော် ဉီးအစ္စရိိယ တို့၏ ဉီးဆောင်မှုဖြင့် လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်းမှာ နှစ်စဉ် လုပ်နေကျ တရားစခန်း ၃ ခု၊ ယဉ်ကျေးမှု သင်တန်း ၁ခု နှင့် အခြားသော ဗုဒ္ဓဘာသာ အခါကြီးရက်ကြီးပွဲများ မြန်မာ့ရိုးရာ အစဉ်အလာ ပွဲများ ကျင်းပခဲ့ပါသည်။

ထို့အတူ သာရဏီယ ဓမ္မ တရားရိပ်သာ တည်ရှိရာ အင်္ဂလန်နိုင်ငံ၏ စံနှုံးစံထားများ ဉပဒေများ နှင့် ကိုက်ညီသည့် အဖွဲ့အစည်း အဖြစ် ရေရှည်တည်တန့် ခိုင်မာစွာ ရပ်တည် နိုင်ရန် စည်းမျဉ်း စည်ကမ်း များ၊ ပေါ်လစီများ ကို ဒေါက်တာ မင်းလတ်မှ တာဝန်ယူ ရေးဆွဲခဲ့ပြီး နာယက အဖွဲ့ မှ အတည်ပြုခဲ့ကြပါသည်။

ယခုအခါတွင် သာရဏီယ ဓမ္မ တရားရိပ်သာ အဖွဲ့သားအားလုံး လက်ကိုင်ထားရမည့် “အဖွဲ့ဝင်ကျင့်ဝတ်များ” (Code Of Conduct) ကို ပန္ဓိတာ ရာမ ရွှေတောင်ကုန်းဆရာတော်ကြီး၏ ဆုံးမသြဝါဒ ကို အခြေခံရျ် ရေးသားသည်ကိုအတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ထို့အတူ နာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ကျောင်းမှလုပ်ငန်းဆောင်တာများကို တာဝန်ယူ လုပ်ကိုင်နေကြသူ တဉီးချင်းသာမက နှင့် အဖွဲ့ဝင်အားလုံးအနေဖြင့် တရားရိပ်သာ၏အကျိုး သာသနာ၏အကျိုးကိုသာ ဉီးထိပ်ထား ဆုံးဖြတ်လုပ်ကိုင်စေရန် “အကျိုးစီးပွားများ ပဋိပက္ခ ဖြစ်တတ်မှုဆိုင်ရာ ပေါ်လစီ” (Conflict of Interest policy) နှင့် အတူ “ပဋိပက္ခများ ရင်ကြားစေ့ခြင်း ပေါ်လစီ” (Conflict Resolution Policy) အားလည်း အတည်ပြုခဲ့ကြပြီးဖြစ်ပါသည်။

အလျှူရှင်များ လျှူဒါန်းသည့် ငွေကြေးတို့ကို ကျောင်းနှင့်ပတ်သက်သည့် ပစ္စည်းများ လုပ်ငန်းများအတွက်အသုံးချရာတွင် charity commission ၏ လမ်းညွှန်ချက်များသာမက ထေရဝါဒ ဗုဒ္ဓဘာသာ၏ တရားဓမ္မများနှင့် လျှော်ညီစွာ အသုံးချနိုင်ရေးအတွက် ‘ငွေကြေးသုံးဆွဲခြင်းဆိုင်ရာ ပေါ်လစီ’ Procurement policy အားလည်း အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ကလေးသူငယ်များနှင့် ကြည့်ရှုစောင့်ရှောက်မှုရယူရန် လိုအပ်သူ လူကြီးသူမ များကို စောင့်ရှောက်ရေးဆိုင်ရာ ပေါ်လစီ Safeguarding policy သည်လည်း ရေးသားအတည်ပြုခဲ့ပြီးပါပြီ။

မန်ချက်စတာ သို့ ၂ နှစ်တာ သာသနာ ပြု ခရီးကြွခဲ့သော ဆရာတော် ဉီးအစ္စရိိယ အား ကျေးဇူးတင်နှုတ်ဆက်ပွဲ ကျင်းပရာ ဆရာတော်မှ သြဝါဒကထာ မွတ်ကြားခဲ့ပါသည်။ ဆရာတော်ဘုရား၏ အနာဂတ် သာသနာပြုခရီးစဉ်များ အဆပေါင်းများစွာ ပိုမို အောင်မြင်ပါစေကြောင်း လည်း အဖွဲ့သားအားလုံးမှ ဆုတောင်းခဲ့ကြပါသည်။ ထိုပေါ်လစီများကို ဖတ်လိုပါက ကျောင်းဖုန်းကိုဆက်သွယ်နိုင်ပါသည်။

ကျောင်းထိုင်ဆရာတော် ရေရှည်သီတင်းသုံးနိုင်ရေး အတွက် ရွှေတောင်ကုန်းမဟာနာယက ဆရာတော်ကြီးများသာမက သာရနိယမိသားစုများနှင့် လက်ရှိဆရာတော် ဦးခေမာသီရိ တို့မှ အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်နေကြပါသည်။

အပတ်စဉ် တရားဓမ္မ လေ့လာရွတ်ဖတ်မှုများကို ဆရာတော် ဦးခေမာသီရိမှ ဆက်တိုက်ပို့ချနေပါသည်။ ပါဝင်ကုသိုလ် ယူလိုပါ က ကျောင်းဖုန်းကို ဆက်သွယ်နိုင်ပါသည်။

၂၀၂၆ ခုနှစ် နှစ်စဉ် ညီလာခံကို ၆ရက် စက်တင်ဘာလ မှာ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း သရဏီယ ဓမ္မမိသားစု ကြီး နဲ့ တကွ ရပ်ဝေးရပ...
11/09/2026

၂၀၂၆ ခုနှစ် နှစ်စဉ် ညီလာခံကို ၆ရက် စက်တင်ဘာလ မှာ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း သရဏီယ ဓမ္မမိသားစု ကြီး နဲ့ တကွ ရပ်ဝေးရပ်နီးမှ အားလုံးသော ဓမ္မမိတ်ဆွေ များကို အသိပေးပါရစေ။

ဆရာတော် ဉီးခေမာသီရိ နှင့် ဆရာတော် ဉီးအစ္စရိိယ တို့၏ ဉီးဆောင်မှုဖြင့် လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်းမှာ နှစ်စဉ် လုပ်နေကျ တရားစခန်း ၃ ခု၊ ယဉ်ကျေးမှု သင်တန်း ၁ခု နှင့် အခြားသော ဗုဒ္ဓဘာသာ အခါကြီးရက်ကြီးပွဲများ မြန်မာ့ရိုးရာ အစဉ်အလာ ပွဲများ ကျင်းပခဲ့ပါသည်။

ထို့အတူ သရဏီယ ဓမ္မ တရားရိပ်သာ တည်ရှိရာ အင်္ဂလန်နိုင်ငံ၏ စံနှုံးစံထားများ ဉပဒေများ နှင့် ကိုက်ညီသည့် အဖွဲ့အစည်း အဖြစ် ရေရှည်တည်တန့် ခိုင်မာစွာ ရပ်တည် နိုင်ရန် စည်းမျဉ်း စည်ကမ်း များ၊ ပေါ်လစီများ ကို ဒေါက်တာ မင်းလတ်မှ တာဝန်ယူ ရေးဆွဲခဲ့ပြီး နာယက အဖွဲ့ မှ အတည်ပြုခဲ့ကြပါသည်။

ယခုအခါတွင် သရဏီယ ဓမ္မ တရားရိပ်သာ အဖွဲ့သားအားလုံး လက်ကိုင်ထားရမည့် “အဖွဲ့ဝင်ကျင့်ဝတ်များ” (Code Of Conduct) ကို ပန္ဓိတာ ရာမ ရွှေတောင်ကုန်းဆရာတော်ကြီး၏ ဆုံးမသြဝါဒ ကို အခြေခံရျ် ရေးသားသည်ကိုအတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ထို့အတူ နာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ကျောင်းမှလုပ်ငန်းဆောင်တာများကို တာဝန်ယူ လုပ်ကိုင်နေကြသူ တဉီးချင်းသာမက နှင့် အဖွဲ့ဝင်အားလုံးအနေဖြင့် တရားရိပ်သာ၏အကျိုး သာသနာ၏အကျိုးကိုသာ ဉီးထိပ်ထား ဆုံးဖြတ်လုပ်ကိုင်စေရန် “အကျိုးစီးပွားများ ပဋိပက္ခ ဖြစ်တတ်မှုဆိုင်ရာ ပေါ်လစီ” (Conflict of Interest policy) နှင့် အတူ “ပဋိပက္ခများ ရင်ကြားစေ့ခြင်း ပေါ်လစီ” (Conflict Resolution Policy) အားလည်း အတည်ပြုခဲ့ကြပြီးဖြစ်ပါသည်။

အလျှူရှင်များ လျှူဒါန်းသည့် ငွေကြေးတို့ကို ကျောင်းနှင့်ပတ်သက်သည့် ပစ္စည်းများ လုပ်ငန်းများအတွက်အသုံးချရာတွင် charity commission ၏ လမ်းညွှန်ချက်များသာမက ထေရဝါဒ ဗုဒ္ဓဘာသာ၏ တရားဓမ္မများနှင့် လျှော်ညီစွာ အသုံးချနိုင်ရေးအတွက် ‘ငွေကြေးသုံးဆွဲခြင်းဆိုင်ရာ ပေါ်လစီ’ Procurement policy အားလည်း အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ကလေးသူငယ်များနှင့် ကြည့်ရှုစောင့်ရှောက်မှုရယူရန် လိုအပ်သူ လူကြီးသူမ များကို စောင့်ရှောက်ရေးဆိုင်ရာ ပေါ်လစီ Safeguarding policy သည်လည်း ရေးသားအတည်ပြုခဲ့ပြီးပါပြီ။ ထိုပေါ်လစီများကို ဖတ်လိုပါက ကျောင်းဖုန်းကိုဆက်သွယ်နိုင်ပါသည်။

မန်ချက်စတာ သို့ ၂ နှစ်တာ သာသနာ ပြု ခရီးကြွခဲ့သော ဆရာတော် ဉီးအစ္စရိိယ အား ကျေးဇူးတင်နှုတ်ဆက်ပွဲ ကျင်းပရာ ဆရာတော်မှ သြဝါဒကထာ မွတ်ကြားခဲ့ပါသည်။ ဆရာတော်ဘုရား၏ အနာဂတ် သာသနာပြုခရီးစဉ်များ အဆပေါင်းများစွာ ပိုမို အောင်မြင်ပါစေကြောင်း လည်း အဖွဲ့သားအားလုံးမှ ဆုတောင်းခဲ့ကြပါသည်။

ကျောင်းထိုင်ဆရာတော် ရေရှည်သီတင်းသုံးနိုင်ရေး အတွက် ရွှေတောင်ကုန်းမဟာနာယက ဆရာတော်ကြီးများသာမက သရနိယမိသားစုများနှင့် လက်ရှိဆရာတော် ဦးခေမာသီရိ တို့မှ အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်နေကြပါသည်။

အပတ်စဉ် တရားဓမ္မ လေ့လာရွတ်ဖတ်မှုများကို ဆရာတော် ဦးခေမာသီရိမှ ဆက်တိုက်ပို့ချနေပါသည်။ ပါဝင်ကုသိုလ် ယူလိုပါ က ကျောင်းဖုန်းကို ဆက်သွယ်နိုင်ပါသည်။

ဘဝတစ်လျှောက် ကြံတိုင်းပေါက်ဖို့အိုဘာသာဝင်၊ သူတော်စင်တို့၊နေ့စဉ်နေ့တိုင်း၊ နံနက်ပိုင်း၌၊ညပိုင်းအခါ၊ စောသတ္ထာ၏၊များစွာဂုဏ်...
07/09/2026

ဘဝတစ်လျှောက် ကြံတိုင်းပေါက်ဖို့

အိုဘာသာဝင်၊ သူတော်စင်တို့၊
နေ့စဉ်နေ့တိုင်း၊ နံနက်ပိုင်း၌၊
ညပိုင်းအခါ၊ စောသတ္ထာ၏၊
များစွာဂုဏ်စု၊ အာရုံပြုလော့။

လူမှုကိစ္စ၊ ဆောင်ရွက်ကြလည်း၊
ဗုဒ္ဓစောမြတ်၊ မနောဓာတ်၌၊
မပြတ်မှီကာ၊ ရပ်တည်လာသို့၊
မေတ္တာနှလုံး၊ သစ္စာသုံ၍၊
ရွှင်ပြုံးအေးမြ၊ ပြုလုပ်ကြလော့။

သို့မှဘေးဒဏ်၊ တွင်းပြင်ရန်ကို၊
အမှန်ကိုယ်က၊ အောင်နိုင်ရလျက်၊
ဘဝတစ်လျှောက်၊ ကြံတိုင်းပေါက်သည်၊
ထို့နောက်ဆင့်လို့ မြင့်မည်ကိုး ။မ

အရှင်ဇနကာဘိဝံသ
ကျေးဇူးတော်ရှင်
မဟာဂန္ဓာရုံဆရာတော်

Saraniya Dhamma Centre September eventsSayadaw Ven Acchariya has been with us for 2 years. Time has passed by quickly an...
29/08/2026

Saraniya Dhamma Centre
September events

Sayadaw Ven Acchariya has been with us for 2 years. Time has passed by quickly and now we are saying goodbye to Sayadaw.

We will be conducting a farewell ceremony for Sayadaw, on the 6th September. Please come and share the merits with us. Sayadaw U Khemar Siri will be here for the next two years.

Our annual meeting will be held on the same date.

Vipassana meditation retreat is starting. You are invited to the opening ceremony and completion ceremony. As there will...
22/08/2026

Vipassana meditation retreat is starting. You are invited to the opening ceremony and completion ceremony. As there will be yogis conducting their retreat please try to be silent, and be respectful when you visit during the retreat days.
May you all be well and peaceful.
Admin

ဆရာတော် ဉီးခေမာသီရိ  မန်ချက်စတာ သို့ သာသနာပြု ခရီးကြွစဉ် ရန်ကုန် လေဆိပ် တွင် U Khemar Siri
29/07/2026

ဆရာတော် ဉီးခေမာသီရိ မန်ချက်စတာ သို့ သာသနာပြု ခရီးကြွစဉ် ရန်ကုန် လေဆိပ် တွင် U Khemar Siri

Waso Robe offerings & celebrationsPlease come and join us in sharing the merits and conduct meditation. Thanks to Ko Kya...
22/07/2026

Waso Robe offerings & celebrations

Please come and join us in sharing the merits and conduct meditation. Thanks to Ko Kyaw Thet Tun and Ingi San for the Waso robe offerings. And to all who will be offering. So please come this sunday. 11 am 26th July.

In the afternoon, there is an opening ceremony for Youth Culture camp. So its a doubly blessed celebrations on the day.
Admin
With Nilar Khin , Thazin Than Maung Msl Aye, Khin Shwe Mar Kaung Myat Thu Daw Cho Tun Min, Kat Sparkle Sally Aye Linn Sally Mya Winn

ကဆုန်ညောင်ရေ သရဏိယ ဓမ္မ တရားရိပ်သာမန်ချက်စ်တာWe are grateful to Sayadaw Ashin Nanujjota and Sayadaw Ven Acchariya ,  who...
01/06/2026

ကဆုန်ညောင်ရေ
သရဏိယ ဓမ္မ တရားရိပ်သာ
မန်ချက်စ်တာ
We are grateful to Sayadaw Ashin Nanujjota and Sayadaw Ven Acchariya , who celebrated the 'Nyaung yay thun pwe. '
Food was bountiful, and followed by mindfulness meditation. We listened to Dhammatalk by Sayadaw Ashin Nanujjota.
Sadu sadu sadu to all

ကဆုန်ညောင်ရေ သရဏိယ ဓမ္မ တရားရိပ်သာမန်ချက်စ်တာ
31/05/2026

ကဆုန်ညောင်ရေ
သရဏိယ ဓမ္မ တရားရိပ်သာ
မန်ချက်စ်တာ

Address

420 Lower Broughton Road
Manchester
M72GD

Opening Hours

6pm - 8pm

Telephone

+441612816242

Alerts

Be the first to know and let us send you an email when Saraniya Dhamma Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share