Onward Myanmar Fellowship

Onward Myanmar Fellowship Onward Myanmar Fellowship is where Burmese Christians gather together and worship in the first week of every month.

OMF is formed by the love and supports of the Onward Christian Center.

15/02/2026

Reason for our HOPE

အပင်သည် မြေကြီးမှာ နေချင်လည်း နေရတယ်..။မနေချင်လည်း နေရတယ်..။မနေချင်ရင် မြေကြီး မသေ.. အပင် သေတတ်တယ်..။အပင်ရဲ့အသက်ရှင်ခြင်...
04/12/2024

အပင်သည် မြေကြီးမှာ နေချင်လည်း နေရတယ်..။
မနေချင်လည်း နေရတယ်..။
မနေချင်ရင် မြေကြီး မသေ.. အပင် သေတတ်တယ်..။

အပင်ရဲ့အသက်ရှင်ခြင်းအကြောင်းအရင်းက မြေကြီးမှာပဲ ရှိတယ်..။

ငါးသည် ရေထဲမှာ နေချင်လည်း နေရတယ်..
မနေချင်လည်း နေရတယ်..။
မနေချင်ရင် ရေ မသေ .. ငါး သေတတ်တယ်..။

ငါး ရဲ့အသက်ရှင်ခြင်းအကြောင်းအရင်းက ရေထဲ မှာပဲ ရှိတယ်..။

လူသည် ဘုရားထံမှာ နေချင်လည်း နေရတယ်..။
မနေချင်လည်း နေရတယ်..။
မနေချင်ရင် ဘုရား မသေ .. လူ သေတတ်တယ်..

လူရဲ့အသက်ရှင်ခြင်းအကြောင်းအရင်းက အဖ ဘုရား အထံတော် မှာပဲ ရှိတယ်..။

အပင်သည် မြေကြီးကို စွန့်လျှင် မြေကြီးက ဘာမှ မဖြစ်..။
အပင်ပဲ သေတယ်..။

ငါးသည် ရေကို စွန့်လျှင် ရေက ဘာမှ မဖြစ်..။
ငါးပဲ သေတယ်..။

လူသည် ဘုရားကို စွန့်လျှင် ဘုရားက ဘာမှ မဖြစ်..။
လူပဲ သေတယ်..။

ရဲကျော်သူ

အစ - အဆုံး

23/07/2024

အဝေးကြီး ရောက်သွားတိုင်း ဝေးတာ မဟုတ်ပါဘူး။

သတိယနေသေးရင် နီးပါတယ်။ တကယ်တော့

မပက်သက်တော့ရင် နေနိုင်သွားရင် ဝေးသွားတာပါပဲ။

ကျမ်းစာအုပ် ရှိပါရက်နဲ့ မပက်သက်တော့တာမျိုး..

မဖတ်ဘဲ နေနိုင်သွားတာမျိုး..

အသင်းတော် ရှိပါရက်နဲ့ မပက်သက်တော့တာမျိုး

မပါဝင်ဘဲ နေနိုင်သွားတာမျိုး..

ဘုရား ရှိပါရက်နဲ့ မပက်သက်တော့တာမျိုး..

မရိုကျိုး မကိုးစားဘဲ နေနိုင်သွားတာမျိုး ဆိုတာတွေပေါ့..။

တကယ်တော့

ချစ်သူတွေ တကယ်ချစ်ရင်

နေ့တိုင်းဟာ ချစ်သူများနေ့ပါပဲ။

………..သင်ဟာ ဘုရားကို တကယ်ချစ်ရင်

………..နေ့တိုင်းဟာ ဥပုသ်နေ့ ပါပဲ။

နေ့တွေဟာ ဥပုသ်နေ့ မဖြစ်ရင်တောင်

သင်ဟာ အချိန်တိုင်းမှာ ဥပုသ်သည် ဖြစ်နေလိမ့်မယ်။

တကယ်တော့

ဥပုသ်နေ့ကို စောင့်တာထက် ဥပုသ်စောင့်ခြင်းက

မင်္ဂလာ ရှိတယ်။

ဥပုသ်စောင့်ခြင်းထက် ဥပုသ်သည် ဖြစ်ခြင်းက

မြတ်သော မင်္ဂလာ မည်ပါတယ်။

နားရှိသောသူ မည်သည်ကား ကြားပါစေ။

ရဲကျော်သူ

25/06/2024

ဒါဝိဒ်ကို ခွန်အားယူရအောင်လည်း
ကိုယ်က ရှောလု ဖြစ်လိုက်၊ ဂေါလျက်ဖြစ်လိုက်

သူတစ်ပါးကို လှံနဲ့ ထိုးလိုက်၊ မနက် စိန်ခေါ်လိုက်၊
ည စိန်ခေါ်လိုက်

ညီလေးသီချင်းနဲ့ မိုတီယူရအောင်လည်း
သူများနောက်ကျောကို ဓားနဲ့ ကိုယ်ကချည်း ထိုးပြီး
ပြုံးပြတာ

မောရှေနဲ့ ခွန်အားယူရအောင်လည်း
ကိုယ်က အာရုန်လို ဈေးကွက်ကြည့်ပြီး
လူ့အကြိုက်ပဲ ဟောတတ်တာ

ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ရအောင်လည်း
၇ တန်းနဲ့ ကျောင်းပြေးပြီး ထန်းရည်သောက်တတ်နေပြီ။
ရီးစားတောင် အဆစ်ပါသေး

အရမ်းကို နှိမ့်ချသည်းခံနေပါတယ်ဆိုလို့ ကြည့်လိုက်ရင်
ကိုယ်ကချည်း ဦးအောင် တီးတာ

ယောသပ်အကြောင်း ခဏခဏ ဝေငှ
လက်ရှိ ပြေးနေရတာက ပေါတိဖာ မယား🥴

ပြောလိုက်ရင် ဒါဝိဒ်၊ မောရှေ၊ ယောသပ်က ပါးစပ်ဖြားက မချဘူး။

တော်သေးတယ်
ရှေးသန့်ရှင်းသူတွေ စောစော အိမ်ပြန်သွားလို့။

မဟုတ်ရင် ငါရောင်းစားတာနဲ့ပဲ
ချိန်ခွင်ပေါ် ရောက်လိမ့်မယ်🥴

🥴🥴🥴
ရကသ

18/04/2024

တန်ရာ တန်ရာပဲ ရပါမယ်။

ခါနန်ကို စိတ် မဝင်စားသူတွေဟာ
ကန္တာရတောထဲမှာပဲ ရပ်တန့် ဇတ်သိမ်းပါတယ်။

သူတို့ကို ဘုရားက ခါနန်ပြည်ထဲ အတင်းဆွဲ
မခေါ်ပါဘူး။
သူတို့နဲ့ ကန္တာရနဲ့ပဲ တန်ပါတယ်။

ယောရှူနဲ့ကာလက်ကိုတော့ ခါနန်အထိ ဘုရားပို့ဆောင်ပါတယ်။
ထိုသူတို့ဟာ ကန္တာရနဲ့ မတန်ပါဘူး။
ခါနန်နဲ့ ထိုက်တန်ပါတယ်။

တချို့တွေဟာ လောကမှာ အောင်မြင်ကြတယ်။
လောကနဲ့ပဲ တန်လို့ ဖြစ်ပါတယ်။

တကယ်တော့ ဤလောကဟာ ဇာတိလူတွေနဲ့ပဲ
တန်ပါတယ်။
ဘုရားလူတွေနဲ့ မတန်ပါဘူး။

ဒီကနေ့ ယုံကြည်သူခရစ်ယာန်များအနေနဲ့ သတိ
ချပ်ရမှာက ကိုယ်နဲ့ တန်ရာတန်ရာပဲ ရမယ်ဆိုတာပါပဲ။

ယခင် ပညတ်တရား ကာလတုန်းက
ဟီးရိုး နောက်ကို လိုက်တဲ့ ခေတ်ဖြစ်ပါတယ်။
ယခုက ကာလမှာ တစ်စုံတစ်ယောက်နောက်ကိုပြုံပြီး လိုက်ရတာ မဟုတ်ဘဲ အသင်းတော်အားဖြင့်သာ
အလုပ် လုပ်မယ်လို့ ဧဖက် ၃:၁၁ မှာ သေချာပြောပါတယ်။

ဒီလောက်ပြောတာတောင် ဟီးရိုးနောက်
လိုက်နေချင်သေးရင် ခံရတာတောင် နည်းသေးတယ်လို့ပဲ ပြောချင်ပါတယ်။

နောက်ဆုံးတော့ ကိုယ်နဲ့ တန်ရာ တန်ရာကိုပဲ
ရကြတာပါပဲ။

ဘုရားကို မစွဲလမ်းတဲ့ လူပုဂ္ဂိုလ်ကိုပဲ စွဲလမ်း အားကျတဲ့ သင့်အတွက် မျက်မှောက်တော်ထဲမှာဆိုပြီး ဘယ်လောက်အော်အော်
ဘုရားကလည်း သင့်အနားမှာ ထင်ရှားမှာ
မဟုတ်တော့ပါဘူး။

သူ့ကို မလိုချင်တဲ့သင့်အနား အတင်းထင်ရှားရအောင် ဘုရားဆိုတာ လျှော့ဈေးနဲ့ ရောင်းနေတဲ့
အရောင်းထိုင်း ပစ္စည်း မဟုတ်ပါဘူး။

ထာဝရချမ်းသာတည်း ဟူသော ငြိမ်ဝပ်ခြင်းချမ်းသာ
ဆိုတာ ဘုရားနဲ့စပ်ဆိုင်သော အရာဖြစ်လို့
လူတိုင်းနဲ့ မတန်ပါဘူး။

တချို့လူတွေက လောကချမ်းသာတည်းဟူသော
အနိမ့်စား ချမ်းသာနဲ့ပဲ တန်ပါတယ်။

လောကီ အကောင်းစားတွေနဲ့ တန်တိုင်း ကောင်းကင်နဲ့
တန်မယ်လို့ ထင်နေတာကိုက ပြုံးချင်စရာပါ။

ဗိမာန်တော်ထဲ ပေါက်ကရလုပ်တဲ့ လူတွေကို
အစည်းအဝေးထိုင်ပြီး ညှိနှိုင်းတာတွေ မလုပ်ဘဲ

ချက်ချင်း နှင်ထုတ်တဲ့ သခင်ယေရှုကိုကြည့်ရင်

ဗိမာန်တော်ကိုအမှီပြုပြီး၊သာသနာကို အမှီပြုပြီး

စီးပွါးရှာသူ မဟုတ်ကြောင်း သိသာပါတယ်။

လူတိုင်းကြွားရတဲ့ ဗိမာန်တော်ကြီးကို
ဘုရားနဲ့လူကြား အဟန့်အတားဖြစ်စေလို့

ယုဒလူတွေက တသသ ဖြစ်နေပေမယ့်
သူကတော့ ဖြိုချခဲ့တာကိုကြည့်ရင်

သားတော်ကိုတောင် မနှမြောတဲ့ ဘုရားက
သူ့ကို မစွဲလမ်းတဲ့ ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ

နှမြောနေမှာ မဟုတ်ပါဘူး။

ဒါဝိဒ်မှာ ဗိမာန်တော် မရှိဘူး။
တဲတော်ပဲ ရှိတယ်။ ဒါပေမယ့် ဘုရားကိုယ်တိုင်
လာခဲ့တယ်။ပြိုပျက်သွားတာတောင် ပြန်တည်ဆောက်မယ်လို့ ပြောခဲ့တယ်။ ဒါဝိဒ်ဆိုတာ ဘုရားနဲ့ အဟုတ်တန်တယ်။

အဲ့တာကြောင့် ပြောချင်တယ်။

တန်ရာ တန်ရာပဲ ရပါမယ်။

တချို့က လူနဲ့ပဲ တန်တယ်။

ဘုရားအလုပ် လုပ်ပေမယ့် ဘုရားရှိခိုးပေမယ့်
လူကိုပဲ ကြည့် လူကိုပဲ စွဲလမ်းလို့
ဘုရားနဲ့ မတန်ပါဘူး။

တချို့က လောက နဲ့ပဲ တန်တယ်။

ကျမ်းစာအုပ် ကိုင်နေပေမယ့်
လောကအကြောင်း လောကအရာကိုပဲ တချိန်လုံး
စွဲလမ်းနေလို့ ကောင်းကင်က သူတို့နဲ့ မတန်ပါဘူး။

ဒါဝိဒ်ဟာ ရှင်ဘုရင် ဖြစ်သော်ငြား
သူ့ကို ဆဲတဲ့သူကို ပြန်မဆဲတဲ့အပြင် အခွင့်အာဏာနဲ့
ပြန် မညှဉ်းဆဲခဲ့ပါဘူး။

သာမာန်သိုးကျောင်းသားဖြစ်သော်ငြား
ဘုရားနာမကို ထိရင်တော့
ဘာကောင်ကြီး ဖြစ်နေနေ မခံခဲ့ပါဘူး။
ဒါဝိဒ်ဆိုတာ ဘုရားနဲ့ တန်ကို တန်တာ

တချို့တွေလည်း
ဘုရားနဲ့ပက်သက်ရင် ဘာထိထိ ခံပေမယ့်
သမ္မာတရားနဲ့ပက်သက်ရင် ဘာထိထိ ခံပေမယ့်

ဆရာကို ထိရင် မခံ

ဟုတ်ကဲ့
သင်တို့သည် ဘုရားနဲ့ မတန်..၊
အဲ့တာနဲ့ပဲ တန်ပါတယ်

26/03/2024

ကိုယ့်ကိုယ်ကို ဒါဝိဒ်လို့ ထင်နေသူ များတယ်။
ကိုယ်ဟာ ဂေါလျက် ဖြစ်နေမှန်း သိမြင်သူ ရှားတယ်။

ကိုယ်ဟာ ဒါဝိဒ်နေရာကနေ ဒရာမာတွေ ခင်းနေပေမယ့်

ဂေါလျက်လို နေ့ရော ညပါ

သူတစ်ပါးကို ကြိမ်းဝါးနေတာ ကိုယ်ပါပဲ။

ဂေါလျက်က တိုက်ပွဲမှာ သေဆုံး…။

ငါတို့ကတော့ အိမ်မှာနေရင်း၊Facebook ကြည့်ရင်း၊သူတစ်ပါးကိုကြည့်ရင်း ကြိမ်းရင်း မောင်းရင်းနဲ့ပဲ

အကြိမ်ကြိမ်သေဆုံး😔

22/01/2024

သက်သေ

ဘုရားသားမှန်လျှင် တရားဟောတတ်တာ မဟောတတ်တာ
ကျမ်းစာ သိတာ မသိတာ ခဏထား၊
စာနာခြင်းတရားတော့ ရှိတယ်။

သင်ပေးစရာ မလိုဘဲ ကြက်ဟာ တွန်တတ်တယ်။
သင်ပေးစရာ မလိုဘဲ ငါးဟာ ရေကူးတတ်တယ်။
သင်ပေးစရာ မလိုဘဲ ခွေးဟာ ဟောင်တတ်တယ်။

ဘုရားသားတို့ မည်သည် သင်ပေးစရာမလိုဘဲ
နှိမ့်ချတတ်ပါတယ်။ စာနာတတ်ပါတယ်။

ကိုယ့်မှာ သောက ရှိနေရင်တောင် ဒုက္ခရောက်နေတဲ့
သူတစ်ပါးအတွက် ပူတတ်ပါတယ်။

ဒါဟာ သက်သေပါပဲ။

21/01/2024

လမ်းကျဉ်းသလား လမ်းကျယ်သလား ဆိုတာထက်
အသက်လမ်း ဟုတ်သလား မဟုတ်သလား အဓိက ကျတယ်။

လူကြိုက်နည်းသလား လူကြိုက်များသလား ဆိုတာထက်
ဘုရား နှစ်သက်သလား ဘုရား မနှစ်သက်ဘူးလားဆိုတာ
အရေးကြီးတယ်

ဘုရားရှိခိုးရတာ ပျော်စရာ ကောင်းသလား မကောင်းဘူးလားဆိုတာထက် သင့်ဝိညာဉ်အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ဆင်ခြင်ရမယ်

ဘုရားကျောင်း ကြီးလား သေးလား ဆိုတာထက်
ဘုရားရှိလား မရှိဘူးလားဆိုတာ ခံစားတတ်ဘို့ လိုတယ်။

ဘုရားရှိခိုးတယ်ဆိုတာ နောက်စရာ မဟုတ်သလို
အမြတ်ထုတ်စရာလည်း မဟုတ်ပါ။
ကိုယ် ပျော်ဘို့အတွက် ဘုရားကျောင်းလာခြင်းတို့သည် ၎င်း
လူ ပျော်ဘို့အတွက် ဘုရားကျောင်းနာမည်ခံခြင်းတို့သည်၎င်း
ဘုရားကို မသိသော ၊ လူ့ဝိညာဉ်ကို လုံးဝ ဂရုမစိုက်သောသူတို့ လုပ်ဝံ့ လုပ်ရက်သော အမူအကျင့်သာ။

ဘုရားက တောင်းဆိုနေသည်မှာ အသက်ရှင်သော လက္ခဏာတည်း ဟူသော ဘုရားသားတို့၏
စရိုက်လက္ခဏာ။

05/01/2024

သင့်အထဲမှာ
ခရစ်တော်ရဲ့ စိတ်သဘော ရှိရင်
သင့်ဘေးမှာ
လူကောင်း မပြောနဲ့
ယုဒရှကာယုတ် ရှိနေရင်တောင်
အေးဆေးပြီး အမှုပြီးစီးပါတယ်။

သင့်အထဲမှာ
ယုဒရှကာယုတ်ရဲ့ စိတ်သဘော ရှိနေရင်
သင့်ဘေးမှာ တခြားလူ မပြောနဲ့
ခရစ်တော် ရှိနေရင်တောင်
အသုံးချဘို့ ရောင်းစားဘို့ပဲ တွေးနေပါလိမ့်မယ်။

လူတွေ ကယ်တင်ခြင်းသို့ ရောက်ပြီး
သမ္မာတရားကို သိစေချင်တာက
ဘုရားရဲ့ စိတ်သဘောဖြစ်ပြီး

ဘုရားနဲ့ပက်သက်သမျှ ကိုယ်ကျိုးအတွက်
စီးပွါးတွက်ပဲ တွက်တတ်တာ
ယုဒရှကာယုတ်ရဲ့ စိတ်သဘောပါ။

သင့် ဘေးမှာ ဘယ်သူရှိသလဲ ဆိုတာထက်
သင့် အထဲမှာ ဘယ်သူ ရှိသလဲ ဆိုတာက
ပို အရေးကြီးပါတယ်။

သင် ဘယ်အထဲမှာ နေရာ ရသလဲ ဆိုတာထက်
သင့်အထဲမှာ ဘယ်သူ နေရာ ရသလဲ ဆိုတာက
ပို အရေးကြီးပါတယ်။

ဆင်ခြင်တတ်ကြပါစေ။

04/01/2024

ချော့မော့သောစကားကို မေတ္တာလို့ထင်ရင် မှားမယ်။

ဘုရားစကားသည် နူးညံ့ချင်မှ နူးညံ့မည်။
သို့သော်
ပြတ်သားသည်။ သစ္စာနှင့်ပြည့်စုံသည်။

ငါးမျှားလျှင် ငါးကြောက်တာနှင့်မမျှား။
ငါးကြိုက်တာနှင့်သာ မျှားကြသည်။

စာတန်သည် လူကြောက်အောင် မနေ။
လူကြိုက်အောင်သာ နေတတ်သည်။

4th January

02/01/2024

လာပါတော့မယ်…

ဒီနှစ်ဟာ ..

ဘာ နှစ် ဖြစ်တယ်…

ညာ နှစ် ဖြစ်တယ်နဲ့..

ကောင်းချီးနှစ် ဖြစ်တယ်တို့

ဘိသိတ်နှစ်ဖြစ်တယ်တို့နဲ့

အဲ့လိုနဲ့ပဲ ခရစ်ယာန်တွေ လုံးပါး ပါးနေရုံမက

ဝိညာဉ်ရေးရာမှာပါ နိမ့်ပါးလာကြရတယ်။

နှုတ်ကပါတ်တော်ကတော့

ယနေ့ပင် သင့်ကိုငါ ဖြစ်ဘွားစေသည်။

ဤနေ့ရက်သည် ကိုယ်တော်စီရင်သော နေ့ရက်ဖြစ်သည်။

ယခုတွင် ယုံကြည်ခြင်း မျှော်လင့်ခြင်း ၊ ချစ်ခြင်း ဤသုံးပါးတည်လျှက်ရှိ၏ .. စသဖြင့် ဆိုထားပါတယ်။

နေ့ရက်တိုင်း ဘုရားနဲ့သွားလာခြင်း မရှိသ၍
ဘာအသစ်ဖြစ်ဖြစ် ဘာနှစ်ဖြစ်ဖြစ်
ဝိညာဉ်ရေးရာမှာ စံမှီ စရာအကြောင်း ရှိကို မရှိပါ။

နောက်နေ့တွေ နောက်လတွေ နောက်နှစ်တွေကို ဘုရား စိတ်မဝင်စားပါ။
မနက်ဖြန်နေ့ကိုတောင် အမှီပြုဘို့ ဘုရားသခင် အလို မရှိပါ။

ယခုပင် သင့်၏ ယုံကြည်ခြင်းကို ဆန်းစစ်ပါ။

မျှော်လင့်ခြင်းကို သုံးသပ်ပါ။

ချစ်ခြင်း အတိမ် အနက်ကို စစ်ကြောပါ။

သန့်ရှင်းသောဘုရားကို
ယုံကြည်နေသော ကျွန်ုပ်တို့၏
ယုံကြည်ခြင်းသည် အရောင်းကင်းသော
ယုံကြည်ခြင်း ဟုတ်ရဲ့လား

သန့်ရှင်းသောဘုရားကို
မျှော်လင့်နေသော ကျွန်ုပ်တို့၏
မျှော်လင့်ခြင်းသည် အရောင်းကင်းသော
မျှော်လင့်ခြင်း ဟုတ်ရဲ့လား

သန့်ရှင်းသောဘုရားကို
ချစ်နေသော ကျွန်ုပ်တို့၏
ချစ်ခြင်းသည် အရောင်းကင်းသော
ချစ်ခြင်း ဟုတ်ရဲ့လား။

ယနေ့သည် သန့်ရှင်း သန့်ရှင်း သန့်ရှင်း နာမရှိသော
သင်၏ဘုရားကို
အရောင်ကင်းစွာ ယုံကြည်ရမည့် အချိန်ဖြစ်သည်။

ယနေ့သည် သန့်ရှင်း သန့်ရှင်း သန့်ရှင်း နာမရှိသော
သင်၏ဘုရားကို
အရောင်ကင်းစွာ မျှော်လင့်ရမည့် အချိန်ဖြစ်သည်။

ယနေ့သည် သန့်ရှင်း သန့်ရှင်း သန့်ရှင်း နာမရှိသော
သင်၏ဘုရားကို
အရောင်ကင်းစွာ ချစ်ရမည့် အချိန်ဖြစ်သည်။


Address

Onward Chrsitian Centre
Manchester
SK142NR

Website

Alerts

Be the first to know and let us send you an email when Onward Myanmar Fellowship posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share