London Mahasi Meditation Center

London Mahasi Meditation Center The London Mahasi Monastery was founded under the teachings of the Mahasi Sayadawgyi. London Mahasi Meditation Centre (London Vihara)

The London Mahasi Monastery was founded under the teachings of the Mahasi Sayadawgyi, Venerable Sobhana. The purpose and objectives of the Venerable Mahsai Sayadaw are to enable people, who are living in England, to practice mindfulness and insight meditation. The monks from the Mahasi Sasana Yeikthar Center in Yangon are brought in on a rotating basis to systematically supervise and teach the yog

is. One person alone cannot fulfill the great and noble mission of the Mahasi Sayadawgyi. Only with the efforts of us all can the vision of the abbot be successfully and long-lastingly implemented.

"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊မဟာစည်သာသနာ့ရိပ်သာ၊စု​ပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ ဖိတ်ကြားလွှာ"
07/09/2026

"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊
လန်ဒန်ဝိဟာရ၊မဟာစည်သာသနာ့ရိပ်သာ၊
စု​ပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ ဖိတ်ကြားလွှာ"

" မွေး​နေ့အလှူ "..................................................................."အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိ...
05/09/2026

" မွေး​နေ့အလှူ "...................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌
သီတင်းသုံး​တော်မူကြကုန်​သော
သံဃာ​တော်အရှင်သူမြတ်တို့အား

ယ​နေ့(5.9.2026)တွင် ကျ​ရောက်​သည့်

ဒကာမကြီး ​ဒေါ်သင်းသင်းဆိုင်
(Glasgow,Scotland) မှ

မွေး​နေ့မင်္ဂလာကို အ​ကြောင်းပြု၍
လန်ဒန်မြို့သို့ အလည်​ရောက်ခိုက်
နေ့ဆွမ်းနှင့်တကွ နဝကမ္မဝတ္ထု​ငွေတို့ကို
သဒ္ဓါပြဌာန်း နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်း
ဆက်ကပ်ပါသည်။"

"ဤသို့ပြုရ ကုသလ​ကြောင့် ​မွေး​နေ့ကုသိုလ်ရှင်
ဒကာမကြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုအင်ဆန္ဒများပြည့်ဝကာ အလှူရေစက် လက်နဲ့
မကွာ ပေးကမ်းစွန့်ကြဲလှူဒါန်းနိုင်၍ လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါ​​စေ။"

“မွေးနေ့မွေးရက် ကုသိုလ်ဆက်က
အသက်ခန္ဓာ လွန်ကျန်းမာ၍
ပမာနှိုင်းဆို ယိုင်လဲပြိုမည့်
အိမ်အိုကြီးမှန် တုတ်ထောက်ကန်၍
ဆေးပြန်သုတ်ငြား ပမာလားသို့
စီးပွားဥစ္စာ ဂုဏ်ရောင်ဖြာ၍
ပညာပြည့်ဖြိုး ဘုန်းကံတိုးသည်
မွေးနေ့ကုသိုလ် အကျိုးတည်း "
(5.9.2026)

"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊မဟာစည်သာသနာ့ရိပ်သာ၌ August-လတွင်ကျင်းပပြုလုပ်လျှက်ရှိ​သော မဟာစည်ဝိပဿနာ (၃)ရက် အ...
31/08/2026

"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ August-လတွင်
ကျင်းပပြုလုပ်လျှက်ရှိ​သော မဟာစည်
ဝိပဿနာ (၃)ရက် အထူးတရားစခန်းပွဲ
​အောင်မြင်စွာပြီးဆုံး..........။"

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။"
(31.8.2026)

"(31.8.2026)တရားစခန်းတတိယနေ့​နေ့ဆွမ်းအလှူ".................................................................................
31/08/2026

"(31.8.2026)တရားစခန်းတတိယနေ့
​နေ့ဆွမ်းအလှူ"................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ August-လတွင်
ကျင်းပပြုလုပ်​အပ်​သော မဟာစည်ဝိပဿနာ
(၃)ရက် အထူးတရားစခန်းပွဲတတိယနေ့၌

သံဃာ​တော်အရှင်သူမြတ်များနှင့် ​ယောဂီ
သူ​တော်စင်အ​​ပေါင်းတို့အား ​​​နေ့ဆွမ်း
ကုသိုလ်ရှင်အဖြစ် ​

ဘဝတစ်ပါးသို့ ​ပြောင်းသွားကွယ်လွန်သွား
ကြ​​သော၊ရတနာသုံးပါးအား အမြဲမပြတ်
ကိုးကွယ်ဆည်းကပ်လျက် သာသနာ​တော်၌
​ကျေးဇူးအထူးရှိခဲ့​ပေ​သော၊လန်ဒန်ဝိဟာရ
မဟာစည်ရိပ်သာကို ​ဆွမ်း,သင်္ကန်း,​ကျောင်း,
​ဆေး ပစ္စည်း​လေးပါတို့ဖြင့် အမြဲမပြတ်
​စောင့်​ရှောက်​ထောက်ပံ့လှူဒါန်းလျက်
​​ကျေးဇူးအထူးရှိခဲ့​​ပေ​သော ဘုရား၊​ကျောင်း၊
ရဟန်း၊ဒါယိကာမများဖြစ်ကြသည့်

သာသနာ့ဒါယိကာမကြီး ​ဒေါ်သန်းသန်း​အေး
​သာသနာ့ဒါယိကာမကြီး ​ဒေါ်လှလှ​အောင်

တို့အားရည်စူး၍ လန်ဒန်ဝိဟာရဆရာ​တော်များ၊
​ဂေါပကအဖွဲ့-ဒကာ,ဒကာမများ၊ဓမ္မမိတ်​ဆွေ
များမှ သဒ္ဓါပြဌာန်း နိဗ္ဗာန်ကိုရည်မှန်း၍
လှူဒါန်းဆက်ကပ်ပါသည်။"

"ဤသို့ပြုရ ကုသလ​ကြောင့် ကုသိုလ်ရှင်
အားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုအင်ဆန္ဒများပြည့်ဝကာ အလှူရေစက်
လက်နဲ့မကွာ ပေးကမ်းစွန့်ကြဲလှူဒါန်းနိုင်၍
လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံကြပါ​​စေ။"

"ဤသို့ပြုရ ကုသလကို ​ဒေါ်သန်းသန်း​အေး၊
​ဒေါ်လှလှ​အောင်နှင့်တကွ သတ္တဝါအနန္တ မှန်သမျှ
တို့အား အမျှ,အမျှ​ပေး​ဝေငှပါ၏။ အမျှရကြ၍
သာဓု​ခေါ်ဆိုနိုင်လျှက် ​ကောင်းရာသုဂတိ
လား​​ရောက်ကြပါ​စေကုန်သတည်း။"

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။
(31.8.2026)

"(31.8.2026)တရားစခန်းတတိယနေ့သတိပဌာန်အလုပ်​ပေးတရား".........................................................................
31/08/2026

"(31.8.2026)တရားစခန်းတတိယနေ့
သတိပဌာန်အလုပ်​ပေးတရား"...................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ August-လတွင်
ကျင်းပပြုလုပ်လျှက်ရှိ​သော

မဟာစည်ဝိပဿနာ (၃)ရက်အထူးတရားစခန်း
တတိယနေ့ (31.8.2026)8:30-AM နံနက်ခင်း
အချိန်၌

ရိပ်သာသို့ တရားစခန်းဝင်​ရောက်၍ သတိပဌာန်ဝိပဿနာတရားများကို ရှုမှတ်ပွားများအားထုတ်​
ကြသည့် ယောဂီသူ​တော်စင်အ​​ပေါင်းနှင့်
Zoom​-​ယောဂီသူ​တော်စင်အ​ပေါင်းတို့အား
သီလ​ပေး၊ဝိပဿနာအလုပ်​​​ပေးတရား​တော်များကို

ပြည်တွင်းပြည်ပမဟာစည်နာယက
ဒီပဲယင်းဆရာ​တော်အရှင်သူမြတ်ကြီးမှ
​​နေ့စဥ်​ဟောကြားချီးမြှင့်ပါသည်။ “

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။"
(31.8.2026)

"(31..8.2026)တရားစခန်းတတိယနေ့အရုဏ်ဆွမ်းအလှူ"...............................................................................
31/08/2026

"(31..8.2026)တရားစခန်းတတိယနေ့
အရုဏ်ဆွမ်းအလှူ"................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ August-လတွင်
ကျင်းပပြုလုပ်​အပ်​သော မဟာစည်ဝိပဿနာ
(၃)ရက် အထူးတရားစခန်းပွဲတတိယနေ့၌

သံဃာ​တော်အရှင်သူမြတ်များနှင့် ​ယောဂီ
သူ​တော်စင်အ​​ပေါင်းတို့အား ​​အရုဏ်ဆွမ်း
ကုသိုလ်ရှင်အဖြစ် ​

မတူး(ခ)မ​ရွှေစင်မြင့် မှ

​မွေး​နေ့အထိမ်းအမှတ်အဖြစ် သဒ္ဓါပြဌာန်း
နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းဆက်ကပ်ပါသည်။"

"ဤသို့ပြုရ ကုသလ​ကြောင့် ​မွေး​နေ့ကုသိုလ်ရှင်
ဒကာမကြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုအင်ဆန္ဒများပြည့်ဝကာ အလှူရေစက် လက်နဲ့
မကွာ ပေးကမ်းစွန့်ကြဲလှူဒါန်းနိုင်၍ လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါ​​စေ။"

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။
(31.8.2026)

"(30.8.2026)တရားစခန်း ဒုတိယနေ့ည​နေခင်းဓမ္မသဘင်"............................................................................
30/08/2026

"(30.8.2026)တရားစခန်း ဒုတိယနေ့
ည​နေခင်းဓမ္မသဘင်"...................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ လစဥ်ကျင်းပ
ပြုလုပ်လျှက်ရှိ​သော

August-လ မဟာစည်ဝိပဿနာ
(၃)ရက်အထူးတရားစခန်းပွဲ ဒုတိယနေ့ (30.8.2026)3:00-PM ည​​နေခင်းဓမ္မသဘင်၌

ရိပ်သာသို့ တရားစခန်းဝင်​ရောက်၍ သတိပဌာန်ဝိပဿနာတရားများကို ရှုမှတ်ပွားများအားထုတ်​
ကြသည့် ယောဂီသူ​တော်စင်အ​​ပေါင်းနှင့်
Zoom​-​ယောဂီသူ​တော်စင်အ​ပေါင်းတို့အား
ဓမ္မဒါန,အမတဒါန တရားအလှူကို ​​ပေးလှူပါသည်။"

"မိမိသည်သာ အားကိုရာ"..........................................................
"လောကလူသားတွေဟာ များသောအားဖြင့်
အားငယ်တတ်ကြတဲ့သတ္တဝါများ ဖြစ်ပါတယ်။
ဘေးဒုက္ခတွေနဲ့ကြုံကြိုက်လာပြီဆိုရင် အားငယ်
တတ်သူပီပီ ဘေးဒုက္ခမှလွတ်မြောက်ဖို့အားကိုးရာ
ရှာကြတယ်။အားကိုးရာရှာတဲ့အခါ မိမိရဲ့အဇ္ဈတ္တ
သန္တာန်ဖြစ်တဲ့ အတွင်းမှာမရှာကြပဲ ဗဟိဒ္ဓသန္တာန်
အပြင်မှာချည်း ရှာကြတာများတယ်။ဒါ့ကြောင့်
ဘုရားရှင် မပွင့်ထွန်းခင်ကတည်းကပင် သစ်ပင်၊
တော၊တောင်၊ရေ၊မြေ၊နေ၊လ၊နက္ခတ်တာရာ၊
​​စေတီ၊နတ်ကွန်း၊ဘိုးတော်,ဘွားတော်၊နတ်ကတော်၊
စတဲ့ အပြင်ဘက်က အားကိုးရာတွေကို လွဲမှားစွာဖြင့်
အားကိုးကြတယ်။ဘုရားရှင်ကိုယ်တော်မြတ်ကတော့
အဲဒီလို အပြင်ဘက်က သစ်ပင်၊တော၊တောင်၊နေ၊
လ၊နက္ခတ်,တာရာ၊စေတီ၊နတ်ကွန်း၊ဘိုးတော်,
ဘွားတော်၊နတ်ကတော်စတဲ့ အားကိုးရာတွေကို
အားကိုးရာအစစ်မှတ်ထင်ပြီး အားကိုးလွဲနေ
ကြခြင်းဟာ ဘယ်တော့မှသံသရာဝဋ်ဒုက္ခအပေါင်း
ကနေ မလွတ်မြောက်နိုင်ဘူးလို့ ပြတ်သားစွာ
မိန့်တော်မူခဲ့ပါတယ်။ "

"မိမိတို့တတွေ အားကိုးရာရှာတဲ့နေရာမှာ မိမိရဲ့
အဇ္ဈတ္တသန္တာန်မှာမရှာပဲ အပြင်ဘက်ကသူတွေထံ
မှာပဲ အားကိုးရှာကြတယ် ။ မိဘကသားသမီးကို
အားကိုး၊သားသမီးကမိဘကိုအားကိုး၊ဆရာက
တပည့်ကိုအားကိုး၊တပည့်ကဆရာကိုအားကိုးကြ
တယ် ။ အဲဒီလိုအားကိုးကြခြင်းဟာ အတိုင်းအတာ
တစ်ခုထိတော့ အားကိုးလို့ရပါတယ် ။ အိုဘေး၊
နာဘေး၊သေဘေးလို့ဆိုတဲ့ တကယ့်အရေး
တကယ့်ဘေးနဲ့ကြုံတွေ့ရပြီဆိုရင် သေရာ
ညောင်စောင်းပေါ်မှာ သေမင်းနဲ့စစ်ခင်းနေရတဲ့
အချိန်ရောက်ပြီဆိုရင် မိဘ,သားသမီး,ဆွေမျိုး
ဥာတိပုဂ္ဂိုလ်အားလုံးဟာ ဘယ်သူ့ဘယ်သူကိုမှ
တကယ်တမ်းအားကိုးလောက်စရာအဖြစ် အားကိုး
လို့မရတော့ပါဘူး ။ မိမိတို့ထံမှာရှိတဲ့ ရာထူး,အာဏာ,
စည်းစိမ်အားလုံးဟာလည်း အိုဘေး,နာဘေး,
သေဘေးတွေနဲ့တွေ့ကြုံရပြီဆိုရင် ဘာမှအားကိုး
လို့မရတော့ပါဘူး ။ "

"ဘုရားရှင်ကတော့ မိမိသည်သာ မိမိရဲ့အားကိုးရာ
အစစ်ပါပဲတဲ့ ။ မိမိကိုယ်ကို အားကိုးရမယ်ဆိုတဲ့နေရာ
မှာ မိမိတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကို အားကိုးရမှာမဟုတ်
ပါဘူး။ ဒီရုပ်ခန္ဓာကိုယ်ကြီးကို အမှီပြုပြီးတော့ ကြိုးစား
ပွားများအားထုတ်ထားလို့သိမြင်ရရှိလာတဲ့ တရား
အသိဥာဏ်ကို အားကိုးရမယ်လို့ဆိုလိုတာပါ ။ သေရာ
ညောင်စောင်းပေါ်မှာ သေမင်းနဲ့စစ်ခင်းနေရတဲ့အချိန်
ရောက်ပြီဆိုရင် မအိုခင်၊မနာခင်၊မသေခင်ကတည်း
က မိမိကြိုးစားပွားများအားထုတ်ထားတဲ့ ဝိပဿနာ
ဥာဏ်ပညာဖြင့် မိမိခံစားနေရတဲ့ဝေဒနာရဲ့ဖြစ်ပြီးပျက်
နေတဲ့ရုပ်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တလို့
ဥာဏ်ထဲမှာမြင်လာအောင် သတိကပ်ပြီး ရှုမှတ်နိုင်ပြီ
ဆိုရင် အားကိုးရာအစစ်တွေ့ပြီ ။ ဒါ့ကြောင့် ဦးဇင်းတို့
ယောဂီသူတော်စင်တို့တတွေဟာ မိမိကိုယ်ကိုမိမိ
အားကိုးရလောက်တဲ့ တရားအသိဥာဏ်များရှိအောင်
ဘုရားရှင်ရဲ့သာသနာနဲ့ကြုံမှသာလျှင် အားထုတ်ခွင့်
ရတဲ့ ဒီဝိပဿနာတရားတွေကို အရွယ်ရှိတုန်း
ကျန်းမာတုန်း သက်ရှိထင်ရှားရှိတုန်းအချိန်မှာ
ကြိုတင်ကြိုးစား ပွာများအားထုတ်ထားကြရမယ် "

"တကယ့်အရေး တကယ့်ဘေး
ဘယ်သွေးဘယ်သား မကယ်ပြီ၊
မိမိသည်သာ အာကိုးရာ
မှန်စွာဖြစ်တော့သည်။"

ဗဟုံ ဝေ သရဏံ ယန္တိ၊ပဗ္ဗတာနိ ဝနာနိစ။
အာရာမရုက္ခစေတျာနိ၊မနုဿာဘယတစ္ဆိတာ ။

နေတံ ခေါ သရဏံ ခေမံ၊နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊သဗ္ဗဒုက္ခာ ပမုစ္စတိ ။

နသန္တိ ပုတ္တာ တာနာယ၊န ပိတာ နာပိဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊နတ္ထိ ဥာတီသု တာနတာ ။

အတ္တာဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊
နာထံ လဘတိ ဒုလ္လဘံ ။

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။

"(30.8.2026)တရားစခန်းဒုတိယနေ့​နေ့ဆွမ်းအလှူ"................................................................................
30/08/2026

"(30.8.2026)တရားစခန်းဒုတိယနေ့
​နေ့ဆွမ်းအလှူ"................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ August-လတွင်
ကျင်းပပြုလုပ်​အပ်​သော မဟာစည်ဝိပဿနာ
(၃)ရက် အထူးတရားစခန်းပွဲဒုတိယနေ့၌

သံဃာ​တော်အရှင်သူမြတ်များနှင့် ​ယောဂီ
သူ​တော်စင်အ​​ပေါင်းတို့အား ​​​နေ့ဆွမ်း
ကုသိုလ်ရှင်အဖြစ် ​

ဦးခင်​ကျော်​ထွေး + ​ဒေါ်​ရီရီစိုး

မိသားစုမှ သဒ္ဓါပြဌာန်း နိဗ္ဗာန်ကိုရည်မှန်း၍
လှူဒါန်းဆက်ကပ်ပါသည်။"

"ဤသို့ပြုရ ကုသလ​ကြောင့် ကုသိုလ်ရှင်
မိသားစုဝင်များအားလုံး သက်ရှည်ကျန်းမာ
စိတ်ချမ်းသာ၍ လိုအင်ဆန္ဒများပြည့်ဝကာ
အလှူရေစက် လက်နဲ့မကွာ ပေးကမ်းစွန့်ကြဲ
လှူဒါန်းနိုင်၍ လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ
အပေါင်းနှင့် ပြည့်စုံကြပါ​​စေ။"

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။
(30.8.2026)

"(26.7.2026)တရားစခန်းဒုတိယနေ့သတိပဌာန်အလုပ်​ပေးတရား"........................................................................
30/08/2026

"(26.7.2026)တရားစခန်းဒုတိယနေ့
သတိပဌာန်အလုပ်​ပေးတရား"...................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ August-လတွင်
ကျင်းပပြုလုပ်လျှက်ရှိ​သော

မဟာစည်ဝိပဿနာ (၃)ရက်အထူးတရားစခန်း
ဒုတိယနေ့ (30.8.2026)8:30-AM နံနက်ခင်း
အချိန်၌

ရိပ်သာသို့ တရားစခန်းဝင်​ရောက်၍ သတိပဌာန်ဝိပဿနာတရားများကို ရှုမှတ်ပွားများအားထုတ်​
ကြသည့် ယောဂီသူ​တော်စင်အ​​ပေါင်းနှင့်
Zoom​-​ယောဂီသူ​တော်စင်အ​ပေါင်းတို့အား
သီလ​ပေး၊ဝိပဿနာအလုပ်​​​ပေးတရား​တော်များကို

ပြည်တွင်းပြည်ပမဟာစည်နာယက
ဒီပဲယင်းဆရာ​တော်အရှင်သူမြတ်ကြီးမှ
​​နေ့စဥ်​ဟောကြားချီးမြှင့်ပါသည်။ “

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။"
(30.8.2026)

"(30.8.2026)တရားစခန်းဒုတိယနေ့အရုဏ်ဆွမ်းအလှူ"...............................................................................
30/08/2026

"(30.8.2026)တရားစခန်းဒုတိယနေ့
အရုဏ်ဆွမ်းအလှူ"................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ August-လတွင်
ကျင်းပပြုလုပ်​အပ်​သော မဟာစည်ဝိပဿနာ
(၃)ရက် အထူးတရားစခန်းပွဲဒုတိယနေ့၌

သံဃာ​တော်အရှင်သူမြတ်များနှင့် ​ယောဂီ
သူ​တော်စင်အ​​ပေါင်းတို့အား ​​အရုဏ်ဆွမ်း
ကုသိုလ်ရှင်အဖြစ် ​

ဦးမိုး​ကျော်သူ + ​ဒေါ်​အေး​အေးချို

သား-​မောင်ရဲ​ကျော်သူ ​မောက်ဇွဲထက်​အောင်

မိသားစုမှ သဒ္ဓါပြဌာန်း နိဗ္ဗာန်ကိုရည်မှန်း၍
လှူဒါန်းဆက်ကပ်ပါသည်။"

"ဤသို့ပြုရ ကုသလ​ကြောင့် ကုသိုလ်ရှင်
မိသားစုဝင်များအားလုံး သက်ရှည်ကျန်းမာ
စိတ်ချမ်းသာ၍ လိုအင်ဆန္ဒများပြည့်ဝကာ
အလှူရေစက် လက်နဲ့မကွာ ပေးကမ်းစွန့်ကြဲ
လှူဒါန်းနိုင်၍ လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ
အပေါင်းနှင့် ပြည့်စုံကြပါ​​စေ။"

"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။
(30.8.2026)

Address

1 Old CHURCH Lane
London
NW98TG

Alerts

Be the first to know and let us send you an email when London Mahasi Meditation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share