Burmese Buddhist Society of BC

Burmese Buddhist Society of BC we build strong kids, strong families and a strong community Formed to connect and support Buddhist Education communities in B.C.
(540)

The Burmese Buddhist Society, BC (BBS, BC) is a non-profit organization based in Vancouver , British Columbia. that learn and practice in the Theravada tradition, we provide access to teachings through Dhamma classes, group Meditation retreats, and build SANGHAS through community events, volunteer work and compassionate action. We invite you to join us exploring the Buddha’s teachings on insight, generosity and kindness; and in awakening the body, mind and heart in formal meditation practice and in the challenge of daily life. OBJECTIVE OF BBS, BC
The objective of BBS,BC is to promotes and propagates Buddha’s SASANA within Canadian Buddhist community. It also promotes racial harmony through the understanding of different faiths.

ဘုရားဟော ခန္ဓသုတ်၊ ကလေးဘဝ မွေဘေးနှင့် မေတ္တာ၏ အစွမ်းသတ္တိမကြာသေးမီက ခန္ဓသုတ်၏ နောက်ခံသမိုင်းကြောင်းကို ပြန်လည်လေ့လာရင်း ...
09/13/2026

ဘုရားဟော ခန္ဓသုတ်၊ ကလေးဘဝ မွေဘေးနှင့် မေတ္တာ၏ အစွမ်းသတ္တိ

မကြာသေးမီက ခန္ဓသုတ်၏ နောက်ခံသမိုင်းကြောင်းကို ပြန်လည်လေ့လာရင်း ငယ်စဉ်ကလေးဘဝက မမေ့နိုင်စရာ အဖြစ်အပျက်အချို့ စိတ်ထဲတွင် ဝင်းခနဲ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ပရိတ်ကြီး (၁၁) သုတ်တွင် ပါဝင်သော ခန္ဓသုတ်သည် မြတ်စွာဘုရားရှင်လက်ထက်က တောအုပ်အတွင်း ထင်းခွေ/တရားအားထုတ်ရင်း မြွေကိုက်ခံရ၍ ပျံလွန်တော်မူခဲ့ရသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောကြားခဲ့ခြင်းဖြစ်သည်။

ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာဂေါတမ ဆိုသည့် မြွေမင်းမျိုး ၄ ပါးနှင့်တကွ သတ္တဝါအပေါင်းတို့အား မေတ္တာဖြန့်ကျက်ခြင်းဖြင့် အန္တရာယ်မှ လွတ်မြောက်နိုင်ကြောင်း မြတ်စွာဘုရားက ညွှန်ပြခဲ့ပေသည်။

ဤတရားတော်၏ အစွမ်းသတ္တိကို စာအုပ်ထဲတွင် သာမက၊ မိမိ၏ ငယ်စဉ် ပဉ္စမ/ဆဋ္ဌမတန်း ကျောင်းသားဘဝ၊ နွေရာသီ ကျောင်းပိတ်ရက် ရဟန်းသံဃာတော်များထံတွင် ပရိတ်ကြီး စတင်သင်ယူချိန်၌ ကိုယ်တွေ့ လက်တွေ့ လက်တည့်စမ်းဖူးခဲ့သည်။

စတင်သင်ယူခါစ ကလေးဘာသာဘာဝ မရွတ်ဆိုမီ "တကယ်စွမ်းရဲ့လား" ဆိုသည့် သိလိုစိတ်ဖြင့် သူငယ်ချင်းများနှင့် တောလည်ရင်း သစ်ပင်ပေါ်တွင် ခွေနေသော မြွေစိမ်းတစ်ကောင်ကို တွေ့လိုက်ရသည်။ မကြောက်မရွံ့ဘဲ စိတ်ကို ငြိမ်အောင်ထား၍ ခန္ဓသုတ်ပါ မေတ္တာပို့စာများကို စိတ်ထဲမှ ရွတ်ဆို မေတ္တာဖြန့်ဝေပေးခဲ့သည်။ အံ့ဩဖွယ်ကောင်းသည်မှာ ထိုမြွေစိမ်းသည် ဘယ်မှ မသွားဘဲ တိတ်ဆိတ်စွာ ခွေနေခဲ့ခြင်းဖြစ်သည်။

ကလေးသဘာဝ မယုံနိုင်သဖြင့် တုတ်ဖြင့် အဝေးမှ တို့ကြည့်၊ ထိုးကြည့်သည့်တိုင်အောင် တုန်လှုပ်ခြင်းမရှိတော့ပေ။ ထိုစဉ်က "အဆိပ်ပြင်းတဲ့ မြွေများ သေသွားပြီလား" ဟုပင် စိတ်ပူမိခဲ့ဖူးသည်။

ဒုတိယအကြိမ်တွင်မူ ပို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့သည်။ တစ်နေ့တွင် အဆိပ်ပြင်းသော မြွေဟောက်တစ်ကောင်သည် ကျောင်းဝင်းအနီး လမ်းလျှောက်နေသော ကိုရင်လေးများကို မြင်ပြီး ပါးပြင်းထောင်ကာ နောက်မှ လိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ထွက်ပြေးခြင်းမပြုဘဲ လမ်းဘေးတွင် ငြိမ်နားကာ ခန္ဓသုတ်ကို သဒ္ဓါစိတ်ဖြင့် ရွတ်ဆိုလိုက်သည်။

ထိုအခါ ရာဇသံပေးကာ ပါးပြင်းထောင်လိုက်လာသော မြွေဟောက်သည် လမ်းလယ်ခေါင်၌ပင် တုံ့ခနဲ ရပ်တန့်သွားခဲ့ပြီး ရှေ့ဆက်မလာတော့ပေ။

ဤကိုယ်တွေ့အဖြစ်အပျက်နှစ်ခုသည် ခန္ဓသုတ်၏ အနှစ်ချုပ်ကို ပိုမိုထင်ရှားစေခဲ့သည်။

၁။ မေတ္တာ၏ အကာအကွယ် - ဒေါသ၊

ကြောက်ရွံ့မှုတို့ဖြင့် တုံ့ပြန်မည့်အစား စိတ်အေးချမ်းစွာ မေတ္တာဖြန့်ဝေခြင်းသည် ဘေးရန်ပြုလိုသော သတ္တဝါတို့၏ စိတ္တဇခွန်အား (အကုသိုလ်ဒေါသစိတ်) ကို ငြိမ်းအေးသွားစေနိုင်သည်။

၂။ သဒ္ဓါနှင့် သတိ၏ အစွမ်း - ပရိတ်တော်၏ ဂုဏ်တော်နှင့် သရဏဂုံကို စေတနာသန့်သန့်ဖြင့် ယုံကြည်မြတ်နိုးစွာ ရွတ်ဆိုခြင်းသည် ဘေးအန္တရာယ်မှ ကင်းဝေးစေသည့် ထက်မြက်သော ဒိုင်းလွှားတစ်ခုဖြစ်လာသည်။

ခန္ဓသုတ်သည် သတ္တဝါတို့အား မေတ္တာဖြန့်ရန်နှင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ အနန္တဂုဏ်ကို အောက်မေ့ဆင်ခြင်ရန် သင်ကြားပေးသော သုတ်ဖြစ်သည်။ ငယ်စဉ်က လက်တည့်စမ်းခဲ့သော ဖြစ်ရပ်များသည် ရဟန်းတော်များအား ဟောကြားခဲ့သည့် မြတ်စွာဘုရား၏ တရားတော်သည် ခေတ်ကာလမရွေး၊ အသက်အရွယ်မရွေး၊ သဒ္ဓါနှင့် မေတ္တာမှန်ပါက အမှန်တကယ် ငြိမ်းအေးမှုနှင့် ဘေးကင်းမှုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း သက်သေပြနေပေသည်။

09/12/2026

ကနေဒါရဲ့ မနက်ခင်းတွေမှာ
လမ်းလျှောက်ရင်း တွေ့နေကျ မြင်ကွင်းလေးတစ်ခုရှိတယ်။

အဘိုးနဲ့အဘွား နှစ်ယောက်အတူ၊ ခွေးကလေးတစ်ကောင်ကို ကြိုးဆွဲလို့
ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြတာ။
တချို့ကျတော့ အဘိုးတစ်ယောက်တည်း၊ ခွေးလေးတစ်ကောင်နဲ့။
တချို့ကျတော့ အဘွားတစ်ယောက်တည်း၊ ခွေးလေးတစ်ကောင်နဲ့။

ကြည့်ရတာ အေးချမ်းပါတယ်။ ဒါပေမယ့် တစ်ခါတလေ အထီးကျန်သလိုလည်း ခံစားရတယ်။

အတွေးတစ်ခုဝင်လာတယ်။
သူတို့ ဘာလို့ အိမ်ထောင်ပြုခဲ့ကြတာလဲ။
ဘာလို့ သားသမီးတွေ ယူခဲ့ကြတာလဲ။

တစ်နေ့ အဘွားတစ်ယောက်ကို စကားစမြည်ပြောဖြစ်တယ်။

"သားသမီးတွေနဲ့ အတူနေတာလား" လို့ မေးတော့

"မဟုတ်ဘူး၊ တစ်ယောက်တည်းနေတာပါ" တဲ့။

သူ့မျက်နှာမှာ ဝမ်းနည်းတာလည်းမပါ၊ ငြိုငြင်တာလည်းမပါဘူး။ ရိုးရိုးလေးပဲ ဖြေတာ။

နောက်ထပ် သိလိုက်ရတာက၊ သူတို့ရင်ထဲမှာ တွေးထားတာက -
သားသမီးတွေက အသက်ကြီးလာရင် စောင့်ရှောက်လိမ့်မယ်ပေါ့။
ဒါဟာ ကမ္ဘာအနှံ့မှာရှိတဲ့ မိဘ တော်တော်များများရဲ့ မျှော်လင့်ချက်ပဲထင်တယ်။

အဲဒီအချိန်မှာပဲ ဗုဒ္ဓဒေသနာတစ်ခု ခေါင်းထဲဝင်လာတယ်။

နတ်သားတစ်ပါးက ဘုရားကို မေးတယ် -

"ကိံသု ယာဝ ဇရာ 🍂သာဓု"- အိုတဲ့အထိ ကောင်းတာက ဘာလဲ ဘုရား"တဲ့။

လူတွေက အိုလာရင် သားသမီးအားကိုးချင်ကြတယ်၊ ပစ္စည်းဥစ္စာအားကိုးချင်ကြတယ်၊ အာမခံတွေ၊ ပင်စင်တွေအားကိုးချင်ကြတယ်။
ဒါပေမယ့် မြတ်စွာဘုရားက အဖြေကို တိုတိုနဲ့ ထိထိမိမိ ဖြေလိုက်တယ် -

"သီလံ ယာဝ ဇရာ သာဓု"🍂

အိုတဲ့အထိ ကောင်းတာက သီလပဲ တဲ့။

ဟုတ်တယ်။

ဒီမနက်ခင်းက မြင်ကွင်းလေးနဲ့ ဒီ ဒေသနာလေးကို ပေါင်းစပ်ကြည့်လိုက်တော့ အဖြေတစ်ခုရလာတယ်။

အားကိုးရာအစစ်က သားသမီးတွေမဟုတ်ဘူး။

သားသမီးဆိုတာ ကိုယ့်ဘဝမဟုတ်ဘူး။ သူတို့မှာ သူတို့ဘဝ၊ သူတို့ခရီးလမ်းရှိတယ်။ သူတို့လည်း သူတို့အပူနဲ့၊ သူတို့ရုန်းကန်မှုနဲ့။ ကနေဒါလို နိုင်ငံမျိုးမှာဆိုပိုသိသာတယ်။ သားသမီးတွေက အဝေးမှာ၊ ပြည်နယ်တစ်ခြားမှာ၊ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တာ။ ဒါကို အပြစ်လို့ပြောလို့မရဘူး၊ ဒါက သဘာဝပဲ။

ဒီတော့ အိုလာတဲ့အခါ တကယ်အားကိုးရမယ့်အရာက ဘာလဲ?

ကိုယ်စောင့်ထိန်းခဲ့တဲ့ သီလပဲ။

သီလရှိတဲ့သူက အသက်ကြီးလာတော့ -

၁။ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံတယ်။ နောင်တမရှိဘူး။ ဒါက စိတ်ရဲ့ အဖော်မွန်ပဲ။
၂။ သူတစ်ပါးက ချစ်ခင်လေးစားတယ်။ သားသမီးမရှိရင်တောင် ပတ်ဝန်းကျင်က စောင့်ရှောက်ချင်တယ်။
၃။ ဘယ်နေရာ၊ ဘယ်အခြေအနေရောက်ရောက် ကိုယ့်သီလက ကိုယ့်ကို စောင့်ရှောက်တယ်။ ခွေးလေးတစ်ကောင်လို သစ္စာရှိရှိ အနားမှာရှိတယ်။

သားသမီးကို အားကိုးဖို့ မွေးတာမဟုတ်ဘူး။
သားသမီးကို ဝဋ်ကြွေးဆပ်ဖို့ မဟုတ်ဘူး၊ ဝဋ်ကြွေးတောင်းဖို့လည်း မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာနဲ့ လူ့လောကကို ဆက်ပေးလိုက်တာပဲ။ ပြီးရင် သူ့လမ်းသူသွားပါစေ။

တကယ့် အားကိုးရာက ကိုယ့်အတွင်းမှာပဲ ရှိတယ်။

မနက်တိုင်း လမ်းလျှောက်ထွက်တိုင်း အဘိုးအဘွားတွေကို တွေ့တိုင်း ဒီစာသားလေးကို သတိရမိတယ်။

🍂သီလံ ယာဝ ဇရာ သာဓု

အိုမင်းလာတဲ့အထိ၊ ခွေးလေးတစ်ကောင်နဲ့ပဲ ကျန်ခဲ့ရင်တောင်၊
ကိုယ့်သီလက ကိုယ့်ကို နွေးနွေးထွေးထွေး စောင်ရှောက်နေလိမ့်မယ်။

ဝိပဿနာတရား ဘယ်ကစပွားရမလဲ မေးသူများအတွက်
09/11/2026

ဝိပဿနာတရား
ဘယ်ကစပွားရမလဲ မေးသူများအတွက်

09/10/2026

ကုသိုလ်ရအမျှယူတော်မူကြပါ

09/07/2026

#သိမ်မွေ့တဲ့ဝေဒနာ

ဝိပဿနာ တရားအားထုတ်တဲ့ အခါမှာ မလွဲမသွေ တွေ့ကြုံရတာက ဝေဒနာပါ။

ထိုင်တာကြာလာတာနဲ့အမျှ ခြေထောက်ကိုက်တာ၊ ခါးနာတာ၊ တင်းတာ၊ ပူတာ၊ ကိုက်ခဲတာတွေ ပေါ်လာတတ်ပါတယ်။ ဒါကို ဝေဒနာလို့ ယေဘူယျ ခေါ်ပေမယ့်၊ ဝိပဿနာ ဉာဏ်နဲ့ စိစစ်ကြည့်ရင် ဝေဒနာမှာ အဆင့် နှစ်ဆင့် ရှိပါတယ်။

🪴၁။ ကြမ်းတမ်းတဲ့ ဝေဒနာ - ဩဠာရိက ဝေဒနာ
🪴၂။ သိမ်မွေ့တဲ့ ဝေဒနာ - သုခုမ ဝေဒနာ

၁။ ကြမ်းတမ်းတဲ့ ဝေဒနာကို ဘယ်လို ရှုမလဲ

အများစု စတွေ့ရတာက ဒီအကြမ်းထည်ပါ။

နာကျင်မှု ဒုက္ခဝေဒနာ ပြင်းထန်စွာ ပေါ်လာတဲ့အခါ ယောဂီရဲ့ စိတ်ဟာ ချက်ချင်း တွန်းထုတ်ချင်ပါတယ်။ နေရာရွှေ့ချင်တယ်၊ ပျောက်သွားစေချင်တယ်၊ မခံနိုင်တော့ဘူး ဆိုတဲ့ ဒေါသနဲ့ ရောသွားတတ်ပါတယ်။

တကယ်တော့ ဒီနေရာမှာ အတင်း တွန်းထုတ်ဖို့ မလိုပါဘူး။

ဝိပဿနာရဲ့ အလုပ်က ပျောက်အောင် လုပ်ဖို့ မဟုတ်ဘူး၊ ရှိနေတာကို ရှိတဲ့ အတိုင်း သိဖို့ပါ။

နာနေရင် "နာတယ်" လို့ သိနေရုံပဲ။
ကိုက်နေရင် "ကိုက်တယ်" လို့ သိနေရုံပဲ။
တင်းနေရင် "တင်းတယ်" လို့ ရုံပဲ သတိကပ်ပြီး ရှုနေပါ။

သူ့ သဘောသူ ဆောင်နေတာကို ဝင်မစွက်ဖက်ဘဲ၊ ဓမ္မကို ဓမ္မအတိုင်း ကြည့်နေတဲ့ အခါ၊ အံ့ဩစရာကောင်းတာက အဲ့ဒီ ကြမ်းတမ်းတဲ့ ဝေဒနာကြီးဟာ တဖြည်းဖြည်း သူ့ဟာသူ ပြောင်းလဲသွားတာပါပဲ။

အရင်က တောင်ကြီးလို ပိတ်ဆို့နေတဲ့ နာကျင်မှုဟာ၊ ရှုရင်း ရှုရင်းနဲ့ အရည်ပျော်သွားသလို၊ တစစီ ပြိုကွဲသွားသလို၊ တဖြည်းဖြည်း သိမ်မွေ့ သွားပါတယ်။ ပြင်းထန်မှု လျော့သွားတာ မဟုတ်ပါဘူး၊ ဉာဏ်က ပိုပြီး အနုစိတ်မြင်လာလို့၊ သူ့ရဲ့ ဖြစ်လိုက် ပျက်လိုက်၊ တလှုပ်လှုပ် တုန်နေတဲ့ သဘောကို ပိုသိလာတာပါ။

၂။ အန္တရာယ်များတဲ့ သိမ်မွေ့တဲ့ ဝေဒနာ

တကယ့် လက်တွေ့ အခက်အခဲက ဒုတိယ အဆင့်မှ စတာပါ။

ကြမ်းတမ်းတဲ့ ဝေဒနာ ချုပ်ငြိမ်းသွားလို့၊ ခန္ဓာကိုယ်က ပေါ့ပါး ငြိမ်သက်သွားတဲ့ အခါ၊ ယောဂီအများစု "တရားကောင်းနေပြီ၊ ဝေဒနာ မရှိတော့ဘူး" လို့ ထင်တတ်ပါတယ်။

တကယ်တော့ ဝေဒနာ မရှိတာ မဟုတ်ပါဘူး။ သိမ်မွေ့ သွားတာပါ။

ဒါကို အနုသယ သိမ်မွေ့ ဝေဒနာလို့ ခေါ်ပါတယ်။ ငြိမ်နေလို့၊ သာယာနေလို့၊ နူးညံ့နေလို့ သိရခက်ပါတယ်။ ကြမ်းတမ်းတဲ့ ဝေဒနာက အော်ပြီး လာပြောသလို သိသာပေမယ့်၊ သိမ်မွေ့တဲ့ ဝေဒနာက တိုးတိုးလေး ခိုးဝင်လာတာပါ။

ဘာသာယာလဲ ဆိုတော့ -
ထိုင်လို့ကောင်းတဲ့ သုခ၊ ငြိမ်နေတဲ့ ငြိမ်းချမ်းမှု၊ ပေါ့ပါးပြီး လန်းဆန်းနေမှု၊ ဘာမှ မရှိသလို ချောမွေ့နေမှု - ဒါတွေဟာလည်း ဝေဒနာတွေပါပဲ။ သုခ ဝေဒနာ၊ ဥပေက္ခာ ဝေဒနာရဲ့ အသိမ်မွေ့ ဆုံး ပုံစံတွေပါ။

ဒီသာယာမှုလေးကို မသိလိုက်ဘဲ သာယာနေမိရင်၊ အဲ့ဒီမှာတင် တဏှာ ဝင်လာပါပြီ။ "ဒီလို ငြိမ်ငြိမ်လေး ကြာကြာနေချင်လိုက်တာ" ဆိုတဲ့ လောဘ။ ဒီသာယာမှုလေး ပျောက်သွားမှာ ကြောက်တဲ့ ဘယ။ ဒါဟာ ဝိပဿနာ လမ်းကနေ သမထ လမ်းထဲ ပြန်ချော်သွားစေတဲ့ အန္တရာယ်အကြီးဆုံးပါ။

သိမ်မွေ့တဲ့ ဝေဒနာကို မြင်ဖို့ ဘာလိုသလဲ

ကြမ်းတဲ့ ဝေဒနာကို မြင်ဖို့က သာမန် သတိလေးနဲ့ ရပေမယ့်၊ သိမ်မွေ့တဲ့ ဝေဒနာကို မြင်ဖို့ကျတော့ လက်နက်ကောင်းတွေ လိုပါတယ်။

၁။ သမာဓိ စွမ်းအား လိုပါတယ်။

စိတ်က မငြိမ်ရင်၊ လှုပ်နေရင် ရေပြင်မှာ လှိုင်းထနေသလို ဖြစ်ပြီး၊ အောက်က ရှိနေတဲ့ အပ်လေးကို မမြင်ရပါဘူး။ စိတ်ငြိမ်မှ၊ ကြည်လင်မှ အနုစိတ်တဲ့ လှုပ်ရှားမှုကို မြင်နိုင်ပါတယ်။

၂။ သတိ စွမ်းအား လိုပါတယ်။

သမာဓိက ငြိမ်အောင် လုပ်ပေးပေမယ့်၊ သတိက စောင့်ကြည့်တဲ့ အလုပ် လုပ်ပါတယ်။ "အခု ငြိမ်နေတာလေး၊ သာနေတာလေးဟာလည်း ဝေဒနာပဲ၊ သူကလည်း ဖြစ်နေတာ၊ သူ့အလိုလို ရှိနေတာ၊ ငါမဟုတ်ဘူး" လို့ အသေးစိတ် ခွဲခြား သိရပါမယ်။

တကယ့် ဝိပဿနာ ဉာဏ်စစ်စစ်ဟာ ကြမ်းတမ်းတဲ့ ဝေဒနာကို ကျော်လွှားပြီးမှ စတာပါ လို့တောင် ဆိုနိုင်ပါတယ်။

ကြမ်းတမ်းတာကို "နာတယ်" လို့ သိရုံနဲ့ ကျေနပ်မနေဘဲ၊ အဲ့ဒီ နာကျင်မှုနောက်က သိမ်မွေ့ပြီး ငြိမ်နေတဲ့ သုခ နဲ့ ဥပေက္ခာကို ဆက်ပြီး ရှုနိုင်မှ၊ "ဝေဒနာဟူသမျှ ဒုက္ခချည်းပဲ" ဆိုတာကို ကိုယ်တိုင် မြင်လာမှာပါ။

ဒါကြောင့် နာကျင်လာရင် တွန်းမထုတ်ပါနဲ့၊ ရှုသာ ရှုနေပါ။ ငြိမ်သက်ပြီး သာယာလာပြန်ရင်လည်း "ဝေဒနာ ကုန်ပြီ" လို့ မထင်ပါနဲ့။ အဲ့ဒီထက် ပိုနက်တဲ့၊ ပိုသိမ်မွေ့တဲ့ ဝေဒနာကို ဆက်ရှာပါ။ အဲ့ဒီမှာ သမာဓိနဲ့ သတိကို ပိုပြီး ထက်အောင် သွေးရမှာပါ။

09/06/2026

#ဥဒယဗ္ဗယဉာဏ် ပါဖို့လိုတယ်
➖မနေ့က ယောဂီတစ်ယောက်ရဲ့ မေးခွန်း
မနေ့က နံနက်ပိုင်း တစ်နာရီ တရားထိုင်ပြီးတော့ ယောဂီတစ်ယောက်က လာမေးတယ်။

"အရှင်ဘုရားတို့တော့ ဘယ်လိုမှတ်လဲ မသိဘူး။ တပည့်တော်ကတော့ တခါတခါ ထွက်လေ ဝင်လေ မှတ်တယ်။ တခါတခါ Body ကို Scan လုပ်တယ်။ တခါတခါ ဘုရားစာရွတ်တယ်။ ဒီလိုမျိုးစုံနေတော့ တရားက တိုးတက်ပါ့မလားဘုရား" တဲ့။

ဒီမေးခွန်းက ယောဂီတော်တော်များများ တွေးမိတဲ့ မေးခွန်းပါပဲ။

"ကိစ္စမရှိဘူး။ ဘယ်နည်းပဲလုပ်လုပ် ရတယ်။ ဥဒယဗ္ဗယဉာဏ် ပါဖို့ လိုတယ်။"

၁။ နည်းက အဓိက မဟုတ်ဘူး၊
ဉာဏ်က အဓိက

➖ထွက်လေ ဝင်လေမှတ်တာ အာနာပါန။

➖Body Scan လုပ်တာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ။

➖ဘုရားစာရွတ်တာ ဗုဒ္ဓါနုဿတိ၊ သမထ။

နည်းတွေက မတူကြဘူး။

ဒါပေမယ့် နည်းအားလုံးဟာ တံခါးပေါက်တွေချည်းပဲ။ အိမ်ထဲဝင်ဖို့ ဘယ်တံခါးပေါက်က ဝင်ဝင်၊ အိမ်ထဲရောက်ဖို့ အဓိကပါ။

ဝိပဿနာမှာ အိမ်ထဲရောက်တယ် ဆိုတာဘာလဲ။ ဥဒယဗ္ဗယဉာဏ်ပေါ်တာပဲ။

ဥဒယ = အဖြစ်ကို မြင်တာ
ဗ္ဗယ = အပျက်ကို မြင်တာ
ဉာဏ် = အသိဉာဏ်

ဖြစ်လိုက် ပျက်လိုက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တဲ့ဉာဏ်။ စာထဲဖတ်ထားတာမဟုတ်ဘူး၊ သူများပြောလို့ သိတာမဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဒိဋ္ဌ ဖြစ်နေတာ။

ဒီဉာဏ်မပါရင် ဘယ်လောက်ပဲ နာရီပေါင်းများစွာ ထိုင်ထိုင် သမထ တရားပဲ ဖြစ်နေဦးမယ်။ စိတ်ငြိမ်ရုံပဲ ရမယ်။

ဒီဉာဏ်ပါရင်တော့ ဘယ်နည်းနဲ့ပဲ မှတ်မှတ် ဝိပဿနာ ဖြစ်သွားပြီ။

ဥဒယဗ္ဗယဉာဏ် ဘယ်လိုပါအောင်လုပ်မလဲ

🙏က) ထွက်လေ ဝင်လေ မှတ်တဲ့အခါ

"ဝင် - ထွက်" လို့ မှတ်ရုံသက်သက်မဟုတ်ဘဲ
ဝင်လေ - အစကနေ အလယ်ကနေ အဆုံးထိ ဖြစ်လာတာ၊ ပြီးတော့ ပျောက်သွားတာ။
ထွက်လေ - ဖြစ်လာတာ၊ ပျောက်သွားတာ။
ဒီဖြစ်ပျက်ကို မြင်နေရမယ်။ လေကို မြင်တာမဟုတ်ဘူး၊ လေရဲ့ သဘောကို မြင်တာ။

🙏ခ) Body Scan လုပ်တဲ့အခါ

ခြေထောက်မှာ ထုံနေတယ်၊ စူးနေတယ်။
အဲဒီ ထုံတဲ့ဝေဒနာလေးက အစတုန်းက မရှိဘူး၊ အခုမှ ပေါ်လာတာ = ဥဒယ
ခဏနေတော့ ပြောင်းသွားတာ၊ လျော့သွားတာ = ဗ္ဗယ
ဝေဒနာကို တွန်းထုတ်တာမဟုတ်ဘူး၊ ဝေဒနာရဲ့ ဖြစ်ပျက်ကို ကြည့်နေတာ။

🙏ဂ) ဘုရားစာရွတ်တဲ့အခါ

"အရဟံ" လို့ ရွတ်လိုက်၊ အသံလေး ဖြစ်လာတယ်၊ ပျက်သွားတယ်။
ရွတ်ချင်တဲ့စေတနာ ဖြစ်လာတယ်၊ ပျက်သွားတယ်။
ရွတ်နေတုန်း ကြားနေတဲ့စိတ် ဖြစ်လာတယ်၊ ပျက်သွားတယ်။

ဘုရားဂုဏ်ကို အာရုံပြုရင်း၊ အဲဒီစိတ်တွေရဲ့ ဖြစ်ပျက်ကို နောက်ကနေ လှမ်းမြင်နေတာ။ ဒါဆိုရင် သမထကနေ ဝိပဿနာဘက်ကို ကူးသွားပြီ။

အဓိကက - အာရုံကိုကြည့်တာမဟုတ်ဘူး၊ အာရုံရဲ့ ဖြစ်ပျက်သဘောကို ကြည့်တာ။

🙏စစ်ဆေးနည်း

ကိုယ့်အမှတ်က ဥဒယဗ္ဗယဉာဏ် ပါ၊ မပါဘယ်လိုသိမလဲ။

၁။ ငါမှတ်နေတာလေးက အမြဲရှိနေလား၊ ဖြစ်လိုက် ပျက်လိုက်လား။
အမြဲရှိနေတယ်လို့ထင်နေရင် ဉာဏ်မပါသေးဘူး။

၂။ မှတ်ရတာ ပိုငြိမ်လာလား၊ ပိုပြီး အနိစ္စသဘော ရှင်းလာလား။
ငြိမ်ရုံပဲ ငြိမ်နေရင် သမထ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှင်းလာရင် ဝိပဿနာ။

၃။ ငါ လုပ်နေတယ်ဆိုတဲ့ အစွဲ ပိုနည်းလာလား။
ဖြစ်ပျက်မြင်တော့ ငါမဟုတ်ဘူး၊ သူ့သဘောသူဆောင်နေတာပဲလို့ မြင်လာရင် လမ်းမှန်ပြီ။

ဒါကြောင့် ➖

နည်းတွေ ရောနေလို့ စိတ်မပူပါနဲ့။ ဒီနေ့ ဝင်လေထွက်လေနဲ့ အဆင်ပြေရင် အဲဒါနဲ့ မှတ်။ မနက်ဖြန် ခန္ဓာကိုယ်ကိုက်လို့ Scan လုပ်ချင်ရင် အဲဒါနဲ့မှတ်။ စိတ်ပင်ပန်းလို့ ဘုရားစာလေးရွတ်ချင်ရင် ရွတ်ပါ။

တစ်ခုပဲ မှတ်ထား။
ဘာမှတ်၊ ဖြစ်ပျက် မလွတ်စေနဲ့။

ဖြစ်ပျက် မြင်နေသမျှကာလပတ်လုံး သင်ဟာ ဝိပဿနာလမ်းပေါ်မှာပဲ။ ဖြစ်ပျက်မြင်တဲ့ အခိုက်အတန့်တိုင်းဟာ သံသရာကို တစ်ထစ်ချင်း ဖြတ်နေတာပဲ။

နည်းက အရေခွံပါ။ ဥဒယဗ္ဗယဉာဏ်က အနှစ်ပါ။

09/06/2026

လစဉ်ဆွမ်းဒါန

Address

6700 NO. 4 Road
Richmond, BC
V6Y2S9

Website

Alerts

Be the first to know and let us send you an email when Burmese Buddhist Society of BC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Burmese Buddhist Society of BC:

Shortcuts

Share