Aye Chan Thar Yar Church

Call Directions Contact the place of worship

Aye Chan Thar Yar Church you are so special.....so Jesus Love You... Anyone can join us.

23/09/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

The man who denies the phenomena of spiritism is not entitled to be called a skeptic; he is simply ignorant.        Dr.T...
01/08/2024

The man who denies the phenomena of spiritism is not entitled to be called a skeptic; he is simply ignorant.

Dr.Thomason Hudson
‌ဝိဉာဉ်ရေးရာ ဖြစ်စဉ်တွေက ကျွန်ပ်တို့ပတ်၀န်းကျင်မှာ နေ့စဉ်ဖြစ်ပျက်ရင် ဖြစ်ပျက်နေမည်။ သတိမထားမိတာ(သို့)သတိမမူပဲ ဘ၀ရဲ့ ၀မ်းစာကိုသာအာရုံစိုက် အသက်ရှင်ကြသည်က ခပ်များများပင်။ ဝိဉာဉ်ရေးရာ ဟုပြောလိုက်လျှင် ယုံကြည်သူခရစ်ယာန်‌ တွေအတွက် သိပ်မစိမ်းပေမယ့် မယုံကြည်သူ‌အတွက်ဆိုရင် နားကြားရသည်မှာ နဲနဲ အဆင်သိပ်ပြေနေမည်မှာမဟုတ်ပေ။ လောကီအလယ်မှာ အသက်ရှင်ဖို့ရန်အတွက် ရုန်းကန်ကြရင်း မျက်မြင် မြင်တွေ့ရသည့်အရာတွေကိုသာ လူတွေက ယုံကြည်ချက် ပိုခိုင်မာထားရှိကြသည်။ မမြင်တွေ့ရသော လောကုတ္တရာ အကြောင်းအရာတွေ အတွက်မူ အငြင်းပွားဖို့ရန်အတွက် တာစူစေသည်။ အမြင်ခြင်းလည် ကွာခြား သွားကြသည့်အတွက် ညှိနှိုင်းဖို့ရန်အတွက်လည်း လွယ်ကူနိုင်မည်မဟုတ်။ အဘယ်ရယ်ကြောင့်ဆိုသော် မျက်မြင် မြင်တွေ့ရသည့် အကြောင်းအရာတွေမဟုတ်သောကြောင့်ပင်။

ယုံကြည်သူခရစ်ယာန် အသက်တာတွင် မျက်မြင် မမြင်တွေ့ရသည့် အကြောင်းအရာတွေကို "ယုံကြည်ခြင်း" ဆိုသော ခေါင်းစဉ်တစ်ခုအောက်မှာ ကျွန်ပ်တို့စုံလုံးကန်း လျှောက်လှမ်းကြသည့် ဘာသာရေးတစ်ခုလို့ပြောလျှင် မှားမည်မဟုတ်ပေ။ စုံလုံးကန်း လျှောက်လှမ်းသည်ဟု ပြောရသည်မှာလဲ အကြောင်းရင်းရှိပါသည်။ အ ငြင်းပွားဖွယ်ရာ အကြောင်းအရာတွေကလဲ ပြည့်နှက်နေသောကြောင့်လဲ တကယ် နားမလည်ကြသောသူအတွက်မူ စုံလုံးကန်း ယုံကြည်မူ တစ်ခုဖြစ်သွားစေသည်။ ခရစ်ယာန် လောက ဟု သုံးနူန်းချင်ပါသည်။
ခရစ်ယာန်လောက တွင် "ယုံကြည်ခြင်း" နှင့်ပတ်သက်၍ နားမလည်သောသူ ၊ နားလည်ချင် ဟန်ဆောင်သောသူ ၊ တကယ် တတ်သိနားလည်သောသူ ၊ နားလည်သည့်အတိုင်း လိုက်လျှောက် အသက်ရှင်သော သူ ဟူ၍ ကျွှန်ုပ်တို့ခွဲခြားသတ်မှတ်ပါသည်။
ခရစ်ယာန် အသက်တာတွင် မမြင်တွေ့ရသည့် အကြောင်းရာတွေကို ယုံကြည်ခြင်း ဖြင့် ယုံကြည်လျှောက်လှမ်းရသော ကြောင့် လွယ်သယောင်နှင့် ခက်ခဲသော ဘာသာရေး တစ်ခုဖြစ်သည်။ ထိုအတွက်ကြောင့် လည်း အငြင်းပွားဖွယ်ရာတွေနှင့် ပြည့်နှက်လျက်ရှိသည်။ ထိုအငြင်းပွားဖွယ်ရာအကြောင်းတွေကို မည်သို့ နားလည်နိုင်သနည်း။ မည်သို့‌ဖြေရှင်းပြီး ယုံကြည်ခြင်းခိုင်မာသောသူ တကယ်စစ်မှန်သည့် ခရစ်တော် နောက် လိုက်ဖြစ်အောင် ကြိုးစားမည်နည်း။
အချို့ ခရစ်တော် နောက်လိုက်သူများသည် ထိုအငြင်းပွားဖွယ်ရာ အကြောင်းအရာတွေကို မသိသလိုထားသူကထား ၊ အဖြေရှာသူကရှာ ၊ အဖြေရှာရင်း အဖြေမတွေ့သူ ၊ အဖြေတွေ့ချင် ဟန်ဆောင်သော သူ ၊ တကယ်အဖြေ တွေ့သွားသူ များစွာ ရှိသည်။
တကယ်စစ်မှန်သော အဖြေ ရရှိဖို့ရန် မည်သည့်ပေတံနှင့်တိုင်းတာသနည်း။ ဝိဉာဉ် ရေးရာ နှင့် တိုင်းတာပါသည်။
အမှန်တကယ်ကို ဝိဉာဉ်ရေးရာပေတံနှင့်တိုင်းတာပါသည်။ မမြင်တွေ့ရသည့် ဘုရားသခင်ကို ဝိဉာဉ်ရေးရာနှင့် ဆက်သွယ်ရသော ကြောင့် ကျွန်ုပ်တို့၏ ဝိဉာဉ်ရေးရာမှာ သမ္မာကျမ်းစာနှင့်အညီ ကိုက်ညီရပါသည်။ ကျွန်ပ်တို့၏ ခရစ်ယာန် ယုံကြည်ခြင်းသည် ဉာဏ်ပညာ အတွေးခေါ်ပေါ်မှာအခြေခံထားသည်မဟုတ်ပါ။ ဝိဉာဉ်ရေးရာပေါ်မှာအခြေခံတည်ဆောက်ထားသည်။ ယုံကြည်ခြင်း ကိုနားလည်ဖို့ ကျွန်ပ်တို့၏ဝိဉာဉ်ရေးရာကို ထပ်ဆင့်မြှင့်တင်ဖို့လိုအပ်ပါသည်။

ဝိဉာဉ်ရေးရာနှင့်ပတ်သက်၍ တိုးတက်လာသောသူဖြစ်ဖို့ တကယ်မလွယ်ပါ။ ပထမ အဆင့်မှာ အမှန်တကယ် ယုံကြည်ရပါသည်။ ဒုတိယ အဆင့်ကိုရောက်ဖို့ သင် ဇဝေဇဝါဖြစ်နေသေးလျှင် ပထမအဆင့်ကို တကယ်မအောင်မြင်လို့ပါပဲ။ ဒါဆိုရင် သင်က နားလည်ခြင်ဟန်ဆောင်သော ခရစ်ယာန်ဖြစ်ဖို့ ရာခိုင်နူန်းများသည်။ များစွာသောခရစ်ယာန်များသည် ယေရူခရစ်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်သည်ဟု ၀န်ခံပြီး ဗတ္တိဇံခံကြသည်။ ထို့နောက် သခင်ယေရူနှင့် ရင်းနှီး ကျွမ်း၀င်ဖို့ ဆက်မကြိုးစားကြတော့ပါ။ အချို့ဆို ကြိုးစားရကောင်းမှန်း မသိသူကရှိသေးသည်။ ဒါဆိုရင် သင်သည် ယုံကြည်ခြင်း ခေါင်းးဉ်အောက်မှာ နားလည်ခြင်ဟန်ဆောင်သောသူဖြစ်ပါသည်။
သခင်ယေရူကို နားလည်ဖို့ရန်အတွက် နေ့စဉ်ကျမ်းစာဖတ် ဆုတောင်း၊ ဘ၀မှာ ခက်ခဲ ပင်ပန်းလဲ ကျမ်းစာဖတ် ဆုတောင်း မပျက် သံသယ တွေ၀င်လာရင်လည်း ကျမ်းစာဖတ် ဆုတောင်း ဒါက ခရစ်ယာန် အသက်တာ အစပင်ဖြစ်သည်။ သမ္မာကျမ်းစာ သိလာပြီ နားလည်ဖို့ရန်အတွက်မူ နောက်ထပ် ဝိဥာဉ်ရေးရာ ခွန်အားထပ်လိုအပ်သေးသည်။အဘယ်ကြောင့်ဆိုသော် အငြင်းပွားဖွယ်ရာများစွာသည် သမ္မာကျမ်းစာကို တကယ် နားလည်ခြင် ဟန်ဆောင်သော အဆင့်က နေစတင်ခြင်းဖြစ်သည်။ ဤအဆင့်တွင် အယူလွဲသွားသောသူများ ၊ ခရစ်တော်ကို စွန့်ပစ်သွားသောသူများ ၊ မိစ္ဆာအလွဲများ စွာသည် ဤအဆင့်တွင်ပင် ပေါက်ဖွားလာကြသည်။ နားလည်ခြင်ဟန်ဆောင်ကြသောကြောင့်ဖြစ်သည်။ သူစိမ်းဖြစ်သွားကြသည်မှာ အစကတည်းရင်နှီးနေလို့ဖြစ်သည်။
၂၀၂၄ အိုလံပစ် ဖွင့်ပွဲတွင် သခင်ယေရူခရစ် နောက်ဆုံးညစာစားသည့် ပန်းချီကားနှင့် ပန်သက်၍ အပြောင်အပျက်လုပ်ထားသည်။ ထိုအကြောင်းရာက ခရစ်ယာန်အသိုင်း‌ထဲ ဝေဖန်စရာဖြစ်သွားသည်။ အယူအဆမျိုးမျိုးနှင့် ပွဲဆူသွားသည်။ ထိုသို့အပြောင်ပျက်လုပ်သူများမှာ ခရစ်ယာန်ဘက်ဂ‌ ရောင်းကလာသူဖြစ်ဖို့များသည်။ ခရစ်တော်ကိုစော်ကိုးဖို့ ခရစ်တော်ကိုသိဖို့လိုအပ်သည်။ လူတစ်ယောက်ကို စော်ကားဖို့ ထိုလူကြောင်းသိမှပင်ဖြစ်သည်။ မသိသောသူအားဝေဖန်ဖို့ဆို ဟာသတစ်ခုလိုပင်။ ထိုသူများသည် ခရစ်တော်ကိုမသိသည်မဟုတ် သိလျှက်နှင့် မယုံကြည်နိုင်သူများဖြစ်သည်။ အဘယ်ကြောင့်မယုံနိုင်သည်မှာ ဝိဉာဉ်ရေးရာမှာ ခရစ်တော်နှင့်မကြိုးစားကြသောကြောင့်ဖြစ်သည်။

အချုပ်ဆိုရသော် ကျွန်ပ်တို့အသက်တာတွင်လည်း ခရစ်တော်နှင့်လျှောက်လှမ်းရင်း မည့်သည့်ပန်းတိုင်ရောက်ပြီလဲ ဆန်းစစ်ဖို့လိုအပ်ပါသညါ။

ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။- 8 ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။၂တိ - ၄;၇-၈

အထက်ပါကျမ်းပိုဒ် သည် စံချိန်မှီခရစ်တော် နောက်လိုက်တစ်ယောက်၏ ဝိဉာဉ်ရေးရာ နောက်ဆုံး levels ပင်ဖြစ်သည်။ ထို အဆင့်ထိရောက်အောင် ကြိုးစားဖို့ ကျွန်ပ်တို့မှာ တာ၀န်ရှိသည်။

မေတ္တာ၌-
Arkar (Bethel)

" မအေးအေး၀င်းစီစဉ်သလိုမဟုတ်သော         ဘ၀ခရီးလမ်း"                   အားပေးစကားပြောဖို့ အလှည့်ကျသူကို ထုံးစံအတိုင်း ကြေင...
30/07/2024

" မအေးအေး၀င်းစီစဉ်သလိုမဟုတ်သော ဘ၀ခရီးလမ်း"

အားပေးစကားပြောဖို့ အလှည့်ကျသူကို ထုံးစံအတိုင်း ကြေငြာလိုက်သည်။ နက်တိုင်လည်စီး နှင့် ရူးဖိနပ် အကျအန ၀တ်ဆင်ထားသော အသက်သုံးဆယ်၀န်းကျင် ‌လူငယ်တစ်ဉီး ယုံကြည်မူအပြည့်နှင့် ပလ္လင်ရှိရာသို့လျှောက်လှမ်းလာပြီး အားအင်အပြည့်နှင့် တရားဟောတော့သည်။ ရွေးချယ်ထားသော ခေါင်းစဉ်က "မှန်သောလမ်းအားလျှောက်လှမ်းခြင်း"ဟူ၍ဖြစ်သည်။ ထိုလူငယ်မှာ ကျမ်းစာကျောင်းမှ M.th နောက်ဆုံးနှစ်ဖြစ်သောကြောင့် တရားဟောလည်းကောင်းလှသည်။ စီနီယာလဲ ဖြစ်သောကြောင့် ပုံဥပမာကို အလေးပေးထားပြီးဟောပြောသည်။ ညီငယ်များအား အားပေးချင်စိတ်ပဲများလို့လားမသိ သူကိုယ်တိုင် ကျေကျေနပ်နပ်ဟောပြောနေတော့သည်။ ထိုအထဲမှ ဥပမာပေးထားသော အကြောင်းအရာတစ်ခုက ကျွန်တော့်အတွေးထဲမကျေမနပ်ဖြစ်သွားစေသည်။ ကျွန်တော့်ကိုလန့်နိုးသွားစေသလိုပင်။
တစ်ခါက မုန့်ဟင်းခါး သည် တစ်ဦးလမ်းဘေးတစ်နေရာမှာ မုန့်ဟင်းခါးထိုင်ရောင်းသည်။ ရွေးချယ်ထားသည့်နေရာက ချက်ကျလက်ကျ ဖြစ်သော်လည်း ဆိုင်အသစ်ဖြစ်သောကြောင့် အရောင်း၀ယ်ပါးသည်။ ဆိုင်လည်းရောင်းကောင်းအောင် မိမိဝါသနာပါသည့် music ကို တီးခတ်ရင်းဖောက်သည်တွေကိုဆွဲဆောင်မည်ဟုအကြံရသည်။ ထိုအကြံက‌ ကောင်းလွန်းသောကြောင့်မုန့် ဟင်းခါးမှာအ‌‌ တော် ရောင်းကောင်းလျက်ရှိသည်။ လားစားကြသည်မှာလဲ လက်မလည်အောင် ရောင်းကောင်းလျက်ရှိနေတော့သည်။ တစ်နေ့ထိုလူငယ်မှာ ရောင်းကောင်းလျက်ရှိသော မုန့်ဟင်းခါးကို ဂရုမစိုက်တော့ပဲ သိပ်လည်းမကျွမ်းကျင်သည့်music ကိုသာအာရုံစိုက်တော့မည်။ သူဝါသနာပါရာကိုသာ တစ်စိုက်မတ်မတ်လိုက်ဖို့ မုန့်ဟင်းခါးရောင်းရသည့် ပိုက်ဆံတွေအကုန် လုံး အနုပညာလုပ်ဖို့ ရင်းနှီးလိုက်သည်။ ရလဒ်အနေနှင့် မအောင်မြင်သည့်အပြင် ရောင်းလက်စ မုန့်ဟင်းခါးဆိုင်ကော ဖောက်သည်တွေပါ ဆုံးရူံးလိုက်ရသည်။
ထိုဥပမာ ကို အားရပါးရပြောပြရင်း မိမိရွေးချယ်ထားသည့် ဒေသနာ ခေါင်းစဉ်အောက်မှာ ထိုလူငယ်အကြောင်းကို သွပ်သွင်းလိုက်တော့သည်။ မကျွမ်းကျင်ပဲ လျှောက်လုပ်တာကိုး။ သူ့ဟာသူ မုန့်ဟင်းခါး ရောင်းရင် ချမ်းသာအုံးမယ်။ အခုတော့ မချမ်းသာသည့်အပြင် လမ်းဘေးရောက်ရပြီ။ ထိုလူငယ်ကို ရစရာမရှိအောင် ဝေဖန်ရင်း တရားဒေဒနာကို စလိုက်သည်။

" သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။-
16 ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊-
17 ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။"(၂တိ ၃- ၁၄:၁၇)

မှန်ကန်သောလမ်း အား လျှောက်လှမ်းခြင်း ခေါင်းစဉ်အောက်မှာ ရှင်ပေါလုသည် တိမောသေအား မိမိရပ်တည်နေသောလမ်းကြောင်းကို ဘယ်တော့မှ မရွေ့ဖို့ အစဉ်တည်နေဖို့ခွန်အားပေးထားသည်။ ကျွန်ုပ်တို့အသက်တာတွင်လည်း ဘုရားသခင်က မှန်ကန်‌ သောလမ်း အားလျှောက်လှမ်းစေသည်။ ယနေ့ခေတ် တွင် မှားယွင်းသော ဩဝါဒတွေက များပြားလှသည်။ မှားယွင်းသောအယူဝါဒကို တွန်းလှန်ဖို့ ကျွန်ုပ်တို့ အသက်တာထဲ နူတ်ကပတ်တော်ပြည့်၀ဖို့လိုသည်။ နူတ်ကပတ်တော်ကသာ ကျွန်ပ်တို့အသက်တာတွေကို သန့်ရှင်းစေသည်။ ဝိဉာဉ်ရေးရာမှာ ရင့်ကျက်သောသူဖြစ်ဖို့ နူတ်ကပတ်၌တည်နေသောသူဖြစ်ဖို့ လိုအပ်သည်။ မှန်ကန်သော နူတ်ကပတ်တော် နှလုံးသားထဲမှာမရှိရင် အတုယောင် ဩဝါဒအောက်မှာ အလွယ်တကူပါသွားမည်။ စိတ်ကို ခဏတာ အာသာ‌ပြေစေသည့် တရားဟောချက်တွေအောက်မှာ နစ်မွန်းသွားမည်။ ချမ်းသာကြွယ်၀ခြင်း တရားဟောချက်တွေက သကြားလိုပင် များများစားရင် ဆီးချိုဖြစ်စေပြီး ကုသလို့မရသည့် နာတာရှည်ရောဂါဖြစ်စေသည်။ စစ်မှန်သော နူတ်ကပတ်တော်က သင့်ရဲ့ အရိုးစစ်နှင့်ခြင်ဆီကို ပါ ထိုးခွင်း နိုင်သည်။ဆိုလိုသည်မှာ သင့်ရဲ့ စိတ်ဝိဉာဉ်ရဲ့ အရေးကြီးဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ထိုအတွက်ကြောင့် စစ်မှန်သောနူတ်ကပတ်တော်သာရှိလျှင် မျောက်သစ်ကိုင်း လွတ်သလိုဖြစ်နေမည်မဟုတ်တော့ပါ။ မုန့်ဟင်းခါးလား music လား ကောင်းကောင်းခွဲခြားနိုင်မည်မှာမလွဲ။

ထိုညနေ ကျောင်းသားတိုင်းရဲ့ မျက်နှာမှာ ရွှင်းလန်းလျက်ရှိသည်။ အင်မတန်ကောင်းသည့် အသားဟင်းကို စားလိုက်ရသည့်မျက်နှာမျိုး။ ၀တ်ပြုခြင်းပြီးတာနှင့် ဒေသနာရှင်အား ဖက်လက်တကင်း အပြိုင်နူတ်ဆက်ကြသည်။ ကျေးဇူးတင်ကြသည်။ ကျွန်တော်ကတော့ နူတ်ကပတ်တော်ထက် ဥပမာပေးသွားသော အကြောင်းအရာကိုသာ စိတ်ထဲစွဲနေသည်။

အဘယ်ရယ်ကြောင့်များ ဆုံးဖြတ်ချက်မှားသွားသည့် လူငယ်အား အားမပေးသည့်အပြင် သူ့ရဲ့အမှားတစ်ခုကို သင်းခန်းစာတစ်ခုလို အဘယ်ကြောင့်ပြဌာန်းသွားသလဲ?။ သူဝါသနာပါသည့် အရာကိုအရဲစွန့် လုပ်တာပဲ။ မည်သူမျှအား ထိခိုက် သွားသည်လဲမရှိ။ ဝါသနာ နောက် အရဲစွန့် လိုက်သည့် ဆုံးဖြတ်ချက်သာ မှားသွားသလား။ အဘယ်ကြောင့် ပတ်၀န်းကျင် က လူတွေက ထိုလူငယ်အား အရူံးတစ်ယောက်လိုမြင်သွားတာလဲ။ ကျွန်တော်အပါအ၀င်။ အောင်မြင်ခြင်းက ငွေရေးကြေးရေး ပေါက် ရောက်မူ ကျော်ကြားမူနဲ့ တိုင်းတာ တာလား? ကိုယ်စိတ်ပျော်ရာ လမ်းကြောင်းတစ်ခုမှာ အရိုးကြေအရည်ခမ်းခမ်း လျှောက်လှမ်းနေရရင် ရော အောင်မြင်မူမဟုတ်ဘူးလား။ ဝါသနာ ပါရာ ကိုလျှောက်လှမ်းသွားရင် မအောင်မြင်ခြင်းက အပြစ်တစ်ခုဖြစ်သွားတာလား။ ထိုည ကျွန်တော်မအိပ်နိုင်ခဲ့ပါ။ ဝါသနာထက် လူ့အကြိုက် လျှောက်လှမ်းသည့် လူပေါ်စီတော့ အဖြစ်မခံ။ ဆယ်လီလားဆယ်ပြား လမ်းစဉ်လား ဝေလာဝေးသေး။
တစ်ဆက်တည်း ခရစ်တော်အတွက် ဝါသနာ ပါသည့် အရာကို စွန့်လွှတ်ရင်း အရိုးကြေကြေ အရည်ခမ်းခမ်း လိုက်‌ လျှောက်သည့် အမူတော်ဆောင်များအားလေးစားလျက်-

၂၇.၇.၂၀၂၄

မေတ္တာ၌။
ARKAR(BETHEL)

26/07/2024

"ဝိဉာဉ်ရေးရာ ရင့်ကျက်တည်ငြိမ်ဖို့စည်းမျဉ်းများ"

ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။ ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောကတိတော်ကို ရသည်ဖြစ်၍၊-(၁တိ - ၄:၇-၈)

နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။( မာ - ၁ ; ၃၅ )

ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။ (ဟေ - ၅၀:၄)

ရင့်ကျက်တည်ငြိမ်သောခရစ်ယာန်အသက်တာများတွင်ဆုတောင်းခြင်း၊ သမ္မာကျမ်းစာ‌‌ နေ့စဉ်ဖတ်ရူခြင်းနှင့် အပြစ်ကိုဝန်ခံခြင်းစသည့်နေ့စဥ်အလေ့အထအားဖြင့်ခရစ်တော်၌ တိုးပွားစေပါသည်။ ဝိညာဉ်ရေးရာ ကြီးထွားမှုမှ ရင့်ကျက်တည်ငြိမ်မူအထိ အချိန်ယူရပါသည်။ အားကစားသမားများ၊ စစ်သားများ၊ လက်မှုပညာသမားများ၊ ဂီတသမားများအနုပညာရှင်များ ထူးချွန်ထက်မြက်သော အားကစားသမားများပင်လျှင် မိမိကိုယ်တိုင် စည်းကမ်းအတိုင်း‌‌ နေ့စဥ်ချမှတ်ရင်း ဘ၀ကိုတိုးတက်‌စေသည်။ ချန်ပီယံ အားကစားသမားသည် အမြင့်ဆုံးအဆင့်တွင် အနိုင်ရရန် လိုအပ်သော စွမ်းရည်များကို ဖြည်းဖြည်းချင်း လုပ်ဆောင်ရင်းစွမ်းဆောင်ရည်များကိုမြှင့်တင်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အထပ်ထပ်လေ့ကျင့်ခြင်းကြောင့် အားကစားသမား၏ စိတ်နှင့် ခန္ဓာကိုယ်မှာသန်မာလာမည်ဖြစ်သည်။ ထို့ကြောင့်လည်း ထူးချွန်သော စစ်သားတစ်ဦးမှာသက်ဆိုင်သည့် စည်းကမ်းများကိုထွန်းချွန်စွာ လေ့ကျင့်ပြီးသည်နှင့်အမျှတိုက်ပွဲများကို အနိုင်ယူရန် လိုအပ်သော လက်နက်ခဲယမ်းများကို လည်းတစ်ပါတည်းကျွမ်းကျင်ကိုင်တွယ်လာနိုင်ခြင်းဖြင့်စစ်ပွဲအတွက်အသင့်ရှိ‌‌ နေမည်မှာဖြစ်သည်။

ထိုနည်းတူ၊ ပေါလုသည် ခရစ်ယာန်များကို ဘုရားဝတ်၌ မွေ့လျော်ခြင်း၌ လေ့ကျင့်ရန် မိန့်မှာထားသည်။ ၎င်းတွင် သမ္မာကျမ်းစာခံယူခြင်း၊ ဆုတောင်းခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နေ့စဉ်သီးသန့်ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့သော ဝိညာဉ်ရေးဆိုင်ရာ စည်းကမ်းများကို ဆက်ကပ်အပ်နှံခြင်းတို့ ပါဝင်ပါသည်။ ၎င်းကို ယေဘူယျအားဖြင့် “ဆိတ်ငြိမ်သောအချိန်” ဟုခေါ်ပြီး သခင်ဘုရား၌ တစ်သက်တာကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အထူးစည်းကမ်းဖြစ်သည်။ ခရစ်ယာန်တိုင်းသည် ဤပုံစံအတိုင်း နေ့စဉ်မိမိကိုယ်ကို အပ်နှံရန် လိုအပ်သည်။

သခင်ယေရှုသည် အရုဏ်မတက်မီတွင် ခမည်းတော်၏မျက်နှာကို ရှာရန် ဆုတောင်းခဲ့သည်။ ထိုကဲ့သို့အချိန်ယူချိန်အတွင်းမှာ ခမည်းတော်က သူဘာလုပ်မယ်ဆိုတာကို ပြောပြပြီး မည်ကဲ့သို့သောလူများနှင့် စကားပြောရမယ်ဆိုတာညွှန်ကြား‌ နေမည်ဆိုတာကိုလည်း ကျွန်တော်ယုံကြည်ပါတယ်။ ယေရှုသည် ခမည်းတော်၏အလိုတော်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြောင်း၊ ခမည်းတော်မိန့်တော်မူသည့်စကားများကိုသာ မိန့်တော်မူခဲ့ပါသည်။ ဟေရှာယ 50:4 တွင် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။“သွန်သင်သောလျှာ” ကိုသခင်ယေရူသည် နံနက်စောစော ခမည်းတော်နှင့်မိတ်သဟာယဖွဲ့ခြင်းကနေရရှိပါသည်။သခင်ယေရူကိုယ်တိုင် ခမည်းတော်နှင့်နံနက်အာရုံဦးမှာ မိတ်သဟာယဖွဲ့လျှင် ကျွန်ပ်တို့ခရစ်ယာန်အသက်တာမှာလည်းလိုက်လျှောက်ဖို့အဘယ်ဆိုဖွယ်ရာရှိသနည်း။

ကျွန်ုပ်တို့သည် လုပ်ရိုးလုပ်စဉ် ထုံးတမ်းဘောင်အတွင်းမှမဟုတ်ဘဲ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ဘဝတွင် အသီးအပွင့်များရရှိလိုသောပြင်းပြ‌ သောဆန္ဒနှင့် သမ္မာကျမ်းစာအား‌‌ လေ့ကျက်ဖတ်ရူခြင်းနှင့် ဆုတောင်းခြင်းအလေ့အထကို မွေးမြူရပါမည်။ ထို့ကြောင့် ရင့်ကျက်သောခရစ်ယာန်များသည် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်များနှင့် ကတိကဝတ်များနှင့်ပတ်သက်၍ ဉာဏ်ပညာနှင့် ဗျူဟာများထားကြသည့်အကြောင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ခရစ်ယာန်တိုးတက်မှုနှင့် ဝန်ဆောင်မှုအားလုံးအတွက် တွန်းအားဖြစ်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်၊ ရင့်ကျက်သောခရစ်ယာန်များတို့သည် သူတို့၏‌ နေ့စဥ်ဆုတောင်းခြင်းအသက်တာတွင် လုပ်ဆောင်ကြပြီး ဘုရားသခင်၏ကတိတော်များကို မည်သို့ယုံကြည်ကိုးစားရကြောင်း သင်ယူကာဘဝ၏နယ်ပယ်အားလုံးတွင် ဘုရားသခင်၏အလိုတော်ပြည့်စုံစေရန် ဆုတောင်းကြသည်။ ကောင်းခြင်းနှင့် ပြီးပြည့်စုံသောလက်ဆောင်တိုင်းသည် ခမည်းတော်၏လက်၌စတင်ကာ ဆုတောင်းခြင်း၏တိုက်ရိုက်အဖြေဖြစ်ကြောင်းယုံကြည်ပြီး မကြာခဏဆိုသလို ခမည်းတော်၏အလိုတော်အတိုင်း အခြားသူများအားပြန်လည်ဝေငှကြသည်။ ဆုတောင်းခြင်းတွင် ပြင်းပြပြီး စိတ်အားထက်သန်လာခြင်းသည် တစ်သက်တာ စည်းကမ်းလိုက်နာမှုတစ်ခု အနေဖြင့်ဘ၀အသက်တာထဲတွင်ပြဌာန်းဖို့လိုအပ်ပါသည်။ ရင့်ကျက်သောခရစ်ယာန်များမှာ‌ ‌‌ ပြောစရာမလို‌ အောင် လိုက်နာနှင့်ပြီးသားဖြစ်သည်။

"အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။
ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကိုကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။"
(ဆာလံ ၁၃၉း၂၃-၂၄)
ဖော်ပြသောနူတ်ကပတ်တော်အတိုင်း ရင့်ကျက်သောခရစ်ယန်အသက်တာတို့မှာ ဘုရားသခင်ထံမှ စစ်ကြောခြင်းကိုခံယူဖို့ ၀န်ခံနိုင်ကြသည်။ (အသက်တာထဲစစ်ကြောခြင်းကြုံရင်လည်းခံနိုင်ရည်ရှိကြသည်) ထို့နောက် ၎င်းတို့သည် ယုံကြည်ခြင်းအားဖြင့် နှိမ့်ချစွာဝန်ခံဆု‌ တောင်းပြီး ခရစ်တော်၌ ကတိပြုထားသော ဘုရားသခင်၏ကျေးဇူးတော်နှင့် ဂရုဏာကိုခံယူရင်းတစ်နေ့တာကိုစတင်သည်။ ဤအရာများသည် ရင့်ကျက်သောခရစ်ယာန်များအားလုံးတွင်လုပ်‌ေဆာင်လေ့ရှိသော ချွင်းချက်မရှိသော စည်းကမ်းများပင်ဖြစ်သည်။

မေတ္တာဖြင့်......

Arkar(IXQY£)

ဝိဉာဉ်ရေးရာစာပေများကို အပတ်စဉ် ဗုဒ္ဓဟူး ၊ သောကြာ နေ့တိုင်း တင်ပေးပါမည်။ ပိုမိုသိရှိလိုပါက like & share ခြင်းဖြင့် ပါ၀င်ပေးပါ။

25/07/2024

ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။- 7 အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။- 8 သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။- 9 ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။- 10 အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။
၁တိ - ၆: ၆-၁၀

Address

Rajshahi Division

Telephone

+917628844613

Website

Alerts

Be the first to know and let us send you an email when Aye Chan Thar Yar Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Aye Chan Thar Yar Church:

Shortcuts

Share