Australian Myanmar Evangelical Church

Australian Myanmar Evangelical Church I know your deeds.

See, I have placed before you an open door that no one can shut;
I know that you have little strength, yet you have kept my word and have not denied my name Isaiah 61:1-7 The Spirit of the Lord God is upon me; because the Lord hath anointed me to preach good tidings unto the meek; he hath sent me to bind up the brokenhearted, to proclaim liberty to the captives, and the opening of the prison to th

em that are bound;

2 To proclaim the acceptable year of the Lord, and the day of vengeance of our God; to comfort all that mourn;

3 To appoint unto them that mourn in Zion, to give unto them beauty for ashes, the oil of joy for mourning, the garment of praise for the spirit of heaviness; that they might be called trees of righteousness, the planting of the Lord, that he might be glorified.

4 And they shall build the old wastes, they shall raise up the former desolations, and they shall repair the waste cities, the desolations of many generations.

5 And strangers shall stand and feed your flocks, and the sons of the alien shall be your plowmen and your vinedressers.

6 But ye shall be named the Priests of the Lord: men shall call you the Ministers of our God: ye shall eat the riches of the Gentiles, and in their glory shall ye boast yourselves.

7 For your shame ye shall have double; and for confusion they shall rejoice in their portion: therefore in their land they shall possess the double: everlasting joy shall be unto them.

“ဟေ ရှာ ယ အ နာ ဂ တ္တိ ကျမ်း။‬ ‭61:1-7‬ ‭ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည်
ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။
အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား
ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။
နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​
အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​
သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊
ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​
ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​
ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။
ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။
ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ သုတ်​သင်​ပယ်​ရှင်း​ရာ​တို့​ကို တည်​ဆောက်​ကြ​လိမ့်​မည်။
ဆိတ်​ညံ​သော​မြို့​ရာ၊ အ​စဉ်​အ​ဆက် စွန့်​ပစ်​ရာ​အ​ရပ်​တို့​ကို ပြု​စု​ကြ​လိမ့်​မည်။
တစ်​ပါး​အ​မျိုး​သား​တို့​သည် ရပ်​လျက်၊ သင်​တို့​သိုး​စု​များ​ကို ထိန်း​ကျောင်း​ကြ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​အ​ဖို့ လယ်​လုပ်၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း ပြု​စု​ကြ​လိမ့်​မည်။
သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။
တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။
သင်​တို့ အ​ရှက်​ကွဲ​ခြင်း​အ​ရာ၌ နှစ်​ဆ​သော​အ​ကျိုး​ကို​ခံ​ရ၍၊ အ​သ​ရေ​ပျက်​ခြင်း​အ​ရာ၌​လည်း၊
သူ​တို့​အ​ဖို့​ကို ခံ​စား​လျက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​မြေ၌ နှစ်​ဆ​သော​အ​ဖို့​ကို​အ​မွေ​ခံ​ရ၍၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။”
‭‭ဟေ ရှာ ယ အ နာ ဂ တ္တိ ကျမ်း။‬ ‭61:1-7‬ ‭

30/08/2026

Sunday Service

23/08/2026
23/08/2026

Sunday Service Part 2

16/08/2026

Sunday Service16/8/2026,
ဘုရားသခင်နှစ်သက်တော်မူသော ယဇ်”

၁။ ဘုရားသခင်သည် ကျိုးပဲ့သောနှလုံးကို နှစ်သက်တော်မူသည်
ဆာ ၅၁:၁-၂

၂။ ကိုယ်ကိုကိုယ် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ရမည်
ရောမ ၁၂:၁-၂

၃။ ချီးမွမ်းခြင်းသည်လည်း ဘုရားသခင်နှစ်သက်သောယဇ် ဖြစ်သည်
ဟေဗြဲ ၁၃:၁၅

၄။ “သူတစ်ပါးအား မေတ္တာပြုခြင်းနှင့် မျှဝေခြင်းသည်လည်း ဘုရားသခင်နှစ်သက်သော ယဇ်ဖြစ်သည်”
“ကျေး​ဇူး​ပြု​ခြင်း၊
ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို - >>မ​မေ့​မ​လျော့​ကြ​နှင့်။
ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။”
‭‭ဟေဗြဲ‬ ‭13‬:‭16‬ ‭

09/08/2026

Sunday Service

“အပြင်လူ ဖောက်ပြန်သော်လည် ယေရှုခရစ်နှင့် ပို၍တူလာခြင်း”အပြင်လူ ❓ = ရုပ်ခန္ဓာ၊ အပြင်ပန်းဘဝ( မျက်စိဖြင့် မြင်ရသော အပိုင်း)...
23/06/2026

“အပြင်လူ ဖောက်ပြန်သော်လည် ယေရှုခရစ်နှင့် ပို၍တူလာခြင်း”

အပြင်လူ ❓ = ရုပ်ခန္ဓာ၊ အပြင်ပန်းဘဝ( မျက်စိဖြင့် မြင်ရသော အပိုင်း)
• အသက်ကြီးလာသည်။
• နာမကျန်းဖြစ်နိုင်သည်။
• ပင်ပန်းနွမ်းနယ်လာသည်။
• အားနည်းလာသည်။

အတွင်းလူ ❓= စိတ်နှလုံး၊ ဝိညာဉ်ရေးအသက်တာ
(မျက်စိဖြင့် မမြင်ရသော အပိုင်း)
• ဘုရားသခင်ကို ယုံကြည်ခြင်း
• ချစ်ခြင်းမေတ္တာ
• သနားကရုဏာ
• သည်းခံခြင်း
• သန့်ရှင်းခြင်း

တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကို ခံရ၏” ဆိုသည်မှာ—

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့၏ အတွင်းလူကို နေ့စဉ် ပြောင်းလဲပေးပြီး ယေရှုခရစ်နှင့် ပိုတူလာစေခြင်း ဖြစ်သည်။
ဥပမာ—• ဒေါသကြီးခြင်း →
သည်းခံတတ်လာခြင်း

မခွင့်လွှတ်နိုင်ခြင်း → ခွင့်လွှတ်တတ်လာခြင်း
ဘုရားအကြောင်း စိတ်မဝင်စားခြင်း → ဆုတောင်းခြင်းနှင့် ကျမ်းစာဖတ်ခြင်းကို နှစ်သက်လာခြင်း
• စိုးရိမ်ပူပန်ခြင်း → ဘုရားကို ပို၍ ယုံကြည်အားကိုးလာခြင်း

အတွင်းလူ ပြုပြင်ခံရသူ၏ အသက်တာတွင် ဂလာတိ ၅:၂၂-၂၃ အရ—
ချစ်ခြင်း
ဝမ်းမြောက်ခြင်း
ငြိမ်သက်ခြင်း
စိတ်ရှည်ခြင်း
ကျေးဇူးပြုခြင်း
ကောင်းမြတ်ခြင်း
သစ္စာရှိခြင်း
နူးညံ့သိမ်မွေ့ခြင်း
ကိုယ်ကိုထိန်းချုပ်ခြင်း
တို့သည် ပို၍ ထင်ရှားလာမည် ဖြစ်ပါသည်။
အပြင်လူသည် နေ့စဉ် အိုမင်းလာသော်လည်း၊ အတွင်းလူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နေ့စဉ် အသစ်ပြုပြင်ခံရပြီး ယေရှုခရစ်နှင့် ပိုတူလာမည် ဖြစ်ပါသည်။

ကျမ၏ သက်သေခံချက်

ဤကတိတော် (၂ ကောရိန္သု ၄:၁၆) ကို ၂၀၁၂ ခုနှစ်တွင် ဘုရားသခင်သည် အမှုတော်လုပ်ငန်း၌ ပေးခဲ့သော ကတိတော်ဖြစ်သည်။
၂၂ နှစ် တာ အမှု့တော်ခရီးကျော်ဖြတ်သန်းလာရင်း၊ ဘုရားသခင်သည် စစ်မှန်သော ဘုရားဖြစ်တော်မူကြောင်း၊ ကိုယ်တော်သည် ဘယ်သောအခါမျှ မမှားတော်မူကြောင်းကို ပို၍ သိရှိ လာရပါသည်။ ထို့ကြောင့် စိတ်ဓာတ်မကျဘဲ၊ ကိုယ်တော်၏ ဘုရားဖြစ်ခြင်းကိုသာ မိမိယုံကြည်စိတ်ချလျက် ချီးမွမ်း၍ သူ့၏ဘုန်းတော်ကိုသာ ကြီးမြတ်စေဖို့ကိုသာ အခိုင်အမာစွဲကိုင်ထားပါသည်။

“မြေကြီးတစ်ပြင်လုံး၌ ကိုယ်တော်၏ ဘုန်းတော်သာ ကြီးမြတ်ပါသည် ဟူသော စိတ်ထားကို အမြဲနှလုံးသွင်းထားသောအခါ၊ ဝိညာဉ်ရေးအသက်တာသည် ပို၍ ခိုင်မာတောင့်တင်းလာသည်ကို တွေ့မြင်ရပါသည်။

ထို့ကြောင့် အပြင်လူသည် အားနည်းလာခြင်း၊ အသက်ကြီးလာခြင်း၊ ခွန်အားဆုတ်ယုတ်လာခြင်းများ ရှိသော်လည်း၊ အတွင်းလူသည် “ငါကား ဘုရားဖြစ်သည်ကို သိမှတ်ကြလော့” ဟူသော သမ္မာတရားကို နှလုံးသွင်းလျက်၊ ယုံကြည် ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့နေဖို့သာလိုအပ်သည်ကို ပိုရျ်သိလာပါသည် ။

ဘုရားရှင်သည် မိမိအား နှုတ်ကပတ်တော်နှင့် ကတိတော်များအားဖြင့် အမြဲ ပြောကြားတော်မူပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ယုံကြည်စိတ်ချမှုသည် အသက်တာအတွင်း ပို၍ ခိုင်မာ လာပါသည် ထိုကျေးဇူးတော်အားဖြင့် မိသားစုအတွင်း၌လည်း သက်သေများ ဖြစ်ပေါ်လာခဲ့သည်မှာ မိမိခွန်အားတပြားမှမပါ ပါ ဘုရားရှင်၏ ကျေးဇူးတော်သက်သက်ပင် ဖြစ်ပါသည်။

ဝိညာဉ်တော်ဘုရားသည် ကိုယ့်ကိုယ်ကိုယ် အားကိုး၍ ခိုင်မာနေသူကို မရှာပါ၊ မိမိအားနည်းမှုကို သိရှိပြီး ကိုယ်တော်ကို ဆာငတ်တောင့်တသောသူကို သာဟအလိုရှိတော်မူကြောင်းကို ပို၍ နားလည်လာရပါသည်။

ယနေ့တိုင် အပြင်လူသည် ဖောက်ပြန်ဆုတ်ယုတ်နေသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် အတွင်းလူသည် တစ်နေ့ထက်တစ်နေ့ ယေရှုခရစ်နှင့် ပို၍တူလာစေခြင်းကို ခံရပြီး၊ အသက်တာ၌လည်း သက်သေခံချက်များ ပို၍ ထွက်ပေါ်လာပါသည်။

ငါတို့၏ အပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူသည် တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကို ခံရ၏။” (၂ ကောရိန္သု ၄:၁၆)

Hallelujah! ဘုန်းကြီးခြင်းအလုံးစုံသည် ဘုရားသခင်ထံတော်သို့သာ ပေးပါ၏ ။Amen.

Hallelujah! ဘုန်းကြီးခြင်းအလုံးစုံသည် ဘုရားသခင်ထံတော်သို့သာ ပေးပါ၏ ။Amen.

Happy 22nd Birthday AMEC,GIVE THANKS TO THE LORD FOR HE IS GOOD. FOR HIS MERCY AND LOVE ENDURES FOREVER! 2026 AMEC Promi...
16/06/2026

Happy 22nd Birthday AMEC,

GIVE THANKS TO THE LORD FOR HE IS GOOD. FOR HIS MERCY AND LOVE ENDURES FOREVER!

2026 AMEC Promise

Revelation 3:8
I know your deeds, see I have placed before you an open door that no one can shut. I know you have little strength yet you have kept my word and have not denied my name.

May the Lord Bless you, keep you, let His face shine upon you and be gracious you all!

2026 AMEC 22nd Anniversary REVELATIONS 3:8I know your deeds, see I have placed before you an open door that no one can s...
16/06/2026

2026 AMEC 22nd Anniversary

REVELATIONS 3:8
I know your deeds, see I have placed before you an open door that no one can shut. I know you have little strength yet you have kept my word and have not denied my name.

‭‭ဗျာဒိတ်‬ ‭3‬:‭8‬
“သင်၏​အ​ကျင့်​ကို ငါ​သိ၏။ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​သော​တံ​ခါး​ကို သင့်​ရှေ့၌​ငါ​ဖွင့်​ထား​ပြီ၊ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​နည်း​ငယ်​သော​ခွန်​အား​ရှိ​သည်​နှင့်၊ ငါ၏​နှုတ်​က​ပတ်​ကို စောင့်​ရှောက်​ခဲ့​ပြီ။- ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။

We give all the glory and praises to our Lord Saviour for all He has done.
Hallelujah hallelujah hallelujah!!

Resurrection SundayThank you Jesus our Saviour and Redeemer. Hallelujah!Jesus said to her, 'I am the resurrection and th...
05/04/2026

Resurrection Sunday

Thank you Jesus our Saviour and Redeemer. Hallelujah!

Jesus said to her, 'I am the resurrection and the life. The one who believes in me will live, even though they die.'

John 11:25-26

“ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။- ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။-”
‭‭၁ ကောရိန္သု‬ ‭15‬:‭14‬-‭15‬ ‭
Hallelujah hallelujah hallelujah!!

Address

26 Chelmsford Street
Williamstown North, VIC
3011

Telephone

+61430137000

Website

Alerts

Be the first to know and let us send you an email when Australian Myanmar Evangelical Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Australian Myanmar Evangelical Church:

Shortcuts

Share