GMEC Ministry

GMEC Ministry Jesus Christ is my savior and King of kings

အသင်းတော်ကို ကျဆင်းစေတဲ့အချက်များ ✍️✍️✍️✝️ အသင်းတော်ကို ကျဆင်းစေတဲ့အဓိကအချက်က လူအင်အားနည်းတာ၊ ငွေအင်အားနည်းတာမဟုတ်ဘူး၊ ရ...
13/08/2026

အသင်းတော်ကို ကျဆင်းစေတဲ့အချက်များ ✍️✍️✍️

✝️ အသင်းတော်ကို ကျဆင်းစေတဲ့အဓိကအချက်က လူအင်အားနည်းတာ၊ ငွေအင်အားနည်းတာမဟုတ်ဘူး၊ ရှေ့ဦးမေတ္တာလျော့တာက စတာပါ။

⚙️ အလုပ်တွေ၊ အစီအစဉ်တွေ၊ ဓမ္မစောင့်ထိန်းမှုတွေဘယ်လောက်ကောင်းကောင်း ယေရှုကို ချစ်တဲ့ စိတ်မရှိတော့ရင် တာဝန်အရ အမှုတော်ဆောင်တာ ဖြစ်သွားတယ်။ ပြဿနာက အဲဒီက စပြိုလဲမှုကို ဖြစ်စေတာပါ။ ဗျာ ၂း၄။

✝️ အသင်းတော်ကို ကျဆင်းစေတဲ့အဓိကအချက်က လူတိုင်းနဲ့ မိဿဟာယ ဖွဲ့လို့မဟုတ်ဘူး၊ သမ္မာတရားကို အလျှော့ပေးပြီး မိစ္ဆာဒိဠိတွေကို လက်ခံလို့ အားနည်းကျဆင်းစေတာပါ။

⚙️ လူတွေကြိုက်အောင် တရားကို ပြုပြင်ဟောတာ၊ အပြစ်ကို အပြစ်လို့ မပြောရဲတော့ဘူး၊ ဘုရားက ချစ်တယ်လေ ဘာလုပ်လုပ်ရတယ် ဆိုပြီး ကျေးဇူးတော်ကို အခွင့်ကောင်းယူတာတွေ လုပ်တယ်၊ နောက်ဆုံးတော့ အသင်းတော်မှာ သမ္မာတရားပျောက်ပြီး အသင်းတော်ဟာ လူမှုအသင်းအဖွဲ့ ပုံစံအဖြစ် ပြောင်းသွားပြီး ကျဆင်းခြင်းကို ဖြစ်စေတာပါ။ ဗျာ ၂း၁၅၊ ၂တိ ၄း၃-၄။

✝️ အသင်းတော်ကို ကျဆင်းစေတဲ့အဓိကအချက်က မကောင်းတဲ့ ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘူး၊ လောကနဲ့ ရောနောလို့ပါ။

⚙️ လောကရဲ့ တန်ဖိုး - ငွေကြေး၊ ဂုဏ်၊ လူအထင်ကြီးမှုကို အသင်းတော်ထဲ သွင်းမိရင် ဝိညာဉ်ရေးမျက်စိကွယ်သွား တတ် တယ်။ အပြင်မှာကြည့်ရင် အောင်မြင်တယ်လို့ ထင်ရပေမဲ့၊ အထဲမှာ ဘုရားပျေက်ပြီး အခွံသက်သက်ဖြစ်ပြီး ကျဆင်းခြင်းကို ဖြစ်စေတာပါ။ ယာ ၄း၄၊ ဗျာ ၃း၁၇။

✝️ အသင်းတော်ကို ကျဆင်းစေတဲ့အဓိကအချက်က ခေါင်းဆောင်နည်းလို့ မဟုတ်ဘူး၊ ခေါင်းဆောင်တွေ အကျင့်ပျက်လို့ ပါ။

⚙️ အသင်းတော်ရဲ့ခေါင်းဆောင်ဖြစ်ပြီး ငွေမက်တယ်၊ အာဏာကို အလွဲသုံးစားလုပ်တယ်၊ ခံယူချက် မမှန်တော့ တည်ငြိမ်မှု ပျေက်မယ်၊ နောက်ဆုံးတော့ ခေါင်းဆောင်ပြိုတော့ အသင်းတော်တစ်ခုလုံး ကျဆင်းခြင်းကို ဖြစ်စေတာပါ။ ယေဇကျေလ ၃၄း၂-၄၊ ၁ပေ ၅း၂-၃။

✝️ အသင်းတော်ကို ကျဆင်းစေတဲ့အဓိကအချက်က လုပ်ဆောင်မှု မပြင်းထန်တော့လို့ မဟုတ်ဘူး၊ စိတ်အားထက်တန်မှု ရှိနေပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အရှိန်ကို ငြိမ်းစေလို့ပါ။

⚙️ အစည်းအဝေတွေ ဘယ်လောက်လုပ်လုပ် ဝိညာဉ်တော်ရဲ့ ဦးဆောင်မှုကို လက်မခံတော့ရင် အသင်းတော်ဟာ လူ့ညဏ်၊ လူ့စနစ်နဲ့ ပဲ ပြည့်သွားပြီး နောက်ဆုံး ယေရှုကို ဗဟိုပြုခြင်း လွဲသွားကာ ကျဆင်းမှုကို ဖြစ်စေတာပါ။ ၁သက် ၅း၁၉၊ ဗျာ ၂း၅။

#အသင်းတော်ကိုကျဆင်းစေတဲ့အချက်များ

မှန်သောကျေးဇူးတော် နဲ့ မှားယွင်းသော ကျေးဇူးတော်.✍️✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူ ကို အပြစ်ထဲမှာ သက်တောင်...
12/08/2026

မှန်သောကျေးဇူးတော် နဲ့ မှားယွင်းသော ကျေးဇူးတော်.✍️

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူ ကို အပြစ်ထဲမှာ သက်တောင့်သက်သာ ဖြစ်စေတာမဟုတ်ဘူး၊ အပြစ်ထဲကနေ ရုန်းထွက်ချင်အောင်လုပ်းပေးတာ။ ၂ကော ၁၃း၅၊ တိတု ၂း၁၁-၁၂။ မှားတဲ့ ကျေးဇူးတော်က အပြစ်ထဲမှာ သက်တောင့်သက်တာ ဖြစ်စေတာ။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို အပြစ်ဆက်လုပ်ဖို့ ခွင့်လွတ်မှာပဲ ဆိုပြီး ဆက်လုပ်ပါ ဆိုတဲ့ အတွေးမျိုး ဖြစ်စေတာမဟုတ်ဘူး၊ ဘုရားဒီလောက်တောင်ငါ့ကို ချစ်နေလို့ ငါမပြစ်ကို မလုပ်ချင်တော့ဘူးဆိုတဲ့ အတွေးမျိုးကို ဖြစ်စေတာပါ။ ၂ကော ၅း၁၄။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို သခင်ယေရှုနဲ့ ပိုဝေးစေတာမဟုတ်ဘူး၊ ပိုနီးစေတာပါ။ ပိုဝေးစတောက အမှားပါ။ ဧဖက် ၂း၁၃။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို ပျင်းရိစေတာမဟုတ်ဘူး၊ အလုပ်လုပ်ချင်အောင် လုပ်တယ်။ ကျေးဇူးတော်ခံစာရတဲ့သူက ပိုပြီး ကျမ်းစာဖတ်ချင်လာတာ၊ ဆုတောင်းချင်လာတာပါ။ ဆုမတောင်းလည်းရတယ် ဆိုတဲ့အတွေးမျိုးဟာ မှားယွင်းတဲ့ ကျေးဇူးတော်ပါ။ ဧဖက် ၂း၁၀။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို အပြစ်နဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ထားစေတာမဟုတ်ဘူး၊ ပိုပြီး လေးလေးနက်နက် မြင်စေတာ။ အပြစ်က သေးသေးလေးလို့ မမြင်ဘူး၊ အပြစ်ကြီးလို့ ယေရှု အသေခံရတာလို့ မြင်တယ်။ ၁ပေ ၁း၁၈-၁၉။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို သူများအပေါ် တရားစီရင်မှုကို ဖြစ်စေတာမဟုတ်ဘူး၊ ခွင့်လွှတ်တတ်စေတာပါ။ ဒီလို ပြောလို့ မှားနေတာမျိုးကို လျစ်လျူရှုတဲ့အမြင်မျိုးပြောတာမဟုတ်ပါဘူး၊ နာလည်ပေးပြီး အမှန်တရားအပေါ် ရပ်တည်တဲ့အသက်တာမျိုးကိုပြောတာပါ။ ကျေးဇူးပြုတတ်တဲ့ အသက်တာရှိတယ်လို့ ပြောချင်တာပါ၊ ကောလောသဲ ၃း၁၃။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို အလင်းထဲကို ခေါ်ထုတ်မှုဖြစ်စေပြီး၊ အမှားက အမှောင်ထဲမှာ ဖုံးထားပေးတတ်တယ်။ ၁ယော ၁း၇။

✝️ ဘုရားရဲ့မှန်တဲ့ ကျေးဇူးတော် ဆိုတာ ယုံကြည်သူကို ငရဲက လွတ်ပြီလို့ပဲ တွေးစေတာမဟုတ်ဘူး၊ ယေရှုနဲ့ တူချင်တဲ့အသက်တာကို ဖြစ်စေတာပါ။ ရောမ ၈း၂၉။

✝️ ကျေးဇူးတော် အမှား ဆိုတာ - အပြစ်ကို ချိုစေတယ်၊
ကျေးဇူးတော် အမှန်က — အပြစ်ကို ခါးစေတယ်၊ ယေရှုကို ချိုစေတယ်။

📖 “သူတို့၏ အ​ကျင့်​ကို​ထောက်​သော် သူ​တို့၏ သ​ဘော​ကို သိ​ရ​ကြ​လိမ့်​မည်။-” ရှင်မဿဲ‬ ‭၇း၂၀။

ပိုင်းခြားတတ်ပါစေ။ 🙏🙏✝️🥰🙏

#ကျေးဇူးတော်

ဖောက်ပြန်မှု ဆိုတာ...✍️✍️✍️🚻 တစ်ညတာအမှားမဟုတ်ဖူး၊ တစ်သက်တာသစ္စာကို ဖျက်တဲ့အရာပါ။🚻 ပျော်စရာရှာတာမဟုတ်ဖူး၊ ရှိပြီးသားပျော်...
12/08/2026

ဖောက်ပြန်မှု ဆိုတာ...✍️✍️✍️

🚻 တစ်ညတာအမှားမဟုတ်ဖူး၊
တစ်သက်တာသစ္စာကို ဖျက်တဲ့အရာပါ။

🚻 ပျော်စရာရှာတာမဟုတ်ဖူး၊
ရှိပြီးသားပျော်ရွှင်မှုကို မီးရှို့ပစ်နေတာပါ။

🚻 အိပ်ရာပေါ်မှာစတာမဟုတ်ဖူး၊
နှလုံးသားထဲမှာ၊ မျက်လုံးထဲ က စတာပါ။

🚻 လူနှစ်ယောက်ထဲ ကိစ္စ မဟုတ်ဖူး၊
မိသားစု၊ သားသမီးအနာဂတ်၊ ဘုရားနဲ့
ကိုယ်ကျင့်တရား ပါသွားတာပါ။

🚻 ချစ်လို့လုပ်တာမဟုတ်ဖူး၊ တဏှာရူးလို့ပါ။
အချစ်အစစ်က သစ္စာရှိတယ်။

🚻 ရဲရင့်တာမဟုတ်ဖူး၊ သတ္တိကြောင်တာပါ၊
ကိုယ့်အိမ်ထောင်ကို ရင်ဆိုင်ဖြေရှင်းရမှာကို
ကြောက်လို့ထွက်ပြေးတာပါ။

🚻 ချိုမြိန်တယ်၊ ဒါပေမဲ့ ချိုတာက နှုတ်ခမ်းမှာခဏပဲ၊
ဝမ်းထဲရောက်ရင် တစ်သက်တာ ခါးသွားတတ်တယ်။

🚻 တစ်ယောက်ကို ပျော်အောင်လုပ်ပြီး၊
အများကြီးကို ငိုအောင်လုပ်ဖြစ်တဲ့ မတန်တဲ့အလုပ်ပါ။

🚻 လျှို့ဝှက်ချက်မဟုတ်ဖူး၊ ဘုရားမြင်တယ်၊
အချိန်တန်ရင် လူတိုင်းသိသွားမယ့် အရာတွေပါ။

🚻 "ငါပျော်ဖို့" ဆိုတဲ့ အတ္တပါ၊
သစ္စာရှိခြင်းဆိုတာ "ငါတို့" အတွက် အသက်ရှင်တာပါ။

🚻 အိမ်ထောင်ကို သတ်တဲ့ ဓားပါ —
ဓားထိုးပြီးမှ "စတာပါ" လို့ ပြောလို့မရဘူး။

🚻 ဒါကြောင့် ဖောက်ပြန်မှု မဝင်ခင် ထွက်ပေါက်မရှိဘူး၊
ဝင်ပြီးရင်တော့ ပြန်ထွက်ဖို့ မျက်ရည်နဲ့ပေးဆပ်ရတယ်ဆိုတာ သတိချပ်စေချင်တယ်။

✝️ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို
ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။ ဟေဗြဲ ၁၃း၄။

ဆင်ခြင်နိုင်ကြပါစေ။ GMEC

ဘုရားစားကားနဲ့စာတန်စကား ဘာကွာလဲ? ✍️✍️✍️✳️ ဘုရားက အတိတ်ကို ခွင့်လွတ်တယ်၊  ဆာ ၁၀၃း ၁၂စာတန်က အတိတ်ကို ပြန်တူးတယ်၊ အရင်က လုပ...
11/08/2026

ဘုရားစားကားနဲ့စာတန်စကား ဘာကွာလဲ? ✍️✍️✍️

✳️ ဘုရားက အတိတ်ကို ခွင့်လွတ်တယ်၊ ဆာ ၁၀၃း ၁၂
စာတန်က အတိတ်ကို ပြန်တူးတယ်၊ အရင်က လုပ်ခဲ့
တဲ့အရာတွေမှတ်မိလား စသည်ဖြင့် အောက်ဖဲလှန်တာ။

✳️ ဘုရားစကား က ငြိမ်သက်ခြင်းကို ဖြစ်စေတယ်၊ ဖိ ၄း၇
စာတန်စကားက စိုးရိမ်ခြင်းကို ဖြစ်စေတယ်၊ ဆုံးဖြတ်
မိရင် ပူလောင်စေတယ်။

✳️ ဘုရားစကားက ငါနဲ့အတူလုပ်မယ်၊ သင်နဲ့အတူရှိတယ်၊
ယေရမိ ၁း၈။ စာတန်က မင်းတစ်ယောက်ထဲ လုပ်ရမယ်
ဘယ်သူမှ မင်းနဲ့အတူမရှိဘူး။

✳️ ဘုရာစကားက အမှန်တရား နဲ့ လွတ်မြောက်စေတယ်၊
ယော ၈း၃၂၊ စာတန်စကားက မုသာ အလိမ်အညာနဲ့
ချည်နှောင်မှုဖြစ်စေတယ်။

✳️ ဘုရားစကားက လူကို နှိမ့်ချစေတယ်၊ ငါမလုပ်နိုင်ဘူး၊
ဘုရားလုပ်ပေးမယ်၊ စာတန်စကားက လူကို မာန ထောင်
လွှားစေတယ်။

✳️ ဘုရားစကားက တိကျတယ်၊ စာတန်စကားက ဝေဝါး
စေတယ်။

✳️ ဘုရားစကားက ဘုရားနဲ့ ပိုနီးပြီး ဘုရားနဲ့ ပိုတူလာစေ
တယ်၊ စာတန်စကားက ဘုရားနဲ့ ပိုဝေးပြီး၊ လောကီ
သားနဲ့ ပိုတူစေတယ်။

✳️ ဘုရားက အမိန့်ပေးတယ်၊ ယုံကြည်ခြင်းကို ဖြစ်စေ
တယ်၊ စာတန်စကားက သံသယ နဲ့ လွဲချော်မှုကို ဖြစ်
စေတယ်။

✳️ ဘုရာစကားဆိုတာ ကျမ်းစာနဲ့ ကိုက်ညီမှုရှိတယ်၊
စာတန်စကားက စိတ်ထဲက အခြေအနေထဲက သံ
သယ ထဲက အစပြုစေတယ်။

✳️ ဘုရာစကားက လူကို ဆုံးမတယ်၊ စာတန်စကားက
လူကို ကဲ့ရဲ့စေတယ်၊ စိတ်ဓတ်ကျစေတယ်။ ပျော်
ရွှင်မှု အတုဖြစ်စေတယ်။

✳️ စာတန်စကား - ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ အမုန်း၊
လောဘ၊ ညစ်ညမ်းခြင်း တိုးလာလား?

✳️ ဘုရားစကား - သန့်ရှင်းခြင်း ငြိမ်သက်ခြင်း၊
ချစ်ခြင်း တိုးလာလား?

📍ဒါကြောင့် ဒီကနေ့ သင်ကြားတဲ့စကား ပိုင်းခြားဘု
ရားစကားလား စာတန်စကားလား? ပိုင်းခြားတတ်
ပါစေ။

#ဘာရားစကားလားစာတန်စကားလား

ဘုရားအကြံအစည် နဲ့ လူ့အကြံအစည် ဘယ်လိုကွာလဲ ✍️🆔ဘုရားအကြံအစည်က ...အချိန်မှန်မှ ပေးတယ်လူ့အကြံအစည်က .... မြန်မြန် လိုချင်တယ်🆔...
11/08/2026

ဘုရားအကြံအစည် နဲ့ လူ့အကြံအစည် ဘယ်လိုကွာလဲ ✍️

🆔
ဘုရားအကြံအစည်က ...အချိန်မှန်မှ ပေးတယ်
လူ့အကြံအစည်က .... မြန်မြန် လိုချင်တယ်

🆔
ဘုရားအကြံအစည်က ...ကောင်းတာကိုပေးတယ်
လူ့အကြံအစည်က ....လွယ်လွယ်လိုချင်တယ်

🆔
ဘုရားအကြံအစည်က ...နောင်ဘဝကိုကြည့်တယ်
လူ့အကြံအစည်က ....မြင်ရတဲ့အရာပဲကြည့်တယ်

🆔
ဘုရားအကြံအစည်က ...မပြောင်းလဲဘူး
လူ့အကြံအစည်က ....ပြောင်းတတ်တယ်

🆔
ဘုရားအကြံအစည်က ...တည်တယ်
လူ့အကြံအစည်က ....ပျက်တတ်တယ်

🆔
ဘုရားအကြံအစည်က ...အကုန်မြင်တယ်
လူ့အကြံအစည်က ....နည်းနည်းပဲမြင်တယ်

🆔
ဘုရားအကြံအစည်က ...ထာဝရကောင်းဖို့
လူ့အကြံအစည်က ....ခဏအဆင်ပြေဖို့ပဲ

🆔
ဘုရားအကြံအစည်က ...သူတပါးအတွက်ပါကြံတယ်
လူ့အကြံအစည်က .... ကိုယ့်အတွက်ပဲကြံတာ

🆔
ဘုရားအကြံအစည်က ...နှလုံးသားကိုကြည့်တယ်
လူ့အကြံအစည်က ....အပြင်ပန်းပဲ စိတ်ဝင်စားတယ်

🆔
ဘုရားအကြံအစည်က ...ပိုရစေချင်တယ်
လူ့အကြံအစည်က ....ဆုံးရှုံမှာကြောက်တယ်

🆔
ဘုရားသာ၍ ဖွင့်ပြကောင်းကြီးပေးပါစေ။ 🙏

#ဘုရားအကြံအစည်

ဘုရားရဲ့ မေတ္တာ ......✍️✍️✝️ လူ့ချစ်ခြင်းတွေက အခြေအနေပေါ်မူတည်တယ်၊ ဘုရားချစ်ခြင်းက ကတိတော်ပေါ် ပဲ မူတည်တာပါ။✝️ ကျွန်ုပ်တ...
11/08/2026

ဘုရားရဲ့ မေတ္တာ ......✍️✍️

✝️ လူ့ချစ်ခြင်းတွေက အခြေအနေပေါ်မူတည်တယ်၊ ဘုရားချစ်ခြင်းက ကတိတော်ပေါ် ပဲ မူတည်တာပါ။

✝️ ကျွန်ုပ်တို့ အားနည်းချိန်မှာတောင် ထိုဘုရားရဲ့ချစ်ခြင်းက ဘယ်တော့မှ လျော့မသွားဘူး။

✝️ ထိုဘုရားရဲ့ ချစ်ခြင်းကို ယုံကြည်လက်ခံခြင်းက ကြောက်စိတ်ကနေ ရဲရင့်် လုံခြုံတဲ့စိတ်ကို ဖြစ်စေတယ်။

✝️ ယုံကြည်သူမှန်ရင် အခြေအနေအမျိုးမျိုးကြောင့် ဘုရား နဲ့ ဝေးသွားသလို တစ်ခါတရံ ထင်တတ်တယ်၊ ခံစားတတ်တယ် အမှန်က ဘုရားလက်ထဲမှာပဲ ရှိနေပါတယ်။ ဘုရားက ကျနော်တို့ နဲ့ အတူရှိနေပါတယ်။

📖 “အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊.......... အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။” ရောမ‬ ‭8‬:‭38‬-‭39‬ ‭။

အားလုံးအပေါ် ဘုရားသာ၍ကောင်းကြီးပေးပါစေ ။🙏

#ဘုရားချစ်ခြင်း

10/08/2026

မှတ်စုထဲမှ အသံ ၂။
@ဗာနဗ ရဲ့ အသက်တာမှ သင်ယူစရာ...

ဗာနဗ ဆိုတာဘယ်သူလဲ? တမန်တော် ဝထ္ထုမှာ သူ့ကို ဘယ်လို ဖော်ပြလဲ? သူ့အသက်တာကနေ အရေးကြီးတဲ့ သင်ခန်းစာက ဘာလဲ? အတူတကွ ခဏလေး လေ့လာ ဆင်ခြင်ကြရအောင်....✝️🙏🥰

#ဗာနဗ

08/08/2026

မှတ်စုထဲမှအသံများ -၁။
ကောင်းပေသည် ဝိညာဥ်ဖို့၊ It is well with my soul သီချင်းဖြစ််ပေါ်လာပုံပါ။

အခက်ခဲတွေဟာ လူတိုင်း ကြုံရတတ်ပါတယ်။ ဒါပေမဲ့ ခရစ်တော်၌ရှိသော လူတစ်ယောက် ရဲ့တုံ့ပြန်မှုကတော့ ထူးခြားပါတယ်။
အားလုံးအပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေ။ 🙏

#ကောင်းပေသည်ဝိညာဥ်ဖို့

ကျမ်းစာထဲမှ သူတပါးကို အသုံးချသူများ ✍️✍️✍️🚹 လာဗန်။📍သူ့အမ ရေဗက္ကာရဲ့ သားအရင်း သူ့အမျိုး တူတော်မောင် ယာကုပ်ကို မေတ္တာပြသလိ...
24/07/2026

ကျမ်းစာထဲမှ သူတပါးကို အသုံးချသူများ ✍️✍️✍️

🚹 လာဗန်။

📍သူ့အမ ရေဗက္ကာရဲ့ သားအရင်း သူ့အမျိုး တူတော်မောင် ယာကုပ်ကို မေတ္တာပြသလိုလိုနဲ့ ၁၄ နှစ် ကိုယ်ကျိုးအတွက် အသုံးချခဲတယ်။ အလုပ်ခိုင်းပြီး လစာ ကောင်းကောင်းမပေးချင်ဘူး၊ က ၃၁း၇။ ၁၀ခါ ပြောင်းပေးတယ်။ တစ်ကယ်တော့ ဘာမှကိုမပေးချင်တာပါ။ က ၃၁း၁။

📍အမျိုးအရင်းတွေက အသုံးချနေပေမဲ့ဘုရားက ယာကုပ်ကို အသုံးပြုကောင်းကြီးပေးခဲ့တယ်။ သူ့ဦးလေး ဘယ်လောက် ဆွဲချပေမဲ့ ဘုရားက တိုးပွါးစေခဲ့တယ်။ က ၂၉-၃၁။ လူတွေကို အရမ်းအားကိုးတဲ့သူတွေက အသုံးချခံရတတ်တယ် ဆိုတာ သတိချပ်ဖို့လိုပါတယ်။

🚹 ဒေလိလ။

📍 သူ့ကိုအရှုးမူးချစ်နေတဲ့ ရှံဆုန်ကို ဖိအားတွေကြား သစ္စာမဲ့ပြီး ကိုယ်လွတ်ရုန်းဖို့ ငွေ ၅၅၀၀ နဲ့ အချစ်ကို အသုံးချပြီး သူ့ရည်းစား ရှံဆုန်ကို ရန်သူလက်ထဲ အပ်ပစ်လိုက်တယ်။ သူကြီး ၁၆း၄-၂၁။

📍 ရှံဆုန်ရဲ့ ပြဿနာက အပြစ်နဲ့ ကစားမိလို့ အပြစ်က ပြန်ကစားတာ ခံရတာပါ။ ကိုယ့်အားနည်းချက်ကို မဖြတ်နိုင်ရင် ရန်သူရဲ့ အသုံးချတာ ခံရတတ်တယ်ဆိုတာ သိဖို့လိုပါတယ်။

🚹 ဟာမန်။

📍သူ့ကို ဦးညွှန်စေချင်တဲ့ မာန၊ ကိုးကွယ်ခံချင်တဲ့ စိတ်ဓတ်၊ သမိုင်းရန်ငြိုး၊ ရှင်ဘုရင်ပြီးရင် ဒုတိယအတော်ဆုံးဖြစ်ချင်တဲ့ အာဏာ အတွက် - ဘုရင့်အာဏာ၊ ဥပဒေ၊ လူမျိုးရေးမုန်းတီးမှု အကုန်လုံးကို အသုံးချခဲ့တယ်။ ဧသတာ ၃-၇။

📍ရလဒ်ကတော့ သူလုပ်ထားတဲ တိုင်မှာ သူကိုယ်တိုင်ပဲ ချိတ်ဆွဲခံရတာပါပဲ။ သူတပါးကို မကောင်းကြံ အသုံးချတယ်တဲ့သူတွေဟာ နောက်ဆုံးမှာ ကိုယ်တူးထားတဲ့ တွင်းထဲ ကိုယ်တိုင် ပြန်ကျတတ်တယ် ဆိုတာ သိဖို့ လိုပါတယ်။

🚹 ယေဇဗေလ။

📍သူ့ခင်ပွန်း အာဟပ်က နာဗုတ်ဆိုတဲ့သူရဲ့ ဘိုးဘွားပိုင် ကိုလိုချင်တယ်။ နာဗုတ်က မရောင်းဘူး။ အာဟပ် စိတ်ပျက်နေတာတွေတော့ ဇနီးသည် ယေဇဗေလက စာအတုရေးပြီး ဘုရင်အာဏကို ခိုးသုံးကာ အကြီးကဲဆီပိုတယ်။ ၃ရာ ၂၁း၈၊ ဘာသာရေးကို ခုတုံးလုပ်တယ်၊ ၁ရာ ၂၁း၉-၁၀။

📍သက်သေအတုနဲ့ နောက်ဆုံး နာဗုတ်ကို ဘာသာရေး နိုင်ငံရေး ပုန်ကန်တယ်ဆိုတဲ့ စွက်စွဲချက် နဲ့ မြို့ပြင်ထုတ်ပြီး ခဲနဲ့ ပစ်သတ်ခိုင်းတယ်။ ခြံတစ်ခြံရဖို့အရေး လူ့အသက်၊ တရားဉပဒေ နဲ့ ဘာသာရေး အားလုံးကို အသုံးချပစ်တာ။

📍ရလဒ်ကတော့ တူသောအကျိုးကို ခံရမယ်လို့ ပရောဖက် ဧလိယက ပြောခဲ့တယ်။ ပြောတဲ့အတိုင်း အာဟပ်က စစ်တိုင်ရင်း ကျည်ထိပြီးသေတယ် ခွေးတွေသူ့သွေးကို လာလျက်ကြတယ်။ ၃ရာ ၂၂း၃၈။

📍ယေဇဗေလလည်း နောက်ထပ် ၁၀ နှစ်အကွာမှာ နန်တော်ပြတင်း ပေါက်ကနေ ပစ်ချခံရပြီး သေချင်းဆိုးနဲ့ သေရတယ်။ လမ်းပေါ်မှာ သူ့သွေးနဲ့ ခန္ဓာကို ခွေးတွေ စားပစ် လို့ ခေါင်းခွံ နဲ့ ခြေလက်ပဲ ကျန်တယ်ဆိုတာ တွေ့ရတယ်။ ၄ရာ ၉း၃၀-၃၇။

📍 ယေဇဗေလဟာ အာဏာရှိသူအချင်းချင်း ပေါင်းပြီး၊ ဘာသာရေးနဲ့ တရားဥပဒေကို လက်နက်လုပ်ပြီး၊ ဆင်းရဲတဲ့ နာဗုတ်လို လူမှန်တစ်ယောက်ကို ဖျက်ဆီးပစ်တာ ဆန္ဒတစ်ခုအတွက် တိုင်းပြည်ရဲအာဏာကို အသုံးချပစ်တာပါ။

📍ဒီနေ့ခေတ်မှာလည်း ယေဇဗေလလိုလူတွေရှိတတ်တယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ကိုယ်လိုချင်တာရဖို့ သူတပါးနာမည်ဖျက်ဖို့ သက်သေအတုရှာ၊ ရာထူးအာဏာကို ခိုးသုံး၊ ဘာသာရေးကို ခေါင်းစဉ်တပ် အမျိုးမျိုးနဲ့ ဂျိုလ်မွှေ နေတဲ့သူတွေကို သတိထားဖို့ လိုပါတယ်။

📍လူလည်တွေ ဘယ်လောက် သောင်းကျန်းနေပါစေ ကျမ်းစာက သတိပေးထားတယ် မတရားယူတဲ့ စပျစ်ခြံမှာ ဘယ်တော့မှ စပျစ်ချိုချို မသီးဘူးဆိုတာပါပဲ။ နာဗုတ်ရဲ့ သွေးက မြေကြီးကနေ အော်ဟစ်နေပြီး ဘုရားက ကြားတယ်ဆိုတာပါပဲ။ လူတွေကို အာဏာနဲ့ ပါဝါနဲ့ အရှိန်အဝါနဲ့ လှည့်စား လိုရပေမဲ့ ဘုရားကိုမရဘူး။ သေချာပေါက် စီရင်ခြင်းလာမှာပါ။

📍 နာဗုတ်က အသုံးချခံရတာဟာ မကောင်းလို့ မဟုတ်ပဲ၊ ကောင်းလွန်းလို့ ခံရတာပါ။ တခါတလေ သင်က နာဗုတ်လို မှန်လို့၊ သစ္စာရှိလို့၊ ဘာမှမလုပ်ဘဲ အသုံးချခံရတတ်ပါတယ်၊ မတရားခံရတယ်လို့ ခံစားရရင်လည်း စိတ်မပျက်ပါနဲ့ ဘုရားက နာဗုတ်ကို မမေ့သလို သင့်ကိုလည်း မေ့မှာမဟုတ်ဘူးဆိုတာ သတိရပါ။

♻️ သူတပါးကို မတရားသဖြင့်အသုံးချတဲ့သူအများစုက အဆုံးသက်မလှကြပါဘူးဆိုတာ သိဖို့ လိုပါတယ်။

✝️ ဒါကြောင့် ဘုရားအလိုတော်အတိုင်း အချင်းချင်း အသုံးချခြင်းမဟုတ်ပဲ ဘုရားအမှုတော်မှာ မှန်ကန်စွာ အသုံးတော်ခံနိုင်ဖို့ အချင်းချင်း လက်တွဲတတ်တဲ့ အသက်တာများဖြစ်ဖို့ ဆင်ခြင်နိုင်ဖို့ မျှဝေခြင်းပါ။ အားလုံးအပေါ် ဘုရားသာ၍ ကောင်းကြီးပေးပါစေ။

✝️🙏🥰📍✝️

#သူတပါးကိုအသုံးချခြင်း #ဘုရားအသုံးပြုခြင်း

ကျမ်းစာထဲမှ သူများကို “အတင်း” ပြောသူများ ✍️✍️✝️ ကျမ်းစာထဲမှာ ပထမဆုံး အတင်းပြောတဲ့သူက မြွေစာတန်ပါ။ ဘုရားထက်ပိုသိတဲ့ပုံစံန...
23/07/2026

ကျမ်းစာထဲမှ သူများကို “အတင်း” ပြောသူများ ✍️✍️

✝️ ကျမ်းစာထဲမှာ ပထမဆုံး အတင်းပြောတဲ့သူက မြွေစာတန်ပါ။ ဘုရားထက်ပိုသိတဲ့ပုံစံနဲ့ ဘုရားကို အတင်းပြောတဲ့သူပါ။ ရလဒ်ကတော့ အတင်းပြောတဲ့ မြွေနဲ့ မိဿဟာယဖွဲ့မိတဲ့ ဧဝကတဆင့် လူသားမျိုးနွယ်အားလုံး အပြစ်ထဲမှာ အပြုတ်ဖြုတ်ခံရပြီး မြွေလည်း ကျိန်ခြင်းခံရတာပါပဲ။ က ၃း၁-၅။ အတင်းပြောတဲ့သူတွေနဲ့ မိဿဟာယ ဖွဲ့တဲ့အခါ သတိထားတတ်ပါစေ။

✝️ မိရိအံနဲ့ အာရုန်လည်း မောရှေကို အတင်းတုပ်ခဲ့တယ်။ ဘုရား ဘိသိပ်ထားတဲ့ မောရှေရဲ့ အိမ်ထောင်ရေးကို အတင်းတုပ်တာ၊ ဘုရားခန့်ထားတဲ့ ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့ နေရာကို အတင်းတုပ်တာ။ တောလည်ရာ ၁၂း၁၀။ ရလဒ်ကတော့ နူနာစွဲတဲ့ ဘဝ အရှက်ခွဲခံရတဲ့ ဘဝရောက်ရခြင်းပါပဲ။ သူများကို အတင်းပြောရင် အရှက်ကွဲခံရတတ်တယ် ရွံ့စရာဘဝ ရောက်တတ်တယ်ဆိုတာ သတိချပ်ဖို့ ကောင်းပါတယ်။

✝️ ဧဒုံအမျိုးသား ဒေါဂက ဆိုတဲ့သူက ဣသရေလ လူမျိုးရဲ့ ပထမဆုံး ဘုရင်ဖြစ်တဲ့ ရှောလုကို ယေရှဲရဲ့သား အဟိမလက်ဆီ လာတာကို တွေ့တယ်ဆိုပြီး လျှာရှည်ပြီး အတင်းတုပ်တယ်။ ၁ရာ ၂၂း၉-၁၀။ ရလဒ်ကတော့ စကားတစ်ခွန်းကြောင့် အပြစ်မလုပ်တဲ့ ယဇ်ပုရောဟိတ် ၈၅ ယောက် သစ်ပစ်ခြင်း ခံလိုက်ရတယ်။ အတင်းတုပ်တဲ့သူတွေရဲ့ ပါစပ်ဟာ သွေးပေပြီး ရွံ့စရာကောင်းတယ် ဆိုတာကို သတိပြုပါ။

✝️ အာဗရှလုံ နိုင်ငံရေးကို ဖွပြီး အတင်းတုပ်တာ။ အဖေဒါဝိဒ်နဲ့အစိုးရအကြောင်း အတင်းတုပ်တာ။ ငါသာဆိုရင် ပိုကောင်းအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ပုံစံ ပြည်သူတွေကို ပြောပြီး လူများရဲ့ နှလုံးကို မတရားတဲ့နည်းနဲ့ ခိုးယူတာ။ ၂ရာ ၁၅း၂-၆။ ရလဒ်ကတော့ မဟုတ်မမှန်သတင်းမှန်း ဘုရားရဲ့ ဖော်ထုတ်ပစ်ခြင်းခံရတယ်။ အသေဆိုးနဲ့ သေရတယ်။

✝️ ဒယောတရပ် အသင်းတော်ထဲမှာ အတင်း တုပ်တဲ့သူ၊ ရာထူးအရမ်းမက်ပြီး တမန်တော်တွေကိုတောင် အတင်းတုပ်နေတာ၊ နည်းနည်းရတဲ့ အာဏာနဲ့ ဆရာကြီးလုပ်ပြီး အသင်းသားတွေကို နှင်ထုတ်တာတွေလုပ်တာ။ လူကြီးလူကောင်းအထာနဲ့ မိုက်ရိုင်းတဲ့သူမျိုးပါ။ အသင်းတော်ကို ကွဲပြားစေတဲ့ သူပါ။ ၃ယော ၉-၁၀။ ရလဒ်ကတော့ ယောဟန်က သတိပေးတယ် ဘုရားက သူ့လုပ်သမျှကို ဖော်မယ်လို့ ပြောတာပါ။ ဘယ်သူမှ ဘုရားလက်ကနေမလွတ်ဘူး ဆိုတာ သိဖို့လိုပါတယ်။

✝️ အတင်းပြောတဲ့သူတိုင်း သတိထားဖို့ လိုပါတယ်။ အတင်းပြောတဲ့ သူနဲ့ ပေါင်းတဲ့သူများလည်း သတိထားဖို့လိုပါတယ်။ ကျမ်းစာထဲ အတင်းပြောတဲ့သူ ၉၉ရာခိုင်နှုန်း အဆုံးသက်မလှကြဘူးဆိုတာ သိဖို့လိုပါတယ်။

✝️ အစမှာ အနိုင်ရသလိုရှိပေမဲ့ ဘုရားစစ်ကြောတဲ့အခါ ခံရတတ်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။ ကောင်းကင်မှာ အတင်းပြောတဲ့သူမရှိဘူးဆိုတာ သိဖို့လိုပါတယ်။ ဘုရားမုန်းတဲ့ အပြုအမှု ၆ပါးထဲမှာ အတင်းပြောတာလည်း ပါတယ်ဆိုတာ သိဖို့လိုပါတယ်။

📖 သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။ သုတ္တံ‬ ‭၁၆:၂၈

📖 “ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊” သုတ္တံ‬ ‭၆:၁၇

✝️ မှန်သောစကား ပညာရှိသောစကားနဲ့ ဘဝကို အလှဆင်နိုင်သောသူများဖြစ်ဖို့ မျှဝေပါတယ်။ အာလုံးအပေါ် ဘုရားသာ၍ ဖွင့်ပြကောင်းကြီးပေးပါစေ။

#သူများအတင်းပြောသူများ #ဘုရားရဲ့စီရင်ခြင်း #အလိမ်အညာ

Address

Unit 5/1-3 Horsley Street Kooringal
Wagga Wagga, NSW
2650

Telephone

01127766287

Website

Alerts

Be the first to know and let us send you an email when GMEC Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to GMEC Ministry:

Shortcuts

Share