TBOIC - To Be One In Christ

TBOIC - To Be One In Christ Started in April 2024 and managed
by Fr.

Peter Zin,
a priest of Hakha Diocese, Chin State, Myanmar,
especially for Chin People to know God
and His Will better, and to be united in Christ.

24/05/2026
Nawlbia zulh a herhnak.10/05/2026
10/05/2026

Nawlbia zulh a herhnak.
10/05/2026

US le Australia tel in a thanchomi ram tampi ahCatholic Bu ah a lut mi an tam chin lengmang.A bik in zumhnak/biaknak kon...
07/04/2026

US le Australia tel in a thanchomi ram tampi ah
Catholic Bu ah a lut mi an tam chin lengmang.
A bik in zumhnak/biaknak kong study a tuah kho deuh mi
mino hna an tam.

နှစ်စဉ်နှစ်တိုင်း ပါစကား(Easter)အချိန်မှာ
ထောင်ပေါင်းများစွာသောလူတွေဟာ
ခရစ်ယာန်တွေအားလုံးရဲ့ မိခင်အသင်းတော်ဖြစ်တဲ့
ကက်သလစ်အသင်းတော်ထဲကို ဝင်လာကြပါတယ်။

Thousands become Catholics at Easter every year coming back to the Mother Church of all Christians. ✝️⛪️

😇 ၂၀၂၆ ပါစကားပွဲ (အီစတာပွဲ) မှာ Australia နိုင်ငံ
တစ်ခုတည်းမှာ လူပေါင်း ၂၀၀၀ နဲ့ ၃၀၀၀ကြားလောက်
ကက်သလစ်အသင်းတော်ထဲကို ဝင်လာကြပြီး
တစ်ကမ္ဘာလုံးမှာဆိုရင် ဒီနှစ်မှာ သိန်းနဲ့ချီပြီး
မိခင်ရင်ခွင်(အသင်းတော်)ထဲကို လှည့်လာကြတာ
တွေ့ရပါတယ်။

👉🏻 ခုခေတ်မှာ လူတော်တော်များများက
ဘုရားမဲ့လာတာတွေ့ရပေမယ့်
အံ့ဩဝမ်းသာစရာကောင်းတာတစ်ခုက
GenZလို့ခါ်တဲ့ ခေတ်လူငယ်တော်တော်များများဟာ
ဘယ်သူကမှ မတိုက်တွန်း၊ ဖိအားမပေးဘဲ
မိမိတို့ဘာသာ စုံစမ်းလေ့လာပြီး
ကက်သလစ်အသင်းတော်ထံကို ဝင်လာကြတာပါ။

❤️ အထူးသဖြစ် ပိုထူးခြားတာက
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ US နဲ့ Australia အပါအဝင်
နိုင်ငံကြီးတွေမှာ ဖြစ်တာပိုများတာပါ။

🙏🏻 ခေတ်အဆက်ဆက်
သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့
လှုပ်ရှားမှုက အံ့မခန်းပါပဲ။

🙏🏻 Alleluia, Praise the Lord!

Fr Peter Zin


06/04/2026

Khrih ah a nungmi hna cu vawlei cung thil le ri ah buai lo in
Khrih a umnak vancung tu ah kan ruahnak a um awk a si.
https://youtu.be/hho4fc3Oqaw
Easter Sunday - Second Reading

06/04/2026

K*m 2000 hrawng a si cang nain Bawipa Thisa a sang/a ei peng mi hna cu, Bawipa he a ei a din ti peng ve mi kan si.
Easter Sunday - 1st Reading

https://www.facebook.com/share/p/1AoPaYchzD/?mibextid=wwXIfr
06/03/2026

https://www.facebook.com/share/p/1AoPaYchzD/?mibextid=wwXIfr

ကယ်တင်ခြင်း ဆိုတာဆုံးရှုံးနိုင်လား / မဆုံးရှုံးနိုင်ဘူးလား❓

Theology Debate တွေအရ ကက်သလစ်မှာ ပရိုတတ်စတန်နဲ့ မတူတဲ့ ကယ်တင်ခြင်း သဘောရှိနေပါတယ်။
ကက်သလစ်သဘောတရားအရ ရော ပရိုတတ်စတန် သဘောအရရော Salvation (ကယ်တင်ခြင်း) ကို Faith + Grace + Works ဆက်နွယ်မှုကို ဝေငှချင်ပါတယ် ။

ဗဟုသုတ တွက် ဖတ်ကြည့်ပါအုံး ။


1️⃣ ကက်သလစ်မှာ “Faith Alone” လား? “Faith + Works” လား?

ကက်သလစ်ဘုရားကျောင်း (Catholic Church) ရဲ့သင်ကြားချက်အရ Salvation ဟာ Grace (ဘုရားသခင်၏ကရုဏာ) နဲ့စတင်တယ်။ လူက Faith (ယုံကြည်မှု) နဲ့လက်ခံတယ် ။ အဲ့ဒီ Faith ဟာ Works (ကောင်းသောလုပ်ရပ်များ) နဲ့ အသက်ရှင်ရမယ်
အတိုချုပ်ဆိုရရင်Faith that works through love ဖြစ်တယ် ။ အဲ့ဒီကြောင့် Catholic theology မှာ Faith only (sola fide) ဆိုတာကို မလက်ခံပါဘူး။

2️⃣ Salvation ရပြီး အမြဲတမ်းမဆုံးရှုံးနိုင်ဘူးလား?

ကက်သလစ်အရ မဟုတ်ပါ။ ဆုံးရှုံးနိုင်တဲ့သဘောပါ။
လူတစ်ယောက် salvation ရပြီးနောက်မှာလည်း
grave sin (mortal sin) လုပ်လို့ Grace ဆုံးရှုံးနိုင်ပါတယ်။

Catholic Church သဘောတရားအရ အပြစ်ကို ၂ မျိုးခွဲပါတယ်။
Mortal Sin (အလွန်ကြီးသောအပြစ်)
အချက် ၃ ခု ပြည့်ရင် mortal sin ဖြစ်ပါတယ်။
1. Grave matter – အကြီးအကျယ်မှားယွင်းသောအရာ။
2. Full knowledge – အပြစ်ဖြစ်တယ်ဆိုတာသိပြီးလုပ်တာပါ။
3. Deliberate consent – မိမိစိတ်ဖြင့်ရွေးချယ်လုပ်ခြင်း မည်သူမှ မခိုင်းဘဲ ။ စိတ်ပါက်ုယ်ရောက် ကျူးလွန်ခြင်း ။

ဥပမာ
• murder လူသတ်
• adultery မတရားသောမေထုန်

အကျိုးသက်ရောက်မှုအနေနဲ့က
➡ Grace ဆုံးရှုံးနိုင်တယ်
➡ Salvation risk ဖြစ်နိုင်တယ်ပေါ့ ။

Venial Sin (အသေးစားအပြစ်) ဆိုတာက
• relationship with God ကို မဖျက်ပစ်ဘူး
• ဒါပေမယ့် အားနည်းသည်အလျောက် လုပ်မိတယ် ။ ဒါဆို အပြစ်ဝန်ချနောင်တရ ကယ်တင်ခြင်း ဆက်ရှိနေတယ်။

ဥပမာ
• impatience သည်းမခံတာ
• small lies လိမ်ညာမိတာ

ဒါကြောင့် Catholic teaching က Salvation အသက်ရှင်သမျှ စောင့်ရှောက်ရမည့် အရာ processဖြစ်ပြီး လူက Grace ထဲမှာ ဆက်နေဖို့လိုတယ်။
Protestant အချို့မှာရှိတဲ့ “Once Saved Always Saved” သဘောတရားကို ကက်သလစ်က မလက်ခံပါဘူး။
လက်မခံတဲ့အကြောင်းက လူဟာ ကျေးဇူးတော်ဆိုပြီး ဘုရားရဲ့ ကျေးဇူးတော်ကို မထီမဲ့မြင်လုပ်ကာ ကြိုက်သလိုအသက်ရှင်ပြီး အချိန်တန်ကောင်းကင် ရောက်ခြင်းဆိုတာ အသွေးတော်ကို ခုတုံးလုပ်တယ် Grace ကို cheap ဖြစ်စေတယ်လို့ မြင်ပါတယ်။



3️⃣ Grace နဲ့ Works ရဲ့ ဆက်နွယ်မှု
Catholic viewအရပြောရရင်
1. Grace က အရင်စတင်တယ်( ဘုရားဘက်က )
2. Grace က လူကို ပြောင်းလဲစေတယ်။
3. အဲ့ဒီပြောင်းလဲမှုကြောင့် good works ထွက်လာတယ်။

အရေးကြီးတဲ့အချက်က
• Works က Salvation ကို ရစေဖို့ မလုပ်နိုင်ဘူး။ • Works က Grace ရဲ့ fruit ဖြစ်တယ်
Works = Faith alive ဖြစ်နေတယ်ဆိုတဲ့ အထောက်အထားကိုဖော်ပြတယ်။
Salvation ဟာ process ဖြစ်တယ် ။ သင်မထိန်းရင်အချိန်မရွေး ဆုံးရှုံးနိုင်တယ်။
ဘုရားဘက်ကစတယ်။ offer လာတယ် ။ သင် accept လုပ်တော့ Salvation ဖြစ်တယ်။ ဒါကို သင့်ဘက်က cooperate လုပ်ပြီး ဘုရားကျေးဇူးတော်နဲ့ပူးပေါင်းကာ ထိန်းသိမ်းရမယ် ။ မဟုတ်ရင် ဘုရားဘက်ကတဖက်သတ် ပေးနေရတာမျိုးဖြစ်ပြီး လူဘက်ကတန်ဖိုးမထားတာမျိုး ဖြစ်နိုင်တယ်။


4️⃣ ဒါဆို မေးစရာက James 2:24 က ပရိုတတ်စတန်အချို့တွက် “ Faith Alone” ကို ဆန့်ကျင်သလား?

Epistle of James 2:24 မှာ

“A person is justified by works and not by faith alone.”

ဒီ verse ကို Catholic theology က တိတိကျကျ literal meaning နဲ့ယူပါတယ်။

ဒါကြောင့် Catholic interpretation က
• Faith တစ်ခုတည်းနဲ့ မလုံလောက်ဘူး ။
• Faith ဟာ Works နဲ့ ပြည့်စုံရမယ်လို့နားလည်တယ်။

ဒါကို Martin Luther ကလည်း သမိုင်းမှာ debate ဖြစ်ခဲ့ပါတယ်။ Luther က sola fide ကိုအထူးထောက်ခံခဲ့ပြီး James ကို “epistle of straw” လို့တောင် ခေါ်ခဲ့ဖူးပါတယ်။ပြောရရင် မာတင်လူသာက ရှင်ယာကုန်ဩဝါဒစာကိုဖယ်ထုတ်ဖို့ထိ တွေးထဲ့ပါတယ်။ သူ့ခံယူချက်က တော့ရှင်းတယ် “ယုံကြည်ရင် ရပြီ ၊ ကယ်တင်ခြင်းရပြီ”

Salvation formula ကို Catholic theology အတိုင်းနားလည်နိုင်တာက -
Grace → Faith → Works → Perseverance

• Grace = ဘုရားကစတင်တယ်
• Faith = လူကလက်ခံတယ်
• Works =ယုံကြည်ခြင်းဟာ အကျင့်အားဖြင့်စုံလင်လာတယ် ( ပြသာနာ အဲ့မှာစကွဲသွားကြတာပါ) 🔴
• Perseverance =ကျေးဇူးတော်ထဲ သည်းခံကာ အဆုံးထိထိန်းသိမ်း ( ကက်သလစ်က မထိန်းရင် ဆုံးမယ် ၊ Evangelical pro များက ထာဝရ မဆုံးရှုံး လို့ မှတ်တယ်။

ဒီမှာ Protestant မေးခံရတဲ့မေးခွန်းက ယုံကြည်သူလဲဖြစ်ပြီး Moral Sin ထဲ နေရင်ရော သူသေရင် ကောင်းကင်ရောက်မယ် ပြောမှာလား?
သူတို့က Once saved , always saved ဆိုတဲ့ Theology ကို လက်ခံကြတာပါ။

2️⃣ Justification vs Sanctification ပိုင်းလဲ ကွဲသွားပြန်ပါတယ်။

Protestant theology မှာ Justification နဲ့ Sanctification ကို ခွဲထားပါတယ်။

Protestant အယူအရ Justification ဆိုတာ နှုတ်ကတရားဝန် ဝန်ခံ legal declaration လုပ်တာမျိုးပါ။
ဘုရားက “ You are righteous”လို့ ကြေညာပေးတယ်။ အဲ့ကနေမှ Sanctify ဖြစ်လာတယ်။

Catholicအယူအရ ကကျတော့
Justification = inner transformation ကိုဖြစ်စေတယ်။ God က ခွင့်လွှတ်ခြင်းပေးကာ နှလုံးသား ကို ပြောင်းလဲ စေတယ်။ ဒါကြောင့် Justification + Sanctification က separate မဟုတ်ဘူး။ တပြိုင်နက်ထဲ ဖြစ်လာတယ်ပေါ့။

ဒီ ခံယူချက်နှစ်ခုက ထူးထူးခြားခြား ကွဲပြားတယ်တော့မမြင်မိဘူး။ တစ်ခုပြီးတစ်ခု ဖြစ်တာနဲ့ တပြိုင်နက် ဖြစ်တာ ကွာခြား တာပဲ မြင်မိပါတယ်။ ဘုရား ဘက်ကကြော်ငြာ ခြင်း နဲ့ လူဘက်က ဆက်သွားရခြင်း ရယ် ၊ ဘုရားကပြောင်းလဲပေးမယ် လူဘက်က ကြိုးစားအသက်ရှင်ရမယ် ဆိုတဲ့ ယုံကြည်ခံယူချက်ပါပဲ။

ဒါနဲ့ပဲ တရားဝင်ကောင်စီခေါ်ကြော်ငြာပါတယ်။
3️⃣ Council of Trent (Catholic response)
Protestant Reformation ပြီးနောက် Council of Trent (1545–1563) မှာ Catholic Church က doctrine clarify လုပ်ပါတယ်။

Council of Trent က အဓိကပြောတာ က
❌ Faith alone (sola fide) မဟုတ်ဘူး
❌ Human works alone မဟုတ်ဘူး

✔ Grace first ကျေးဇူးတော်အရင်
✔ Faith necessary ယုံကြည်မှုလိုအပ်
✔ Works cooperate အကျင့်နဲ့ပူးပေါင်း

Statement အတိုချုပ်ကို ပြောရရင်
🔴We are justified by grace through faith, but faith must work in love.
ဒီလိုမှမဟုတ်ရင် Salvation ဆုံးရှုံးမယ်။ ထိန်းသိမ်းဖို့လိုတယ်။ မြင်အောင်ပြောရင် ဧဒင်ဥယျာဉ်လိုပဲ ။

ဒီနေရာမှာ Reformation မတိုင်ခင် Early Christian writings တွေမှာလည်း Faith + obedience ဆိုတဲ့ idea ရှိပါတယ်။
4️⃣ Early Church (100–300 AD)

ဥပမာ —

📍Ignatius of Antioch
Faith ကို obedience နဲ့ဆက်နွယ်ပြောထားတယ်။

📍Irenaeus
Salvation ကို living relationship with God လို့ရှင်းပြတယ်။

📍Augustine of Hippo
Grace ကို အထူး emphasize လုပ်ခဲ့တယ်။
သူ့ teaching က
• Catholic
• Protestant နှစ်ဖက်လုံးကို influence လုပ်ခဲ့ပါတယ်။

5️⃣ Salvation Debate ရဲ့ Core Question မှာ
Christian theology ထဲမှာ အဓိကမေးခွန်းက တော့
Salvation မှာ God only act လား?
God + human cooperation လား?
ဒါက ကျမတို့ အငြင်းပွါးနေတဲ့ မေးခွန်းဟုတ်တယ်။
Protestant အနေနဲ့က
➡ Monergism (God alone saves)
Catholic:
➡ Synergism (God + human cooperation)

✅ အဆုံးသတ် Summaryကို ကြည့်ရင်တော့
Catholic theology ကို ဒီလို မြင်ပါတယ် ။

• Grace = source
• Faith = response ( လူ့ဘက်ကတုံ့ပြန်မှု)
• Works = cooperation ( လူရဲ့အတူပါဝင်)
• Salvation = lifelong journey ( လူကသေသည်ထိ ကောင်းသောအကျင့်နှင့်ထိန်းသိမ်းရ)

Protestant theology
• Grace = source
• Faith = instrument ( ကယ်တင်ခြင်း၏ ကြားခံ)
• Works = evidence ( မြင်ရသောသက်သေ)
• Salvation = secure declaration ( တခါထဲနဲ့ တသက်လုံးရ)

🔻🔻အကျဉ်းချုပ်ရသော

အကျင့်ကောင်းကြောင့် ကယ်တင်ခြင်းရတာမဟုတ်ဘူးဆိုတာ နှစ်ဖက်စလုံးရဲ့ ယုံကြည်ခြင်းဖြစ်ပါတယ် ။ သို့ပေမယ့် ကယ်တင်ခြင်း က်ု ဆက်လက်တည်ရှိနေခြင်း အပိုင်းမှာ ကက်သလစ် က အကျင့်နဲ့ထိန်းရမယ် လို့ခံယူတယ်။ ဒါကြောင့် လူအကျင့်ပါတယ်ဆိုပြီး ပရိုတတ်စတန်ဘက်က လက်မခံနိုင်တာပါ ။ ကျမ အမြင်က ဒီ ခံယူချက်က ရေရှည်တွက် ကောင်းတယ် လို့မြင်မိတယ်။ တစ်ခုတော့ရှိတာပေါ့ ။ ငါ ဘယ်ချိန်မှားမိရင် ပြန်ဆုံးရှံုံးမယ်ဆိုတဲ့ကြောက်လန့်စိတ်ရှိလာနိုင်တယ်။ ဒါကြောင့် အာပါတ်ဖြေခြင်းကို အသင်းတော်က အားပေးတယ်။ အသင်းတော်အနေနှင့်ကလည်း Faith alone ဆိုရင် လူ့ရဲ့မပြည့်စုံနိုင်တဲ့သဘော ကို မြင်ပြီး ဘုရားကိုစော်ကားမိမှာ မဖြစ်စေချင်ဘူး။ ကက်သလစ်အသင်းတော်က ဘုရားသခင်ကို ဘယ်တော့မှ လျှော့မတွက်ထားဘူးလို့ မြင်မိတယ်။ Judgement ကို အထူးသတိထားတယ် ။ ဒါကလဲ ကျမ်းစာထဲမှာ ဘုရားသည် တရားစီရင်သော ဘုရား ဖြစ်သည်လို့ဖော်ပြထားတယ် ။

ပရိုတန်စတန်ဘက်က ဘုရားသခင့်ရဲ့ သဘောထားက ယေရှုအားဖြင့်တောင်ကယ်ပြီးပြီ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆို ခံယူချက်ရှိတယ်။ ကောင်းတဲ့ အရာကတော့ ဘုရားသခင် မဟာချစ်ခြင်းမေတ္တာရှင်ဆိုတာ ခံစားရတယ်။ ဘယ်ချိန် ဘုရားသခင် ဒဏ်ပေးတော့မလဲ ဆိုတာကို မခံစားမိအောင် ခံယူချက် သွန်သင်ထားတယ်။ Faith alone အရင်လာပါ ၊ ဒါဆို ကယ်တင်ခြင်းရပြီ ပေါ့။ ပြီးမှ အကျင့်ကောင်းပေါ်လာရမယ် ။ ပြသာနာ တစ်ခုက လူရဲ့ မပြည့်စုံမှုဟာ ဘုရားကို စော်ကားခြင်းဖြစ်တဲ့ခါရော ကယ်တင်ခြင်း ဆက်ရနေမလား ဆိုတဲ့ အချက်ပါ။ ဒါဟာ အန္တရယ်ရှိပါတယ် ။ ဒီအခါမှာ Calvinist အယူက “ ထိုသူတွေ ဟာ အစထဲက ကယ်တင်ခြင်း မစစ်မှန်ခဲ့လို့/ တကယ်နောင်တမရချင်လို့ပါပေါ့”

ကက်သလစ်နဲ့ Arminian အယူကကျတော့
ကယ်တင်ခြင်းဟာ ဆုံးရှုံးလိမ့်မယ် လို့ ယုံကြည်ကြတယ်။ ထိန်းရမယ် လို့ခံယူတာကြောင့်ဖြစ်တယ်။
ဘုရားဘက်ကိုလဲ seriously တွေးသလို ၊ လူကိုလည်း နှိမ်ပြီးမတွေးထားဘူး။

🔻🔻

အဓိက ဖြစ်သွားတာက Paul နဲ့ James ရဲ့ ဩဝါဒပါ ။ ဒီနေရာမှာ ကျမ အမြင်ကတော့ သူတို့နှစ်ဦးရဲ့ ဖြေရှင်းနေရတဲ့ ပြသာနာမတူခဲ့ပါ။

Paul ရဲ့စာတွေ—အထူးသဖြင့် Epistle to the Romans နဲ့ Epistle to the Galatians—မှာ သူရင်ဆိုင်နေတဲ့ပြဿနာက Jewish legalism ဖြစ်ပါတယ်။
အချို့ Jewish Christians က
• circumcision
• Mosaic law
• ritual law
တွေကို လိုက်နာမှ salvation ရမယ်လို့ သင်ပေးနေကြတယ်။
ဒါကြောင့် Paul ကပြောပါတယ်—
လူတစ်ယောက်ကို law works နဲ့မဟုတ်ပဲ faith နဲ့ justify ဖြစ်တယ်။
Paul က တိုက်ခိုက်တာက
➡ law ကို rely လုပ်ပြီး salvation earn လုပ်ဖို့ကြိုးစားတဲ့ idea ဖြစ်ပါတယ်။

2️⃣ James ဖြေရှင်းနေတဲ့ ပြဿနာ
James ရဲ့စာ—Epistle of James—မှာတော့ ပြဿနာက dead faith ဖြစ်ပါတယ်။
အချို့ Christians က
• “I believe” လို့ပြောတယ်
• ဒါပေမယ့်
• poor ကိုမကူညီဘူး
• obedience မရှိဘူး
• love မရှိဘူး
ဒါကြောင့် James ကပြောပါတယ်။
Faith without works is dead. James ရဲ့ point က ➡ real faith က action ထွက်လာရမယ်ဖြစ်ပါတယ်။

Paul ပြောတဲ့
Works =➡ works of the Mosaic law

James
Works =➡ acts of love and obedience

ဒါကြောင့် Paul fight:
“You cannot earn salvation.”
ကယ်တင်ခြင်းကို လုပ်ယူ လို့မရဘူး ။
James fight:
“Real faith must change your life.”
စစ်မှန်သော ယုံကြည်ခြင်းဆို အသက်တာပြောင်းလဲလိုလဲရမယ် ။

ဒါကြောင့် ကျမအမြင်အရ contradiction မဟုတ်ပဲ သူတို့ message ကို combine လုပ်ရင်
We are saved by faith, but the faith that saves is never alone to see and have fruits ပါ။

🔻🔻ထပ်ချုပ်ပါမယ်

အပြစ်လုပ်လို့ ကယ်တင်ခြင်း ရှုံးမရှုံးဆိုတာက
နောင်တရခြင်း ပေါ်ပဲမူတည်ပါတယ် ။ ရရင်မရှုံးပါ။ တသက်လုံး မဆုံးရှုံးပြောတဲ့ အဖွဲ့လည်းနောင်တရဖို့လိုကြောင်း ပြောပါတယ် ။ ဒါဆို ကွဲပြားမှုမရှိပါ။

ကက်သလစ်ရဲ့ သဘောထားက Cheap Grace ကို လက်မခံတာပါ။ ဘုရားသခင်ကို လျှော့မတွက်တာဖြစ်ပါတယ် ။ ဧဒင်ဥယျာဉ်ကို ပေးထားတယ် ဆက်စောင့်ရှောက်ရမယ်။ ဒါဟာ အကျင့်ကျင့်ခြင်းဖြစ်တယ်။ ကယ်တင်ခြင်းမှာ လူ့ရဲ့ အားစိုက်ထုတ်မှုဆိုတာ ဆက်လက်ထိန်းသိမ်းခြင်းအပိုင်းကို ဆိုလိုတာသာ ဖြစ်တယ်။ အစဦးမှာ ဘုရားပဲ လုပ်ပေး offer ပေးနိုင်မယ့်အရာဖြစ်တယ် ။ မှားမိရငိနောင်တရပါ။ ဘုရားဘက်ပြန်လာပါ။ ကယ်တင်ခြင်း မရှုံးပါ။ နောင်တမရ ပြန်မလာရင်တော့ ရှုံးပါတယ် ။ ဒါက ဘုရားကပေးပြီးသား လူဘက်က မထိန်းသိမ်းတာ လူရဲ့ ပေါ့လျော့မှုဖြစ်တယ် ။ ဘုရားနဲ့ လူပူးပေါင်းခြင်းဖြစ်တယ်။
salvation > Justification + Sanctification

ပရိုတတ်စတန်က ဘုရားသခင်ဟာ ပေးလိုက်ပြန်ယူလိုက်မဟုတ်ဘူး။လူရဲ့ အားစိုက်ထုတ်မှုမလိုပဲကို ကယ်တင်ခြင်းဟာရပြီးသားဖြစ်တယ် ။ ထိန်းမှ ကျန်တာ မဟုတ်။ သို့ပေမယ့် လူ့ဘက်က အကျင့်ကောင်းဟာ သက်သေအနေနဲ့ ပေါ်လာရမယ်။ ပြောရရင် good works က compulsory မဟုတ်။ Salvation မှာ Faith alone ပေါ့နော် ။
ဘုရားဘက်ကသီးသန့်ဖြစ်တယ်။ ဒါကြောင့်
salvation > Justification > Sanctification ပေါ့

ကျမ ခံယူချက်က နှစ်ခုလုံးပေါင်းပါတယ် ။
ကက်သလစ်မို့လို့ ကက်သလစ် ခံယူချက်ကို အားသန်ခြင်းမဟုတ်ပါ။ လေ့လာ လေလေ အဲ့အပိုင်းက ပို safe ဖြစ်တယ် မြင်ပါတယ် ။ မဟုတ်ခဲ့ရင် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရပြီးမှ ပြန်အပြစ်လုပ် ဆိုးနေတုန်း ၊ သေခဲ့ရင်လည်းကယ်တင်ခြင်း မဆုံးရှုံးဘူးဆိုရင် ဒါဟာ Cheap Grace ဖြစ်လာနိုင်တယ် လို့ တွေးမိပါတယ်။ ဘုရားကို ချစ်တယ် မကြောက်တာမျိုးဖြစ်လာနိုင်တယ် လို့ မြင်မိပါတယ် ။

တဖက်မှာလည်း အရင်ယုံလိုက်တာက ရှင်းတယ်။ ပြီးမှ အသက်တာကိုတည်ဆောက်ခြင်းဟာလည်း အဆင့်လိုက် ရှင်းလင်းတယ် ခံစားရတယ်။

လိုအပ်တာရှိရင်လဲ ဖြည့်ပေးပါအုံး🙏🏻

🔴 ဒါကြောင့် သေချာတာက ကယ်တင်ခြင်းခံရသောသူဟာ အကျင့်ကောင်း ပေါ်ရပါမယ်။ အသက်တာ မပြောင်းလဲရင် နှစ်ဖက်ခံယူချက်အရ အစထဲကပဲ ကယ်တင်ခြင်းမစစ်ခဲ့တာ/ ဆုံးရှုံးမှာပါ။

အဓိက သေချင်တဲ့ အချိန်သေ ကယ်တင်ခြင်းရတာမှန်ရင် အသက်တာလုံးဝပြောင်းလဲလာဖို့က ခရစ်တော်ရဲ့ message စစ်စစ်ပါပဲ။ လိုရင်းကဒါပါပဲ 🙏🏻

✍️
Cynthia Lwin

December 25 hi Christmas a donghnak ni a si lo i a hram thoknak lawng a si rih.🎄December 25 a dih cang ka in👉🏻 Khrih chu...
26/12/2025

December 25 hi Christmas a donghnak ni
a si lo i a hram thoknak lawng a si rih.

🎄December 25 a dih cang ka in
👉🏻 Khrih chuahnak lunglawmhnak dih hlah seh,
👉🏻 Remnak/ daihnak/ lungsaunak le
dawtnak dongh colh hlah seh!

🙏🏻 Khamhtu pa a chuahnak nih lunglawmhnak,
hnangamnak, daihnak a kan pe zungzal ko seh.

Fr Peter Zin
TBOIC

https://www.facebook.com/share/p/1D5YcwJy3W/?mibextid=wwXIfr

Address

Melbourne, VIC

Alerts

Be the first to know and let us send you an email when TBOIC - To Be One In Christ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to TBOIC - To Be One In Christ:

Share