Berea Discipleship Ministry

Berea Discipleship Ministry Our ministry is working for the discipleship in order to fulfill the great commission. Evangelism, theological lecture and practical training.

Church's constitutionအသင်းတော် ဖွဲ့စည်းပုံအခြေခံPREFACEသခင်ဘုရား၏ အသင်းတော်ကို၊ သခင်ဘုရား၏ တရားတော်အတိုင်း ဖွဲ့စည်း တည်ဆ...
21/08/2026

Church's constitution
အသင်းတော် ဖွဲ့စည်းပုံအခြေခံ

PREFACE

သခင်ဘုရား၏ အသင်းတော်ကို၊ သခင်ဘုရား၏ တရားတော်အတိုင်း ဖွဲ့စည်း တည်ဆောက်ထားသည်။ တမန်တော် အခန်းကြီး (၂) ပင်တေကုတ္တေနေ့ မှစ၍ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မွေးဖွား ပေါ်ပေါက်လာသော အသင်းတော်၏ အခြေခံ စည်းမျဉ်း ဥပဒေသသည် ဝိညာဉ်တော်တရား ဖြစ်သည်။ အသက်ရှင်‌စေတတ်သော ဝိညာဉ်တော်တရား၊ သမ္မာတရား ဖြစ်သည်။

ယနေ့ ဂိုဏ်းဂဏ ဒေသန္တရအသင်းတော် အသီးသီးတို့သည် မိမိတို့ အသင်းတော်အတွက် စည်းမျဉ်းဥပဒေများကို ချမှတ်ထားကြပြီး ဖြစ်သည်။ ရိုမန်ကတ်သလစ် အသင်းတော်၌ သူ၏ အခြေခံဥပဒေ၊ နှစ်ခြင်း အသင်းတော်၌ သူ၏ နှစ်ခြင်းဂိုဏ်းဂဏနှင့် ဆိုင်သောအခြေခံဥပဒေ၊ ဧ၀ံ‌ဂေလိ အသင်းတော် (အေဂျီ) အတွက် အေဂျီနှင့် ဆိုင်သော အသင်းတော် အခြေခံဥပဒေ စသည်ဖြင့်၊ အသီးသီး ရှိထားကြသည်။ ဤအရာများသည် မိမိ၏ အသင်းတော်အတွက် ကောင်းကျိုးဖြစ်ထွန်း၊ ရှင်သန်‌စေရန်၊ လိုက်နာရမည့် အခြေခံဥပဒေအနေဖြင့် ရေးဆွဲပြဋ္ဌာန်းထားကြသည် ဖြစ်သည်။

ဓမ္မဟောင်း၌ ဗိမာန်တော်နှင့် သက်ဆိုင်၍ မောရှေအားဖြင့် မှာထားတော်မူသော ပညတ်ချက်များ၊ ထာဝရဘုရား ကိန်းဝပ်တော်မူရာ နှင့် သက်ဆိုင်၍၊ ဒါဝိဒ်မင်းကြီး၏ စီရင်ထုံးဖွဲ့ချက်များ စသည်ဖြင့် ဗိမာန်တော်နှင့် စပ်ဆိုင်၍ လိုက်နာ စောင့်ထိန်းရမည့် ပညတ်တရားများကို တွေ့ရသည်။

ထို့နည်းတူ ပဋိညာဉ်တရားသစ်ကာလ၌ ရှင်ပေါလု အားဖြင့် အသင်းတော် နှင့် စပ်ဆိုင်သော၊ အသင်းတော်အတွက် ဝိညာဉ်တော် သမ္မာတရားကိုလည်း ရှင်းလင်းစွာ တွေ့ရပါသည်။ ရှင်ပေါလုသည် တမန်တော်အရာ အားဖြင့် ယုဒပြည်၊ ရှမာရိပြည်၊ ရှုရိပြည်၊ မာကေဒေါနိပြည်၊ ရောမမြို့ထိ သာသနာပြုလျှက်၊ အသင်းတော် မြောက်မြားစွာ တည်ထောင်ခဲ့ပြီး၊ ထိုအသင်း‌တော်များကို သမ္မာတရား အားဖြင့် မြဲမြံခိုင်ခံ့ ရှင်သန်စေခဲ့သည်။

အသင်းတော်များသို့ ပေးပို့သော ဩဝါဒစာများတွင်လည်း ယုံကြည်ခြင်းအားဖြင့် ခိုင်ခံ့မြဲမြံစေရန် သွန်သင်ထားသည်။ အထူးသဖြင့် တမန်တော် ၁၆:၄-၅ ၌ ယေရုရှလင်မြို့၌ နေသော တမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သော ပညတ်တို့ကို အသင်းတော်များ ကျင့်ဆောင်ဖို့ရာ အပ်ပေးကြ၏။ ထိုသို့ အသင်းတော် တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။

Pastor Kyaw Min
Berea Discipleship School

2ⁿᵈ week of August.
17/08/2026

2ⁿᵈ week of August.

Saturday Evening Bible Study (zoom meeting)Life-giving Spirit.John 3:6 That which is born of the flesh is flesh, and tha...
25/07/2026

Saturday Evening Bible Study (zoom meeting)
Life-giving Spirit.

John 3:6
That which is born of the flesh is flesh, and that which is born of the Spirit is spirit.

01/06/2026

သွေဖည်ခြင်း (Deviation)

အမှုတော်မြတ် အစေခံလုပ်ဆောင်ခြင်းက
ဘုရားသခင်ရဲ့ နိုင်ငံတော် ကျယ်ပြန့်ဖို့လား
ကိုယ့် အသင်းတော် ကျယ်ပြန့်ဖို့လား။

ဘုရားသခင်ရဲ့ နိုင်ငံတော်တည် ဖို့လား၊
ကိုယ့်ရဲ့ အင်ပါယာ ထူထောင်ဖို့လား။

ဒီဆရာကလေ၊ ဟိုဆရာကလေ
တော၊ တောင်၊ နယ် ကလာပြီး
ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ပြီး
ဘယ်လို အောင်မြင်လာတာ ဆိုတဲ့
ဇာတ်ထုတ်တွေက
အဲ့ ဒီဆရာ ရဲ့အကြောင်းနဲ့
သူ ထူထောင်ခဲ့တဲ့
သူ အင်ပါယာအကြောင်းတွေပါ။

လူတွေက ဒါကို စိတ်၀င်စားပြီး
အဲ့လမ်းစဉ်နောက် လိုက်ကြတယ်
ခုလည်း လိုက်နေကြတုန်း ...
လူတွေ အရမ်းများတယ်။

Deviation ပါ။
Astray from The Way.

သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ်နားန...
28/05/2026

သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။
ဟေရှာယ ၃၀:၂၁

ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ်၍ ရသေ...
18/05/2026

ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။
(သုတ္တံ ၃:၁၃-၁၈ )

@ စည်ပင်သာ အသင်းတော်၊ ထန်းတပင်။

ယေရမိ ၁၇: ၇-၈ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသ...
05/05/2026

ယေရမိ ၁၇: ၇-၈
ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။

3 days spiritual renewal training.
04/05/2026

3 days spiritual renewal training.

၃ ရက်တာ သင်တန်းပြီးစီးPastor Kim Jong Eh성림침례교회
30/04/2026

၃ ရက်တာ သင်တန်းပြီးစီး

Pastor Kim Jong Eh
성림침례교회

ဝိညာဉ်လူကို လာရောက်တည်ဆောက်ပေးတဲ့ ဆရာသမားတွေထံမှ သမ္မာတရား ခံယူလေ့လာချိန်။
29/04/2026

ဝိညာဉ်လူကို လာရောက်တည်ဆောက်ပေးတဲ့ ဆရာသမားတွေထံမှ သမ္မာတရား ခံယူလေ့လာချိန်။

Address

Bandler Pkwy
Melbourne, VIC
3030

Alerts

Be the first to know and let us send you an email when Berea Discipleship Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Berea Discipleship Ministry:

Shortcuts

Share