Mettadipa Vihara Melbourne

Mettadipa Vihara Melbourne In order to publish the event information, announcement, general info and activities of Mettadipa Vihara Melbourne

09/06/2026
မေတ္တာဒီပ ဆရာတော် ဒေါက်တာ အရှင် ဇနိတ မွေးနေ့ အတွက် ပြင်ဆင် ချက်ပြုတ် နေကြပုံများအား အများသူငှါ သာဓုခေါ်စေနိုင်ရန် တင်ပြအ...
06/06/2026

မေတ္တာဒီပ ဆရာတော် ဒေါက်တာ အရှင် ဇနိတ မွေးနေ့ အတွက် ပြင်ဆင် ချက်ပြုတ် နေကြပုံများအား အများသူငှါ သာဓုခေါ်စေနိုင်ရန် တင်ပြအပ်ပါသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

သာသနာပြု မြတ်ကောင်းမှု နေ့တိုင်းပြုနိုင်ကြပါစေ….
သာသနာပြု မြတ်ကောင်းမှု လတိုင်းပြုနိုင်ကြပါစေ....
သာသနာပြု မြတ်ကောင်းမှု နှစ်တိုင်းပြုနိုင်ကြပါစေ.....
ကုသိုလ်ပြုရင်း ဥာဏ်ပွင့်လင်း လက်ငင်းချမ်းသာကြပါစေ ….

၉-၅-၂၀၂၆ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မေတ္တာဒီပ ဝိဟာရ ကျောင်းတိုက် ၏ စနေနေ့ လုပ်အားပေးပုံရိပ်များ။၁။ ဗောဓိညောင်ပင် ကွန်...
09/05/2026

၉-၅-၂၀၂၆

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မေတ္တာဒီပ ဝိဟာရ ကျောင်းတိုက် ၏ စနေနေ့ လုပ်အားပေးပုံရိပ်များ။

၁။ ဗောဓိညောင်ပင် ကွန်ကရစ်ဘောင်လောင်းခြင်း
၂။ ကျောင်းခြံအမှိုက်များ မီးရှို့ခြင်း

အများသူငှါ သါဓုခေါ်နိုင်ရန် မှတ်တမ်းတင်ပြအပ်ပါသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

သာသနာပြု မြတ်ကောင်းမှု နေ့တိုင်းပြုနိုင်ကြပါစေ….
သာသနာပြု မြတ်ကောင်းမှု လတိုင်းပြုနိုင်ကြပါစေ....
သာသနာပြု မြတ်ကောင်းမှု နှစ်တိုင်းပြုနိုင်ကြပါစေ.....
ကုသိုလ်ပြုရင်း ဥာဏ်ပွင့်လင်း လက်ငင်းချမ်းသာကြပါစေ ….

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ မေတ္တာဒီပဝိဟာရ ကျောင်းတိုက် ၏ ကဆုန် ညောင်ရေသွန်းပွဲ အခမ်းအနား ဓါတ်ပုံများ အား ဖော်ပြအပ်ပ...
03/05/2026

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ မေတ္တာဒီပဝိဟာရ ကျောင်းတိုက် ၏ ကဆုန် ညောင်ရေသွန်းပွဲ အခမ်းအနား ဓါတ်ပုံများ အား ဖော်ပြအပ်ပါသည်။

2026 မေတ္တာဒီပဝိဟာရကျောင်းတိုက်၏ ဘုရားအနေကဇာတင်ပွဲ လက်ကျန်ပုံများအား အများပြည်သူ ပီတိဖြစ်စေရန် တင်ပြအပ်ပါသည်။ဓါတ်ပုံဆရာလ...
02/05/2026

2026 မေတ္တာဒီပဝိဟာရကျောင်းတိုက်၏ ဘုရားအနေကဇာတင်ပွဲ လက်ကျန်ပုံများအား အများပြည်သူ ပီတိဖြစ်စေရန် တင်ပြအပ်ပါသည်။

ဓါတ်ပုံဆရာလေး Sai Kay Hlaing နှင့် အဖွဲ့ရဲ့လက်ရာများဖြစ်ပါတယ်။

📢 နှစ်ပတ်လည် အစည်းအဝေး ဖိတ်ကြားခြင်းမေတ္တာဒီပ ဝိဟာရကျောင်းတိုက်၏ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို📅 ၂၀၂၆ ခုနှစ် ဇွန်လ ...
01/05/2026

📢 နှစ်ပတ်လည် အစည်းအဝေး ဖိတ်ကြားခြင်း

မေတ္တာဒီပ ဝိဟာရကျောင်းတိုက်၏ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို
📅 ၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက် တနင်္ဂနွေနေ့
⏰ နေ့လည် (၁:၀၀) နာရီ
📍 မေတ္တာဒီပ ဝိဟာရကျောင်းတိုက် တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးတွင်
▪️ တစ်နှစ်တာ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ
▪️ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ
▪️ နောင်ဆောင်ရွက်မည့် အစီအစဉ်များ
▪️ ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်းများ

ကို ဆွေးနွေးတိုင်ပင်ကြမည် ဖြစ်ပါသည်။

ထို့အပြင် လာမည့်နှစ်များအတွက် တာဝန်ယူဆောင်ရွက်မည့် ဥပဌာကအသစ်များကိုလည်း ရွေးချယ်သွားမည် ဖြစ်ပါသည်။

အဖွဲ့ဝင်များအားလုံး အစည်းအဝေးသို့ တက်ရောက်ကြပါရန် မေတ္တာရှေ့ထား၍ ဖိတ်ကြားအပ်ပါသည်။

27/04/2026

ဩစတေးလျနိုင်ငံ ၊ ဗစ်တိုးရီးယား ပြည်နယ် ဝန်ကြီးချုပ် Jacinta Allan ရဲ့ ဗစ်တိုးရီးယား ပြည်နယ် အတွင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များကျင်းပသော ဗုဒ္ဓနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ကျွန်မတို့ ပြည်နယ်တစ်ဝန်းလုံးမှာရှိတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကို ကျင်းပဆင်နွှဲကြသူအားလုံးထံသို့ ကျွန်မအနေဖြင့် အကောင်းဆုံး ဆုမွန်တောင်းပေးလိုက်ပါတယ်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ဗစ်တိုးရီးယားပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များအတွက် မြတ်စွာဘုရားရှင်၏ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းတို့အပေါ် အတူတကွ စုပေါင်းဆင်နွှဲရင်း ဆင်ခြင်သုံးသပ်ရသည့် ထူးမြတ်သော အချိန်အခါသမယ ဖြစ်ပါသည်။

မည်သည့် ယဉ်ကျေးမှု သို့မဟုတ် မည်သည့် ဘာသာတရားကိုပင် ကိုးကွယ်ကြသည်ဖြစ်စေ ဗုဒ္ဓမြတ်စွာ၏ သွန်သင်ဆုံးမမှုများဖြစ်သော ကရုဏာတရား၊ မေတ္တာတရားနှင့် လူသားမျိုးနွယ်အပေါ် ထားရှိသည့် အနစ်နာခံ စေတနာထားမှုများကို ဗစ်တိုးရီးယားပြည်နယ်သူ ပြည်နယ်သားအားလုံး သင်ယူအတုယူနိုင်ကြပါသည်။

ကျွန်မတို့ရဲ့ Labor Government သည် ဗုဒ္ဓဘာသာဝင် ဗစ်တိုးရီးယားပြည်နယ်သားတွေရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ နက်နဲတဲ့ အကျိုးပြုဆောင်ရွက်မှုတွေကို အမြဲတမ်း အသိအမှတ်ပြုနေမယ့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်နေမည်ဖြစ်သည်။ သင်တို့ဟာ ကျွန်မတို့အားလုံး အမိမြေအိမ်အဖြစ် ဂုဏ်ယူစွာ ခေါ်ဆိုနေကြတဲ့ ဒီပြည်နယ်ကြီးကို ပိုမိုကောင်းမွန်၊ တရားမျှတပြီး အင်အားတောင့်တင်းတဲ့ နေရာတစ်ခုဖြစ်အောင် ကူညီဖော်ဆောင်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

ယနေ့ခေတ် ကမ္ဘာကြီးမှာ မိသားစုအများစုဟာ ကြိုးစားအားထုတ်ပြီး မှန်ကန်စွာ နေထိုင်ကြသူများ ဖြစ်ကြပေမယ့် အတော်များများဟာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့်မို့လို့ လူမှုဘဝတွေ ပိုမိုလွယ်ကူ၊ ဘေးကင်းပြီး ကုန်ကျစရိတ်တွေ သက်သာစေမယ့် ဖြေရှင်းချက်တွေကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် သင်တို့လို လူမှုအသိုင်းအဝိုင်းတွေ၊ ခေါင်းဆောင်တွေနဲ့ ကျွန်မတို့ ဆက်လက်လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မိသားစုတိုင်းအတွက် ကောင်းမွန်တဲ့ စာသင်ကျောင်းတွေ၊ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ လူနေမှုစရိတ် ဖိအားတွေကြားမှာ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို ရရှိစေဖို့ ကျွန်မတို့ အတူတကွ အာမခံချက်ပေးနိုင်မှာပါ။ ဒါ့အပြင် ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်တွေကို ဘေးကင်းလုံခြုံပြီး အားလုံးပါဝင်နိုင်ကာ ဖော်ရွေပျူငှာတဲ့ နေရာတွေအဖြစ် တည်ရှိနေအောင်လည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

သင်တို့ရဲ့ ဦးဆောင်မှုနဲ့ အသံတွေဟာ ဒီလုပ်ငန်းစဉ်တွေမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ ပြည်နယ်အတွက် သင်တို့ရဲ့ ပေးဆပ်ကူညီမှုတွေအတွက် တစ်ဖန် ထပ်လောင်း ကျေးဇူးတင်ရှိပါတယ်။

ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်းမှာရှိတဲ့ ကဆုန်လပြည့်နေ့ကို ဆင်နွှဲကြသူအားလုံးထံသို့ ကျွန်မရဲ့ အကောင်းဆုံး ဆုမွန်ကောင်းများ ထပ်မံပေးပို့အပ်ပါသည်။

Premier Hon. Jacinta Allan’s Vesak Day message
---------------------------------------------------

I send my very best wishes to everyone celebrating Vesak ,Buddha’s Day across our state.

Vesak is a special time for Buddhist Victorians to come together in celebration and reflection on the birth and enlightenment of Buddha.

Regardless of culture or faith, all Victorians can learn from Buddha’s teachings of compassion, kindness, and devotion to humanity.

I want you to know that in my Labor Government, Buddhist Victorians will always have a friend who recognises the profound social, cultural, and economic contributions you make. You have helped make our state a better, fairer, and stronger place — one we are all proud to call home.

In today’s world, many families are facing new challenges, even those who work hard and do the right thing. That is why we will continue working with communities and leaders like you to deliver solutions that make life easier, safer, and more affordable.

Together, we can ensure every family has access to great schools, reliable healthcare, and the support they need during cost-of-living pressures. We can also ensure our communities remain safe, inclusive, and welcoming.

Your leadership and your voice are an essential part of that work.

Thank you again for your contribution to our state.

I send my very best wishes to everyone celebrating Vesak Day across Victoria.

( On behalf of the Committee of Mettadipa Vihara, we would like to express our heartfelt gratitude for your warm and thoughtful Vesak message )

🙏  ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြားလွှာ 🙏 ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်း မြို့ရှိ မေတ္တာဒီပ ကျောင်းတိုက် တွင် ကဆုန်လပြ...
27/04/2026

🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြားလွှာ 🙏
ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်း မြို့ရှိ မေတ္တာဒီပ ကျောင်းတိုက် တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

📅 ကျင်းပမည့်နေ့ရက် – 03 / 05 / 2026 ( တနင်္ဂနွေနေ့ )
📍 နေရာ – မေတ္တာဒီပ ကျောင်းတိုက်

အစီအစဉ်များ
-------------
🕚 မနက် ၁၁:၀၀ နာရီ
ကျောင်းရှိ သံဃာတော် (၂) ပါးအား စုပေါင်း ဆွမ်းကပ်လှူကြမည် ဖြစ်ပါသည်။
ဆွမ်းလှူဒါန်းလိုသူများအနေဖြင့် မနက် ၁၀:၃၀ နာရီ အရောက် လာရောက်ကပ်လှူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

🕦 မနက် ၁၁:၃၀ နာရီ
ဧည့်ပရိသတ်များအား မုန့်ဟင်းခါး ဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။
မိမိတို့ လှူဒါန်းလိုသည့် အစားအသောက်များ ယူလာနိုင်ပါသည် ။

🕐 နေ့လည် ၁:၀၀ နာရီ
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားကို စတင်ကျင်းပမည် ဖြစ်ပါသည်။

🌿 ဤကဆုန်လပြည့်နေ့သည်

နိယတဗျာဒိတ်ယူခြင်း၊

ဖွားမြင်တော်မူခြင်း ၊

ဘုရားဖြစ်တော်မူခြင်း ၊

ဗုဒ္ဓဝင်အကျဉ်းဟောတော်မူခြင်း ၊

ပရိနိဗ္ဗာန်စံတော်မူခြင်း

ဟူသော ထူးခြားသည့် ဖြစ်ရပ်ကြီး များ နှင့် တိုက်ဆိုင်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

အခမ်းအနားတွင်
• ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း
• ကလေးငယ်များမှ စုပေါင်း ဘုရားစာရွတ်ဖတ် ပူဇော်ခြင်း
• တရားဓမ္မ နာယူခြင်း
• စုပေါင်း ကုသိုလ်ယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

🙏 ဓမ္မမိတ်ဆွေ အပေါင်းတို့အား မေတ္တာရှေ့ထား၍ မိသားစုနှင့်အတူ ကြွရောက်ပါဝင် ကုသိုလ်ယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Address

1360 Western Port Highway
Cranbourne South, VIC
3977

Alerts

Be the first to know and let us send you an email when Mettadipa Vihara Melbourne posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share