HIC Vietnam

HIC Vietnam We will worship the Lord for He is worthy!🙌

ဘဝမှာ……အခက်အခဲတွေ ကြုံလာတဲ့အခါ ရှောင်ပြေးမပြေးဘဲယုံကြည်ခြင်းနဲ့ ရင်ဆိုင်လိုက်ဖို့ပါပဲ။ဘာကြောင့်လဲဆိုရင်အဲဒီ အခက်အခဲတွေကန...
29/08/2026

ဘဝမှာ……
အခက်အခဲတွေ ကြုံလာတဲ့အခါ
ရှောင်ပြေးမပြေးဘဲ
ယုံကြည်ခြင်းနဲ့ ရင်ဆိုင်လိုက်ဖို့ပါပဲ။

ဘာကြောင့်လဲဆိုရင်
အဲဒီ အခက်အခဲတွေကနေ တစ်ဆင့်
#ဘုရားသခင်နဲ့ပိုမိုနီးကပ်လာဖို့
#ဆုတောင်းခြင်းမှာပိုမိုနက်ရှိုင်းလာဖို့
#ယုံကြည်ခြင်းမှာပိုမိုခိုင်မာလာဖို့
ဘုရားသခင် အသုံးပြုနိုင်လို့ပါ။

ဒါကြောင့်….
အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
“ဘာကြောင့်ဒီလိုဖြစ်ရတာလဲ” လို့
မေးခွန်းထုတ်မယ့်အစား
“ဒီအခြေအနေထဲမှာ ဘုရားသခင်ကို
ဘယ်လို ပိုပြီးယုံကြည်လို့ရမလဲ” ဆိုပြီး
အဖြေရှာကြည့်လိုက်ပါ။

အခက်အခဲတွေက သင့်ကို
#ခါးသီးတဲ့သူဖြစ်စေမလား
#ပိုမိုရင့်ကျက်ပြီးခိုင်မာတဲ့သူဖြစ်စေမလား
ဆိုတာ သင် #ဘယ်လိုတုံ့ပြန်သလဲ
ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဒါကြောင့် အခြေအနေတွေ
ပြောင်းလဲဖို့ပဲ စောင့်မနေဘဲ
နှုတ်ကပတ်တော်အပေါ်မှာ
ခိုင်ခိုင်မာမာ ရပ်တည်လိုက်ပါ။
ဘုရားသခင်ဟာ သစ္စာရှိတဲ့ဘုရားဖြစ်ပြီး
သင့်ကို ဘယ်တော့မှစွန့်ပစ်မှာ
မဟုတ်ဘူးဆိုတာ ဆက်လက်ယုံကြည်ပါ။

သင်မမြင်နိုင်သေးတဲ့ လမ်းကို
ဘုရားသခင်မြင်ပါတယ်။
သင်မဖြေရှင်းနိုင်သေးတဲ့ ပြဿနာကို
ဘုရားသခင်သိပါတယ်။
သူ့ရဲ့ ကတိတော်တွေကို အမှီပြုပြီး
ငြိမ်ဝပ်စွာ စောင့်ဆိုင်းလိုက်ပါ။

သင် နာကျင်နေရသော်လည်း
ဘုရားသခင် ကောင်းမြတ်ကြောင်းကို
#ဆက်လက်ယုံကြည်နိုင်ပါတယ်
သင် ငိုကြွေးနေရသော်လည်း
ဘုရားသခင် သင့်ကို ကူညီမစမယ်ဆိုတာ
#ဆက်လက်စိတ်ချနိုင်ပါတယ်

ဒါကြောင့် ခံစားနေရတဲ့အရာတွေကို
အတင်းဖုံးဖိထားဖို့ မလိုပါဘူး….
နာကျင်ရင်လည်း
#နာကျင်တယ်လို့ဝန်ခံလို့ရပါတယ်
ငိုချင်တယ်ဆိုရင်လည်း
#ငိုချလိုက်လို့ရပါတယ်
အားနည်းနေရင်လည်း
#အားနည်းနေတယ်လို့ဝန်ခံလို့ရပါတယ်

ကိုယ့်ရဲ့ခံစားချက်တွေ အမျိုးမျိုး
ပြောင်းလဲသွားနိုင်ပေမယ့်
ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကတော့
ဘယ်တော့မှ မပြောင်းလဲပါဘူး။

ဒါကြောင့်…..
မျက်ရည်တွေနဲ့အတူ
နာကျင်မှုတွေနဲ့အတူ
ဆက်လက်ယုံကြည်လိုက်ပါ။

ဘုရားရှင်က…
သင့်ကို မြင်ပါတယ်။
သင့်ငိုရှိုက်သံကို ကြားပါတယ်။
သင် အခု ဘယ်လောက်ပဲ
နာကျင်နေပါစေ၊
ဘုရားသခင်ရဲ့ လက်တော်ထဲမှာ
ရှိနေတယ်ဆိုတာကို စိတ်ချလိုက်ပါ။

သင့်ကို အဆုံးတိုင်
လက်တွဲခေါ်ဆောင်သွားမဲ့
ဘုရားရှင်ဖြစ်ပါတယ်။ အာမင်။

“သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို
သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊
ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။”
—ယောဘ‬ ‭၂၃:၁၀




𝗛𝗜𝗖 𝗩𝗶𝗲𝘁𝗻𝗮𝗺 🇻🇳 𝗦𝗨𝗡𝗗𝗔𝗬 𝗪𝗢𝗥𝗦𝗛𝗜𝗣 𝗦𝗘𝗥𝗩𝗜𝗖𝗘🗓 Date  : 30 Aug, 2026🕑 Time   : 2:00 PM Word of God       : REV. KIM MANGWorship L...
28/08/2026

𝗛𝗜𝗖 𝗩𝗶𝗲𝘁𝗻𝗮𝗺 🇻🇳
𝗦𝗨𝗡𝗗𝗔𝗬 𝗪𝗢𝗥𝗦𝗛𝗜𝗣 𝗦𝗘𝗥𝗩𝗜𝗖𝗘

🗓 Date : 30 Aug, 2026
🕑 Time : 2:00 PM

Word of God : REV. KIM MANG
Worship Leader : GRACE MAWI

အသင်းတော်​၏ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွင် လာရောက်ပါဝင် ချီးမွမ်းကိုးကွယ်၍ နှုတ်ကပတ်တော်ခံယူနိုင်ပါရန် သခင်ယေရှုနာမ၌ နွေးထွေးစွာဖြင့် ခေါ်ဖိတ်အပ်ပါသည်။

⛪️ အသင်းတော်လိပ်စာ - 4th floor, 59 Cao Thang, Ban Co ward, Ward 3, District 3, Ho Chi Minh.
📞 ဆက်သွယ်ရန် - 0337146575, 0387748807

Google Map 📍
https://maps.app.goo.gl/BRT79VyK4pAYsMH98?g_st=ic


သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်တွေကို ကိုးကားပြောဆိုနိုင်တာ၊ သွန်သင်နိုင်တာ၊အလွတ်ရွတ်ဆိုနိုင်တာတွေက ကောင်းပါတယ်။သို့သော် …. ဘ...
28/08/2026

သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်တွေကို
ကိုးကားပြောဆိုနိုင်တာ၊ သွန်သင်နိုင်တာ၊
အလွတ်ရွတ်ဆိုနိုင်တာတွေက ကောင်းပါတယ်။

သို့သော် ….
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ
ကျွန်တော်တို့ရဲ့နှုတ်ခမ်းဖျားမှာတင်ပဲ
ရပ်တန့်နေဖို့ မဟုတ်ပါဘူး။

နှုတ်ကပတ်တော်ဆိုတာ
ကျွန်တော်တို့ရဲ့ နှလုံးသားကို
ပြောင်းလဲပေးဖို့၊ ပုံသွင်းပေးဖို့နဲ့
နေ့စဉ်အသက်တာထဲမှာ ထင်ဟပ်
ပေါ်လွင်နေစေဖို့ ပေးအပ်ထားတာ
ဖြစ်ပါတယ်။

နှုတ်ကပတ်တော်ကို သိခြင်းနဲ့
နှုတ်ကပတ်တော်အတိုင်း
နာခံလိုက်လျှောက်ခြင်းက
မတူညီပါဘူး။

ကျမ်းပိုဒ်များစွာကို
မှတ်သားထားနိုင်ပါတယ်။
နှုတ်ကပတ်တော်အကြောင်းကို
များစွာ ပြောဆိုနိုင်ပါတယ်။
အခြားသူများကိုလည်း
သွန်သင်ပေးနိုင်ပါတယ်။

သို့သော်လည်း….
သိရှိထားတဲ့ နှုတ်ကပတ်တော်အတိုင်း
အသက်ရှင်လိုစိတ်နဲ့ နာခံလိုစိတ် မရှိရင်
ထိုအသိက ကျွန်တော်တို့ရဲ့အသက်တာကို
အမှန်တကယ် ပြောင်းလဲပေးနိုင်မှာ
မဟုတ်ပါဘူး။

ဘုရားသခင်က ကျွန်တော်တို့ရဲ့
နှုတ်က ဟောပြောနိုင်စွမ်းကိုသာ
ကြည့်တာမဟုတ်ဘဲ နှုတ်ကပတ်တော်ဟာ
ကျွန်တော်တို့ရဲ့ အသက်တာထဲမှာ
ဘယ်လောက်အထိ အမြစ်တွယ်နေသလဲ
ဆိုတာကို ကြည့်တာဖြစ်ပါတယ်။

အထူးသဖြင့် အခြေအနေတွေ
အဆင်ပြေနေချိန်မှာသာ မဟုတ်ဘဲ
ခွင့်လွှတ်ဖို့ ခက်ခဲနေချိန်မှာ ခွင့်လွှတ်ခြင်း၊
မှန်ကန်စွာ ရွေးချယ်ဖို့ ခက်ခဲနေချိန်မှာ
မှန်ကန်သောအရာကို ရွေးချယ်ခြင်း၊
စောင့်ဆိုင်းရချိန်မှာ ယုံကြည်ခြင်း၊
နာကျင်နေချိန်မှာပင် ဘုရားသခင်ကို
ဆက်လက်နာခံခြင်း တို့အားဖြင့်
နှုတ်ကပတ်တော်အတိုင်း လက်တွေ့
အသက်ရှင်ပြသဖို့ လိုအပ်ပါတယ်။

လူအများစုက နှုတ်ကပတ်တော်တွေကို
အလွတ်ရွတ်ဆိုနိုင်ကြပေမဲ့
ထိုနှုတ်ကပတ်တော်အတိုင်း
လက်တွေ့ လိုက်နာ ကျင့်သုံးနေထိုင်လိုသူ
အင်မတန် နည်းပါးလှပါတယ်။

ကျွန်တော်တို့ရဲ့ နှုတ်က
ရွတ်ဆိုတဲ့နှုတ်ကပတ်တော်အတိုင်း
ကျွန်တော်တို့ရဲ့ အသက်တာအားဖြင့်
သက်သေပြဖို့လိုပါတယ်။

ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက
စကားလုံးတွေထဲမှာသာ မဟုတ်ဘဲ
ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်များ၊
ဆက်ဆံရေးများ၊ အကျင့်စရိုက်များနဲ့
နေ့စဉ်အသက်တာထဲထိ ထင်ဟပ်နေဖို့
လိုပါတယ်။

“ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​
တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊
တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့”
‭‭(ရှင်ယာကုပ်‬ ‭၁:၂၂)။




သင့်မှာရှိတဲ့ ပမာဏအနည်းအများပေါ် မူတည်ပြီး သင့်ရဲ့ ယုံကြည်ခြင်း အတိုင်းအတာကို အဆုံးအဖြတ် မပေးလိုက်ပါနဲ့။တစ်ခါတလေမှာ ကျွန...
27/08/2026

သင့်မှာရှိတဲ့
ပမာဏအနည်းအများပေါ် မူတည်ပြီး
သင့်ရဲ့ ယုံကြည်ခြင်း အတိုင်းအတာကို
အဆုံးအဖြတ် မပေးလိုက်ပါနဲ့။

တစ်ခါတလေမှာ ကျွန်တော်တို့က
ကိုယ့်မှာ ရှိတာတွေကို ကြည့်ပြီး
#မလုံလောက်ဘူး
#လိုနေသေးတယ်
#ကုန်တော့မယ် လို့
တွေးမိတတ်ကြပါတယ်။

#မလုံလောက်တဲ့ငွေကြေး
#မလုံလောက်တဲ့အတွေ့အကြုံ
#မလုံလောက်တဲ့အချိတ်အဆက်
#မလုံလောက်တဲ့အချိန်
#မလုံလောက်တဲ့ခွန်အား
#မလုံလောက်တဲ့ဗဟုသုတ
#မလုံလောက်တဲ့ယုံကြည်မှု တွေနဲ့ပေါ့။

ကိုယ့်လက်ထဲမှာရှိတဲ့
အနည်းငယ်သောအရာကို ခရစ်တော်ထံ
ဆက်ကပ်ပေးအပ်လိုက်မယ်ဆိုရင်
ကြီးမားသော အသုံးတော်ခံရာ
ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့
ယုံကြည်ကိုးကွယ်တဲ့ဘုရားရဲ့
သဘောသဘာဝက ဒါပါပဲ
သင့်ကို အများကြီးနဲ့ စတင်ဖို့
မတောင်းဆိုပါဘူး။ သင့်မှာ
ရှိနှင့်ပြီးသား အနည်းလေးနဲ့ပဲ
သူ့ကို ယုံကြည်ပုံအပ်ဖို့
တောင်းဆိုနေတာပါ။

သင့်ရဲ့ နည်းပါးမှုလေးဟာ
ခရစ်တော်ရဲ့ လက်တော်ထဲ
ရောက်သွားတဲ့အခါ ကြီးမားတဲ့အရာ
ဖြစ်လာနိုင်ပါတယ်….
#နည်းပါးတဲ့အချိန်
#နည်းပါးတဲ့ငွေကြေး
#နည်းပါးတဲ့လုပ်ဆောင်နိုင်မှု
#နည်းပါးတဲ့အရည်အချင်း
#နည်းပါးတဲ့အင်အား
#နည်းပါးတဲ့အခွင့်အရေး
#နည်းပါးတဲ့အတွေ့အကြုံ
#နည်းပါးတဲ့အသိပညာ
#နည်းပါးတဲ့အရင်းအမြစ်
#နည်းပါးတဲ့ယုံကြည်မှု

ဒါကြောင့်…
လုံလောက်ပြီလို့ထင်ရတဲ့အချိန်အထိ
#စောင့်မနေပါနဲ့
ပိုမိုများပြားလာမှနာခံတော့မယ်လို့
#စောင့်မနေပါနဲ့
ပိုမိုစွမ်းဆောင်နိုင်မှလုပ်ဆောင်တော့မယ်လို့
#စောင့်မနေပါနဲ့
အရာရာကို သဘောပေါက်နားလည်မှ
ယုံကြည်တော့မယ်လို့
#စောင့်မနေပါနဲ့

သင့်မှာ ရှိနေတဲ့အရာ
အနည်းအများကို မကြည့်ပဲ
ခရစ်တော်ထံသာ ပုံအပ်လိုက်ပါ၊
ခရစ်တော်တစ်ပါးတည်းသာ
လုပ်ဆောင်နိုင်တဲ့ အရာကို
ပြုလုပ်ခွင့် ပေးလိုက်ပါ။

ဘာကြောင့်လဲဆိုတော့
သင့်လက်ထဲမှာ သေးငယ်လွန်းတယ်လို့
ထင်နေရတဲ့ အရာဟာ
ခရစ်တော် လက်တော်ထဲရောက်သွားရင် အံ့ဩဖွယ်ရာ အရာတစ်ခု ဖြစ်လာနိုင်လို့ပါ။

သင့်ရဲ့ အကန့်အသတ်ဟာ
ခရစ်တော်တွက်
အကန့်အသတ် မဟုတ်ပါဘူး။

လူငယ်လေးကတစ်ယောက်
ပိုင်ဆိုင်ထားတဲ့
#မုန့်ငါးလုံးနဲ့ငါးနှစ်ကောင် က
ခရစ်တော်ရဲ့ လက်ထဲ
ရောက်သွားတဲ့အခါမှာတော့
လုံလောက်သည်ထက်ပင်
ပိုမိုတိုးပွါးသွားခဲ့ပါတယ်။ အာမင်။

“ယေ​ရှု​သည် #မုန့်​ငါး​လုံး​နှင့်ငါး​နှစ်​ကောင်
ကို​ ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊
ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍
လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​
တို့​အား ပေး​တော်​မူ၏။ လူ​အ​ပေါင်း​တို့​သည်
စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​
အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍
တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။”
‭‭ရှင်လုကာ‬ ‭၉:၁၆-၁၇




Good Soil Seminar 🌱🇻🇳 HIC Vietnam အသင်းတော်သို့ ဘုရားရှင်အထူးပို့ဆောင်ပေးခြင်းအားဖြင့် ရောက်ရှိလာသော Rev. Kim Mang မှ Go...
26/08/2026

Good Soil Seminar 🌱

🇻🇳 HIC Vietnam အသင်းတော်သို့ ဘုရားရှင်အထူးပို့ဆောင်ပေးခြင်းအားဖြင့် ရောက်ရှိလာသော Rev. Kim Mang မှ Good Soil (ကောင်းသောမြေ) ခေါင်းစဉ်ဖြင့် Seminar ပြုလုပ်မည်ဖြစ်ရာ ဝိညာဉ်ကောင်းကြီးအဖို့ နှုတ်ကပတ်တော်ခံယူခြင်းနှင့်အတူ အထူးဆုတောင်းခံလိုသူ မည်သူမဆို လာရောက်ပါဝင်နိုင်ပါရန် ဟိုချီမင်းမြို့၌ ရှိနေကြသော ယုံကြည်သူ မိသားစုဝင်များအား ယေရှုနာမ၌ နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။

Date : 27 Aug, 2026 (Thursday)
Time : 2:00 PM - 5:00 PM
📍 11 đường 35, Tân Thuận, Hồ Chí Minh.

Date : 28 Aug, 2026 (Friday)
Time : 2:00 PM - 5:00 PM
📍Vinhomes Grand Park, S1.06, Long Thanh My, District 9, Ho Chi Minh.

📞 Contact - 0337146575, 0387748807

*** Good Soil Seminar ပြုလုပ်မည့် (၂)ရက်တာလုံးတွင် ညနေစာကို အသင်းတော်မှ ပြင်ဆင်ပေးထားပါသည်။


🇻🇳 HIC Vietnam အသင်းတော်၏ Weekly Home Cell (On-Site) အစီအစဉ်တွင် နှုတ်ကပတ်တော်ကို အတူတကွ လာရောက်ပါဝင်၍ ခွန်အားယူနိုင်ပါရ...
26/08/2026

🇻🇳 HIC Vietnam အသင်းတော်၏ Weekly Home Cell (On-Site) အစီအစဉ်တွင် နှုတ်ကပတ်တော်ကို အတူတကွ လာရောက်ပါဝင်၍ ခွန်အားယူနိုင်ပါရန် ယေရှုနာမ၌ နွေးထွေးစွာဖြင့် ခေါ်ဖိတ်အပ်ပါသည်။

District 7 Home Cell (Every Thursday Night)
27 Aug, 2026
Time - 6:00 PM - 7:00 PM
📍 11 đường 35, Tân Thuận, Hồ Chí Minh.
Contact - 0869095834

VinHomes Home Cell (Every Friday Night)
28 Aug, 2026
Time - 7:00 PM - 8:00 PM
📍Vinhomes Grand Park, S1.06, Long Thanh My, District 9, Ho Chi Minh.
Contact - 0337146575


ကျွန်တော်တို့ အများစုဟာ မနက် မိုးလင်းတာနဲ့ဖုန်းကိုကြည့်တာ၊ အချိန်ကိုကြည့်တာ၊ဒီနေ့လုပ်ရမယ့်အလုပ်တွေကို စဉ်းစားတာနဲ့တစ်နေ့...
26/08/2026

ကျွန်တော်တို့ အများစုဟာ
မနက် မိုးလင်းတာနဲ့
ဖုန်းကိုကြည့်တာ၊ အချိန်ကိုကြည့်တာ၊
ဒီနေ့လုပ်ရမယ့်အလုပ်တွေကို စဉ်းစားတာနဲ့
တစ်နေ့တာကို စတင်လေ့ရှိကြပါတယ်။

ဒါပေမဲ့ အချိန် ခဏလေးပေးပြီး
ဒီမေးခွန်းကို မေးဖို့မေ့နေတတ်ကြပါတယ်..
“ငါ ဒီနေ့မနက် ဘာကြောင့် နိုးထလာရတာလဲ”

ဆာလံကျမ်း အခန်းကြီး ၃ ကို
ဒါဝိဒ်ရေးသားတဲ့အချိန်မှာ သူ့ဘဝဟာ
ငြိမ်းချမ်းနေခဲ့တာ မဟုတ်ပါဘူး။
သူ့ရဲ့သား အဗရှလုံက ပုန်ကန်နေခဲ့တယ်။
သူ့နိုင်ငံတော် ပြိုလဲနေခဲ့တယ်။
ရန်သူတွေက ဝိုင်းရံနေခဲ့တယ်။
အနာဂတ်ကလည်း မရေမရာ
ဖြစ်နေခဲ့ပါတယ်။

လူ့အမြင်နဲ့ကြည့်ရင်တော့
ကြောက်ရွံ့တုန်လှုပ်ပြီး
အိပ်မပျော်နိုင်လောက်အောင်
အကြောင်းပြချက်တွေ
အများကြီးရှိနေပါတယ်။

ဒါပေမဲ့ ဒါဝိဒ်က ဆာလံ‬ ‭၃:၅ မှာ
“ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ​
သော​ကြောင့်၊ ငါ​သည် အိပ်၍​ပျော်​ခြင်း​
အ​ခွင့်​နှင့် နိုး​ခြင်း​အ​ခွင့်​ရှိ၏” လို့
ဆိုခဲ့ပါတယ်။

ဒါဝိဒ်ဟာ သူနိုးထလာရခြင်းဟာ
သူ့ရဲ့ ခွန်အား အစွမ်းအစကြောင့်
ပြန်လည် နိုးထလာခြင်းမဟုတ်ဘဲ
ဘုရားသခင်က တစ်ညလုံး
သူ့ကို ကွယ်ကာစောင့်ရှောက်ပြီး
နေ့သစ်တစ်ခုထဲကို ပြန်လည်
ခေါ်ဆောင်ပေးခဲ့တယ်ဆိုတာကို
သူအနေနဲ့ သိရှိနားလည်ခဲ့တာပါ။

ကျွန်တော်တို့လည်း ….
ဘုရားသခင် မစစောင့်ရှောက်ခဲ့လို့ သာ
နိုးထလာရတာပါ။
#နှလုံးဆက်လက်ခုန်နေတာ
#အသက်ဆက်လက်ရှုနေတာ
#ဒီနေ့သစ်ကိုမြင်တွေ့ခွင့်ရတာ
ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့
ကျေးဇူးတော် ကရုဏာနဲ့
မစခြင်းသက်သက်ကြောင့်ပါပဲ။

ဒါဝိဒ်က ‭‭ဆာလံ‬ ‭၃:၆မှာ
“ငါ့​ကို​ရန်​ဘက်​ပြု၍ ဝန်း​ရံ​သော​သူ
အ​ထောင်​အ​သောင်း​ကို ငါ​မ​ကြောက်​ဘဲ​
နေ​မည်။”လို့ ဆက်လက် ဝန်ခံခဲ့ပါတယ်။

သူ့အခြေအနေတွေ
ပြောင်းလဲသွားလို့ မဟုတ်ပါဘူး။
ရန်သူတွေ ရှိနေဆဲပါ။
အန္တရာယ်တွေလည်း ဝိုင်းရံနေဆဲပါ။

ဒါပေမဲ့ သူ့ရဲ့ ယုံကြည်ခြင်းက
သူ့ကို မစစောင့်ရှောက်ခဲ့တဲ့
သစ္စာရှိသော ဘုရားသခင်ပေါ်မှာပဲ
တည်ရှိနေခဲ့လို့သာ ဝန်ခံနိုင်ခဲ့တာပါ။

ဒီနေ့မှာ သင်လည်း
ဘယ်သူမှ မမြင်နိုင်တဲ့
ဝန်ထုပ်ဝန်ပိုးတွေနဲ့ နိုးထလာတာ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…
#မရေရာမှုတွေ
#ဝမ်းနည်းမှုတွေ
#ငွေကြေးဖိအားတွေ
#ကျန်းမာရေးအခက်အခဲတွေ
#မနက်ဖြန်အတွက်စိုးရိမ်မှုတွေ

သို့သော်….
ဒီနေ့သစ်မှာလည်း
ဘုရားသခင်က သင့်ကို
ကူညီမစဖို့
သင့်နံဘေးမှာ ရှိနေပါတယ်။

ဒီနေ့သစ်ဟာ…
ဘုရားသခင်ကို ပိုသိဖို့၊ ပိုကိုးစားဖို့၊
သူ့ရဲ့ ဘုန်းတော်အတွက်
ဆက်လက်အသက်ရှင်ဖို့အတွက်
ကျေးဇူးတော်အားဖြင့် ရရှိတဲ့
အခွင့်အရေးသစ်တစ်ခုပါ။

ဒါကြောင့် ဒီနေ့သစ်ကို
စိုးရိမ်ခြင်းနဲ့ မစတင်ပါနဲ့။
ကျေးဇူးသိတတ်တဲ့ နှလုံးသားနဲ့
စတင်လိုက်ပါ။

မနေ့က သစ္စာရှိခဲ့တဲ့ ဘုရားသခင်ဟာ
ဒီနေ့မှာလည်း သစ္စာရှိနေဆဲပါ။ အာမင်။




သင် ရင်ဆိုင်နေရတဲ့အချို့သော တိုက်ပွဲတွေဟာသင့်ကို ပိုမိုအားနည်းသွားစေဖို့ ရောက်လာတာမဟုတ်ပါဘူး။ဘုရားသခင်က သင့်အထဲမှာ ထည့်ပ...
25/08/2026

သင် ရင်ဆိုင်နေရတဲ့
အချို့သော တိုက်ပွဲတွေဟာ
သင့်ကို ပိုမိုအားနည်းသွားစေဖို့
ရောက်လာတာမဟုတ်ပါဘူး။

ဘုရားသခင်က သင့်အထဲမှာ
ထည့်ပေးထားပြီးသားဖြစ်တဲ့
ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊
ဇွဲရှိခြင်းနဲ့ သူ့ကို မှီခိုတတ်ခြင်းတွေကို
ဖော်ထုတ်ပေးဖို့ ရောက်လာတာ
ဖြစ်နိုင်ပါတယ်။

ဘဝက သက်တောင့်သက်သာ
ရှိနေတဲ့အချိန်မှာ လူတိုင်း
#ယုံကြည်နိုင်ကြပါတယ်
#ချီးမွမ်းနိုင်ကြပါတယ်
#ကိုးကွယ်နိုင်ကြပါတယ်
#ဆုတောင်းနိုင်ကြပါတယ်

ဒါပေမဲ့…
နာကျင်မှုတွေကြားကနေ ဆုတောင်းနိုင်ဖို့၊
ဘယ်သူမှ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို
သယ်ဆောင်နေရစဉ်မှာပင်
ဆက်လက်ယုံကြည်နိုင်ဖို့ဆိုတာ
ခိုင်မာတဲ့ ယုံကြည်ခြင်း လိုအပ်ပါတယ်။

ရန်သူစာတန်ကတော့ ဒီဖိအားတွေက
သင့်ကို ဖျက်ဆီးပစ်နိုင်မယ်လို့
ထင်ကောင်းထင်ပါလိမ့်မယ်။
ဒါပေမဲ့ ဘုရားသခင်ကတော့
သင့်ကို ဖျက်ဆီးဖို့မဟုတ်ဘဲ၊
ပိုမိုခိုင်မာလာစေဖို့ ဒီအရာတွေကို
အသုံးပြုတာ ဖြစ်ပါတယ်။

သင် ကျခဲ့ရတဲ့မျက်ရည်တွေ
စောင့်ဆိုင်းခဲ့ရတဲ့ အချိန်တွေ
ဘယ်သူမှမသိတဲ့ ရုန်းကန်မှုတွေဟာ
သင့်အထဲမှာ သည်းခံခြင်း၊ ယုံကြည်ခြင်းနဲ့
ဝိညာဉ်ရေးရာခိုင်မာမှုတွေကို
တည်ဆောက်ပေးနေတာပါ။

သင့်ကို ကျိုးပဲ့ကြေမွစေခဲ့တဲ့ အရာတွေဟာ
သင့်ရဲ့တန်ဖိုးကို သတ်မှတ်ပေးတာ
မဟုတ်ပါဘူး။ အဲဒီအရာတွေနဲ့
သင့်ကို သန့်စင်စိစစ်ပြီး ယုံကြည်ခြင်းမှာ
ပိုမိုခိုင်မာတဲ့သူတစ်ယောက် ဖြစ်လာစေဖို့
ဘုရားသခင် အသုံးပြုနေတဲ့ လုပ်ငန်းစဉ်
တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။

ဘုရားသခင်ဟာ သင့်ရဲ့
နာကျင်မှုကို ခွန်အားအဖြစ်သို့၊
သင့်ရဲ့ ဒဏ်ရာတွေကို
သက်သေခံချက်အဖြစ်သို့၊
သင့်ရဲ့ ရုန်းကန်မှုနဲ့ လွတ်မြောက်ခြင်းကို
အခြားသူတွေ ဆက်လက်လျှောက်လှမ်း
နိုင်ဖို့ အားပေးမယ့် သက်သေအဖြစ်သို့
ပြောင်းလဲပေးနိုင်ပါတယ်။

သင် ကျခဲ့တဲ့ မျက်ရည်တွေက
အချည်းနှီးမဟုတ်ပါဘူး…..။
သင် စောင့်ဆိုင်းခဲ့ရတဲ့ အချိန်တွေကလည်း
အချည်းနှီးမဟုတ်ပါဘူး…..။

ဘုရားသခင်ဟာ သင့်ကို ဖျက်ဆီးဖို့
ဒီတိုက်ပွဲတွေထဲမှာ ထားထားတာ
မဟုတ်ပါဘူး။ ပိုမိုခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့
သူ့ကို ပိုမိုသိကျွမ်းတဲ့သူတစ်ယောက်
ဖြစ်လာစေဖို့ တည်ဆောက်နေတာဖြစ်ပါတယ်။

ဒါကြောင့်…
#ဒဏ်ရာတွေနဲ့နာကျင်နေစဉ်မှာတောင်
ဆုတောင်းနိုင်သေးတယ်ဆိုရင်….
#စောင့်ဆိုင်းနေရစဉ်မှာတောင်
ကိုးကွယ်နိုင်သေးတယ်ဆိုရင်….
#ကြေမွပျက်စီးနေချိန်မှာတောင်
ဘုရားသခင်ကို ဆက်လက်ယုံကြည်
နိုင်သေးတယ်ဆိုရင်….
သင်ဟာ #အားနည်းနေသူမဟုတ်ပါဘူး
သင်ဟာ တိုက်ပွဲတွေကြားမှာ
တည်ဆောက်ခံနေရသူ ဖြစ်ပါတယ်။

ဒီနေ့ သင်ကျော်ဖြတ်နေရတဲ့
တိုက်ပွဲတွေဟာ တစ်နေ့မှာ သင့်အတွက်
သက်သေခံချက်တွေ လာမှာပါ။ အာမင်။

“ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​
ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​
ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊
အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်
တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​
စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု
မှတ်​ကြ​လော့”(ရှင်ယာကုပ်‬ ‭၁:၂-၃)။




📖 HIC Vietnam Online Home Cell 🇻🇳Shalom!HIC Vietnam အသင်းတော်၏ အင်္ဂါနေ့ညတိုင်းတွင် ပြုလုပ်လျက်ရှိသော Online Home Cell ၌...
24/08/2026

📖 HIC Vietnam Online Home Cell 🇻🇳

Shalom!
HIC Vietnam အသင်းတော်၏ အင်္ဂါနေ့ညတိုင်းတွင် ပြုလုပ်လျက်ရှိသော Online Home Cell ၌ အတူတကွ နှုတ်ကပတ်တော် ခံယူ၍ ဝိညာဉ်ခွန်အား ရယူနိုင်ရန် အယောက်စီတိုင်းကို နွေးထွေးစွာ ဖိတ်ခေါ်ပါသည်။

Word of God - Rev. Kairos Kim
Worship - Hau Pi

📅 Date - 25 Aug, 2026 (Tuesday)

🕖 Time Zone
🇻🇳 7:00 PM | 🇸🇬 8:00 PM | 🇲🇲 6:30 PM

👨🏻‍💻 Meeting ID : 956 917 1171
Passcode : hicvietnam



ကြောက်ရွံ့ခြင်းဆိုတာ  #ဒါတွေဖြစ်သွားရင် လို့ တွေးတာဖြစ်ပြီး၊ယုံကြည်ခြင်းဆိုတာက #ဒါတွေဖြစ်လာရင်တောင်မှ  လို့ အခိုင်အမာရပ်...
24/08/2026

ကြောက်ရွံ့ခြင်းဆိုတာ
#ဒါတွေဖြစ်သွားရင် လို့
တွေးတာဖြစ်ပြီး၊
ယုံကြည်ခြင်းဆိုတာက
#ဒါတွေဖြစ်လာရင်တောင်မှ လို့
အခိုင်အမာရပ်တည်တာ ဖြစ်ပါတယ်။

ကြောက်ရွံ့ခြင်းဟာ အမြဲတမ်း
#ဒါတွေဖြစ်သွားရင်ဘယ်လိုလုပ်မလဲ လို့
မေးခွန်းထုတ်လေ့ရှိတယ်။
#ငါကျရှုံးသွားခဲ့ရင်ရော
#ငါအဆင်မပြေရင်ရော
#ငါဆုံးရှုံးသွားရင်ရော

ဒါဟာ မဖြစ်သေးတဲ့
အကြောင်းအရာတွေကို
ကျွန်တော်တို့ရဲ့စိတ်ထဲမှာ
ပြည့်နှက်စေပြီး ဒီနေ့မှာ ရှိနေတဲ့
ငြိမ်သက်ခြင်းကို တိတ်တဆိတ်
ခိုးယူသွားတတ်ပါတယ်။

#ဒါတွေဖြစ်သွားရင် ဆိုတာကို
ပိုပြီး တွေးလေလေ၊ လွန်ခဲ့တဲ့
အချိန်ကာလ တစ်ခုချင်းစီတိုင်းမှာ
ကျွန်တော်တို့ကို ကူညီမစခဲ့တဲ့
ဘုရားသခင်ရဲ့ ကျေးဇူးတရားတွေကို
ပိုပြီး မေ့လျော့သွားလေလေပါပဲ။

ယုံကြည်ခြင်းကတော့
ခြားနားတဲ့ စကားကို ပြောပါတယ်။
အဲဒါကတော့….
#ဒါတွေဖြစ်လာရင်တောင်မှ
ဆိုတာပဲဖြစ်တယ်။
ငါ မျှော်လင့်ထားတာထက်….
#အဖြေရဖို့ကြာသွားရင်တောင်မှ
#တံခါးတွေပိတ်သွားရင်တောင်မှ
#အနာဂတ်ခရီးမသေချာသေးရင်တောင်မှ
ငါ ဘုရားသခင်ကို ဆက်လက်
ယုံကြည်ကိုးစားသွားမယ်။

အကြောင်းကတော့…
ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းဟာ
ကျွန်တော်တို့ရဲ့ အခြေအနေတွေပေါ်မှာ
မူတည်မနေသလို၊ ဘဝက
ခက်ခဲလာခဲ့ရင်တောင်မှ ဘုရားသခင်ရဲ့
သစ္စာရှိခြင်းက ပြောင်းလဲမသွားလို့ပါပဲ။

ထို့အတူ အကြီးမားဆုံးသော
သက်သေခံချက်အများစုဟာ
#ဒါတွေဖြစ်သွားရင် ဆိုတဲ့
စိုးရိမ်စိတ်တွေကို အရှုံးမပေး၊ ဝန်မခံဘဲ
#ဒါတွေဖြစ်လာရင်တောင်မှ ဆိုတဲ့
ယုံကြည်ခြင်းကို ရွေးချယ်ခဲ့ကြတဲ့
သူတွေဆီကနေပဲ ပေါ်ထွက်လာတာ
ဖြစ်ပါတယ်။

မနက်ဖြန်မှာ ဘာတွေဖြစ်လာမလဲ၊
ဘယ်လိုအခြေအနေတွေနဲ့
ရင်ဆိုင်ရမလဲဆိုတာကို
ကျွန်တော်တို့ မသိနိုင်ပေမယ့်
အဲဒီမနက်ဖြန်ကို ဘုရားသခင်က
သိနှင့်ပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် မနက်ဖြန်ကို ကြိုသိဖို့ထက်
မနက်ဖြန်ကို သိပြီးသားဖြစ်တဲ့
ဘုရားသခင်ကို ယုံကြည်ဖို့ပဲ လိုအပ်တာပါ။

မနက်ဖြန် ဒါမှမဟုတ် အနာဂတ်မှာ
ဘာပဲဖြစ်လာပါစေ၊
ကျွန်တော်တို့ မရောက်သေးတဲ့နေရာကို
ဘုရားသခင်က ရောက်နှင့်ပြီးသား
ဖြစ်တယ်ဆိုတာကို ယုံကြည်လျက်၊
ဒီနေ့မှာ ဘုရားရှင်နဲ့အတူ တစ်လှမ်းချင်း
ဆက်လက် လျှောက်လှမ်းသွားဖို့ပါပဲ။

အမှန်တကယ် မနက်ဖြန်ကို
သိနှင့်ပြီးသား ဘုရားသခင်နဲ့အတူ
လျှောက်လှမ်းရင်
ကြောက်ရွံ့ခြင်း အတွေးတွေဖြစ်တဲ့
#ဒါတွေဖြစ်သွားရင် က
အားနည်းသွားပြီး
ယုံကြည်ခြင်းစကားဖြစ်တဲ့
#ဒါတွေဖြစ်လာရင်တောင်မှ က
ပိုမို အားကြီးလာမှာဖြစ်ပါတယ်။ အာမင်။

“ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။
နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။
ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော
အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏”
‭‭(ရှင်မဿဲ‬ ‭၆:၃၄)။




Address

Ho Chi Minh City
700000

Telephone

+84337146575

Website

Alerts

Be the first to know and let us send you an email when HIC Vietnam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share