Fr. Martin Ma Na Ling

Fr. Martin Ma Na  Ling This Page explains the Catholic Faith especially by Bible. Please Come and Learn for your knowledge. I am Catholic Defender of the Faith.

Salâi Ng'Kyuu Lawng အားပြန်ဖြေပေးခြင်း           တော်လှန်ရေးချိန် စစ်တိုက်ချိန် ရေးတာမို့ ကျမ်းစာမဟုတ်ဘူး ဘယ်သူပြောလဲ အဲ...
09/06/2026

Salâi Ng'Kyuu Lawng အားပြန်ဖြေပေးခြင်း

တော်လှန်ရေးချိန် စစ်တိုက်ချိန် ရေးတာမို့ ကျမ်းစာမဟုတ်ဘူး ဘယ်သူပြောလဲ အဲတာဆိုရင် ဒါဝိဒ်တို့ စစ်တိုက်ချိန်ရေးတဲ့ကျမ်းတွေပယ်ကြပေါ့။ စစ်တိုက်တယ်ဆိုတာက အလကားနယ်မြေလုဖို့ မဟုတ်ဘူး၊ သူတို့ဘုရားအစောကားခံရလို့ သူတို့ဗိမာန်တော် အစောကားခံရလို့ သူတို့ ဘာသာရေးထုံးကျင့်စဥ်တွေ ပိတ်ပင်ခြင်းခံရလို့ ဘုရားကိုတကယ်ချစ်ပြီး သူတို့ဂျူးဘာသာကို အသေခံတဲ့အထိ ချစ်ပြီး ဘုရားတန်ခိုးကြောင့် ဂရိတ်ဘုရင်ကို အနိုင်ယူပြီး သူတို့ ဗိမာန်တော်ကို ပြန်လည် ရယူ သန့်စင်ခြင်းလုပ်တဲ့ ယုဒ မက္ကဘီးဦးဆောင်တဲ့ အဖွဲ့နှင့် ဂျူးအားလုံးဖြစ်တယ်။ အဲလိုသူတို့ဗိမာန်တော်ပြန်သန့်စင် အပ်နှံတဲ့ပွဲကို ယေရှုကလည်း ကျင်းပခဲ့တာကို " ဆောင်းကာလဖြစ်၍ အကဲနိပွဲကို ယေရုရှလင်မြို့၌ ခံကြသော အခါ၊ (Joh 10:22) ယေရှုသည် ဗိမာန်တော်နား မှာ ရှောလမုန်ကနားပြင်၌ စြင်္ကံသွားတော်မူစဉ်တွင်၊ (Joh 10:23)"ဟုတွေ့ရတယ်။ ယေရှုက အဲပွဲကျင်းပချိန် နှစ်ပေါင်း (၁၉၀) ကြာလာခဲ့တာကို ဖျက်သိမ်းဖို့ မပြောခဲ့ပါ။ ဘာမှမသိဘဲမပြောစေချင်ဘူး။ ဂျာမနီနိုင်ငံ- အေဒီ (၁၅၁၉) မှာ သူ့အကြိုက်မဟုတ်လို့ ပယ်ခဲ့တဲ့ မာတင်လုသာကို မျက်စကန်း လိုက်မိတာလို့ ဝန်ခံပါ။ ကွယ်လွန်သူများ၏ ဝိညာဥ်များအတွက် ဆုတောင်းတယ်ဆိုတာက သူတို့ ဘုရားက မယုံကြည်လို့ ကယ်တင်ခြင်းကို ရဖို့ဆုတောင်းမဟုတ်ဘူး။ ကယ်တင်ခြင်းကို ရဖို့ ဆုတောင်းပေးကြတာ မဟုတ်ဘူး၊ ကယ်တင်ခြင်းကို ရပြီး အပြစ်ထပ်လုပ်ပြီးသေသူများ၏ ဝိညာဥ်က ကောင်းကင်မရောက်ခင် သန့်စင်ခံကြရမယ်လို့ ကျမ်းစာအရ သိရသဖြင့် ဘုရားသနားရန် ဘုရားသခင်အား အသနားခံပေးကြတာဖြစ်တယ်။ မာတင်လုသာမမွေးခင်ကတည်း BC 163 ကနေ ဂျူးတွေရော ခရစ်ယာန်များအားလုံးကရော ကွယ်လွန်သူများ၏ ဝိညာဥ်များအတွက် အထူးဆုတောင်းခဲ့တာသိပါ။ သင်းကွဲတွေက ဘာအခွင့်အာဏရလို့ ကျမ်းစာအဖြစ်ရှိလာပြီးသားကို ပယ်ပြီး ကျမ်းပယ်လို့ အရှက်မဲ့ခေါ်ကြတာလဲ။ ရှက်ကြသင့်တာပါပဲ။ ဘုမသိဘအသိနဲ့ မာတင်လုသာကိုပဲ နောက်လိုက် မနေ စေချင်ဘူးပျ။ ကိုယ့်အသိတရားနဲ့လေ့လာပါ။ Catholic Church & Orthodox Church အတွက်က မက္ကဘီဦးကျမ်းဟာ အခုထိ ကျမ်းစာပါပဲ။ လေ့လာစေချင်တယ်။

Fr. Martin

အခုထိ အားပေးလာသူအားလုံး အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်အားပေးကြပါနော်။ အချက်အလက်အရ Fr. Martin ကို Follow တဲ့အရေအတွက်ထက် Foll...
09/06/2026

အခုထိ အားပေးလာသူအားလုံး အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်အားပေးကြပါနော်။ အချက်အလက်အရ Fr. Martin ကို Follow တဲ့အရေအတွက်ထက် Follow မလုပ်ဘဲ အားပေးသူတွေက ပိုများတဲ့ အထူးကျေးဇူးတင်ပါတယ်။ အပန်းမကြီးရင်တော့ Follow ခြင်းဖြင့် ကူညီရန် တောင်းဆိုတယ်။

09/05/2026

"ခရစ်ယာန်မှာ သေလွန်သူများအတွက် ဆုတောင်းပေးလား"

မေး ။       ။ အဘယ်ကြောင့် ကက်သလစ်ကျမ်းစာတော်မြတ်၌ ကျမ်း(၇၃)စောင်ရှိရသနည်း။ဖြေ ။       ။ "ပရိုတက်စတင့်တို့၏ကျမ်းစာတော်မြတ...
09/05/2026

မေး ။ ။ အဘယ်ကြောင့် ကက်သလစ်ကျမ်းစာတော်မြတ်၌ ကျမ်း(၇၃)စောင်ရှိရသနည်း။
ဖြေ ။ ။ "ပရိုတက်စတင့်တို့၏ကျမ်းစာတော်မြတ်တွင် ကျမ်း(၆၆)စောင်ပါဝင်ပြီး ကက်သလစ်ကျမ်းစာတော်မြတ်တွင် ကျမ်း(၇၃)စောင်ပါဝင်ရခြင်းမှာ ပရိုတက်စတင့်များက တိုဘိဝတ္ထု (Tobit)၊ ဂျုဒစ်ဝတ္ထု (Judith)၊ ဘာရုပရောဖက်ကျမ်း (Baruch)၊ မက္ကာဘေးဦးသမိုင်း (ပထမတွဲ နှင့် ဒုတိယတွဲ) (1 and 2 Maccabees)၊ ဉာဏ်ပညာကျမ်း (Wisdom, or Wisdom of Solomon)၊ နီတိဒေသနာကျမ်း (Sirach, or Ecclesiasticus) တို့ကို လက်မခံသောကြောင့် ဖြစ်သည်။ ထိုဓမ္မဟောင်းကျမ်း(၇)စောင်ကို ကက်သလစ်တို့က "ဓမ္မဟောင်းတွဲဖက်ကျမ်း"များ (Deuterocanonical)ဟု ခေါ်ကြသည်။ ပရိုတက်စတင့်တို့ကမူ "အာပိုခရိပါ" (Apocrypha) ဟုလည်း သုံးနှုန်းတတ်ကြသည်။ (မြန်မာနိုင်ငံတွင် "အပယ်ခံကျမ်း"ဟု အသုံးရှိခဲ့ဖူးသည်။)
ထိုဓမ္မဟောင်းတွဲဖက်ကျမ်းများသည် ဘီစီ(၃)ရာစုခန့်က ဂရိဘာသာသို့ ပြန်ဆိုထားသောဓမ္မဟောင်းကျမ်း (Septuagint) တွင် ပါဝင်ကြသည်။ အဆိုပါဓမ္မဟောင်းကျမ်းသည် တမန်တော်ကြီးများနှင့် ၎င်းတို့နောက်ပိုင်းမျိုးဆက်များ အသုံးပြုခဲ့သည့် ကျမ်းစာတော်မြတ်လည်းဖြစ်သည်။ ဂရိဘာသာဖြင့် ရေးသားထားသော ဓမ္မဟောင်းကျမ်းများထဲမှ အစောဆုံးလက်ရေးမူများဖြစ်သည့် Codex Sinaiticus (fourth century) နှင့် Codex Alexandrinus (c. 450)တို့သည် အထက်ဖော်ပြပါဓမ္မဟောင်းများကို အခြားသော ကျမ်းများနှင့်အတူ ထည့်သွင်းထားကြသည်။
ခရစ်နှစ် ၃၉၃-ခုနှစ်တွင် ဟိပိုမြို့၌ ပြုလုပ်သော ခရစ် ယာန်သာသနာ့စည်းဝေးပွဲကြီးနှင့် ၃၉၇-ခုနှစ်နှင့် ၄၁၉-ခုနှစ်တို့တွင် ကာသေ့ချ်မြို့၌ ပြုလုပ်သောစည်းဝေးပွဲကြီးတို့က ဤကျမ်း(၇)စောင်ကို အခြားသောကျမ်း(၆၆)စောင်နှင့်အတူ ကျမ်းစာတော်မြတ်၌ ထည့်သွင်းအတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်ကို ကမ္ဘာလုံးဆိုင်ရာအသင်းတော်(Universal Church)ကလည်း လက်ခံခဲ့သည်။ (၁၆)ရာစုတွင် ထရင့်မြို့၌ ကျင်းပခဲ့သော ခရစ်ယာန် သာသနာ့စည်းဝေးပွဲကြီးကလည်း ထိုကျမ်းများကို အတည်ပြုပေးခဲ့သည်။
သို့ဖြစ်လျှင် အဘယ်ကြောင့် ပရိုတက်စတင့်တို့က အဆို ပါကျမ်းများကို ၎င်းတို့၏ကျမ်းစာတော်မြတ်ထဲမှ ထုတ်ပယ်ထား သနည်း။ အမှန်တကယ်တွင် ဩဇာတိက္ကမရှိသော ပရိုတက်စတင့် ပြုပြင်ရေးဝါဒီ မာတင်လူသာက ၎င်းတို့ကို ပယ် ဖျက်ခဲ့ခြင်းဖြစ်သည်။ သူသည် "ခရစ်ယာန်ယုံကြည်ခြင်းအတွက် ကျမ်းစာတော်မြတ်သည်သာ အဓိကကျသည်"ဟု အပြင်းအထန် သွန်သင်ခဲ့သော်လည်း သူ၏သွန်သင်ချက်ကို မထောက်ခံသော ကျမ်းချက်များရှိပါက ထိုကျမ်းချက်များပါဝင်သောကျမ်းများ၏ အရေးပါမှုကို ငြင်းဆိုလေ့ရှိသည်။
ဓမ္မဟောင်းတွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ၎င်းတို့အတွက် ယဇ်ပူဇော်ခြင်းများကို ထောက်ခံအားပေးသောကျမ်းပိုဒ်များပါဝင်ကြသည့်အပြင် ငရဲငယ်တည်ရှိ ကြောင်းကိုလည်း သွန်သင်ထားသည် (၂ မက္ကာ ၁၂း၃၉-၄၆)။ မာတင်လူသာသည် ဤရှေးဟောင်းသွန်သင်ချက်နှင့် အသင်းတော် ၏ကျင့်ကြံချက်များကို ပစ်ပယ်ကာ ထိုကျမ်းများကို ပရိုတက်စတင့် ကျမ်းစာတော်မြတ်အတွင်း ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။
ဓမ္မဟောင်းတွဲဖက်ကျမ်းများတွင် ပါဝင်သောကျမ်းများ သည် အခြားသောဓမ္မဟောင်းကျမ်းများနှင့် ရေးသားသည့်ပုံစံဆင် တူသည်။ ဉာဏ်ပညာကျမ်းနှင့် နီတိဒေသနာကျမ်းတို့သည် ပညာ အလိမ္မာကျမ်းနှင့်အတော်ပင်တူသည်။ တိုဘိဝတ္ထုသည် ယောဘ ဝတ္ထုကဲ့သို့ပင်ဖြစ်သည်။ ဂျုဒစ်ဝတ္ထုသည်လည်း အက်စတာဝတ္ထု နှင့်အလားသဏ္ဌာန်တူသည် (ဟေဗြေဦးအမျိုးသမီးသူရဲကောင်း နှစ်ဦးသည် မိမိတို့၏လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ကြသူများ ဖြစ်သည်)။ မက္ကာဘေးဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမ္မရာဇဝင်ဒုတိယစောင်-တတိယစောင်၊ ရာဇဝင်ချုပ်ပထမစောင်-ဒုတိယစောင်တို့ကဲ့သို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထား သောကျမ်းများဖြစ်ကြသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ဂျေရေမိယအနာဂတ္တိကျမ်း (Jeremiah)နှင့် အလားသဏ္ဌာန်တူသည်။
ဓမ္မသစ်ကျမ်းသည်လည်း ဓမ္မဟောင်းတွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များကို ကျမ်းချက်အတော်များများတွင် ထပ်တူနီးပါး ပြန်ပြောင်းပြောဆိုထားသည်။ ဥပမာ- ဗျာဒိတ်တော်ကျမ်း ၁း၄ နှင့် ၈း၃-၄ တို့သည် တိုဘိဝတ္ထု ၁၂း၅၁ ကို ကိုးကားထားဟန်ရှိ သည်။ ကော်ရိန့်သုဩဝါဒစာပထမစောင် ၁၅း၂၉ သည် မက္ကာ ဘေးဦးသမိုင်း ဒုတိယတွဲကို ရည်ညွှန်းဟန်ရှိသည်။ ဟေဗြေဦး ဩဝါဒစာ ၁၁း၃၅ သည် မက္ကာဘေးဦးသမိုင်းဒုတိယတွဲ ရး၂၉ ကို ပြန်လည်ထပ်ဟပ်ပြနေလေသည်။
(မျိုးကြဲသူ)

မကြာမီမျှော်ရန် မေးခွန်းတွေချန်ခဲ့နိုင်ပါကြောင်းပါ။ ကျေးဇူးပါ။
09/05/2026

မကြာမီမျှော်ရန်

မေးခွန်းတွေချန်ခဲ့နိုင်ပါကြောင်းပါ။ ကျေးဇူးပါ။

09/05/2026

"ကက်သလစ်အသင်းတော်ကို ဘယ်သူတည်ထောင်သလဲ" ဆွေးနွေးခြင်း/ ဘုန်းတော်ကြီး Fr. Marcian Kyaw

See the date & time!စောင့်မျှော်ပေးကြပါရန်
09/04/2026

See the date & time!

စောင့်မျှော်ပေးကြပါရန်

မကြာမီမျှော် (Updated)

(စနေမနက် ၈း၀၀ နာရီ - မြန်မာစံတော်ချိန်)

သူငယ်ချင်းတို့ရေ စာရေးဆရာ ဘုန်းတော်ကြီး Fr. Marcian Kyaw နှင့်အတူ ဒီအပတ် သောကြာနေ့မှာ ဆုံကြမယ်နော်

https://youtu.be/3jBvs1O5FaY
09/04/2026

https://youtu.be/3jBvs1O5FaY

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

09/04/2026

(၂၃) ကြိမ်မြောက်သာမန်တနဂ်နွေနေ့ကျမ်းစာထောက်ရှုခြင်း
(စက်တင်ဘာ ၆၊ ၂၀၂၆)

Address

3418 Kentucky 144
Bowling Green, KY
42303

Telephone

+12709910677

Website

Alerts

Be the first to know and let us send you an email when Fr. Martin Ma Na Ling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Fr. Martin Ma Na Ling:

Shortcuts

Share