07/10/2026
အပြစ်ကို ဖုံးကွယ်ထားလို့ မလွတ်မြောက်နိုင်ပါဘူး။ အပြစ်လုပ်မိတာကို ဖုံးကွယ်ထားခြင်းမဟုတ်ဘဲ၊ အပြစ်ကိုဝန်ခံပြီး ခရစ်တော်အားဖြင့် အသစ်သောဘဝကို ရရှိခြင်း ဖြစ်တယ်။ ဘဝမှာ အမှားလုပ်မိတာကို ဖုံးကွယ်ထားရင် အပြစ်က ပျောက်မသွားဘူး။
ဝန်ခံခြင်းက လွတ်မြောက်ခြင်းရဲ့အစ ဖြစ်တယ်။
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
သုတ္တံ ၂၈:၁၃
လူတွေက မင်းရဲ့အတိတ်ကို အမြဲမှတ်မိနေနိုင်ပေမယ့်။ဘုရားသခင်က နောင်တရပြီး ပြန်လာတဲ့သူကို ခွင့်လွှတ်နိုင်တယ်။အပြစ်ကို ဝန်ခံတဲ့သူကိုဘုရားသခင် ခွင့်လွှတ်တယ်။အမှားလုပ်မိရင် အမှားကို အမှားအတိုင်း ဝန်ခံပါ။အပြစ်ရှိရင် အပြစ်ကို ဖုံးကွယ်မထားပါနဲ့။ကိုယ့်ကိုယ်ကို မှန်ကန်သူလို ပြသဖို့ မကြိုးစားပါနဲ့။အပြစ်ကို ဖုံးထားရင်လူတွေရှေ့ မှာတော့ အဆင်ပြေသလို ဖြစ်နိုင်ပေမယ့်။နှလုံးသားထဲမှာတော့ ငြိမ်သက်ခြင်း ပျောက်ဆုံးလာတတ်တယ်။
ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
၁ ယောဟန် ၁:၉
ဘုရားသခင်က အပြစ်ကို ခွင့်လွှတ်ပေးတာဟာ
အတိတ်ထဲမှာပဲ နေဖို့မဟုတ်ဘဲ အသစ်သောဘဝကို လျှောက်ဖို့ပါ။အပြစ်က မင်းရဲ့အတိတ်ဖြစ်နိုင်တယ်။
ဒါပေမယ့် အပြစ်က မင်းရဲ့အနာဂတ် မဖြစ်သင့်ဘူး။လွတ်မြောက်ခြင်းရပြီးရင် အပြစ်ဆီ ပြန်မလှည့်
သင့်ဘူး။ဘုရားသခင်ကခွင့်လွှတ်ခြင်းပေးရုံနဲ့ မပြီးဘူး။အသက်တာကို ပြောင်းလဲဖို့လည်း ခေါ်တယ်။
ခွင့်လွှတ်ခြင်းဟာ အပြစ်ကို ဆက်လုပ်ဖို့ ခွင့်ပြုချက် မဟုတ်ဘူး။အသစ်သောဘဝကို စတင်ဖို့အခွင့်အရေး ဖြစ်တယ်။ မင်းရဲ့အပြစ်ထက် ဘုရားသခင်ရဲ့ကျေးဇူးတော်က ပိုကြီးတယ်။အပြစ်ကို ဖုံးထားခြင်းက ဒဏ်ရာကို ဖုံးထားခြင်းပဲ။ဝန်ခံခြင်းကတော့ ဒဏ်ရာကို ဘုရားသခင်ထံ အပ်နှံခြင်းဖြစ်တယ်။
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
၂ ကောရိန္သု ၅:၁၇
အပြစ်ကို သိပြီးနောက်အပြစ်ဆီကိုပဲ ပြန်ပြန်သွားနေရင်နောင်တဟာ စကားအဖြစ်ပဲ ကျန်နေမှာပါ။မင်းဘဝမှာ အမှားတွေရှိခဲ့နိုင်တယ်။နောင်တရစရာတွေရှိခဲ့နိုင်တယ်။လူတွေက မင်းကို အတိတ်နဲ့ အပြစ်ကိုတိုင်းတာနိုင်တယ်။ဒါပေမယ့် ဘုရားသခင်က မင်းကို အတိတ်နဲ့အပြစ်ကိုပဲ သတ်မှတ်ထားတာမဟုတ်ဘူး။အပြစ်က မင်းကို ချည်နှောင်နိုင်တယ်။အပြစ်ဝန်ခံခြင်းက တံခါးဖွင့်ပေးတယ်။ခရစ်တော်ရဲ့ကျေးဇူးတော်က လွတ်မြောက်စေတယ်။နောင်တနဲ့ယုံကြည်
ခြင်းက အသစ်သောလမ်းကို စတင်စေတယ်။စိတ်က လိုချင်တိုင်း မလုပ်ပါနဲ့။မျက်စိမြင်တိုင်း မလိုက်ပါနဲ့။
နှလုံးသားက ခေါ်တိုင်း မသွားပါနဲ့။
ဒါကြောင့် မင်းရဲ့အတိတ်ကိုကြည့်ပြီးငါ့အတွက် မျှော်လင့်ချက်မရှိတော့ဘူး လို့ မပြောပါနဲ့။အတိတ်မှာ မင်းဘယ်လောက်ကျရှုံးခဲ့တယ်ဆိုတာထက်ဘုရားသခင်ရဲ့ကျေးဇူးတော်က မင်းကို ပြန်ထူပေးနိုင်တာက ပိုအရေးကြီးတယ်။အပြစ်က မင်းရဲ့ဇာတ်လမ်းရဲ့ နောက်ဆုံးစာမျက်နှာ မဟုတ်ဘူး။
ခရစ်တော်ထံ ပြန်လာတဲ့နေ့ကစပြီးအသစ်သော စာမျက်နှာကို ဘုရားသခင် ဖွင့်ပေးနိုင်တယ်။
fans