04/07/2026
#ပြိတ္တာဖြစ်ပုံအကြောင်း_၁၂_မျိုး
ပြိတ္တာဖြစ်ပုံအကြောင်း(၁၂)မျိုး
=================
( ၁ ) ၀န္တာသပြိတ္တာ၊
ငတ်ပြတ်ဆာလောင်မွတ်သိပ်သလှဖြင့်သူတစ်ပါး
တို့၏
ချွဲကန်း, သလိပ်, တံတွေး, အန်ဖတ်, နှပ် တို့ကိုသာ
ကောက်ယူ စားသောက်နေရသော ပြိတ္တာမျိုး။
ရတနာသုံးပါးကိုပြစ်မှားတဲ့ပုဂ္ဂိုလ်၊
သူတော်ကောင်းများကို ပြစ်မှားတဲ့ပုဂ္ဂိုလ်၊
စားကြွင်း၊စားကျန် နှပ်,တံတွေးတို့ဖြင့် ပြစ်မှားတဲ့
ပုဂ္ဂိုလ်များဟာအလွန်အရုပ်ဆိုးပြီးသူတစ်ပါးရဲ့
အန်ဖတ်၊ နှပ်၊ တံ တွေးကို စားသောက်ရတဲ့
"၀န္တာသပြိတ္တာ"မျိုးဖြစ်တတ်၏။
( ၂ ) ကုဏပါသ ပြိတ္တာ၊
လူကောင်ပုပ်,ခွေးကောင်ပုပ်,မြွေကောင်ပုပ် စသော
အကောင်ပုပ်တို့ကိုသာစားသောက်နေရသည့်ပြိတ္တာမျိုး။
စက်ဆုပ်ဖွယ်ရာအရာဝတ္တုများကိုမရိုမသေပေးတတ်တဲ့
သူဟာအကောင်ပုပ်ကိုစားရတဲ့"ကုဏပါသပြိတ္တာ"
မျိုး
ဖြစ်တတ်၏။
( ၃ ) ဂူထ ခါဒက ပြိတ္တာ၊
မစင် ဘင်ပုပ်တို့ကိုသာစားသောက်နေရသောပြိတ္တာမျိုး။
သူတော်ကောင်းများရဲ့ အစာထဲ ရွံရှာဖွယ်တွေ
ထည့်ကျွေးတဲ့သူဟာ"ဂူထခါဒကပြိတ္တာ"မျိုးဖြစ်တတ်၏။
( ၄ ) အဂ္ဂိဇာလပြိတ္တာ၊
ခံတွင်းမှမီးလျှံထွက်၍ မီးကျီး မီးခဲတို့ကိုပင်
စားသောက်နေရသော ပြိတ္တာမျိုး။
ပူလောင်တဲ့အစာမျိုး မရိုမသေ ကျွေးခဲ့ဖူးလျှင်
"အဂ္ဂိဇာလပြိတ္တာ"မျိုး ဖြစ်တတ်၏။
( ၅ ) သုစိမုခပြိတ္တာ၊
ကိုယ်လုံးကြီးထွား၍လည်ပင်းရှည်ပြီးလျှင်
ခံတွင်းကား အပ်နဖားပေါက်မျှသာ ရှိသောကြောင့်
ရသောအစာကို နားပေါက် နှာခေါင်းပေါက်တို့မှ
သွတ်သွင်း စားသောက်ရသော ပြိတ္တာမျိုး။
သူတစ်ပါးအလှူပိတ်ပင်ဖူးသူဟာ"သုစိမုခပြိတ္တာ"မျိုး
ဖြစ်တတ်၏။
( ၆ ) တဏှာကပြိတ္တာ၊
ရေ အလွန် မွတ်သိပ်ခြင်းဖြင့် ဆင်းရဲခံနေရသော
ပြိတ္တာတမျိုး။
ဆိုးမိုက်တဲ့စိတ်ဖြင့် ရေတွင်း,ရေကန်များကို
ဖျက်ဆီးခဲ့ဖူးသူဟာ"တဏှာဋ္ဋိကပြိတ္တာ"မျိုးဖြစ်တတ်၏။
( ၇ ) သုနိဇ္ဈာမကပြိတ္တာ၊
မီးလောင်ငုတ်နှင့်တူသော ကိုယ်ရှိ၍ ဆိုးဝါးသော
ရုပ်အဆင်း,မကောင်းသောရနံ့ထွက်သောပြိတ္တာမျိုး။
သက်ကြီး-သူအိုတို့ကို မရိုမသေ မလေးမစား
ပြက်တိပြက်ချော် ပြုလုပ်ခဲ့ဖူးသူဟာ
"သုနိဇ္ဈာမကပြိတ္တာ"မျိုး ဖြစ်တတ်၏။
( ၈ ) သတ္ထင်္ဂပြိတ္တာ၊
ဓားသွား, ငါးမျှားချိတ်သွားနှင့်တူသော
လက်သည်းတို့ဖြင့် မိမိကိုယ်အင်္ဂါကိုကုတ်ဖဲ့၍
အသား အသွေးတို့ကိုသာစားသောက်ရသည့်ပြိတ္တာမျိုး။
မုဒိမ်းမှုကျူးလွန်သူများဟာ"သတ္ထင်္ဂပြိတ္တာ"ဖြစ်တတ်၏။
( ၉ ) ပဗ္ဗတင်္ဂပြိတ္တာ၊
တောင်ပမာဏ ရှိသော ကိုယ်မှ နေ့ညဉ့်မပြတ်
အခိုးထွက်နေသော ပြိတ္တာတမျိုး။
သူတစ်ပါးဆောက်လုပ်လှူဒါန်းတဲ့ ပြာသာဒ်၊ကျောင်း၊
သိမ် စသည်များကိုမီးတိုက်ဖျက်ဆီးခဲ့ဖူးသူဟာ
"ပဗ္ဗတင်္ဂပြိတ္တာ"မျိုး ဖြစ်တတ်၏။
( ၁၀ ) အဇဂရင်္ဂပြိတ္တာ၊
စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် နေ့ညဉ့်မပြတ်
လှည့်လည်သွားလာ၍ဒုက္ခခံနေရသောပြိတ္တာတမျိုး။
သူတစ်ပါးကြောက်အောင် ခြောက်လန့်ခဲ့ဖူးသူဟာ "အဇဂရင်္ဂပြိတ္တာ"မျိုး ဖြစ်တတ်၏။
( ၁၁ ) ဝေမာနိကပြိတ္တာ၊
ဒုက္ခတလှည့်,သုခတလှည့်စက်လည်၍အတည်မကျ
ခံစား နေရသော ပြိတ္တာမျိုး။
ကုသိုလ်ကောင်းမှုကို တစ်ဘက်ကပြုပြီး၊
တစ်ဘက်က အကျင့်ပျက်တဲ့ မိန်းမများဟာ
"ဝေမာနိကပြိတ္တာ"မျိုးဖြစ်တတ်၏။
( ၁၂ ) မဟိဒ္ဓိကပြိတ္တာ၊
ပြိတ္တာတို့အပေါ်၌ ကြီးမှူး နိုင်သော
တန်ခိုးအာဏာရှိသော်လည်းထမင်းအဖျော်တို့ကိုကား
မစားမသောက်ရသော ပြိတ္တာမျိုး။
တန်ခိုးကြီးပါလျှက်နှင့်ဘာကြောင့်ပြိတ္တာဘဝအှာ
ဖြစ်နေရသလဲဆိုတော့ ကုသိုလ်၊ အကုသိုလ်
ရောယှက်နေတဲ့ မိဿကံကြောင့်ဖြစ်၏။
သည်ပုဂ္ဂိုလ်ဟာ အစိုးရတဲ့အာဏာလည်းရှိတယ်။
ဥစ္စာပစ္စည်းလည်းပေါများတယ်။
ဒါကြောင့် ကျောင်းအရာမ်ဗိမာန်များကိုဆောက်လုပ်
လှူဒါန်းခဲ့တယ်။လှူဒါန်းပြီး ကျောင်းဒကာ၊ကျောင်းအမ
ဆိုတဲ့ဂုဏ်နှင့် ကျောင်းပစ္စည်းများကို မတရားသုံးစွဲ
စားသုံးခဲ့ဖူးတယ်။
ဒါကြောင့် သူသေတော့ တန်ခိုးကြီးသောပြိတ္တာ
" မဟိဒ္ဓိကပြိတ္တာ"မျိုး ဖြစ်တတ်သည်။
မှတ်ချက်။ ။ #ဝိနည်းပိဋက စသည်တို့၌လည်း
ထိုထို ပြိတ္တာတို့ ၏အသွင်အပြင်နေရပ်ဌာန
အစားအစာတို့ကိုစွဲ၍ မျိုးကွဲများစွာ လာသေး၏။
#မာဃဒေ၀လင်္ကာသစ်-၄၅၁/ ၄၅၂။
ဆဂတိဒီပနီကျမ်း။ လောကပညတ္တိကျမ်း။᠌᠌᠌
Credit * ရောင်စဉ်
ဝေလျံ ( ရွှေချိန်ခွင် ) copy မျှဝေသည်။
⚖️ ⚖️ ⚖️ ⚖️ ⚖️