Thar Yar Waddy Baptist Church

Thar Yar Waddy Baptist Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thar Yar Waddy Baptist Church, Baptist church, Singapore.

22/10/2025

လောကရဲ့ အကြားအမြင်အာရုံတွေ
ချွတ်ယွင်းမှုရှိနေခဲ့ရင်
လောကနဲ့ဆိုင်တဲ့ အရာတွေ
ခံစားခွင့်သာ ဆုံးရှုံးရလိမ့်မယ်၊

ဒါမယ့်

ဝိညာဉ်မျက်စိ၊ ဝိညာဉ်နားတွေ
ချွတ်ယွင်းမှုရှိသွားရင်တော့
အထက်အရာတွေ၊ ထာဝရအရာတွေကိုပါ
ဆုံးရှုံးသွားနိုင်ပါလား။

12/09/2025

ဆာ​လံ 141 : 3

အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာကင်းကို ထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို
စောင့်တော်မူပါ။

💛 နှုတ်ကထွက်လာတဲ့
စကားလုံးတိုင်းက
တစ်ပါးသူတွေတွက်
ထိခိုက်နာကျင်စရာတွေမဖြစ်စေဖို့
တစ်မိနစ်နဲ့ပြောပီးသွားတဲ့စကားက
တစ်သက်စာဒဏ်ရာတွေ
ဖြစ်မသွားစေဖို့ နှင့်
မိမိတို့နှုတ်ကထွက်လာတဲ့
စကားလုံးတွေက
မိမိတို့ကိုယ်တိုင်အတွက်ပင်
နာကျင်စရာတွေမဖြစ်မိစေဖို့
ကျမတို့ရဲ့နှုတ်ခမ်းတံခါးကို
သန့်ရှင်းသောဝိညာဥ်တော်ဘုရားအား
ပြုပြင်စောင့်ထိန်းခွင့်၊
ကင်းစောင့်ခွင့်ပေးရင်း
တနေ့တာလုံးကို ကျော်ဖြတ်ကြစို့။
ချစ်သောလေးများ💛

08/09/2025

ကိုယ်တော်ရဲ့အစပြုပေးခြင်းက
အဆုံးတိုင်အောင် လှပစေတယ်။
ရှင်သန်ခြင်းက ကိုယ်တော့်အဖို့လို့
ဝန်ခံထားတဲ့တနေ့မှာ
သင့်အားစွန့်ပစ်သူတွေ
​လှောင်ပြောင်သူတွေ​ကြောင့်
မယိုင်လဲပစ်လိုက်ပါနဲ့။
ကိုယ်တော့်ကိုသာအဆုံးတိုင်မျှော်ကြည့်ပါ။
သခင်၌သာထာဝရတိုင် လှပခြင်းတေရှိနေတာပါ။

💜✝💜

07/09/2025

ဘုရားသခင်ရဲ့ ပြင်ဆင်ပေးမှုကို
ယုံကြည်ခြင်းဖြင့် ဝန်ခံလျက်
ဘုရားသခင်ရဲ့ အလိုတော်တိုင်း
လက်တွေ့ကျင့်ကြံ
အသက်ရှင်သောသူရဲ့ဘဝမှာ
ဘုရားသခင်ပြင်ဆင်ပေးသော
အရာရာတိုင်းက လိုအပ်ချက်မရှိအောင်
အမြဲလုံလောက်ပြည့်လျှံလျက် ရှိနေပါတယ်။

အာမင်။

Address

Singapore
498805

Website

Alerts

Be the first to know and let us send you an email when Thar Yar Waddy Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category