29/04/2026
#107
ဘုရားသခင်လုပ်ဆောင်ပေးသော အံ့သြဖွယ်နမိတ်လက္ခဏာတွေဟာ သမ္မာကျမ်းစာထဲမှာ များစွာရှိပါတယ်။
ဘာမှမရှိတဲ့နေရာမှာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းခြင်း...
မုဆိုးမ သားမိရဲ့အိမ်မှာ ၃နှစ်ပတ်လုံး ဆီမကုန် မုန့်မကုန်စေခြင်း...
ပင်လယ်နီကို နှစ်ခြမ်းခွဲလျက် လမ်းဖြစ်စေခြင်း...
မုဆိုးမနဲ့ သားနှစ်ယောက်ရဲ့အိမ်မှာ ဆီကိုတိုးပွားစေခြင်း....
ကျောက်ထဲက ရေထွက်စေခြင်း...
မုန်း၅လုံးနဲ့ ငါး၂ကောင်အားဖြင့် လူများစွာကိုကျွေးမွေးခြင်း....
စသဖြင့် အမှုများစွာကို မြင်တွေ့ရပါတယ်။
ဒါဆိုရင် ယနေ့ခေတ်မှာရော... ဒါတွေရှိသေးလား...?
ဟုတ်ကဲ့ ဘုရားသခင်က အချိန်တိုင်း၊နေရာတိုင်း၊အခြေနေတိုင်းမှာ အလုပ်လုပ်နိုင်တဲ့ဘုရား၊ တတ်နိုင်တဲ့ဘုရားဖြစ်ပါတယ်။
သင်နဲ့ကျွန်ုပ်အသက်တာထဲမှာလည်း များစွာသောအမှုကိုပြုပေးနေပါတယ်။
ကျွန်တော်တို့ သတိမပြုမိလို့သာ မသိတာပါ။
ဆင်ခြင်သုံးသပ်ကြည့်ပါ။အသက်တာထဲမှာ ကိုယ်တကယ်မတတ်နိုင်တဲ့အရာတွေ ဖြစ်လာတာအများကြီးမှ အများကြီးပါ...။
God bless you
✍ Yaw Hoo Sar
29.4.2026