25/01/2026
📢 အသိပေးကြေညာချက် : DMC တရားရိပ်သာ၏ အွန်လိုင်းလျှောက်လွှာပုံစံသစ် (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်)
Announcement: English-Myanmar Version New Online Application Form for Meditation Retreat at DMC.
တရားချစ်ခင်မိတ်ဆွများခင်ဗျာ
DMC တွင် တရားအားထုတ်လိုသူများ အတွက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားသော တရားအားထုတ်ရင် အွန်လိုင်းလျှောက်လွှာပုံစံသစ် ထွက်ရှိပြီးဖြစ်ပြီး ၎င်းလျှောက်လွှာအသစ်ကို အား အောက်ပါလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုလျှောက်ထားနိုင်ပါသည်။
https://forms.gle/S7RvcHgENjh3ahbn8
အဆိုပါ လျှောက်လွှာပုံစံအတွင်း၌ DMC တွင် နေထိုင်၍ တရားအားထုတ်မည့်သူများ အတွက် စည်းကမ်းချက်များ၊ အချိန်ဇယား လုပ်ငန်းစဉ်များ ပါဝင်သော DMC တရားစခန်း လက်စွဲ (Handbook) ကိုလည်း တစ်ပါတည်း တွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ဤ အွန်လိုင်းလျှောက်လွှာပုံစံသစ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင် အသုံးပြုမည် ဖြစ်ပြီး ယခင်က စာရွက်ပေါ်တွင် ဖြည့်သွင်းခဲ့သော လျှောက်လွှာပုံစံဟောင်းကို ဆက်လက်အသုံးမပြုတော့ပါ။
DMC တွင် တစ်ညပင်ဖြစ်စေ တရားအားထုတ်နေထိုင်လိုသူ၊ ညအိပ်တည်းခိုလိုသူ ဘုရားဖူးများ၊ လာရောက်လည်ပတ်သူများ အားလုံးသည် မိမိ၏ခရီးစဉ် စီစဉ်ခြင်း မပြုမီ ဤလျှောက်လွှာပုံစံသစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး DMC၏ ခွင့်ပြုချက် ရရှိပြီးမှသာ လာရောက်ရန် လိုအပ်ပါသည်။
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက DMC ရိပ်သာ အုပ်ချုပ်ရေးမှူးရုံး ဖုန်း 010-222 1530 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နားလည်ပူးပေါင်းဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။ 🙏🏻🙏🏻🙏🏻
မေတ္တာဖြင့်၊
စီမံခန့်ခွဲရေး ကော်မတီ
BMSM-Pa Auk Dhammavijaya Meditation Centre, Dengkil
Dear Kalyana Mittas,
Sukhihotu!
We are pleased to announce the launch of our new English-Myanmar Version Meditation Retreat Application online form, available at this link
https://forms.gle/S7RvcHgENjh3ahbn8
Within the form, you will also find the DMC Retreat Handbook , which outlines the retreat schedule, rules and regulations for stay-in meditators at DMC.
This online application form will take effect of 20 January 2026 . We will no longer accept the previous version of printed registration form.
All devotees and visitors who wish to stay overnight at DMC, even for one (1) night , are required to submit in this form and wait for approval before making any travel arrangements.
For further enquiries and clarifications, kindly contact the Office Admin at 010-222 1530 .
Thank you for your cooperation and understanding 🙏🏻🙏🏻🙏🏻
With metta,
Management Committee
BMSM-Pa Auk Dhammavijaya Meditation Centre, Dengkil