Identity: Identify - Myanmar

Identity: Identify - Myanmar Bible For Youths

06/03/2026

မြန်မာနိုင်ငံကျမ်းစာအသင်း နှင့် မြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်တို့ပူး‌ေပါင်း ‌ေဆာင်ရွက်‌ေသာ လူငယ်များအတွက်ခွန်အားဖြစ်စေမည့် အထူးကျမ်းစာအုပ်ဖြစ်သည့် "ထူးခြားသောကိုယ်ပိုင်ဘ၀ပုံရိပ် " Identity: Identified စာအုပ်အား ပထမဆုံးအကြိမ် ဘာသာပြန်ထုတ်ဝေပြီး စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို
(၄.၃.၂၀၂၆)၊ ဗုဒ္ဓဟူးနေ့တွင် မက်သဒစ်အင်္ဂလိပ်အသင်းတော်(ရန်ကုန်) ၌ကောင်းမွန်စွာဖြင့်ပြုလုပ်နိုင်ခဲ့ပါသည်။

🎯 ရည်ရွယ်ချက်
ဤစာအုပ်၏ အဓိကရည်ရွယ်ချက်မှာ
ဘဝ၏ အရေးကြီးသော မေးခွန်းများကို သမ္မာကျမ်းစာဖြင့် ရင်ဆိုင်ကျော်လွှားနိုင်စေရန် နှင့် မိမိ၏ ဖြစ်တည်မှု (identity) ကို သိရှိစေရန်၊ ဘုရားသခင်က မိမိကို အဘယ်ကြောင့် ဖန်ဆင်းထားသနည်းကို နားလည်စေရန် ဖြစ်ပါသည်။

📖 အကြောင်းအရာ
ဤစာအုပ်သည် မြန်မာဓမ္မသစ်ကျမ်းစာ (ယုဒသန်မူ )/ ကက်သလစ်များအတွက် ကက်သလစ်ကျမ်းစာဖြင့်ထုတ်ဝေ ပြီး
လူငယ်များ နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော ပြဿနာများအတွက် ကျမ်းစာထဲမှခွန်အားယူဖို့ရန် ကိုက်ညီ‌ေသာကျမ်းပိုဒ်များကို အဝါရောင်ဖြင့်ထင်ရှားစွာ ဖော်ပြထားပါသည်။

🧭 အထူးလက္ခဏာများ
အကြောင်းအရာအလိုက် လူငယ်များရင်ဆိုင်နေရသောစိန်ခေါ်မှုအကြောင်းအရာ ၂၄ မျိုး ပါဝင်ပြီး
🪾အထီးကျန်မှု
🪾စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု
🪾မိတ်ဆွေဖိအား (peer pressure)
🪾ငြင်းပယ်ခံရခြင်း
🪾အွန်လိုင်းအနိုင်ကျင့်ခံရခြင်း
🪾ကိုယ်ပိုင်ဘ၀ပုံရိပ်နှင့် (identity) ဆိုင်ရာ မေးခွန်းများ စသည့် လူငယ်များ ကြုံတွေ့ရသော အခြေအနေများကို ဆွေးနွေးထားပါသည်။

🔎 Identity: Identified သည် ပုံမှန်ကျမ်းစာတစ်အုပ်သာမက
👉 လူငယ်များအတွက် အထူးပြင်ဆင်ထားသော ဓမ္မသစ်ကျမ်းစာ
👉 ဘဝညွှန်ကြားမှုနှင့် ဝိညာဉ်ရေးရာအားပေးမှု ပေါင်းစပ်ထားသော စာအုပ် ဖြစ်ပါသည်။

စာအုပ်အတွင်း QR Code များ ပါဝင်ပြီး၊ Scan ဖတ်ကာ ကိုယ်တိုင်ရင်ဆိုင်ကြုံ‌တွေ့ခဲ့ရ‌သော သူများမှ မိမိတို့၏ ဘဝအတွေ့အကြုံများကို မျှဝေထားသည့် ဗီဒီယိုများကို မြန်မာဘာသာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်။

21/01/2026

Catholic Bible Version and Myanmar Bible (Judson Version)

20/01/2026

Identity: Identify - Myanmar

Address

Sule Pagoda Road
Yangon
11181

Website

Alerts

Be the first to know and let us send you an email when Identity: Identify - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share