MBC CCD

MBC CCD Brief Background History. From 2015, this department mainly focuses on information services of the MBC and the Language and Regional Conventions.

Christian Communication Department (CCD)

VISION
# To establish strong genuine fellowship between God and human being.
# To Strengthen positive communications prevalent amongst people. MISSION
# To implement information services of the Myanmar Baptist Convention (MBC) efficiently and effectively.
# To provide necessary assistance to the Myanmar Baptist Convention (MBC), its department and related

ministries.
# To extend partnerships towards greater facilitations and services. OBJECTIVES
# To provide effective timely assistance for mission, ministries and evangelisation
encourage and facilitate all Language and Regional Conventions establishing their own communication department in order to maximize the impact.
nature and produce matured skillful Christian Communicators more.
# To extend partnerships for better services and sustainability. Since 1948-49, Christian Audio-Visual ministry we started by the American missionaries in Myamar (Burma) Later "Christian Radio and Audio Visual Aid Board - CRAVAB" was formed by Myanmar Christian Council based in Mandalay for operations. In 1976, Burma Baptist Convention initiated the Cassette Ministry (4) years project under the Christian Education Department, Audio Visual Ministry. In 1980, Burma Baptist Convention launched (10) years mission project, but in 1987 it became the Audio Visual and Information Ministry over-sighted by the Audio Visual and Information Committee. In 1993, this part of the MBC ministries become Audio Visual and Communication Department in order to be compatible with current situations of the country.

၂၀၂၆ခုနှစ် သမ္မာကျမ်းစာနေ့    "ဖတ်ရွတ်ပါသမ္မာကျမ်းစာ"တေးရေး ။ ဆရာမ နီချင်းခိုင်တေးဆို။ ။ ဘီလေး၊ ရုန်းရုန်       + သမ္မာက...
18/08/2026

၂၀၂၆ခုနှစ် သမ္မာကျမ်းစာနေ့

"ဖတ်ရွတ်ပါသမ္မာကျမ်းစာ"

တေးရေး ။ ဆရာမ နီချင်းခိုင်
တေးဆို။ ။ ဘီလေး၊ ရုန်းရုန်

+ သမ္မာကျမ်းစာ ဖတ်ရွတ် ဖတ်ရွတ်ပါ
နေ့ရက်တိုင်း လိုက်လျောက်မှာ..

++ သမ္မာကျမ်းစာ မိန့်ကြား ချစ်ကြပါ
အချင်း ချင်းချစ် ချစ်ကြမှာ

CHO- ပညတ်တော်စကား အမြဲလိုက်နာပါ
ဂတိတော်စကား ပြည့်စေမှာ
သမ္မာကျမ်းစာ သမ္မာ သမ္မာကျမ်းစာ
ဖတိရွတ်ပြီး လိုပ်ရှောက်ပါ...

၂၀၂၆ ခုနှစ် သမ္မာကျမ်းစာနေ့ "ဖတ်ရွတ်ပါသမ္မာကျမ်းစာ"တေးရေး ။ ဆရာ...

Bible Sunday ဖြစ်ပေါ်လာပုံ ၁၈၀၀ ခုနှစ်၊ အဂ်လန်နိုင်ငံ၊ ဝေလနယ် အလွန်ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာကလေးက (၈)နှစ်အရွယ် မေရီဂျ...
16/08/2026

Bible Sunday ဖြစ်ပေါ်လာပုံ

၁၈၀၀ ခုနှစ်၊ အဂ်လန်နိုင်ငံ၊ ဝေလနယ် အလွန်ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာကလေးက
(၈)နှစ်အရွယ် မေရီဂျုံးဟာကျမ်းစာကို
အရမ်းစိတ်ဝင်စားနေပါတယ်။

သူမဟာ ကိုယ်ပိုင်ကျမ်းစာအုပ်မရှိလို့ တစ်ရွာလုံးမှာ တစ်အုပ်ထဲသာရှိတဲ့ ဘုရားကျောင်းမှာ တန်းစီပြီးသွား‌ဖတ်‌ရပါတယ်။

ကိုယ်ပိုင်လိုချင်လွန်းလို့ သူ့မေမေကိုပူဆာခဲ့ပေမယ့် ငါတို့ မိသားစုတောင်မှ ဆင်းရဲလွန်းလို့၊ ထမင်းတောင်နပ်မှန်အောင် မနဲစားနေရတဲ့အချိန်မှာ ဈေးကြီးတဲ့ ကျမ်းစာအုပ်ကို မဝယ်ပေးနိုင်ပါဘူး ... လို့ ပြောတော့ မေရီလေးဟာ ငိုကြွေးခဲ့ရပါတော့တယ်။

(၁၀)နှစ်အရွယ်မှာ မေရီဘုရားသခင်ကို ကျမ်းစာအုပ်လိုချင်ကြောင်း ညတိုင်း ဆုတောင်းခဲ့ပြီး၊ (၁၀)နှစ်အရွယ်မှာ စုဘူးလေး စလုပ်ခဲ့ပါတယ်။ တောထဲတောင်ထဲ ပျားရည်ရှာပြီး၊ ပျားရည် လှည့် ပတ်ရောင်းရင်း ၆နှစ်တာမျှ ပိုက်ဆံစုဆောင်းခဲ့ရပါတယ်။

(၆)နှစ်ပိုက်ဆံစုပြီး‌နောက် (၁၆)နှစ်အရွယ် သမီးလေး မေရီဟာ အနီးအနားမှာ ကျမ်းစာဝယ်ဖို့စုံစမ်းတော့ မရှိနေခဲ့ပါဘူး။

ဒါပေမဲ့ သူမဟာ လုံးဝ စိတ်မပျက်ပါဘူး။ အရမ်းစိတ်လှုပ်ရှားပြီး တက်ကြွနေပါတော့တယ်။ ထိုအချိန်မှာ ၂၆မိုင်ခန့်ဝေးတဲ့ အသင်းတော်တပါးက သင်းအုပ် Rev. Thomas Charles ဆီမှာ ကျမ်းစာအုပ်ရှိကြောင်း ကြားခဲ့ပါတယ်။

သူမဘယ်လိုသွားရမလဲ။ ဝေးလံတဲ့ခရီးစဉ်အတွက် မြင်းငှါးပြီးသွားမယ်လုပ်တော့ ပိုက်ဆံက မလောက်တော့ဘူးဖြစ်သွားတယ်။ မြင်းငှါးခ မပေးနိုင်တာကြောင့်၊ မေရီလေးဟာ တောတောင်ကန္တာရကို ဖြတ်ပြီးခြေလျှင်ခရီးကြမ်း နှင်ခဲ့ပါတော့တယ်။ ခြေဖဝါးတွေအရမ်းနာကျင်ခဲ့ပေမဲ့ သူမအရမ်းပျော်နေခဲ့ပါတယ်။

Rev. Charles ဆီ ရောက်တော့ သင်းအုပ်ဆရာက သမီးလေး ခဏနားပါအုံးဆိုပြီး၊ ထမင်းကျွေးပါတယ်။ အဲဒီညမှာ သင်းအုပ်ဆရာဆီမှာ လူငယ်တွေကျမ်းစာလာဖတ်ကြတာ တွေရတော့ မေရီအရမ်း အားကျခဲ့ရတယ်လေ။ သူမလည်း တညလုံးအားရ ပါးရ ကျမ်းစာကိုဖတ်ပြီး မောမောနဲ့ အိပ်ပျော်သွားပါတော့တယ်။

မနက်မိုးလင်းတော့ ဆရာကြီးဆီမှာ ပိုက်ဆံပေးပြီးဝယ်မယ် လုပ်တဲ့အချိန်မှာ ဆရာကြီးက သမီး မရောက်ခင်လေးမှာပဲ သူများလာဝယ်လို့ ကုန်သွားပါပြီ ..တဲ့။

မေရီလေး ချုံးပွဲချငိုပါတော့တယ်။ သင်းအုပ်ဆရာ ကြီးက ငါ့သမီးစိတ်မပျက်နဲ့ နှစ်ရက်လောက်စောင့်ကြည့်ပါအုံး နောက်ထပ်ကျမ်းစာအုပ် ရောက်လာနိုင်တယ် ဆိုပြီးအားပေး လိုက်ပါတယ်။

မေရီဟာ ကျမ်းစာအုပ်ရဖို့ ဆုတောင်းလိုက်/ ဘုရားကျောင်းမှာရှိတဲ့ ကျမ်းစာအုပ်ကြီးဆီသွားဖတ်လိုက်နဲ့ ရင်ခုန်နေပါတော့တယ်။

မေရီ ဆုတောင်းတာ ပြည့်တယ်လို့ ပြောရမလား၊

နှစ်ရက်ကြာပြီး‌ ရောက်လာတဲ့ ကျမ်းစာအုပ် အသစ် စက်စက်ကို (၁၇)သျှီလင် ပေးပြီး၊ ဝယ်ယူခဲ့ကာ ကြည်နူးစွာ သူ့ရွာကို ပြန်လာခဲ့ပါတော့တယ်။ ရွာအဝင်မှာ သူမဝယ်လာတဲ့ ကျမ်းစာအုပ်ကိုထူးဆန်းစွာကြည့်ဖို့ လူငယ်တွေ ရောက်လာကြပါတယ်။

ဒီသတင်းဟာ အဂ်လန်တစ်နိုင်ငံလုံး ပျံ့နှံသွားပြီး၊ နောက်ပိုင်း သင်းအုပ် Rev. Charles အားဖြင့်‌
Mary Jones အကြောင်း တင်ပြဆွေးနွေးရာမှ
သူမကို အကြောင်းပြုပြီး၊ သမ္မာကျမ်းစာနေ့
Bible Sunday ဆိုတာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးအနှံ့ Bible Society/ကျမ်းစာအသင်းတွေ များစွာပေါ်လာပါတော့တယ်။

မေရီဂျုံးဟာ အသက်(၈၀)အထိ နေရပါတယ်။ မျက်စိမှုန် အားနည်းပြီး ကျမ်းမဖတ်နိုင်တော့ပေမဲ့ အလွတ်ကျက်ထားတဲ့ ကျမ်းပိုဒ်တွေကို အမြဲပဲရွတ်နေခဲ့ပါတယ်။ အင်မတန်အတုယူစရာ၊ ခွန်အားယူစရာပါ။

ဒါလေးဖတ်ပြီးတဲ့ သင်လည်း စိတ်လှုပ်ရှားသွားမယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် သင်လည်းကျမ်းစာကို ချစ်ပါ၊ဖတ်ပါ၊ တန်ဖိုးထားပါ၊ ကျက်မှတ်ပါနော်။

ဒီစာအုပ်က ရှေးအကျဆုံး ပုံနှိပ်စာအုပ်လည်း ဖြစ်တယ်။ အုပ်ရေအများဆုံး ထုတ်ဝေခဲ့ရတဲ့ စာအုပ်လည်းဖြစ်တယ်။ မီးရှို့အဖျက်ဆီးခံရဆုံး ဖြစ်ရုံမက ဒီသမ္မာကျမ်းစာအုပ်ကြောင့် ရှေးဘိုးဘေးတွေ အသက်ပေါင်းများစွာစတေးခဲ့ရပါတယ်။

ဒီစာအုပ်ကြောင့် လောကကြီးကို ပြောင်းလဲစေခဲ့တယ်။ လူဟောင်းမှ လူသစ်ကိုဖြစ်စေပါတယ်။
ကောင်းကင်နိုင်ငံသားတွေတိုးပွားစေခဲ့တယ်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဟာ သမ္မာကျမ်းစာကို အခြေပြုပြီး စတင်တည်ထောင် ဖွဲ့စည်းခဲ့တာ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဖြစ်လာပါတယ်။

ခရစ်တော်၌ညီအစ်ကိုမောင်နှမများ
သမ္မာကျမ်းစာကိုတန်ဖိုးထားကြပါစို့။

Crd Original upload

03/08/2026

"မျှော်လင့်ချက်ကို ပြည့်စေသော စကားလုံးများ"
Rev. Dr. စောစိုင်းရပ်စ်စိန်

27/07/2026

"အသင်းတော်သည် ကမ္ဘာမြေကြီး၏
မျှော်လင့်ခြင်း"
ဆရာ စောအယ်ဒီမူး
တာဝန်ခံ၊ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန
(အသင်းချုပ်ရုံးတနင်္လာနေ့ဝတ်ပြုခြင်း
၂၇.၇.၂၀၂၆ အစီအစဥ်မှ)

ဆရာယုဒသန်ဂုဏ်ပြုသီချင်း"ဘုရားလူ"တေးဆို - စောမဟူရာဝါး၊ နော်ဇာဇာမိုးတေးရေး- ကိုရားရာ
21/07/2026

ဆရာယုဒသန်ဂုဏ်ပြုသီချင်း

"ဘုရားလူ"
တေးဆို - စောမဟူရာဝါး၊ နော်ဇာဇာမိုး
တေးရေး- ကိုရားရာ

''ဘုရားလူ''တေးဆို - မဟူရာဝါး၊ နော်ဇာဇာမိုး..တေးရေး - ကိုယားယာMu...

ဆရာယုဒသန်ဂုဏ်ပြုသီချင်း ၂၀၂၆ ပြိုင်ပွဲ နှစ်သိမ့်ဆုဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ချီးမွမ်းသီဆိုခြင်းတီးတိန်နှစ်ခြင်းအသင်းတ...
21/07/2026

ဆရာယုဒသန်ဂုဏ်ပြုသီချင်း
၂၀၂၆ ပြိုင်ပွဲ နှစ်သိမ့်ဆု
ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ချီးမွမ်းသီဆိုခြင်း
တီးတိန်နှစ်ခြင်းအသင်းတော်၊ ရန်ကုန်

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

ဆရာယုဒသန်ဂုဏ်ပြုသီချင်း ၂၀၂၆ ပြိုင်ပွဲ ပထမဆုဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ချီးမွမ်းသီဆိုခြင်းဇိအုန်ကုန်းကရင်နှစ်ခြင်းအသင်...
21/07/2026

ဆရာယုဒသန်ဂုဏ်ပြုသီချင်း
၂၀၂၆ ပြိုင်ပွဲ ပထမဆု
ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ချီးမွမ်းသီဆိုခြင်း
ဇိအုန်ကုန်းကရင်နှစ်ခြင်းအသင်းတော်၊ အင်းစိန်

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

ဆရာယုဒသန်ဂုဏ်ပြုသီချင်းဆရာယုဒသန်တေးရေး/ဆို - စေးလာသော
18/07/2026

ဆရာယုဒသန်ဂုဏ်ပြုသီချင်း

ဆရာယုဒသန်
တေးရေး/ဆို - စေးလာသော

ဆရာယုဒသန်တေးရေး/ဆို စေးလာသော

ဆရာယုဒသန်၏ သာသနာပြု ဗျူဟာများRev. စောမြမင်းလွင်သင်းအုပ်ကြီးခရစ်တော်၏အသင်းတော်၊ အလုံမဟာဗျူဟာ နည်းဗျူဟာသည် စူးစိုက် အာရုံထ...
17/07/2026

ဆရာယုဒသန်၏ သာသနာပြု ဗျူဟာများ

Rev. စောမြမင်းလွင်
သင်းအုပ်ကြီး
ခရစ်တော်၏အသင်းတော်၊ အလုံ

မဟာဗျူဟာ နည်းဗျူဟာသည် စူးစိုက် အာရုံထားမှု၊ အဓိကတာ၀န်နှင့် ရှိနေသော အရင်းအမြစ် များ၊ ဆက်သွယ်ချိန်ညှိမှု၊ ရေရှည်သက်ရောက် သေချာစေမှုတို့ကို ဖြည့်ဆည်းပေးသော မရှိမဖြစ် ကဏ္ဍ ဖြစ်သည်။ လက်တွေ့ လုပ်ဆောင် - ဦးဆောင် နေရသူများသည်လည်း ပြောင်းလဲနေသော အခြေအနေ အကြောင်းကိစ္စများ၊လိုအပ်ချက်များ၊ သွားလာဖြတ်ကျော်မှုဆိုင်ရာ အရဲစွန့်ရသည်များအကြား၊ အဓိက တာ၀န်မစ်ရှင်ကိုလည်း စောင့်ထိန်းလျက်၊ ရှေ့ခရီး စဉ် လမ်းကြောင်း ချမှတ် ပြဋ္ဌာန်းရေးအတွက် ဗျူဟာ ရှိခြင်းက ပံ့ပိုးကူညီပေးသည်။

ပထမဆုံး အမေရိကန်တိုင်းခြားသာသနာပြု Rev. Adoniram Judson, D.D ဆရာကြီးယုဒသန် သည် တိုင်းရင်းဒေသနှင့် ဆီလျော်နေသားကျစေခြင်း၊ နက်နက်ရှိုင်းရှိုင်း ယဥ်ကျေးမှုဓလေ့နစ်မြှုပ်လွှမ်း ခြုံခြင်း၊ အလွန်ပြင်းထန်‌ ဝေဒနာ ဒုက္ခများအကြား၊ မဆုတ်မနစ် လုံ့လထုတ်ခြင်း စသည့် အခြေခံများ အပေါ် လေးလေးနက်နက် အုတ်မြစ်ချ အားထားလျက် သာသနာပြု အမှုတော်ဆောင်ခဲ့ပါသည်။

ဆရာကြီးအသုံးပြုခဲ့သော ဗျူဟာမြောက် အချက်အချာ အမာခံ ကျောရိုးနည်းနာများမှာ -

၁။ ဘာသာစကား၊ စာပေတတ်မြောက်ခြင်းနှင့် အဓိကကျ စာပေများကို ဘာသာပြန်ဆိုထုတ်ဝေခြင်း (Translation and Literacy)
----------------------------------------
ဒေသတိုင်းရင်းသား ဘာသာစကားနှင့် သမ္မာကျမ်း ရရှိဖတ်ရှုလေ့လာရေးနိုင်ရေးအတွက် ဆောင် ရွက်ခြင်းသည် ‘ယုံကြည်သူခရစ်ယာန်အုတ်မြစ်’ ထူထောင်ရန် အရေးကြီးဆုံး ထိပ်တန်း ဦးစားပေး ဖြစ် ရမည်ဟု ဆရာယုဒသန် ယုံကြည်သည်။ ထို့ကြောင့် မြန်မာစာပေ ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင် အောင် စူးစိုက်ဦးစားပေးသင်ယူလေ့လာပြီး၊ သမ္မာကျမ်းစာ-ဓမ္မသစ်-ဓမ္မဟောင်းကို မြန်မာဘာသာ ပြန် ဆိုသည်။ ဝေါဟာရ ဘာသာဗေဒ ဆီလျော်လိုက်ဖက်အောင် သမ္မာကျမ်းဆိုင်ရာ အခြေခံသဘော တရား များ၊ ဓမ္မအတွေးအမြင်ဆိုင်ရာ ခံယူချက်များ၊ အမည်နာမများ စသည့်တို့ကို ရေခံမြေခံ မြန်မာ့အခေါ် အဝေါ် စကားရပ်ဖြင့် ထိထိရောက်ရောက် ဆက်သွယ် နားလည်စေရန် ဘာသာပြန်ဆိုသည်။ ပထမဦး ဆုံးသော အင်္ဂလိပ် - မြန်မာ၊ မြန်မာ- အင်္ဂလိပ် အဘိဓာန် Dictionary ကိုလည်း ပြုစု ပုံနှိပ်ထုတ်ဝေရန် အားစိုက်ကြိုးပမ်းခဲ့သောကြောင့်၊ ဘာသာပြန်လုပ်ငန်းအတွက် အလွန်အခရာကျ - အလွန်အသုံး၀င် အရေးပါသော ပညာရေးဆိုင်ရာ လက်နက်ကောင်းအဖြစ် အသုံးဝင်သည့် စာပေအမွေကို ချန်ထား နိုင်ခဲ့သည်။

၂။ ဇရပ် သို့မဟုတ် ဧ၀ံဂေလိသတင်းကောင်း ‌
ဝေငှရာနေရာ
(The Zayat–Public Roadside Evangelism)
---------------------------------------
ဆရာယုဒသန်သည် စူးစမ်းလေ့လာသူများ၊ သူ့ထံလာ-ရှာသည်အထိ၊ ထိုင်စောင့်မနေဘဲ၊ ယဉ်ကျေးမှုဓလေ့အစဉ်အလာနှင့်ကိုက်ညီဆီလျော်သောနည်းလမ်း - ဇရပ်တစ်ဆောင်တည်ဆောက် လျက်၊ တိုင်းရင်းပြည်သူလူထုနှင့် ထိတွေ့ဆက်သွယ်နိုင်အောင် အကောင်အထည်ဖော်ခဲ့သည်။ ထို ခေတ်ကာလက တိုင်းရင်းပြည်သူလူထုဘုရားဖူးရန် အသွားအလာများသောနေရာတစ်ခုတွင် ဇရပ် ကိုဆောက်လျက်၊ ခေတ္တနားလိုသူများ နားနေရန်ပြင်ဆင်လျက်၊ စကား စမြည်ပြော၊ ရေတိုက်၊ ‌ဝေစာ ကမ်းပေး၊ ဧည့်၀တ်ပြုခြင်းဖြင့် ဧ၀ံဂေလိသတင်းကောင်း မိတ်ဆက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ ဆက်လက် သိရှိလိုသူများနှင့်လည်း အဆက်အသွယ်ကောင်းကောင်းလုပ်ကာ၊ နောက်ဆက်တွဲ ဧ၀ံဂေလိကို ‌ဆောင်ရွက်သည်။

၃။ “ တပည့်တော်စစ် ဖြစ်ရန်ကူညီခြင်းနှင့် ဓမ္မအတွေးအမြင်ရေးရာ ပညာရေး ဆောင်ရွက်ခြင်း"
(Discipleship and Theological Education)
------------------------------------------
တစိမ်းဆန် ရန်လိုဟန်ထင်ရှားသော အခင်းအကျင်း တွင် လုပ်ငန်းဆောင်တာများ အန္တရာယ် အနည်းဆုံးဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး သေချာစေရန်အတွက် (ဆရာကြီးသည် လူအစုလိုက် အပြုံလိုက် တရားနာ ပြောင်းလဲ ခရစ်ယာန်ဖြစ်လာရေးထက်၊ တစ်ဦးချင်း – လူအနည်းငယ်နှင့် ဆက် သွယ်ထိတွေ့လျက် နက်ရှိုင်းသော ဆက်ဆံ ခင်မင်ယုံကြည်မှု တည်ဆောက်ကာ သာသနာပြု ဧ၀ံဂေလိလုပ်ငန်းကို အားသွန်လုပ်ဆောင်သည်။

(က) ဓမ္မအတွေးအမြင် ဆိုင်ရာ ဝေစာ၊ စာအုပ်ငယ်များကို လိုရင်း တိုရှင်းပြုစုရေးသားလျက်၊ ‌ဝေငှ ပေးခြင်း၊ မေးလာသည့် မေးခွန်းများကို ဂရုတစိုက် တုံ့ပြန်ဖြေကြားခြင်း၊ အခြားပံ့ပိုးနိုင်သည် များကို ပံ့ပိုးခြင်းပြုသည်။

(ခ) မိမိကိုယ်တိုင် မြန်မာစကား၊ မြန်မာစာပေကို လေ့လာကျက်မှတ်ကြိုးပမ်းရင်း၊ တိုင်းရင်းတပည့် တော်များ ခိုင်မာသေချာရင့်ကျက်လာရန် သင်ကြား၊ လေ့ကျင့်၊ အားပေး၊ မြှင့်တင်ခြင်းပြုကာ ယုံကြည်သူ အစုအဝေး / အသင်းတော် ဖွဲ့စည်းနိုင်ရေး၊ ဦး ဆောင်နိုင်သူများ ဖြစ်လာရေးကို အလေးပေး လုပ် ဆောင်သည်။

၄။ အမြင့်ဆုံး အစိုးရအထိ တိုက်ရိုက် အသနားခံ တောင်းပန်ခြင်း
(Direct Appeal to the Monarchy)
-------------------------------------------
မြန်မာပြည်သို့ စတင်ရောက်ရှိစဥ်ကတည်းကပင် ဒေသအာဏာပိုင်များ၊ တိုင်းရင်းပြည်သူများ နှင့် သဟဇာတဖြစ်မှုကို အစဥ်ဂရုပြုခဲ့သော ဆရာကြီးယုဒသန်နှင့် ဇနီးတို့သည် သာသနာပြု ဧ၀ံ‌ဂေလိ လုပ်ဆောင်မှုများ ဘေးကင်း၊ တရား၀င်စွာ လုပ် ဆောင်နိုင်ရေးအတွက် နိုင်ငံ၏အဆင့်အမြင့်ဆုံး အုပ် စိုးသူထံ တိုက်ရိုက်လျှောက်ထား အသနားခံခဲ့သည်။ ၁၈၂၂ ခုနှစ်တွင် အင်းဝ နေပြည်တော်သို့ သွား ရောက်၍ သာသနာလုပ်ငန်းဆောင်ရွက်ခွင့်နှင့်အတူ ယုံကြည်ပြောင်းလဲသူများရှိလာပါက၊ ဘေးကင်း လုံခြုံမှုရှိရန်၊ ယုံကြည် ပြောင်းလဲသူများကိုလည်း သေဒဏ်အပြစ်ပေးခြင်းများမရှိရန် လျှောက် ထားမေတ္တာရပ်ခံ ခဲ့သည်။ ဘိုးတော်ဘုရားက လျှောက်ထားချက်ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ကြောင်း၊ ဘကြီးတော်ဘုရား လက်ထက်တွင်မူ သက်သာဖြေလျှော့ပေးသည်ဟု လေ့လာတွေ့ရှိရပါသည်။

၅။ ‌ဝေဒနာဒုက္ခများအကြား ကြံ့ကြံ့ခံအမှုတော်ထမ်းခြင်း (Endurance through Suffering)
-------------------------------------------
ဝေဒနာဒုက္ခ တွေ့ကြုံခံစားရခြင်းသည့် သာသနာပြုဧ၀ံဂေလိလုပ်ငန်း၏ တစ်စိတ် တစ်ဒေသ ဖြစ်သည်ဟု ဆရာယုဒသန်က ခံယူပါသည်။ (၁၇)လကြာ ရက်စက်ကြမ်းတမ်းသော အကျဥ်းထောင်တွင် နေခဲ့ရခြင်း၊ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ အပူပိုင်းဒေသ ရောဂါများခံစားခံရခြင်း၊ ဇနီးသည် (များ) နှင့် သား သမီးများသေဆုံးခြင်း စသည်တို့သည် သခင်ယေရှု ခရစ်‌ ဝေဒနာခံ၊ အသက်တော်စွန့်ခြင်းနှင့် ထပ်တူပြုခြင်းဖြစ်သည်ဟု ဆရာကြီး ခံယူသည်။ မြန်မာပြည်‌‌ ရောက်ခြင်း ကနဦး(၆)နှစ်သည် ယုံကြည် ပြောင်းလဲ သူ နတ္တိ၊ အလွန်ပင်ပန်း ခက်ခဲသော နှစ်ကာလများ ဖြစ်ခဲ့သော်လည်း၊ ဆရာယုဒသန် သည် ကြံ့ကြံ့ခံ ဇွဲကောင်းလျက် (လက်မြှောက်အရှုံးပေးမည်ဟု စဥ်းစားခဲ့သေးသော်လည်း) ယဥ်ကျေးမှုခြား၊ ရာသီဥတုခြား၊ စိန်ခေါ်မှုပေါင်း များစွာ ရှိလင့်ကစား၊ သခင်ယေရှုခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်း အမှုတော်မြတ် ရေရှည်တည်တံ့ရှင်သန်ကြီးပွားရေး၊ ဘုရားနိုင်ငံတော် ကျယ် ၀န်းရေးအတွက် ဆရာယုဒသန် အာရုံစူးစိုက် လုပ်‌ဆောင်သည်။

သုတ္တံကျမ်း ၁၅း၂၂
တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။

ရှင်လုကာ ၁၄း၂၈
သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ၊ နေမည်လော။

သုတ္တံကျမ်း ၂၉း၁၈
ဗျာဒိတ်တော် မရှိလျှင်၊ လူတို့သည် အကျိုးနည်းဖြစ်ကြ၏။ တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏။

ဆရာယုဒသန်ဂုဏ်ပြုသီချင်းယုဒသန်သီချင်းCovered by Rutha
17/07/2026

ဆရာယုဒသန်ဂုဏ်ပြုသီချင်း

ယုဒသန်သီချင်း
Covered by Rutha

ယုဒသန်သီချင်းCovered by Rutha

Address

Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+951212434

Alerts

Be the first to know and let us send you an email when MBC CCD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to MBC CCD:

Shortcuts

Share