21/05/2026
မွေးနေ့ကုသိုလ်တော်
🍁🍁🍁🍁🍁
နှစ်ဖက်သောမိဘများအားရည်စူး
အမှူးထား၍
ဒေါက်တာသင်းသင်းလှိုင် ၏
(၅၅)နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ်
ဒေါက်တာကျော်မင်းအုဋ်+
ဒေါက်တာသင်းသင်းလှိုင်
သား မောင်သိဒ္ဓိခန့်ကျော်
မောင်မင်းထက်ခန့်ကျော်
မိသားစု၊ ပြည်မြို့ မှ
၁၅မိုင် ဇနကာရာမတောရ၌
သံဃာ့ဂုဏ်ကိုအာရုံပြု၍
ပညာရေးပဒေသာပင် တစ်ပင်အလှူ
(၃)သိန်းကျပ်
ဝါဆိုသင်္ကန်း(၁)စုံ ၁၅၀၀၀၀ ကျပ်
ကွန်ကရစ် ရိပ်သာလမ်းအလှူ
(၁)သိန်းကျပ်
ဆရာတော်အားပစ္စည်းလေးပါးအလှူ
(၁)သိန်းကျပ် နှင့်
အချိုရည်၊မုန့်၊အသီးအနှံများ
လှူဒါန်းကြပါသည်
ဤသို့လှူဒါန်းရသော မြတ်ကုသိုလ်ကောင်းမှုကြောင့်
မွေးနေ့ဒကါမကြီးသည်
အသက်ရာကျော်ရှည်လျားပါစေ
စိတ်ချမ်းသာကိုယ်ကျမ္မာပါစေ
ရောဂါဘေးဘယာကင်းဝေးပါစေ
ရန်သူမျိုးငါးပါးဘေးမှ လွတ်ကင်းပါစေ
စီးပွားဥစ္စာဒီရေအလားတိုးပွားကြပါစေ
တရားထူးတရားမြတ်ရရှိကြပါစေ
မွေးနေ့ရှင်ဒကါမကြီးနှင့်တကွ မိသားစု
ညီအစ်ကိုမောင်နှမ မိတ်ဆွေသူငယ်ချင်းတို့သည်
အသက်ရာကျော်ရှည်လျားပါစေ
စိတ်ချမ်းသာပါစေ ကိုယ်ကျမ္မာပါစေ
အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်းအပေါင်းမှ
ကင်းဝေးပါစေ
စီးပွားဥစ္စာဒီရေအလားတိုးပွားပါစေ
ဘဝမှာ မရှိဟူသော စကားကို
ဘယ်တော့မှ
မကြားရပါစေနဲ့၊
စီးပွါးဥစ္စာများလည်း ဒီရေအလား တိုးပွားကြပါစေ၊
ပရိယတ္တိသာသနာ၊ပဋိပတ္တိသာသနာ၊သာသနာတော်နှစ်ရပ်ကို ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်သော သာသနာ့ ဒါယကာ/ဒါယိကာမများဖြစ်ကြပြီး
နောက်ဆုံးဘဝနောင်ကာလ၌ ဤ ကုသိုလ်အထူး မြတ်ကောင်းမှုသည် မအိုရာ မသေရာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရာ ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
၁၅မိုင် ဇနကာရာမတောရ
-ရန်ကုန်+မန္တလေး အမြန်လမ်း ၁၅မိုင်၊၄ဖာလုံ၊
လှည်းကူးမြို့နယ်၊ရန်ကုန်။
၁၅မိုင်ဇနကာရာမတောရ၌
ပုံမှန်လှူဒါန်းနိုင်သောလှူဖွယ်များ
🍁အရုဏ်ဆွမ်းအလှူ (၂)သိန်း/-ကျပ်
🍁နေ့ဆွမ်းအလှူ (၄)သိန်း/-ကျပ်
🍁ညနေအအေးအလှူ ၅၀၀၀၀/- ကျပ်
#လစဉ်အာစိဏ္ဏကံစုဗူးအလှူများ
#ရိပ်သာလမ်းကုသိုလ်များ
#စာသင်သားသံဃာကျောင်းဆောင်များ
ပါဝင်လှူဒါန်းနိုင်ကြပါသည်။
လှူဒါန်းလိုပါက.......
မယ်တော်ကြီးဒေါ်အိထွေးရီ
📞095141637
📞09785141637 သို့ ဆက်သွယ်ပါရန်