Youth Buddhist Association

Youth Buddhist Association This is an official page of " Youth Buddhist Association".The organisation emphasizes on the consulting and contributing " Buddha's Dhamma".

This is also an official page where you can feel free to tell anything about your problems ,obstacles and emotions that you cannot handle .. We are trying our best to console and help find a better solution for you all under the guidance of Buddha words ... All of your words will be confidencial ... You are more than welcomed to consult with us and we guarantee that Buddha words will help you to find your better way out

"Eat to live .... Dont live to eat" - Sayartaw U Zaw Ti Ka

17/04/2017

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ
ရွှင်လန်း ချမ်းမြေ့ကြပါစေ။

06/10/2016

"ကျွန်တော်တို့တကယ်ကော ချစ်တတ်ကြရဲ့ လား?"

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ၏
"ချစ်တတ်တဲ့လူဖြစ်ဖို့လိုတယ်" တရားတော်

မေတ္တာ (သို့) အချစ် (သို့) Loving-kindness ဆိုတာ တစ်ခုခုပြန်ရဖို့၊ ပိုင်ဆိုင်ဖို့ထက် ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို နားလည်မှုရှိရှိနဲ့ သူ့ဘဝ တိုးတက်ရေး၊ မြင့်မားရေးကို ရှေးရှုတယ်ဆိုတာကို Emotional independence, Financial independence, Intellectual independence သုံးမျိုးနဲ့ သာဓကဆောင်ပြီး ဆရာတော်၏ ဓမ္မဓိဋ္ဌာန်ကျကျ ဟောပြောပေးထားတာ ကိုပြန်လည်ဝေမျှလိုက်ပါသည်။

တရားတော် အစအဆုံးကို http://media.thitsarparamisociety.com/mp3/UZawTiKa/032-ztk.mp3 တွင် download ရယူ ပူဇော်နိုင်ပါသည်။

06/10/2016

ဆရာတော် ဦးဇောတိက၏ "သတိဖြင့်နေခြင်းသည် တရားအားထုတ်ခြင်း" တရားတော်မှ..အထီးကျန်ခြင်းနှင့်ပတ်သက်၍ ဆရာတော်၏ ဟောပြောမှု။
တရားတော် အစအဆုံးကို http://media.thitsarparamisociety.com/mp3/UZawTiKa/037-ztk.mp3 တွင် download ရယူ ပူဇော်နိုင်ပါသည်။

ဆရာတော်ကြီးများ ၏ တရားတော်များကို သစ္စာပါရမီ ဓမ္မမိသားစု၏ website...
www.thitsarparamisociety.com တွင် ဓမ္မဒါနအဖြစ် ဝေမျှပေးထားသည်ကို တွေ့ရ၍ ပြန်လည်ဝေမျှပါသည်။

01/05/2016

ပန်းလှူခြင်းအကျိုး ၅-ပါး။ ။

(၁) လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း၊
(၂) သင်းပျံ့မွှေးကြိုင်သော ကိုယ်ယနံ့ရှိခြင်း၊
(၃) နတ်လူတို့ ချစ်ခင်မြတ်နိုးခြင်း၊
(၄) ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
(၅) ကိုယ်စိတ်ချမ်းသာ ရွှင်လန်းခြင်း။

26/04/2016
22/03/2016
Photo credit...
17/07/2015

Photo credit...

26/06/2015

သံဃာ့ ဂုဏ်တော် (၉) ပါး

(၁) ကောင်းသောအကျင့်ရှိခြင်း ၊
(၂) ဖြောင့်မတ်စွာ ကျင့်ကြံခြင်း ၊
(၃) နိဗ္ဗာန်ရောက်ကြောင်း ကျင့်ခြင်း ၊
(၄) လောကုတ္တရာတရားနှင့်အညီ ကျင့်ခြင်း ၊
(၅) အဝေးက သယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူတော်မူထိုက်ခြင်း ၊
(၆) ဧည့်သည်အတွက် အထူးစီမံထားသော ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း ၊
(၇) မြင့်မြတ်သောအလှူကိုခံထိုက်ခြင်း ၊
(၈) လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံယူတော်မူထိုက်ခြင်း ၊
(၉) သတ္တဝါတို့၏ ဒါနမျိုးစေ့ကောင်းစိုက်ပျိုးရာ လယ်မြေကောင်းဖြစ်ခြင်း ။

26/06/2015

တရားဂုဏ်တော် (၆) ပါး

(၁)မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူခြင်း ။

(၂) ကျင့်ကြံသူတိုင်း မျက်မှောက်ဘဝတွင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း ။

(၃) ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ် အချိန်မဆိုင်းဘဲ ဖြစ်ခြင်း ။

(၄) တရားနှင့် ပတ်သက်ပြီး ရဲရဲ ဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း ။

(၅)မိမိသန္တာန်၌ အစဉ်ကပ်၍ဆောင်ထားသင့်ခြင်း ။

(၆)မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန် ဓမ္မရသကို လက်တွေ့ခံစားနိုင်ခြင်း ။

26/06/2015

ဘုရားဂုဏ်တော် (၉) ပါး

(၁) အရဟံ
-လူ ၊ နတ် ၊ ဗြဟ္မာတို့၏ ပူဇော်ထူးကို ခံထိုက်ခြင်း၊
-ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း၊
-ဆိတ်ကွယ်ရာ၌ ပင်မကောင်းမှုမပြုခြင်း ။

(၂) သမ္မာသမ္ဗုဒ္ဓ
-အလုံးစုံသော တရားတို့ကို ဆရာမရှိဘဲ ပါရမီစွမ်းအားဖြင့် သိခြင်း ။

(၃)ဝိဇ္ဇာစရဏသမ္ပန္န
- အသိဉာဏ် (ဝိဇ္ဇာ) နှင့် အကျင့် (စရဏ) တို့နှင့်ပြည့်စုံခြင်း ။

(၄) သုဂတ
- ကောင်းမြတ်သောစကား (သီလ ၊ သမာဓိ ၊ ပညာ)ကိုသာပြောခြင်း ။

(၅)လောကဝိဒူ
-လောကကြီးသုံးပါး (သတ္တ ၊ သြကာသ ၊ သခါင်္ရ)ကိုသိခြင်း ။

(၆)အနုတ္တရောပုရိသ ဒမ္မသာရထိ
-ရိုင်းစိုင်းသော တိရိစ္ဆာန် ၊ လူ ၊ နတ် တို့ကို ယဉ်ကျေး သိမ်မွေ့အောင်ဆုံးမခြင်း ။

(၇)သတ္တာဒေဝ မနုဿာနံ
-လူ ၊ နတ် ၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာဖြစ်ခြင်း ။

(၈)ဗုဒ္ဓ
-အမှန် (သစ္စာ) တရားလေးပါးကိုသိခြင်း ၊ ဟောကြား ပြသခြင်း ။

(၉)ဘဂဝါ
-ဘုန်းတော် ၆ ပါးနှင့်ပြည့်စုံခြင်း ။

Address

Yangon

Telephone

09254041846

Website

Alerts

Be the first to know and let us send you an email when Youth Buddhist Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share