Vipassana Meditation Myanmar

Vipassana Meditation Myanmar Vipassana Meditation Myanmar as taught by S.N. Goenka and his assistant teachers in the tradition of Sayagi U Ba Khin.

The word Vipassana means seeing things as they really are. It is the process of self- purification by self-observation.

Happy Lunar Chinese New Year 2026!新年快乐! 恭喜发财! 马年大吉!
15/02/2026

Happy Lunar Chinese New Year 2026!
新年快乐! 恭喜发财! 马年大吉!

Merry Christmas & Happy New Year! May God richly bless you throughout the year!
25/12/2023

Merry Christmas & Happy New Year!
May God richly bless you throughout the year!

09/10/2023
မိုင်းဖုန်းဆရာတော် မေတ္တာခရီးစဉ်11.4.2023  မန္တလေး - ပြင်ဦးလွင် (အောင်ချမ်းသာကျောင်းတိုက် စေတီထီးတင်)12.4.2023 ပြင်ဦးလွင...
11/04/2023

မိုင်းဖုန်းဆရာတော် မေတ္တာခရီးစဉ်

11.4.2023 မန္တလေး - ပြင်ဦးလွင် (အောင်ချမ်းသာကျောင်းတိုက် စေတီထီးတင်)

12.4.2023 ပြင်ဦးလွင် - မိုင်းလုံ (စေတီထီးတင်)

13.4.2023 မိုင်းလုံ - မိုးကုတ် မိုးမိတ် (အာသံကျောင်း)

14.4.2023 မိုးမိတ် - မြစ်ကြီးနား (Palm Spring Resort Myitkyina တွင်တည်းပြီး တရားချီးမြင့်မည်)
(အင်းတော်ကြီး+ဖားကန့်ခရီးစဉ် မရှိသေးပါ)

15.4.2023 မြစ်ကြီးနား - ပူတာအို
ပူတာအိုတွင် ၇ ရက်သီတင်းသုံးပါမည်။

(အပြန်ခရီးစဉ်ကို နောက်မှ ထပ်မံ အကြောင်းကြားပါမည်)

ပူတာအို - ဝိုင်းမော် (ရွှေမိုးတောင်)
ဝိုင်းမော် - မိုးမောက် ဗန်းမော်
မိုးမောက် - လွယ်ဂျေ
လွယ်ဂျေ - နမ့်ခမ်း မူဆယ်
ဖူးထိုက်သူများ ဖူးနိုင်ကြပါစေ။

(ခရီးစဉ် အပြောင်းအလဲရှိပါက ပြန်လည်တင်ပေးပါမည်)
ခရီးလမ်းတလျှောက် မေတ္တာဓါတ်ဖြင့် အေးချမ်းကြပါစေ။

Credit
တောင်တန်းသာသနာပြုဆရာတော်
ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)
လွယ်တိန်ခမ်းကျောင်း မူဆယ်မြို့

ပျော်ရွှင်ဖွယ်ရာ မြန်မာ နှစ်ကူးအတာသင်္ကြန် မှာလိုအင်ဆန္ဒအားလုံး ပြီးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ အန္တရာယ်အပေါင်...
10/04/2023

ပျော်ရွှင်ဖွယ်ရာ မြန်မာ နှစ်ကူးအတာသင်္ကြန် မှာ
လိုအင်ဆန္ဒအားလုံး ပြီးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ အန္တရာယ်အပေါင်းကင်းဝေးစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်။

Merry Christmas!
25/12/2022

Merry Christmas!

တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့...
07/11/2022

တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ကထိန် အကြောင်း သိကောင်းစရာ ➖➖➖➖➖➖➖➖➖➖➖➖တစ်နှစ်မှာ တစ်လ တစ်လမှာ တစ်ကြိမ်တစ်ကြိမ်မှာ တစ်ကျောင်းသာ လှူ ခွင့်ရှိတဲ့ ကထိန်အကြ...
06/11/2022

ကထိန် အကြောင်း သိကောင်းစရာ
➖➖➖➖➖➖➖➖➖➖➖➖

တစ်နှစ်မှာ တစ်လ တစ်လမှာ တစ်ကြိမ်
တစ်ကြိမ်မှာ တစ်ကျောင်းသာ
လှူ ခွင့်ရှိတဲ့ ကထိန်အကြောင်းကို
အားလုံးသိစေဖို့ ရေးသားလိုက်ခြင်းပါ …

၁။ ထိန်စကားရဲ့ အဓိပ္ပါယ်
၂။ ကထိန်ခင်းခြင်း အဓိပ္ပါယ်
၃။ ကထိန်ခင်းရခြင်း အကြောင်း
၄။ ကထိန်ခင်းရခြင်း အကျိုး
၅။ ကထိန်အလှူ မွန်မြတ်ပုံ၊ မဂ်လမ်းကိုရည်ရွယ်ပုံ
တို့ကို ရှင်းလင်းပြောပြချင်တာပါ …

၁။ ကထိန်ဆိုတာ

ကထိန - ဆိုတဲ့
ပါဠိစကားလုံးကနေ ဆင်းသက်လာပြီး
ထိုကထိန ဆိုတဲ့ ပါဠိကို
ကထိန်ဟူ၍ မြန်မာမှုပြုထားခြင်းဖြစ်ပါတယ် …

ကထိနဆိုတဲ့ စကားလုံးက
မြဲမြံခြင်း ၊ ခိုင်ခံ့ခြင်း ၊ ခိုင်မြဲခြင်းဆိုတဲ့
အဓိပ္ပါယ်ရှိပါတယ် …

မြဲခြင်း အမျိုးမျိုးရှိကြပေမယ့်
ကထိန်နှင့်ပတ်သတ်လို့ မြဲခြင်းကတော့
- အချိန်ကာလအားဖြင့် မြဲခြင်း
- အကျိုးတရားအားဖြင့် မြဲခြင်းပင်

အချိန်ကာလအားဖြင့် မြဲခြင်းကား
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ
တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လအတွင်းမှာ
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း …

ကထိန်ခင်းခြင်းတို့ကို ပြုလုပ်ရမည်ဟု
မြတ်စွာဘုရား အမိန့်တော်ဖြင့်
ပိုင်းခြား သတ်မှတ်ပေးခဲ့တာပါ …

တစ်ခြားသော
နတ်တော်လ ၊ ပြာသိုလ ၊ တပို့တွဲလတို့ကို
ပြောင်းရွှေ့၍ ကထိန်ခင်း၍ မရပါဘူး …

ဒါကြောင့် …

ကထိန်ဆိုတာ
အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်၏ …

အကျိုးတရားအားဖြင့် မြဲပုံကား
ကထိန်ခင်းသည့် ကျောင်းတိုက်မှာ
သီတင်းသုံးတော်မူကြသည့် ပုရိမဝါမှ ထသော
{ ဝါဆိုလပြည့်ကျော် ၁ - ရက်နေ့မှ
သီတင်းကျွတ်လပြည့်နေ့ထိ
ဝါဆိုဝါကပ်ကြသော } ရဟန်းတော်များမှာ

သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ
တပေါင်း လပြည့်နေ့တိုင်အောင်
ငါးလ တိတိ
ကထိန်အကျိုး ငါးမျိုးကို ခိုင်ခိုင်မြဲမြဲ
ရရှိစေပါတယ် …

တစ်ခြားလများသို့
ကထိန်အကျိုးတရားများ ပြောင်းလဲသွားခြင်းမရှိ၊
မည်သူက ဖျက်လို့မရအောင် မြဲမြံခိုင်မြဲခြင်း
ဖြစ်ပါတယ် …

၂။ ကထိန်ခင်းခြင်းအဓိပ္ပါယ်က -

ကထိန် အကျိုးတရားများကို
ကျယ်ပြန့်အောင် ပြုလုပ်တာဖြစ်ပါတယ် …

ဆိုလိုသည်မှာ
ကထိန်မခင်းသည့် ကျောင်းတိုက်က
ရဟန်းတော်များမှာ ကထိန် အကျိုးကို
သီတင်းကျွတ် လပြည့်ကျော် { ၁ } ရက်နေ့မှ
တန်ဆောင်မုန်း လပြည့်နေ့ အထိ
{ ၁ } လပဲ အကျိုးအာနိသင် မြဲပါတယ် …

ကထိန်ခင်းလိုက်တဲ့ ကျောင်းတိုက်ရှိ
ရဟန်းတော်များ ကတော့
သီတင်းကျွတ်လပြည့်ကျော် { ၁ } ရက်နေ့မှ
တပေါင်းလပြည့်နေ့အထိ { ၅ } လတိုင်အောင်
အကျိုးတရားများ ကျယ်ပြန့်သွားတယ်ဟု
ဆိုလိုခြင်း ဖြစ်ပါတယ် …

ကထိန်ခင်းခြင်းကို
လူများက ခင်းရတာ မဟုတ်ဘဲ
ရဟန်းတော်များသာ ခင်းရတာပါ …

ရဟန်းတော်တောင်မှ
ပုရိမဝါ { ပထမဝါ } ဆိုတဲ့
ရဟန်းများသာ ခင်းလို့ရတာပါ …

{ ပစ္ဆိမဝါ } လို့ခေါ်တဲ့
ဒုတိယဝါဆိုတော်မူတဲ့ ရဟန်းတော်များ
ခင်းလို့ မရပါဘူး …

လူများကတော့
သင်္ကန်းကို လှူဒါန်းပေးနိုင်တဲ့
ကထိန် သင်္ကန်းအလှူရှင်
ကထိန်ဒါယကာ ဒါယိကာမအဖြစ်သာ
ခံယူခွင့်ရတာပါ …

လူအများအနေနဲ့
သံဃဿ ဒေမ ဆိုပြီး လှူ ဒါန်းလိုက်တဲ့ သင်္ကန်းကို
သံဃာတော်များက ကထိန်ခင်းမယ့်
ရဟန်းကို ရွေးချယ်ပြီး သိမ်ထဲမှာ
ဥတ်ကမ္မဝါစာဖြင့် ပြုလုပ်ခြင်းကိုပဲ
ကထိန်ခင်းသည်ဟု ဆိုခြင်းဖြစ်ပါတယ် …

ထို့ပြင် …

ကထိန်သင်္ကန်းဟာ
ဒီနေ့အလှူခံပြီး ဒီနေ့ပြီးအောင် ကံဆောင်ပြီးတဲ့
သင်္ကန်းမှသာ ကထိန်ခင်းလို့ရတာပါ …

ညလွန်တဲ့ သင်္ကန်း မဖြစ်ရပါဘူး …

ဆိုလိုတာက
ဒီနေ့ရတဲ့ သင်္ကန်းကို
နောက်နေ့ကျမှခင်းမယ်ဆိုရင်
ကထိန်ခင်းရာ မရောက်ပါဘူး …

မသိုးသင်္ကန်း ဆိုတာ
ရက်လွန်သွားတဲ့ သင်္ကန်းမဟုတ်ဘဲ
ဒီနေ့အလှူခံ ဒီနေ့အပြီးကံဆောင်ပြီး
ဒီနေ့ခင်းတဲ့သင်္ကန်းကိုပြောတာပါ …

ရက်လွန်သွားတဲ့သင်္ကန်း မဟုတ်မှသာ
ကထိန်ခင်းလို့ ရတာပါ …

ထို့ပြင် …

ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင်
စည်းရုံးတာမျိုး ၊ အလှူခံတာမျိုးလည်း
မဖြစ်ရပါဘူး …

အောက်ထစ်ဆုံး
မိမိကိုမွေးပေးလိုက်တဲ့ မိခင်ကိုတောင်မှ
ကျုပ်ကျောင်းမှာ ကထိန်ခင်းပါဆိုပြီး
မပြောရပါဘူး …

အဲလိုပြောပြီး ရလာတဲ့ သင်္ကန်းကိုလည်း
ကထိန်ခင်းလို့ မရပါဘူး …

ကထိန်သင်္ကန်း အလှူရှင်က
မိမိအလိုလို နားလည် သဘောပေါက်ပြီး
သံဃဿ ဒမ ဆိုပြီး သံဃာကို ရည်စူးပြီး
လှူဒါန်းတဲ့ သင်္ကန်းဖြင့်သာ
ကထိန်ခင်းရတာ ဖြစ်ပါတယ် …

ဒီသင်္ကန်းက
ဘယ်ရဟန်းအတွက် စတဲ့ ပုဂ္ဂိုလ်ကိုစွဲပြီး
လှူဒါန်းတဲ့ သင်္ကန်းဆိုလည်း
ကထိန် ခင်းလို့မရပါဘူး …

သံဃာကိုလှူဒါန်းတဲ့
သင်္ကန်းပဲ ခင်းလို့ရတာပါ …

နောက်ပြီး
ကာလအပိုင်း အခြားအနေနဲ့
သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ
တန်ဆောင်မုန်းလပြည့်နေ့ တစ်လ
တစ်လမှာလည်း ကျောင်းတစ်ကျောင်းမှာ
တစ်ကြိမ်သာခင်းခွင့်ရှိပါတယ် …

- အပေါ်ရုံ { ဧကသီ } သင်္ကန်း
- ခါးဝတ် { သင်းပိုင် }
- နှစ်ထပ်သင်္ကန်း { ဒုကုဋ် }
၄င်းသင်္ကန်း သုံးမျိုးတို့တွင်
တစ်မျိုးမျိုးဖြင့် ကထိန်ခင်းနိုင်ပါတယ် …

ကျန်သော ပဒေသာပင်မှ ပစ္စည်းများနှင့်
အခြားသော လှူဖွယ် ပစ္စည်းများနှင့်လည်း
ကထိန်ခင်းလို့ မရနိုင်ပါ …

၃။ ကထိန်ခင်းရခြင်း
အကြောင်းကား -

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူနေတဲ့ အချိန်
ဓုတင် ဆောင်တော် မူကြတဲ့
ပါဝေယျကတိုင်းသား ရဟန်းတော်
အပါးသုံးဆယ်များဟာ မြတ်စွာဘုရားရှင် အား
ဖူးမျှော်ဖို့အတွက် သာဝတ္ထိကိုလာရင်း လမ်းမှာ
သည်းထန်စွာ ရွာသွန်းတဲ့ မိုးကြောင့်
ရဟန်းတော်များ ဝတ်ဆင်ထားတဲ့ သင်္ကန်းတွေ
နှစ်ထပ် သင်္ကန်းတွေ အားလုံး
မိုးတွေ စိုရွှဲကုန်ပါတယ် …

မြတ်စွာဘုရားထံကို
ရောက်လာတဲ့ အခါ
မြတ်စွာဘုရားရှင်က ဝါတွင်းကာလမှာ
ချမ်းချမ်းသာသာ သီတင်းသုံးပြီး
တရားအားထုတ် ခွင့် ရ - မရမေးတဲ့ အခါ
ထိုရဟန်းတော် အပါးသုံးဆယ်က
မိမိတို့အဖြစ်ကို လျောက်ထားကြ ပါတယ် …

ထိုရဟန်းတော်များရဲ့ အခက်အခဲများကို
ရှေးရှုပြီး မြတ်စွာဘုရားရှင်က ရဟန်းတို့ -

ဝါကျွတ်ပြီးသော
ရဟန်းတော်တို့အား ကထိန်ခင်းခြင်းကို
ငါဘုရား ခွင့်ပြုတော်မူတယ်ဟူ၍

ပါဝယျကဘဒ္ဒဝဂ္ဂီ ရဟန်း သုံးဆယ်ကို
အကြောင်းပြုပြီး ကထိန်းခင်းရခြင်း
အကြောင်းတရား ဖြစ်ပေါ်ခဲ့တာပါ …

၄။ ကထိန်ခင်းခြင်းအကျိုးတရားကား -

{ ကထိန်အာနိသင် } ရသော ရဟန်းတို့မှာ
- အိမ်တစ်အိမ်က ဆွမ်းစားပင့် ဖိတ်ထားတာ ရှိရင်
အဲဒီအိမ်မှာ ဆွမ်းမစားမီ ဖြစ်စေ ၊ ဆွမ်းစားပြီး
ဖြစ်စေ ၊ တခြားအိမ်သို့ သွားလိုပါက
ထင်ရှားရှိသော ရဟန်းအား မပန်ကြားဘဲ
သွားလာနိုင်ခြင်း …

- တိစီဝရိတ် အဓိဋ္ဌာန် တင်ထားသော သင်္ကန်းကို
မယူဘဲ သွားလာနိုင်ခြင်း …

- ဆွမ်းဘုဉ်းပေးကြွပါဟု မဖိတ်ဘဲ
ထမင်းစားလာပါ ၊
မုန့်စားလာပါ စတဲ့
လူအသုံးအနှုန်းများဖြင့် ပင့်ဖိတ်တဲ့
ဂဏဘောဇဉ်ကို ဘုဉ်းပေးနိုင်ခြင်း …

- အလိုရှိတိုင်း
အဓိဋ္ဌာန်ဝိကပ္ပနာမပြုသော သင်္ကန်းကို
ဆောင်နိုင်ခြင်း …

- ထိုကထိန်ခင်းသော
ကျောင်းတိုက်၌ ဖြစ်ပေါ်သမျှသော
သင်္ကန်းများကို ကထိန်ခင်းသော
ရဟန်းတို့အား ဖြစ်ရခြင်း စတဲ့
အကျိုးအာနိသင် ငါးပါး { သိက္ခာပုဒ် ငါးပုဒ် }
ကင်းလွတ်ခွင့်ကို ရတော်မူပါတယ် …

ကထိန်သင်္ကန်း လှူ ဒါန်းတဲ့
ဒကာ ဒကာမများ အနေဖြင့်လည်း
- အရပ်လေးမျက်နှာအရပ်များသို့
အတားအဆီးမရှိ ၊ လွတ်လွတ်လပ်လပ်
သွားနိုင်းခြင်း
- မည့်သည့်အရပ်ကို မဆို
တာဝန်ကိစ္စမလေးဘဲ ပေါ့ပေါ့ပါးပါး
သွားလာနိုင်ခြင်း
- အစားအသောက်နဲ့ ပါတ်သက်လို့
အဆိပ်အတောက်စတဲ့ ဘေးဥပါဒ်အန္တရာယ်
မဖြစ်ခြင်း
- မိမိတို့၏ ပစ္စည်းဥစ္စာများကို
ရန်သူမျိုးငါးပါး လာရောက်ဖျက်ဆီးခြင်း ဆိုတဲ့
ဘေးအပေါင်းမှ ကင်းဝေးခြင်း
- မိမိတို့၏ ပစ္စည်းဥစ္စာများကို သူတစ်ပါးတို့
လာရောက်အစိုးတရယူငင်ခြင်း ဆိုတဲ့
ဘေးအပေါင်းမှ ကင်းဝေးစေခြင်း ဆိုတဲ့
ရဟန်းတော်များ၏ ကထိန်အာနိသင်
ငါးပါးအတိုင်း ရရှိစေနိုင်တာဖြစ်ပါတယ် …

၅။ကထိန်သင်္ကန်းလှူဒါန်းရတာ
မွန်မြတ်ပုံ_မဂ်လမ်းကို_ရည်ရွယ်ပုံ -

ကထိန်သင်္ကန်း လှူဒါန်းရတာ
အကျိုးအလွန် ကြီးမြတ်တယ် …

ဘာကြောင့်
အကျိုးကြီးမြတ်ရသလဲ ဆိုတော့
မြတ်စွာဘုရားရှင်က
အခြားပစ္စည်းလေးပါးနောက်ကို လိုက်ပြီး
အလှူခံကြရင် ကဲ့ရဲ့တော်မူတယ် …

ပစ္စည်းလေးပါး တစ်ခုခု ရရေး
အားထုတ်နေရင် ကဲ့ရဲ့တော်မူတယ် …

သို့သော်
ကထိန်း အကျိုးအာနိသင်များ ကိုတော့
အလှူခံဖို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်
ချီးမွမ်းတော်မူပါတယ် …

ဒါကြောင့်
အလွန်မွန်မြတ်သန့်စင်လှပါတယ် …

အလှူရှင်များ အနေဖြင့်
မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်း ကြသလို
ရဟန်းတော်များ ဘက်ကလည်း
ဒီသင်္ကန်းကို ဝတ်ရုံလို့ မဂ်ဖိုလ်နိဗ္ဗာန်ရသည် အထိ
ကြိုးစား ပွားများ အားထုတ်နေကြတဲ့ အတွက်
အလွန်ပင် မွန်မြတ်လှပါတယ်ဟု
ရေးသားလိုက်ရပါတယ် …

Credit - ဒေါက်တာ အရှင်ဝိမလဝံသ

Happy Diwali/Deepavali!
23/10/2022

Happy Diwali/Deepavali!

Address

Vipassana Meditation Centre, Dhamma Joti , Nga Htat Gyi Pagoda Road , Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+951549290

Alerts

Be the first to know and let us send you an email when Vipassana Meditation Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Vipassana Meditation Myanmar:

Share