YMBA ဧရာဝတီတိုင်းဒေသကြီး

YMBA ဧရာဝတီတိုင်းဒေသကြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ နှင့် နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေ YMBA

30/03/2026

တပ်ချုပ်ရာထူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို လွှဲပြောင်း


#တပ်ချုပ်
#ဗိုလ်ချုပ်ကြီးရဲဝင်းဦး

30/03/2026

ဂုဏ်ပြုကြိုဆိုလွှာ

"အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာကို ရှေ့ရှုသော ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အသင်းသူ/သားများ၏ ဂုဏ်ပြုလွှာ"

ယနေ့ကျရောက်သော မင်္ဂလာရှိသောအချိန်အခါသမယတွင် နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်အရပ်ရပ်ကို ဦးလည်မသုန် ထမ်းဆောင်လျက်ရှိပါသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား ကျွန်ုပ်တို့ ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါသည်။

>>>>

ဂုဏ်ပြုအပ်သော အချက်များ

#နိုင်ငံတော်ကာကွယ်ရေး
နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေမှုများကို အထူးပင် ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်။

#ဘာသာသာသနာ_ထောက်ပံ့မှု
မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် တပ်မတော်မှ ဦးဆောင်ပံ့ပိုးကူညီမှုများသည် ကျွန်ုပ်တို့ YMBA ၏ ရည်မှန်းချက်များနှင့် တစ်သားတည်းကျလျက်ရှိပါသည်။

#ပြည်ထောင်စုစိတ်ဓာတ်
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုရရှိစေရန်နှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့စေရန် ကြိုးပမ်းဆောင်ရွက်ချက်များကို လေးစားစွာ အသိအမှတ်ပြုပါသည်။

"အမျိုးကို ချစ်ပါ၊
ဘာသာကို လေးစားပါ၊
သာသနာကို ချီးမြှောက်ပါ၊
ပညာရေးကို အားပေးပါ။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့်တကွ အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေကြောင်း ဧရာဝတီတိုင်းဒေသကြီး YMBA အသင်းသူ/အသင်းသားများမှ ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
🫡🫡🫡

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)
ဧရာဝတီတိုင်းဒေသကြီး


#ဂုဏ်ပြုကြိုဆိုလွှာ
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ် #ဗိုလ်ချုပ်ကြီးရဲဝင်းဦး
#နိုင်ငံတော်နှင့်တပ်မတော် #ဧရာဝတီတိုင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာ​ကလျာဏ​ယု​ဝ​အသင်း(YMBA)၏ သဘောထားထုတ်ပြန်ချက်၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်ကချင်ပြည်နယ် မြ...
23/02/2026

ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာ​ကလျာဏ​ယု​ဝ​အသင်း(YMBA)၏
သဘောထားထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်ကို အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ (၂၀) ရက် ည (၈) နာရီခန့်တွင် Drone များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

အပြစ်မဲ့ အရပ်သားပြည်သူများ စီးနင်းလိုက်ပါသည့် ခရီးသည်တင်လေယာဉ်အား ပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက် လုပ်ရပ်သည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိပါသဖြင့်
ဧရာဝတီတိုင်းဒေသကြီး၊
ဗုဒ္ဓဘာသာ​ကလျာဏ​ယု​ဝ​အသင်း(YMBA) က လုံးဝ လက်မခံပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

#ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
#ဝိုင်အမ်ဘီအေ




#သဘောထားထုတ်ပြန်ချက်

🇲🇲 (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါသည်။ 🇲🇲"အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ...
11/02/2026

🇲🇲 (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါသည်။ 🇲🇲

"အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ" ကို အစဉ်တစိုက် ရှေးရှုနေသော ကျွန်ုပ်တို့ ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မိသားစုမှ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စည်းလုံးညီညွတ်စွာဖြင့် သာယာဝပြောသော နိုင်ငံတော်သစ်ကို အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

#ပြည်ထောင်စုနေ့ #ဧရာဝတီ #စည်းလုံးခြင်းသည်အင်အား

#ဝိုင်အမ်ဘီအေ
#ဗုဒ္ဓဘာသာကလျာဏယုဝအသင်း


ဧရာဝတီတိုင်းဒေသကြီး၊  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်၂ဝ၂၆ ခုနှစ် ဇန်နဝါရီလ (...
22/01/2026

ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

၂ဝ၂၆ ခုနှစ် ဇန်နဝါရီလ (၂၁)ရက် (၁၃၈၇)ခုနှစ် တပို့တွဲလဆန်း (၄)ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၂၉)ရက်နေ့ အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည် ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက် မိမိတို့မြန်မာနိုင်ငံ၏ တာဝန်ယူမှုနှင့် ဂုဏ်သိက္ခာရှိသောလုပ်ရပ်တို့ကို ဖော်ညွှန်းပြသလျက်ရှိနေပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အသင်းကြီးအနေဖြင့် မိမိတို့နိုင်ငံတော်အပေါ် မတရားစွပ်စွဲ လုပ်ဆောင်မှုများကို တရားဥပဒေ အပေါ် ယုံကြည်မှုအခြေခံ၍ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းနေခြင်းကို အပြည့်အဝ ကြိုဆို ထောက်ခံပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်များကို ပုံဖော်ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ်နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန်နှင့် မတရားစွပ်စွဲမှုများ ဖြစ်လာစေရန် လုပ်ဆောင်နေကြခြင်းကို နိုင်ငံတကာမှ သိရှိနားလည်သွားစေရန်နှင့် ယုံကြည်မှုရှိလာစေရေးအတွက်လည်း အရေးပါသော အချက်တစ်ခုပင်ဖြစ်ကြောင်း ယုံကြည်ပါသည်။

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းကြီးအနေဖြင့် နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် အမှန်တရားကို ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အလေးအနက် ကြိုဆိုထောက်ခံ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနှင့် မိမိတို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းကြီးအနေဖြင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိနေပါကြောင်း ထုတ်ပြန်လိုက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)




#ဝိုင်အမ်ဘီအေ #ဗုဒ္ဓဘာသာကလျာဏယုဝအသင်း

19/01/2026

ပြည်သူ့နီတိကို ဘာကြောင့် လိုက်နာကျင့်သုံးသင့်တာလဲ...

အသက်ရှင်သန်ကြီးထွားဖို့ရန် သူတစ်ပါးကို အမှီပြုနေထိုင်ကြရပါသည်။ လူသည် အပေါင်းအသင်း အစုအရုံးနှင့် နေထိုင်တတ် သည်ဖြစ်ရာ အများနှင့် လိုက်လျောညီထွေဖြစ်ရန် ထိန်းထိန်းသိမ်းသိမ်း နေထိုင်တတ်အောင် ပြည်သူ့နီတိကို လေးစားလိုက်နာရခြင်းဖြစ်ပါသည်။

ပြည်သူ့နီတိသည် အများနှင့်လိုက်လျောညီထွေ ပြေပြေပြစ်ပြစ် နေထိုင် ပေါင်းသင်းဆက်ဆံတတ်ရန် ညွှန်ပြပေးသည့် အချက်အလက် အကြောင်းအရာများပင်ဖြစ်ပါသည်။

#ဝီလီယံဝိုင်း
#ဘီလီယံဝိုင်း
#စာပေပရဟိတ

ဧရာဝတီ​တိုင်း​ဒေသ​ကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ စုပေါင်းသွေးလှူဒါန်းခြင်း_/_/_/_/_/_/_/ပုသိမ်၊ ၂၇ ဒီဇင်ဘာဧရာဝတီ​တ...
27/12/2025

ဧရာဝတီ​တိုင်း​ဒေသ​ကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ စုပေါင်းသွေးလှူဒါန်းခြင်း

_/_/_/_/_/_/_/

ပုသိမ်၊ ၂၇ ဒီဇင်ဘာ

ဧရာဝတီ​တိုင်း​ဒေသ​ကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ကြီးမှုး၍
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် မှ ဦးစီးကျင်းပပြုလုပ်သည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ "၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး" ကို ထောက်ခံကြိုဆိုသောအားဖြင့် ဖျာပုံ၊ ဒေးဒရဲ၊ ဝါးခယ်မ၊ ပုသိမ်မြို့နယ်တို့ရှိ အသင်းသူ/အသင်းသားများမှ စုပေါင်းသွေးလှုဒါန်းမှုကို ပုသိမ်မြို့၊ အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်းတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

#ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
#ဝိုင်အမ်ဘီအေ




#သွေးလှုဒါန်းခြင်း
#ရွေးကောက်ပွဲ
#ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ

ထောက်ခံကြိုဆိုခြင်း_/_/_/_/_/_/_/ဒီဇင်ဘာ ၂၅၊ ၂၀၂၅ ရန်ကုန်ဧရာဝတီ​တိုင်း​ဒေသ​ကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) သည် နိုင်...
25/12/2025

ထောက်ခံကြိုဆိုခြင်း

_/_/_/_/_/_/_/

ဒီဇင်ဘာ ၂၅၊ ၂၀၂၅ ရန်ကုန်

ဧရာဝတီ​တိုင်း​ဒေသ​ကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) သည် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် မှ ဦးစီးကျင်းပပြုလုပ်သည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ "၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး" ကို ထောက်ခံကြိုဆိုပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

#ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
#ဝိုင်အမ်ဘီအေ




#ထုတ်ပြန်ကြေငြာချက်
#ရွေးကောက်ပွဲ
#ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ရန်ကုန် ၂၇၊ နိုဝင်ဘာ(၇၆) ကြိမ်မြောက် ...
30/11/2025

ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

ရန်ကုန် ၂၇၊ နိုဝင်ဘာ

(၇၆) ကြိမ်မြောက် မင်္ဂလာဆိုင်ရာစာမေးပွဲကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး YMBA အသင်းမှ အသင်း သား၊ အသင်းသူများ စုပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာလ (၂၇) ရက်နေ့က ရန်ကုန်မြို့ရှိ အမှတ်(၂)၊ တပ်မတော်ဆေးရုံ ခုတင်(၅၀၀)တွင် ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး YMBA အသင်းမှ တိုင်းဥက္ကဋ္ဌကြီး၊ အသင်းသား၊ အသင်းသူများနှင့် မြန်မာ့အသံသတင်းထောက်က တွေ့ဆုံမေးမြန်းထားပါသည်။


#ဗုဒ္ဓဘာသာကလျာဏယုဝအသင်း



#သွေးလှု

(၇၆)ကြိမ်မြောက် မင်္ဂလာဆိုင်ရာစာမေးပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး (YMBA)အသင်းမှ ကြီးမှူး၍ စုပေါင်း...
27/11/2025

(၇၆)ကြိမ်မြောက် မင်္ဂလာဆိုင်ရာစာမေးပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး (YMBA)အသင်းမှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

27-11-2025

ရန်ကုန် နိုဝင်ဘာ ၂၇

(၇၆)ကြိမ်မြောက် မင်္ဂလာဆိုင်ရာစာမေးပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (ဗဟို) ၏လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး YMBA မှ ကြီးမှူး၍ ယနေ့တွင် ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံ၊ ခုတင်(၅၀၀)၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) မှ အသင်းသူ/ အသင်းသားများတို့က သွေး​ဖေါက်လှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းသူများအား ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုမှ ဒု-ဥက္ကဌ နှင့် အတွင်းရေးမှူး(၁)၊ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ၊ နယ်မြေခံတပ်မှ တပ်မှူးနှင့် အလှူရှင်များက ကြက်ဥ၊ နို့မှုန့်ထုပ်၊ အချိုရည်နှင့် ဘီစကစ်မုန့်များ လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။





#သွေးလှု
#တပ်မတော်ဆေးရုံ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုမှ ကြီးမှုကျင်းပသော  (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေး...
22/11/2025

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုမှ ကြီးမှုကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ရန်ကုန်၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ - ၁၄ ရက်။

#ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
#ဝိုင်အမ်ဘီအေ #အမျိုးသားနေ့

#ဗုဒ္ဓဘာသာ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when YMBA ဧရာဝတီတိုင်းဒေသကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share