ဓမ္မပဒေသာ

ဓမ္မပဒေသာ Dhamma is the Teachings of the Buddha.

14/12/2020

စူဠသောတာပန်နဲ့ မဟာသောတာပန်တို့၏ ခြားနားချက်.
စူဠသောတာပန်သည် အပါယ်တံခါး ပိတ်ပါသလား …?
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

စူဠသောတာပန်ဆိုတဲ့အခေါ်အဝေါ် ဝိသုဒ္ဓိမဂ်က
ပြောလိုက်တာ၊ ဆိုလိုတာက သောတာပန်အစစ်
မဖြစ်သေးဘူးလို့ ပြောတာ။ သောတာပန်ဆန်ဆန်
ဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ ရှိတယ် ။

စူဠဆိုတာက အငယ်၊ မဟာဆိုတာက အကြီး၊
သောတာပန်လေး၊ သောတာပန်အငယ်ဆိုတာ
ဂုဏ်ရည်တူသွားတဲ့အခါမှာ လူတွေက ဥပမာမယ်
ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ယောက် အရည်အချင်းမျိုးလေး
ဆင်ဆင်တူတာလေးတွေ့လို့ရှိရင် အငယ်လို့ တပ်ခေါ်လေ့
ရှိကြတယ်ပေါ့ ။ ခေါင်းဆောင်တစ်ယောက်ရဲ့
ဘယ်သူပေါက်စလေးနဲ့ ပြောကြတာ ရှိတယ်လေ။
အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ တင်စားပြီးတော့
ပြောတဲ့သဘော။

စူဠသောတာပန်ဆိုတာက နာမရူပပရိစ္ဆေဒဉာဏ်နဲ့
ပစ္စယပရိဂ္ဂဟဉာဏ် ရရှိထားတဲ့ပုဂ္ဂိုလ်ကို ဆိုလိုတာ ။
အဲဒီတော့ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတာ
ဝိပဿနာဉာဏ်ရဲ့ foundation ပဲ ရှိသေးတယ်၊
ဝိပဿနာဉာဏ် မဖြစ်သေးဘူး။ ရုပ်နာမ်တွဲပြီးတော့
ဒီရုပ်နာမ်တွေ ဘာကြောင့်ဖြစ်တယ်လို့ သိတဲ့ အဲဒီ
အသိလောက်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို စူဠသောတာပန်လို့ ခေါ်တယ်။

စူဠသောတာပန်က အပါယ်တံခါးပိတ်တယ်လို့ဆိုတာ
သေချာပေါက်ပြောလို့ မရဘူး။ သူ့မှာ အပါယ်တံခါး ပိတ်ပြီလို့
ပြောလို့ မရဘူး။ ဘုန်းကြီးတို့ ဟောထားတဲ့
နိဗ္ဗာန်တံခါးဖွင့်နိုင်မှ အပါယ်တံခါးပိတ်မည်ဆိုတဲ့တရား ရှိတယ်။

သူ့အနေနဲ့က ဒီဉာဏ်တွေ လက်လွှတ်ဆုံးရှုံးသွားပြီး
မကောင်းတာတွေ လုပ်မိရင်တော့ အပါယ်ကျနိုင်သေးတယ် ။
Guarantee မရှိဘူးလို့ ပြောရမယ်၊ စူဠသောတာပန်မှာ ။

မဟာသောတာပန်ဆိုတာတော့ အမြင်မှားခြင်းနဲ့
သံသယကင်းသွားပြီ သူ့ကျတော့။ အမြင်မှားခြင်း၊
နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် တင် မကဘူး။
ဝိပဿနာဉာဏ်တွေအားလုံး ဖြစ်ပြီးတော့ သောတာပန်
ထိအောင် ပေါက်သွားပြီးတော့ သူက အပါယ်တံခါးလို့
ခေါ်ရတဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတဲ့နှစ်ခု ပယ်ပြီးတော့
လောဘ၊ ဒေါသ၊ မောဟ အပါယ်ကျစေနိုင်တဲ့ အရာတွေကနေ
ရှောင်ရှားပြီးသား ဖြစ်သွားတယ်။
အဲဒီပုဂ္ဂိုလ်ကမှ တကယ့် သောတာပန်အစစ် ဖြစ်တယ် ။

သောတာပန္န- သောတဆိုတာ အရိယမဂ္ဂင်လမ်းကြောင်းကို
ခေါ်တယ်။ မဂ္ဂင်ရှစ်ပါးကို ခေါ်တာ၊ အဲဒီတော့ နိဗ္ဗာန်ကို
သွားဦးတည်ပြီးတော့ စီးသွားနေတဲ့ အဲဒီလမ်းကြောင်းကြီးထဲမှာ
ရောက်သွားပြီလို့ ပြောတာ၊ သောတာပန္နရဲ့အဓိပ္ပာယ်က ။

ဒါကြောင့်မို့ နိုင်ငံခြားဘာသာ အင်္ဂလိပ်လိုပြန်တဲ့
လူတွေကတော့ stream winner လို့ ပြန်လေ့ရှိတယ်။
အဲဒီတော့ စာအတိုင်း ပြန်မယ်ဆိုရင် အာပန္နက winner
မဟုတ်ဘူး။ stream-enterer လို့ ပြန်လို့ရှိရင်
ပိုပြီးတော့ စကားလုံးအတိုင်း ကိုက်တယ်။ ဆိုလိုတာက
နိဗ္ဗာန်သွားဖို့ရာအတွက် နောက်ကြောင်းပြန် မလှည့်တော့ဘူး။
အဲဒီလမ်းကြောင်းကြီးထဲ ရောက်သွားပြီ ။
အဲဒီ လမ်းကြောင်းပေါ်တက်သွားပြီ ။

ဂြိုဟ်တုကြီး လွှတ်လိုက်တဲ့အခါကျတော့ ကမ္ဘာပတ်
လမ်းကြောင်းကြီးထဲ ရောက်သွားသလိုပဲ ရောက်သွားတာကို
ပြောတာ။ ဒီမိုကရေစီလမ်းကြောင်း ရောက်သွားရင်
နောက်ကြောင်း ပြန်မလှည့်တော့ဘူး ဒီဟာ ၊
အဲဒါ သောတာပန်ပဲ ။ အဲဒါ မှတ်မိအောင်လို့ ပြောတာ ။

------------------------------------------------------------
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး စင်ကာပူနိုင်ငံတွင်
ဖြေကြားပေးတော်မူသော ဓမ္မအမေးအဖြေ မှ မျှဝေပါသည်။
Edited & Posted by Wai Wai Lwin.

အ ပါ ယ် မ ရောက်(၇) ယောက်
17/12/2019

အ ပါ ယ် မ ရောက်
(၇) ယောက်

ပရဟိတ ဆိုတာ ..
17/12/2019

ပရဟိတ ဆိုတာ ..

ကျောင်း ဆို သည် မှာ
17/12/2019

ကျောင်း ဆို သည် မှာ

သူ့မယား======(၁) ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။ မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်...
19/10/2019

သူ့မယား
======

(၁)
ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။
မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။
မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာသာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို ... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။
ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။
သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန်မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။
"အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာစကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့"ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ်အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ "မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရပေတယ်"ဟု တွေးမိသည်။
တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမားတစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင်ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင်ပြုလိုသောမျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် "မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ"ဟု တွေးမိပြန်သည်။
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ "ထဘီနား ခိုစားသည်"ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် "အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ"ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ "ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ"ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင်လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။
မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။
(၂)
အနာကျက်သော နေ့တွင် ကိုဆင်၏အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ ဈေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင်အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ်တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုးတည်ရမည်ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်းဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။
ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့ဈေးတွင် ဈေးရောင်းနေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသောဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။
"နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့"ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။
"ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်"ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကိုတစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-
"ကည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ"
"ဟို ကမ်းနားမှာ"
"အကျိုးနည်းကုန်ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်"
ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့သည် အမေကို ကွယ်နေကြသည်။ "ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်"ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ်သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျွေးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။
"အမေ့ကျောကို တံတောင်နဲ့ ကြိတ်စမ်း"ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။
ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ "ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်"ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။
(၃)
ပြောစဉ်က တစ်လလောက် သင်္ကန်းဝတ်လိုကြောင်း ပြော၍ သင်္ကန်းဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော်ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက "ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ"ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွတ်၍ တာရားဟောလေတော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် "ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး"ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါနှစ်ခါ လျှောက်ကြည့်ပါ၏။ တရားအဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီ။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာမရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။
(၄)
ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင်ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါးလူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အင်္ကျီ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့်အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း "ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ"ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ "ထူးခြားလှပါကလား"ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း "မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်"ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ "ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား"ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ "အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား"ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်းနေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် "ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား"ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့်လိုက်သည်။
ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား "မဖော့တို့ ဘာများ လုပ်ကြမှာတုံး"ဟု မေးသည်။
"ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား"ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။ "ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့"
မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-
"ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုကစပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေးဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား"ဟု မဖော့က လျှောက်၏။
"ဟင်"ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ "ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ..."
"ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ"ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။
ဇော်ဂျီ
ဂန္ထလောက၊ အောက်တိုဘာ၊ ၁၉၃၇။
ဇော်ဂျီ
ဝတ္ထုတိုပေါင်းချုပ်
စာ- ၁၃၈၊ ၁၃၉၊ ၁၄၀၊ ၁၄၁၊ ၁၄၂၊ ၁၄၃၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈။
_____

ဒေါ်​အောင်​ဆန်းစုကြည်​အကျယ်​ချုပ်​မှ လွတ်​​မြောက်​လာပြီး​နောက်​ .....ပြည်​သူ​တွေအ​နေနဲ့ တရားဥပ​ဒေစိုးမိုးမူ အကာအကွယ်​မရတ...
18/10/2019

ဒေါ်​အောင်​ဆန်းစုကြည်​အကျယ်​ချုပ်​မှ လွတ်​​မြောက်​လာပြီး​နောက်​ .....

ပြည်​သူ​တွေအ​နေနဲ့ တရားဥပ​ဒေစိုးမိုးမူ အကာအကွယ်​မရတာ၊ စားဝတ်​​နေ​ရေးကြပ်​တည်းတာ၊ အလုပ်​အကိုင်​ရှားပါတာ၊ လုပ်​ခလစာ​လျှော့နည်းမူ​ကြောင့်​ ဝင်​​ငွေနဲ့ထွက်​​ငွေမမျှတာ၊ သဘာဝ​ဘေးအန္တရာယ်​ကျ​ရောက်​ချိန်​​တွေ​မှာလည်း ကူညီမူနည်းပါးတာ စတာ​တွေကို ကျမတို့
အ​နေနဲ့ သိပါတယ်​ ...

ဒါ​တွေကို ကျမတို့အ​နေနဲ့ ကူညီ​ဖြေရှင်း​ပေးချင်​ပါတယ်
အဲ့ဒီလို​ကူညီ​ဖြေရှင်း​ပေးနိုင်​ဖို့အတွက်​ ကျမတို့မှာ လုပ်​ပိုင်​ခွင့်​တွေရှိဖို့လိုပါတယ်​ လုပ်​ပိုင်​ခွင့်​ရဖို့အတွက်​ ကျမတို့ လွှတ်​​တော်​ထဲကို ​ရောက်​ဖို့လိုပါတယ်​ ဒါ့​ကြောင့်​ကျမတို့ကို လွှတ်​​တော်​ထဲကို ပို့​ပေးကြပါ ...

လွှတ်​​တော်​ထဲ​ရောက်​ဖို့အတွက်​ ကျမတို့ကို မဲ​ပေးကြပါလို့ ပြည်​သူလူထုကြီးကို ကျမအ​နေနဲ့ ​တောင်းဆိုချင်​ပါတယ်​...
(၂၀၁၂ ကြာဖြတ်​​ရွေး​ကောက်​ပွဲမှ ) .....
=====================================

◾၂၀၁၂ကြားဖြတ်​မှ NLD ပါတီ လွှတ်​​တော်​ထဲ​သို့
ရောက်​သွားပြီး ...

ပြည်​သူ​တွေအ​နေနဲ့ တရားဥပ​ဒေစိုးမိုးမူအကာအကွယ်​မရတာ​ကြောင့်​ စိုးရိမ်​​နေရတာကို ကျမတို့သိပါတယ်
တရားဥပ​ဒေစိုးမိုးမူ အားနည်းရခြင်းဟာ အစိုးရမှာ အဓိက တာဝန်​ရှိပါတယ်​ အလုပ်​အကိုင်​ရှားပါးခြင်း​ကြောင့်
ပြည်​ပနိုင်​ငံ​တွေ ထွက်​ပြီး အလုပ်​လုပ်​ကိုင်​​နေကြရတယ်​ဆိုတာကိုလည်း ကျမတို့အ​နေနဲ့ မြင်​​နေ ကြား​နေ
ရပါတယ်​ ...

ဒါ​တွေဟာ အစိုးရအ​နေနဲ့ ​ဖြေရှင်း​ပေးသင့်​တဲ့ အရာ​တွေပါ ဒီလိုအရာ​တွေကို မ​ဖြေရှင်း​ပေးနိုင်​ခြင်းဟာ အစိုးရအ​နေနဲ့ ရှက်​စရာ​ကောင်းပါတယ်​ ...

အစိုးရတစ်​ရပ်​ဖြစ်​​လာပြီဆိုရင်​ ပြည်​သူ​တွေရဲ့ အခက်​အခဲကို တာဝန်​ယူနိုင်​ရပါမယ်​ တာဝန်​မယူနိုင်​ဘူးဆိုရင်​​တော့ အစိုးရမလုပ်​တာ အ​ကောင်းဆုံးပါပဲ ...

နောက်​ပြီး ကုန်​​ဈေးနှုန်းကြီးတာ​တွေ၊ ​ငွေ​ဖောင်းကြွမူ​တွေ၊ သဘာဝ​ဘေးအန္တရာယ်​ကျ​ရောက်​ရာမှာ အကူအညီမဲ့​နေတာ​တွေ ဒါ​တွေကိုလည်း ကျမတို့အ​နေနဲ့ သိပါတယ်
ဒီ​နေရာမှာ ​မေးစရာ​တော့ရှိပါတယ်​ ကျမတို့ အ​နေနဲ့
လွှတ်​​တော်​ထဲမှာ ရှိ​နေပါလျှက်​နဲ့ ဒါ​တွေကို ဘာ့​ကြောင့်​မကူညီနိုင်​တာလဲလို့ ​မေးစရာရှိပါတယ်​ မှန်​ပါတယ်​ ကျမတို့လွှတ်​​တော်​ထဲမှာရှိတယ်​ဆို​ပေမယ့်​ ကျမတို့မှာ
လုပ်​ပိုင်​ခွင့်​အပြည့်​အဝမရှိပါဘူး ကျမတို့ဟာ အာဏာရ
ပါတီမဟုတ်​တဲ့အတွက်​ ကျမတို့မှာ လုပ်​ပိုင်​ခွင့်​မရှိပါဘူး ကျမတို့မှာ လုပ်​ပိုင်​ခွင့်​ရှိဖို့ဆိုရင်​ ကျမတို့ပါတီမှာ အာဏာ
ရှိဖို့လိုပါတယ်​ ...
(လွှတ်​​တော်​ထဲ​ရောက်​ပြီး​နောက် ) ...
=====================================

◾​ရွေး​ကောက်​ပွဲ

"​ပြောင်းလဲချိန်​တန်​ပြီ" ...
ကျမတို့ပြည်​သူ​တွေ ဒုက္ခအမျိုးမျိုးခံစား​နေရတာ​တွေကို ​ပြေငြိမ်း​စေဖို့အတွက်​ ​ပြောင်းလဲချိန်​တန်​ပါပြီ ပြည်​သူ​တွေ
အ​နေနဲ့ အစိုးရအဆက်​ဆက်​ ခံစားခဲ့ရတာ​တွေကိုသိပြီး
သားဖြစ်​မှာပါ အဲ့ဒီခံစားခဲ့ရတဲ့ဒုက္ခ​တွေကို ​ပြောင်းလဲပြစ်​ဖို့အချိန်​တန်​ပါပြီ ကျမတို့အ​နေနဲ့ ပြည်​သူ​တွေခံစား​နေရတဲ့ ဒုက္ခအမျိုးမျိုးကို ကူညီချင်​ပါတယ်​ အဲ့ဒီလို ကူညီရာမှာ ကျမတို့မှာအာဏာရှိ​နေဖို့​တော့လိုပါတယ်​ ဒါ့​ကြောင့်​ကျမတို့ပါတီကို မဲ​ပေးကြပါလို့ ​တောင်းဆိုချင်​ပါတယ်​ ...

တိုင်းပြည်​မှာ ဟို​နေရာစစ်​ပွဲဖြစ်​၊ ဒီ​နေရာစစ်​ပွဲဖြစ်​နဲ့
မငြိမ်းချမ်းခြင်း​တွေ ခံစား​နေရတာကို ကျမတို့သိပါတယ်​ အဲ့ဒီမငြိမ်းမချမ်းဖြစ်​​နေခြင်းကို ငြိမ်းချမ်းဖို့အတွက်​ ကျမတို့ကူညီချင်​ပါတယ်​ ​နောက်​ပြီး မြစ်​ဆုံစီမံကိန်း အဲ့ဒီစီမံကိန်းဟာ ဘယ်​လိုစာချုပ်​ချုပ်​ထားတယ်​ဆိုတာ ပြည်​သူ​တွေမသိကြပါဘူး ပြည်​သူ​တွေမ​ပြောနဲ့ ကျမတို့​တောင်​ မြစ်​ဆုံစီမံကိန်းဘယ်​လိုစာချုပ်​ချုပ်​ထားတယ်​ဆိုတာ မသိပါဘူး ဒါ​တွေကို ပြည်​သူကို ချပြဖို့လိုပါတယ်​ ကျမတို့ပါတီအနိုင်​ရခဲ့ရင်​ မြစ်​ဆုံစီမံကိန်းဘယ်​လိုစာချုပ်​ချုပ်​ခဲ့တယ်​ဆိုတာကို ပြည်​သူကို ပထမဦးဆုံး ချပြပါ့မယ်​ နိုင်​တာ​တောင်​ အပြတ်​အသတ်​နိုင်​မှဖြစ်​မှာ​နော်​ ...

တိုင်းပြည်​တစ်​ပြည်​မှာ တရားဥပ​ဒေစိုးမိုးမူက အဓိက
ကျပါတယ်​ တရားဥပ​ဒေစိုးမိုးမူမရှိရင်​ အဲ့ဒီတိုင်းပြည်​ဟာ မတိုးတက်​နိုင်​ပါဘူး ပြည်​သူ​တွေ အ​ကြောက်​တရားကင်းမဲ့​နေဖို့လိုပါတယ်​ ခု​တော့ ပြည်​သူ​တွေဟာ ဘယ်​သွားသွား၊ ဘယ်​လာလာ ​ကြောက်​စိတ်​​တွေနဲ့ သွားလာ​နေရပါတယ်​ ဒါဟာဘာလဲဆိုရင်​ တရားဥပ​ဒေစိုးမိုးမူအားနည်းလို့ပါပဲ ကျမတို့ပါတီ အစိုးရဖြစ်​ခဲ့ရင်​ တရားဥပ​ဒေစိုးမိုးမူရှိ​စေဖို့ ကျမတို့ အစွမ်းကုန်​ကြိုးစားပါ့မယ်​ ...

ကျမတို့ပါတီကို မဲထည့်ကျပါလို့​​ပြောပါရ​စေ လူကို
မကြည့်​ပါနဲ့ ပါတီကိုကြည့်​ပြီးသာ မဲ​ပေးကြပါ ကျမတို့
ပါတီကို မဲထည့်​ကြပါလို့ ​ပြောခြင်းဟာ ကျမတို့ အာဏာ
လိုချင်​လို့မဟုတ်​ပါဘူး ပြည်​သူ​တွေလက်​ထဲ အာဏာထည့်​​ပေးခဲ့ချင်​လို့ပါ ကျမတို့အစိုးရဖြစ်​တဲ့အခါ ပြည်​သူက
မကြိုက်​​တော့ရင်​ ချက်​ချင်းဆင်းသွားမှာပါ ဘယ်​​တော့မှ တွယ်​ကပ်​ပြီး​နေမှာ မဟုတ်​ပါဘူး ...

(​ရွေး​ကောက်​ပွဲကာလ ) ...
======================================

◾အာဏာရပြီး.m .....

- ကုန်​​ဈေးနှုန်းကြီးမြင့်​ ...
- အလုပ်​လက်​မဲ့များ ...
- တိုင်းပြည်​စီးပွား​ရေး ​နှေး​ကွေး ...
- GDPကျဆင်း ...
- နိုင်​ငံခြားရင်​နှီးမြုပ်​နှံမူ ထင်​သ​လောက်​ဝင်​မလာ ...
- အ​ခြေခံလူတန်းစား​တွေ စီးပွား​ရေးကြပ်​တည်း ...
- ပြည်​ပအလုပ်​အကိုင်​ထွက်​လုပ်​သူ ပိုမိုများပြား ...
- လုပ်​ခလစာနည်း စသည်​တို့ကြုံဆုံလာ​သောအခါ ...

ငြိမ်းချမ်း​ရေးကို အဓိက ​ဖော်​​ဆောင်​​နေ​သော​ကြောင့်
တိုင်းပြည်​စီးပွား​ရေးအတွက်​ မလှည့်​နိုင်​​သေးပါ နိုင်​ငံ တစ်​နိုင်​ငံဟာ ငြိမ်းချမ်းမူမရှိရင်​ မတိုးတက်​နိုင်​ပါဘူး ဒါ​ကြောင့်​ ကျမတို့အ​နေနဲ့ ငြိမ်းချမ်း​ရေးကို အဓိကဦးစား​ပေး​ဖော်​​ဆောင်​​နေရခြင်းဖြစ်​ပါတယ်​ ငြိမ်းချမ်း​ရေးအတွက်​အားလုံး
ပါဝင်​ကူညီကြပါ ...

- စစ်​ပွဲ​တွေ ပိုမိုများပြားလာ​သောအခါ ...
- (NCA )အပစ်​အခတ်​ရပ်​စဲ​ရေးစာချုပ်​ထိုး​သော
လက်​နက်​ကိုင်​အဖွဲ့ တိုးပွားမူမရှိ​သောအခါ ...
- တိုင်းရင်းသားအချို့ ယုံကြည်​မူ အားနည်း
လာ​သောအခါ ...
- တိုင်းရင်းသားလက်​နက်​ကိုင်​အချင်းချင်း​တောင်​ စစ်​ဖြစ်​လာ​သောအခါ ...
- ငြိမ်းချမ်း​ရေးအ​ခြေအ​နေ တိုးတက်​မူ မရှိ​သောအခါ ...

၂၀၀၈ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ​ကြောင့်​ ကျမတို့ဟာ
ငြိမ်းချမ်း​ရေးအတွက်​ ​ရှေ့ဆက်​ရာမှာ ထင်​သ​လောက်​ ခရီးမ​ပေါက်​ဖြစ်​​နေရတာပါ ငြိမ်းချမ်း​ရေး ခရီး​ပေါက်
နိုင်​ဖို့အတွက်​ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ပြင်​ဆင်​ဖို့လိုပါတယ်​ ကျမအ​နေနဲ့ ရဲရင့်​တဲ့ စစ်​သား​ကောင်း
တစ်​​ယောက်​ ရှာမ​တွေ့​သေးဘူး ဖြစ်​​နေပါတယ်​ ...

- သက်​ငယ်​မုဒိမ်း​တွေမြင့်​တက်​လာ​သောအခါ ...
- အနုကြမ်းစီးမူ​တွေ မြင့်​တက်​လာ​သောအခါ ...
- ဓားပြမူ​တွေ မြင့်​တက်​လာ​သောအခါ ...
- ခိုးဝှက်​မူ​တွေမြင့်​တက်​လာ​သောအခါ ...
- ဓားထိုးမူ​တွေ မြင့်​တက်​လာ​သောအခါ ...
- လူသတ်​မူ​တွေ မြင့်​တက်​လာ​ကာ တရားဥပ​ဒေစိုးမိုးမူ အားနည်းလာ​သောအခါ ...

ပြည်​ထဲ​ရေးက အစိုးရလက်​​အောက်​မှာ မရှိခြင်း​ကြောင့်​ဟု ​​သောက်​​ခွက်​​ပြောင်​စွာြေ​ဗာင်​ကျကျ ဂျင်းစကားတစ်​ရပ်​ ​ပေါ်ထွက်​လာသည်​ ...

- ဘာမှ ​ပြောင်းလဲမူမရှိ​သောအခါ ...
ပြောင်းလည်းချိန်​တန်​ပြီဆိုတာ စိတ်​ဓာတ်​​တွေကို 
ပြောင်းလည်းဖို့ပြောတာပါ ဘယ်​အရာပဲဖြစ်​ဖြစ်​ 
ပြောင်းလဲမူတစ်​ရပ်​ လိုချင်​လျှင်​ အစိုးရချည်း မဖြစ်​နိုင်
ပါ​ဘူး ပြည်​သူ​တွေ​ပါ ပူး​ပေါင်းပါဝင်​မှသာ ​အောင်​မြင်​မူ
တစ်​ခုကိုရမှာပါ ပြည်​သူ​တွေကလည်း ပူ​ပေါင်းပါဝင်​ကြပါလို့ ​မေတ္တာရပ်​ခံလိုပါတယ်​ ကျမတို့အစိုးရအ​နေနဲ့
လည်း "ပြည်​သူနှင့်​အတူ" ​ရှေ့ဆက်​ပါ့မယ်​ ...

#ပြည်​သူနှင့်​အတူ .....
====================================

ဒါ​တွေအားလုံးကို ခြုံငုံကြည့်​လိုက်​တဲ့​အခါမှာ 
ဒေါ်​အောင်းဆန်းစုကြည်​ဟာ ....
၁- လွှတ်​​တော်​ထဲကိုပို့​ပေးပါဟု​တောင်းဆိုတယ်​ ...
လွှတ်​​တော်​ထဲ​ရောက်​​သောအခါ ...

၂- အာဏာရ​အောင်​လုပ်​​ပေးပါဟု​တောင်းဆိုတယ်​ ... အာဏာရလာ​သောအခါ ...

၃- ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေပြင်​​ဖို့ရာ ​တောင်းဆိုပြန်​တယ်​ ...

ဒေါ်​အောင်​ဆန်းစုကြည်​​တောင်းဆိုသလို ​​ခြေ/ဥပြင်​​ပေးပြီးလိုက်​​သောအခါ ဘာမှ မ​အောင်​မြင်​ခဲ့လျှင်​ ...

၎- စင်္ကြာဝ​တေးမင်းဖြစ်​​အောင်​ လုပ်​​ပေးပါဟု
တောင်းဆို​လေဦးမည်​လား .....
Credit
မူရင်း

https://m.facebook.com/story.php?story_fbid=2383431848552944&id=2321926921370104
crd

လူရာဝင်ဖို့ ငွေလိုအပ်တယ် လူတောတိုးဖို့ ပညာလိုအပ်တယ် လူပီသဖို့ အသိတရားလိုအပ်တယ် `လူ´လို့ခေါ်ဖို့ ကိုယ်ချင်းစာတရားလိုအပ်တယ်...
18/10/2019

လူရာဝင်ဖို့
ငွေလိုအပ်တယ်

လူတောတိုးဖို့
ပညာလိုအပ်တယ်

လူပီသဖို့
အသိတရားလိုအပ်တယ်

`လူ´လို့ခေါ်ဖို့
ကိုယ်ချင်းစာတရားလိုအပ်တယ်။

အဂတိတရား လေးပါးဆန္ဒာဂတိ = ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။ဒေါသာဂတိ = စိတ်ဆိုးသဖြ...
18/10/2019

အဂတိတရား လေးပါး

ဆန္ဒာဂတိ = ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။

ဒေါသာဂတိ = စိတ်ဆိုးသဖြင့်မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။

မောဟဂတိ = ဆင်ခြင်တုံးတရား မရှိပဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။

ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။

Address

Meditation Centre
Yangon

Website

Alerts

Be the first to know and let us send you an email when ဓမ္မပဒေသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share