St.Gabriel Church - North Okkalapa

St.Gabriel Church - North Okkalapa If we have any weak,you can suggest. Warmly welcome for your comment! Daily mass
6:30 AM

Sunday mass

6:00AM
8:30AM
5:00PM

Daily Mass Program : Monday to Saturday 6:00 am
Sunday 6:00 am,9:00 am and 5:00 pm

Lent Season( Way of the cross) : Friday 5:00 pm

St.Gabriel သာသနာ (မြောက်ဥက္ကလာပ)ကျန်းမာခြင်းမယ်တော်သခင်မ နိုဗေနာနှင့် ပွဲတော်နေ့ အစီအစဉ် (၂၉.၈.၂၀၂၆ )မှ (၈.၉.၂၀၂၆) အထိ
26/08/2026

St.Gabriel သာသနာ (မြောက်ဥက္ကလာပ)

ကျန်းမာခြင်းမယ်တော်သခင်မ နိုဗေနာနှင့် ပွဲတော်နေ့ အစီအစဉ်

(၂၉.၈.၂၀၂၆ )မှ (၈.၉.၂၀၂၆) အထိ

🎂 Happy Birthday, Rev. Fr. Savarimuthu Nyan Myint! 🎉St. Gabriel’s Catholic Church ၏ အဖကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr....
23/08/2026

🎂 Happy Birthday, Rev. Fr. Savarimuthu Nyan Myint! 🎉

St. Gabriel’s Catholic Church ၏ အဖကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Savarimuthu Nyan Myint ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့အမှတ်တရပုံရိပ်လေးများကို ဝမ်းမြောက်စွာမျှဝေပေးလိုက်ပါတယ်။ 💐

အဖကျောင်းထိုင်ဘုန်းတော်ကြီး၏ ချစ်ခြင်းမေတ္တာ၊ ဆုတောင်းခြင်းနှင့် အမှုတော်ဆောင်ခြင်းများအတွက် ဘုရားသခင်အား ကျေးဇူးတင်ရှိပါသည်။ 🙏

အဖကျောင်းထိုင်ဘုန်းတော်ကြီး၏ ယနေ့မွေးနေ့မှစ၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ၊ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ခွန်အားများ အစဉ်ပြည့်ဝပါစေကြောင်း St. Gabriel သာသနာ မှ ဘာသာဝင်များအားလုံးနှင့်အတူ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️

Happy Birthday, Rev. Fr. Muthu Nyan Myint! 🎂🎉
Ad Multos Annos! 🙏✨



မနက်ဖြန် (၂၃. ၈. ၂၀၂၆) တနင်္ဂနွေနေ့သည် St. Gabriel’s Catholic Church ၏ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Muthu Nyan Myi...
22/08/2026

မနက်ဖြန် (၂၃. ၈. ၂၀၂၆) တနင်္ဂနွေနေ့သည် St. Gabriel’s Catholic Church ၏ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Muthu Nyan Myint ၏ မွေးနေ့ဖြစ်ပါသောကြောင့် သာသနာမှ ဘာသာဝင်များ လာရောက် ပါဝင်ဆုတောင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။

မှတ်ချက် -နံနက် ၈း၃၀ Mass ပြီးနောက် မွေးနေ့ရှင် ကျောင်းထိုင်ဘုန်းတော်ကြီးအား ဂုဏ်ပြုနှုတ်ဆက်မည့် အစီအစဥ်ရှိပါလိမ့်မယ် ။

ရဟန်းသိက္ခာတော် တင်မြှောက်ခြင်း ဖိတ်ကြားလွှာရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှလက်ထောက်ဆရာတော် Raymond ဝေလင်းထွန်းလက်တော်မှ...
11/08/2026

ရဟန်းသိက္ခာတော် တင်မြှောက်ခြင်း ဖိတ်ကြားလွှာ

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ
လက်ထောက်ဆရာတော် Raymond ဝေလင်းထွန်းလက်တော်မှ
Deacon Stephen အောင်ဇေယျမိုး OSM အား
အမှုတော်မြတ်၌ ဆက်ကပ်အပ်နှံခြင်းအတွက်
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအသိုင်းအဝိုင်းမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

ထိုအခမ်းအနားသို့ St Gabriel သာသနာမှ ညီအစ်ကိုမောင်နှမများအားလုံး
အတူတကွ ပါဝင်ဆုတောင်းပေးနိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 🙏🏻

📅 ရက်စွဲ — ၁၅–၈–၂၀၂၆ (စနေနေ့)
⏰ အချိန် — နံနက် ၉:၀၀ နာရီ
📍 နေရာ — စိန်ဖရန်းစစ်ဇေးဗီးယား ဘုရားကျောင်း(သန်လျင်)

🏆 မိဘများပွဲနေ့အကြို ကလေးသူငယ်များပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား 🏆မိဘများပွဲနေ့အကြိုအဖြစ် ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်များ...
29/07/2026

🏆 မိဘများပွဲနေ့အကြို ကလေးသူငယ်များပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား 🏆

မိဘများပွဲနေ့အကြိုအဖြစ် ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်များပြိုင်ပွဲများ တွင် ကြိုးစားယှဉ်ပြိုင်ပြီး ဆုရရှိခဲ့ကြသော သားငယ်၊ သမီးငယ်များအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြအပ်ပါသည်။

🌸 ပန်းချီအရောင်ချယ်ပြိုင်ပွဲ

🥇 ပထမဆု – သမီးငယ် Teresa
🥈 ဒုတိယဆု – သမီးငယ် Lusia
🥉 တတိယဆု – သားငယ် Aung Khant Kaung Myat

📖 ကျမ်းစာအလွတ်ရွတ်ပြိုင်ပွဲ

🥇 ပထမဆု – သမီးငယ် Lusia နွယ်ငိုင်တော့
🥈 ဒုတိယဆု – သမီးငယ် Helena ငုဝါလှိုင်
🥉 တတိယဆု – သမီးငယ် Jone ကြယ်စင်ရှင်းသန့်

🎤 ကျပန်းစကားပြောပြိုင်ပွဲ

🥇 ပထမဆု – သမီးငယ် Christine ဆောင်းကြယ်စင်
🥈 ဒုတိယဆု – သမီးငယ် Velentina နန်းထာဝရသောင်း
🥉 တတိယဆု – သားငယ် William

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော သားငယ်၊ သမီးငယ်များအားလုံး၏ ကြိုးစားအားထုတ်မှုကိုဂုဏ်ပြုအပ်ပါသည်။ ဆုရရှိသူများကိုလည်း များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဘုရားရှင်၏ ကျေးဇူးတော်ဖြင့် ပညာ၊ ယုံကြည်ခြင်းနှင့် အကျင့်သီလတို့တွင် ဆက်လက်ကြီးထွားတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

St. Gabriel Church – Sunday School 🙏

💐မိဘများပွဲနေ့ ဘိုးဘွားမိဘများအား ကန်တော့ခြင်းအခမ်းအနား အမှတ်တရ ပုံရိပ်များ 💐"သားသမီးတို့၊ သင်တို့၏ မိဘကို ရိုသေလေးစားကြ...
27/07/2026

💐မိဘများပွဲနေ့ ဘိုးဘွားမိဘများအား ကန်တော့ခြင်းအခမ်းအနား အမှတ်တရ ပုံရိပ်များ 💐

"သားသမီးတို့၊ သင်တို့၏ မိဘကို ရိုသေလေးစားကြလော့။ ဤသည်မှာ ကတိတော်နှင့်တွဲလျက်ရှိသော ပထမပညတ်ဖြစ်၏။"
(ဧဖက် ၆:၂)

ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ယနေ့ကျင်းပပြုလုပ်သော မိဘများပွဲနေ့ အစီအစဉ်ကို အောက်ပါအစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

🎶 လူငယ်များမှ အဖွင့်သီချင်းဖြင့် အစီအစဉ်ကို ဖွင့်လှစ်ခဲ့ပါသည်။

🌹 ထို့နောက် လူငယ်များမှ မိဘများအား ဂုဏ်ပြုရင်ထိုးများ တပ်ဆင်ပေးကာ မေတ္တာနှင့် ကျေးဇူးတရားကို ဖော်ပြခဲ့ကြပါသည်။

📖 ဩဘာစာကို ဖတ်ကြား၍ မိဘတို့၏ ကျေးဇူးဂုဏ်ကို အမှတ်ရစေခဲ့ပါသည်။

🎁 မိဘများအား အမှတ်တရ လက်ဆောင်များ ဆက်သခဲ့ကြပြီး၊

🙏 ကန်တော့ကျိုးကို ရွတ်ဆိုကာ မိဘများအား ရိုသေလေးစားစွာ ကန်တော့ခဲ့ကြပါသည်။

💝 ထို့နောက် မိဘကိုယ်စား မိဘတစ်ဦးမှ ရင်တွင်းစကားများကို မျှဝေပြောကြားပေးခဲ့ပြီး လူငယ်များနှင့် မိသားစုများအတွက် အားပေးစကားများကိုလည်း ပြောကြားခဲ့ပါသည်။

🎂 မိဘများပွဲနေ့ အမှတ်တရအဖြစ် ကိတ်မုန့်ကို အတူတကွ ခွဲဝေခဲ့ကြပြီး ပျော်ရွှင်ဖွယ် အမှတ်တရအချိန်များကို ဖန်တီးနိုင်ခဲ့ပါသည်။

🎵 အစီအစဉ်၏ နောက်ဆုံးတွင် လူငယ်များမှ အပိတ်သီချင်းဖြင့် သီဆိုဆက်ကပ်ခဲ့ကြပြီး၊ Fr. မှ အပိတ်ကောင်းချီးပေးကာ အစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

🙏 ဤမိဘများပွဲနေ့ အစီအစဉ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော အဖကျောင်းထိုင်ဘုန်းတော်ကြီး၊ဒီကန်၊ သီလရှင်များ၊ သာသနာအတွင်းရှိ အဖွဲ့အစည်းအသီးသီး၊ လူငယ်များ၊ အလှူရှင်များနှင့် ပါဝင်ဆောင်ရွက်ပေးကြသူ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘုရားသခင်သည် လူတိုင်း၏ မေတ္တာ၊ အနစ်နာခံမှုနှင့် အမှုဆောင်ခြင်းများအတွက် အဆပေါင်းများစွာ ကောင်းချီးမင်္ဂလာများ ပြန်လည်ချီးမြှင့်ပေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ✝️

💐 St. Gabriel Church 💐Parents' Day Celebration – Holy Mass"Honor your father and your mother.                           ...
26/07/2026

💐 St. Gabriel Church 💐
Parents' Day Celebration – Holy Mass

"Honor your father and your mother.
Exodus 20:12

On the occasion of Parents' Day, the Holy Mass was celebrated to thank God for the gift of our parents and to pray for their health, strength, peace, and abundant blessings.

May the Lord continue to bless all parents with His grace and love, and may every family remain united in faith, hope, and charity.

🙏 Happy Parents' Day!
May God bless all parents.

📅 Date: July 26, 2026

Address

Yangon

Opening Hours

Monday 06:30 - 08:00
Tuesday 06:30 - 08:00
Wednesday 06:30 - 08:00
Thursday 06:30 - 08:00
Friday 06:30 - 08:00
Saturday 06:30 - 08:00
Sunday 06:00 - 18:00

Telephone

09792957397

Website

Alerts

Be the first to know and let us send you an email when St.Gabriel Church - North Okkalapa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share