Myanmar Revival Evangelical Church

Myanmar Revival Evangelical  Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Revival Evangelical Church, Religious organisation, Yangon.

Church Planting and Children Ministry
There are thousands and thousands of people need to be evangelized in hung land of Myanmar untill they are not reached by the gospel, how can we Christian take rest?

🏠အိမ်ထောင်ဝတ်ပြုဆုတောင်းခြင်း🏠ခရစ်တော်၌မိသားစုများအတူတကွစုဝေးပြီး၊ဆုတောင်းခြင်း၊မိတ်သဟာယဖွဲ့ ၊နှုတ်ကပတ်တော်ခံယူခွင့်ရလို...
26/08/2026

🏠အိမ်ထောင်ဝတ်ပြုဆုတောင်းခြင်း🏠

ခရစ်တော်၌မိသားစုများအတူတကွစုဝေးပြီး၊
ဆုတောင်းခြင်း၊မိတ်သဟာယဖွဲ့ ၊နှုတ်ကပတ်တော်ခံယူခွင့်ရလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။📖📖👏👏

📖 နာခံခြင်း 📖
~~~~~~~~~~~
၃ ရာ 17 : 13-16
ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။

နှုတ်ကပတ်တော်နဲ့ဆုတောင်းခြင်းအားလက်ခံပေးပြီး​အထူးဧည့်ဝတ်ပြုသောအိမ်ရှင်မိသားစု
နှင့်အပတ်စဥ်သစ္စာရှိရှိပါဝင်ကြသောမိသားစုများပေါ်ဘုရားအထူးကောင်းကြီးပေးပါစေ။🙌💙

#အထူးဆုတောင်းခံချက်
အသင်းတော်မြေနေရာနှင့်ဝတ်ပြုအဆောက်အဦးရရှိရန်



The church of God is the hope and blessing of the world 🩵✝️⛪အသင်းတော်သည် ကမ္ဘာကြီးရဲ့ မျှော်လင့်ခြင်းနှင့် ကောင်းကြီးမင်...
25/08/2026

The church of God is the hope and blessing of the world 🩵✝️⛪

အသင်းတော်သည် ကမ္ဘာကြီးရဲ့ မျှော်လင့်ခြင်းနှင့် ကောင်းကြီးမင်္ဂလာဖြစ်သည်။

ရှင်မဿဲခရစ်ဝင်။ 5:7 သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။

ဧရာဝတီရေဘေးအတွတ်အတူတကွဝေငှကူညီကြသူများကို ဘုရားသခင်သာ၍ ကောင်းကြီးပေးပါစေ။

သခင်​ဘုရားနေ့ဝတ်ပြုကိုးကွယ်ခြင်း ~~~~~~~~~~~~~~~~~~~~~~⛪ အပတ်စဥ် ဝတ်ပြုကိုးကွယ်ခြင်း အစီစဥ်တွင်အတူတကွပါဝင်အစေခံကြသောသူမျ...
23/08/2026

သခင်​ဘုရားနေ့ဝတ်ပြုကိုးကွယ်ခြင်း
~~~~~~~~~~~~~~~~~~~~~~
⛪ အပတ်စဥ် ဝတ်ပြုကိုးကွယ်ခြင်း အစီစဥ်တွင်အတူတကွပါဝင်အစေခံကြသောသူများ၊
ပေးလှူသောသူများ၊ပန်းလှူသောမိသားစုနှင့်
နေ့လည်စာဖြင့်ကောင်းကြီးယူသောမိသားစုအပေါ်ဘုရားသခင်ထံမှငြိမ်သက်၊ဝမ်းမြောက်ခြင်းကောင်းကြီးအဖြာဖြာတိုးပွားပြည့်စုံကြပါစေ။🙌💗💗

Topic - လူတွေရဲ့အကြံအစည်နဲ့ဘုရားရဲ့အကြံအစည်

ဟေရှာယ 55 : 8-9
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍ မြင့်၏။

၁။ လူအကြံအစည်ကအကန့်အသက်ရှိခြင်း
သုတ္တံကျမ်း 16 : 9
လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။

သုတ္တံကျမ်း။ 3 : 5-6
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

၂။ လူတွေရဲ့အကြံစည်ထက်ဘုရားအကြံအစည်မြင့်မားခြင်း
သုတ္တံကျမ်း။ 19 : 21
လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။

ကမ္ဘာ​ဦး 50 : 20
သင်တို့သည် ကျွန်ုပ်ကိုညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများအသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည်ကြံတော်မူ၏။

၃။ ကိုယ့်အကြံအစည်ကိုအပ်နှံပီးဘုရားအလိုတော်ရှာဖွေခြင်း
ရောမ 12 : 2
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

#အထူးဆုတောင်းခံချက်
အသင်းတော်မြေနေရာနှင့်ဝတ်ပြုအဆောက်အဦးအမြန်ဆုံးရနိုင်ရန်။


✝️ Fasting Prayer Service ✝️တိုင်းနိုင်ငံကြီးနဲ့လူမျိုးတကာ၊အငယ်ဆုံးသောသူများ၊ သဘာဝဘေးအမျိုးမျိုးကြုံတွေ့နေရသောသူများ၊ စစ...
21/08/2026

✝️ Fasting Prayer Service ✝️

တိုင်းနိုင်ငံကြီးနဲ့လူမျိုးတကာ၊အငယ်ဆုံးသောသူများ၊ သဘာဝဘေးအမျိုးမျိုးကြုံတွေ့နေရသောသူများ၊ စစ်ဘေးရှောင်နေရသောသူများ၊အသင်းတော်အသီးသီးနှင့်အထူးဆုတောင်းခံချက်များအတွက်စိတ်နှလုံးများကိုသွန်းလောင်းလျက်နှိမ့်ချစွာဖြင့်အတူကတွဆုတောင်းကောင်းကြီးပေးကြတယ်။🙏🙌💙

အခြေနေတိုင်းမှာအားမလျော့ပဲယုံကြည်ခြင်း
ပါလျက်သူတစ်ပါးအတွက်ကိုယ်စားပြုဆုတောင်းခြင်းဖြင့်မျိုးစေ့ကြဲသောသူများပေါ်
ဘုရားသခင်ထံမှကြွယ်ဝသောကောင်းကြီးမင်္ဂလာအဖြာဖြာသွန်းလောင်းပေးပါစေ။🙌🙌

ဖိ​လိပ္ပိ 4 : 6
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။

#အထူးဆုတောင်းခံချက်
အသင်းတော်မြေနေရာနှင့်ဝတ်ပြုအဆောက်အဦးရရှိရန်


Blessed birthday ဦးဇင်ကိုကို 🎂🎂🎂ချစ်ရတဲ့ မိသားစုနဲ့အတူ ဘုရားရဲ့ ကောင်းကြီးမင်္ဂလာများစွာနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနိ...
17/08/2026

Blessed birthday ဦးဇင်ကိုကို 🎂🎂🎂
ချစ်ရတဲ့ မိသားစုနဲ့အတူ ဘုရားရဲ့ ကောင်းကြီးမင်္ဂလာများစွာနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ။ ဘုရားသခင်ကို အမြဲကိုးစားပြီး အိမ်ထောင်ရဲ့ယဇ်ပရောဟိတ်ကြီးကဲ့သို့ ဝိညာဉ်ရေးရာမှာသာ၍ ဦးဆောင်နိုင်ပါစေလို့ မွေးနေ့ဆုတောင်းပေးပါတယ်။ အသင်းတော်အတွတ် အမြဲအစေခံပေးလို့ အထူးကျေးဇူးတင်ပါတယ်။ ဘုရားသခင်သာ၍ ကောင်းကြီးပေးပါစေ။

#အသင်းတော်မိသားစု

ဘုရားသခင်ဖွင့်ပေးသောတံခါး (၃)မျိုး~~~~~~~~~~~~~~~~~~~~~~~~~ဗျာဒိတ် 3 : 8သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ် နိုင်သောတံခါ...
16/08/2026

ဘုရားသခင်ဖွင့်ပေးသောတံခါး (၃)မျိုး
~~~~~~~~~~~~~~~~~~~~~~~~~
ဗျာဒိတ် 3 : 8
သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်းမူကား၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။

လူတိုင်းအတွတ် ဘုရားသခင်ဖွင့်ပေးထားတဲ့ တံခါးတွေကို နားလည်ဖို့ အလွန်အရေးကြီးပါတယ်။
သမ္မာကျမ်းစာထဲမှ ဘုရားဖွင့်ပေးထားသော တံခါး (၃)မျိုးကို ဝေငှလိုက်ပါတယ်။

၁။ ဘုရားသခင်နိုင်ငံတော်တံခါး
ရှင်မသဲ ၂၅:၁-၁၂
ဘုရားသခင်နိုင်ငံတော်တံခါးက လူတိုင်းအတွတ်၊ အချိန်တိုင်းဖွင့်ပေးထားပါတယ်။ ကျေးဇူးတော်တံခါးလို့လည်းခေါ်ပါတယ်။

၂။ ကျွန်ုပ်တို့စိတ်နှလုံးသားတံခါး
- ဩဗဒေဒုံရဲ့ဘုရားအတွတ်နှလုံးသား
ဓမ္မရာဇဝင်‌ဒုတိယစောင်။ 6:11 ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည် လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။

ဗျာဒိတ်ကျမ်း။ 3:20
ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

In Happy Time, Praise God
ပျော်ရွင်ရတဲ့ချိန်မှာ ချီးမွမ်းပါ
In Difficult Time, Seek God
ခက်ခဲတဲ့ချိန်မှာ ဘုရားကိုရှာပါ
In Quite Time, Trust God
တိတ်ဆိတ်ရသာချိန်မှာ ယုံကြည်ကိုးစားပါ
In Every Time, Thank God
အချိန်တိုင်းမှာ ဘုရားကိုကျးဇူးတင်ပါ

၃။ ဘုရားဖွင့်ပေးတဲ့ကာင်းကြီးမင်္ဂလာ
တံခါး

မာလခိအနာဂတ္တိကျမ်း 3:10-12
ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီး ရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိ သောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည် လည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

16 August 2026

16/08/2026

Sundayschool ကလေးများချီးမွမ်းခြင်း 😍

သခင်​ဘုရားနေ့ဝတ်ပြုကိုးကွယ်ခြင်းနှင့်Solomon Ling ကျေးဇူးတော်ချီးမွမ်းခြင်း~~~~~~~~~~~~~~~~~~~~~~Worship MC - ဆရာမအားမီS...
16/08/2026

သခင်​ဘုရားနေ့ဝတ်ပြုကိုးကွယ်ခြင်းနှင့်Solomon Ling ကျေးဇူးတော်ချီးမွမ်းခြင်း
~~~~~~~~~~~~~~~~~~~~~~
Worship MC - ဆရာမအားမီ
Speaker - Ps. Kyaw Zay Ya
Special Prayer - ဆရာမမာလာဒိန်း

⛪ ဝတ်ပြုကိုးကွယ်ခြင်းအစီစဥ်တွင်အတူတကွပါဝင်အစေခံကြသောသူများ၊ ပေးလှူခြင်း၊ပန်းလှူသောမိသားစုများနဲ့ မိမိကျတဲ့‌တာဝန်တွင် အစေခံကြသူများအားလုံးကို ဘုရားသခင် သာ၍ ကောင်းကြီးပေးပါစေ။

ခရစ်တော်၌မိသားစုများ ခေါက်ဆွဲကြော်နဲ့ အတူတကွ မိသဟယနေ့လည်စာအတွတ်လည်းကျေးဇူးတော်ချီးမွမ်းပါတယ်။ ချက်ပြုတ်ခြင်းနဲ့ အစေခံသောမိသားစုကို ဘုရားအထူးကောင်းကြီးပေးပါစေ။

#အထူးဆုတောင်းခံချက်
အသင်းတော်မြေနေရာနှင့်ဝတ်ပြုအဆောက်အဦးအမြန်ဆုံးရနိုင်ရန်။




🗓️ 16 August 2026

💙 Sundayschool_Program 💙ကလေးများကိုရွှေကျမ်းချက်သင်ကြားခြင်း၊သီချင်းသင်ကြားပေးခြင်း၊ မေတ္တာမျိုးစေ့ကြဲခြင်းနဲ့ဝမ်းမြှောက...
15/08/2026

💙 Sundayschool_Program 💙

ကလေးများကိုရွှေကျမ်းချက်သင်ကြားခြင်း၊သီချင်းသင်ကြားပေးခြင်း၊ မေတ္တာမျိုးစေ့ကြဲခြင်းနဲ့ဝမ်းမြှောက်ပျော်ရွှင်စွာအတူတကွဘုရားကိုချီးမွမ်းကြတယ်။👏👏👏

ဘုရားကိုချစ်တဲ့ကလေးသူငယ်လေးများနဲ့မေတ္တာဖြင့်အစေခံကြသောဆရာမများပေါ်ဘုရားအထူးကောင်းကြီးပေးပါစေ။💙💙

မဿဲ 6 : 19-20
သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။
သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမ
ဖောက်မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။

#အထူးဆုတောင်းခံချက်
အသင်းတော်မြေနေရာနှင့်ဝတ်ပြု
အဆောက်အဦးရရှိရန်။



Prayer is a work of Faith ဆုတောင်းခြင်းသည်ယုံကြည်ခြင်းသက်သေရာဇဝင်ချုပ်ဒုတိယစောင်။  7:14  ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည...
15/08/2026

Prayer is a work of Faith
ဆုတောင်းခြင်းသည်ယုံကြည်ခြင်းသက်သေ

ရာဇဝင်ချုပ်ဒုတိယစောင်။ 7:14
ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။

ရှင်ယာကုပ်‌ဩဝါဒစာ။ 5:16
အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။


#နိုးထသောဧဝံဂေလိအသင်းတော်

Address

Yangon

Telephone

+959884521988

Website

Alerts

Be the first to know and let us send you an email when Myanmar Revival Evangelical Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Myanmar Revival Evangelical Church:

Shortcuts

Share