တက္ကသီလဟိတဓရ-ရန်ကုန်

တက္ကသီလဟိတဓရ-ရန်ကုန် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ပညာသင်ကြား၊သင်ယူခဲ့ဖူးသည့် ကျောင်းသားများ

တက္ကသီလာအလွမ်း••••••••••••••••••••••••သူငယ်ချင်း...မင်းတို့တစ်တွေ ပညာတော်လို့အကျော်အမော် ဆရာတော်တွေဖြစ်ရင်ငါ့ကို ခေါ်ပြေ...
29/11/2025

တက္ကသီလာအလွမ်း
••••••••••••••••••••••••

သူငယ်ချင်း...
မင်းတို့တစ်တွေ
ပညာတော်လို့
အကျော်အမော်
ဆရာတော်တွေဖြစ်ရင်
ငါ့ကို ခေါ်ပြောဖို့ မမေ့ပါနဲ့..။😀😀

သူငယ်ချင်း..
မင်းတို့တစ်တွေ
သမုဒယအငွေ့နဲ့
ယုယကြင်နာစရာတွေ့လို့
သမီးသားတစ်ပွေ့တပိုက်နဲ့
လူ့ဘ၀မှာ ကြီးပွားနေရင်
ပစ္စည်းလေးပါး
ငါ့ကိုထောက်ပံ့ဖို့ မမေ့နဲ့ဦး..။😀🥰

သူငယ်ချင်း..
တို့တစ်တွေဟာ
ခရီးတစ်ထောက်ပြီးလို့
အနာဂတ်တောက်ပဖို့
ကိုယ့်ခရီးကိုယ် ဆက်လျှောက်ရပေမယ့်
လေးနှစ်တာ စာသင်ခန်းဖြတ်သန်း
တစ်ခန်းရပ် စာတစ်ပိုဒ် ပြန်ဖတ်မိတိုင်း
မျက်ရည်မဝိုင်းသည့်တိုင်
ငါ့ဝဲဘက် ရင်ဘတ်တစ်ခြမ်းက
ဝေဒနာ အဖြေရှာရရင်..
ငါ မင်းတို့ကို လွမ်းနေတယ်ဆိုတာ
သေချာတယ်..။🙂🥰

သူငယ်ချင်း..
တို့တစ်တွေ
ဘယ်လမ်းလျှောက်လို့
ဘယ်ကမ်းပေါက်ပေါက်
အခုမှတွေ့တဲ့ အသစ်ဆန်းမဟုတ်ကြလို့
သူငယ်ချင်းဆိုတဲ့ ကျွမ်း၀င်မှုကို
အသေးအမွှားလို့ မယူဆဘဲ
အရေးထား ငဲ့ကွက်ထည့်တွက်ပြီး
အကြောင်းမဆီလျော်ရင်တောင်
ကျောင်းတော်တက္ကသီလာ အမေ့ရင်ခွင်မှာ
တစ်နှစ်တစ်ခါ ပြန်လည်ခိုလှုံတွေ့ဆုံပြီး
အဖြစ်ဟောင်းတွေ သတိတရ စကားလက်ဆုံကျ၊
ခေတ်စနစ်အရ အတွေးသစ်တွေလည်း
အမြင်ချင်းဖလှယ်ချပြ စကားလက်ဆုံကျရရင်
ဘယ်လောက် ကောင်းလိုက်မလဲကွာ..။🤝🤝

သူငယ်ချင်း..
ငါအခု နောက်ဆုံးပြောတဲ့စကားက
ဟန်ပြအတု မဟုတ်တဲ့
ငါ့ရင်ထဲက
အမှန်ကန်ဆန္ဒတစ်ခုဆိုတာ
မင်းတို့တွေ..
ယုံပါကွာ..။❣️❣️

#မှူးသံစဉ်

♥️🥰♥️

ဆေးထိုးခံရခြင်း အမှတ်တရ 😀
28/11/2025

ဆေးထိုးခံရခြင်း အမှတ်တရ 😀

တွေ့ကြဆုံကြ တက္ကသီလဟိတဓရ
28/11/2025

တွေ့ကြဆုံကြ တက္ကသီလဟိတဓရ

ယခင် အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ ၊ ဌာနမှူးအင်းစိန် ရွာမဆရာတော်နှင့်ယခု အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ၊ ဌာနမှူးဒေါက်တာဘဒ္ဒန္တထ...
28/11/2025

ယခင် အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ ၊ ဌာနမှူး
အင်းစိန် ရွာမဆရာတော်နှင့်
ယခု အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ၊ ဌာနမှူး
ဒေါက်တာဘဒ္ဒန္တထေရိန္ဒ တို့ အမှတ်တရ

တက္ကသိုလ်ကျောင်းတော်ကြီးသို့ သံယောဇဉ်ကြီးစွာ ဆရာသမားများကို ပူဇော်ဖို့ အားခဲကြွတော်မူကြသည့် နောင်တော်ကြီးများ စီနီယာများ...
28/11/2025

တက္ကသိုလ်ကျောင်းတော်ကြီးသို့ သံယောဇဉ်ကြီးစွာ
ဆရာသမားများကို ပူဇော်ဖို့ အားခဲကြွတော်မူကြသည့်
နောင်တော်ကြီးများ စီနီယာများ ညီတော်များကို
အမိတက္ကသိုလ်ကြီး ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်ဘုရား 🙏🙏🙏

ဆရာတွေပျော် တပည့်တွေပျော်တဲ့ ပျော်ကြတဲ့ပွဲ(ပြင်ပ ပါမောက္ခ ဆရာကြီးတွေပါ သတိရပါ၏။ နောက်ပွဲမှာ အစုံ တွေ့ကြတာပေါ့ဘုရား)
28/11/2025

ဆရာတွေပျော် တပည့်တွေပျော်တဲ့ ပျော်ကြတဲ့ပွဲ

(ပြင်ပ ပါမောက္ခ ဆရာကြီးတွေပါ သတိရပါ၏။
နောက်ပွဲမှာ အစုံ တွေ့ကြတာပေါ့ဘုရား)

ယခင်ပါချုပ် ယခုပါချုပ်တို့၏ အမှတ်တရ(အများကြားထဲ မနည်းရိုက်ရတာမလို့ပါဘုရား )
28/11/2025

ယခင်ပါချုပ် ယခုပါချုပ်တို့၏ အမှတ်တရ
(အများကြားထဲ မနည်းရိုက်ရတာမလို့ပါဘုရား )

ပါချုပ်ငြိမ်း ဘဒ္ဒန္တပဏ္ဍိတာဘိဝံ ဘဒ္ဒန္တဂန္ဓမာဘိဝံသ စသော ဆရာတော်ကြီးများထံ တပည့်ကြီးများမှ လှူဒါန်းဖွယ်ရာများ ကပ်လှူကြပါ...
28/11/2025

ပါချုပ်ငြိမ်း ဘဒ္ဒန္တပဏ္ဍိတာဘိဝံ
ဘဒ္ဒန္တဂန္ဓမာဘိဝံသ စသော ဆရာတော်ကြီးများထံ တပည့်ကြီးများမှ လှူဒါန်းဖွယ်ရာများ ကပ်လှူကြပါသည်။

တက္ကသီလဟိတဓရ သြဝါဒခံယူပွဲ
28/11/2025

တက္ကသီလဟိတဓရ သြဝါဒခံယူပွဲ

တက္ကသီလဟိတဓရ တွေ့ဆုံပွဲ(live လွင့်နေတာနဲ့ မှတ်တမ်း ဓာတ်ပုံ ကောင်းကောင်း မယူနိုင်တာ ခွင့်လွှတ်တော်မူပါဘုရား)အခြား ရိုက်ခိ...
28/11/2025

တက္ကသီလဟိတဓရ တွေ့ဆုံပွဲ

(live လွင့်နေတာနဲ့ မှတ်တမ်း ဓာတ်ပုံ ကောင်းကောင်း မယူနိုင်တာ ခွင့်လွှတ်တော်မူပါဘုရား)

အခြား ရိုက်ခိုင်းလိုက်တဲ့ ပုံလေးတွေပဲ အမှတ်တရအဖြစ် တင်လိုက်ပါတယ်ဘုရား။

အစည်းအဝေး မှတ်တမ်း၊ ဆုံးဖြတ်ချက်၊ အဖွဲ့အစည်း ဖွဲ့စည်းခြင်း ဆိုင်ရာများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများမှ တရားဝင် ထုတ်ပြန်
ကြေငြာမှသာလျှင် တင်ပေးပါမည်ဘုရား 🙏🙏🙏

မှတ်တမ်း ဓာတ်ပုံများကို ဘုရားတပည့်တော် ရိုက်ထားသလောက် တင်ပေးထားပါမည်ဘုရား🙏🙏🙏

ဆရာတော်ဦးသုခမိန္ဒ သန္တိကရ ဆရာတော် ဘုန်းကြီး ဦးသုဝဏ် (သြဇီ) (ဒုချုပ်ဆရာတော်နှင့် Vcall တွေ့ဆုံ) ရွှေတောင်ဆရာတော် ဘုန်းကြီ...
27/11/2025

ဆရာတော်ဦးသုခမိန္ဒ
သန္တိကရ ဆရာတော် ဘုန်းကြီး ဦးသုဝဏ် (သြဇီ)
(ဒုချုပ်ဆရာတော်နှင့် Vcall တွေ့ဆုံ)
ရွှေတောင်ဆရာတော် ဘုန်းကြီး ဦးဥဇ္ဇောတ တို့ ကြွရောက်။

Address

SPSU, Kabaraye Pogoda Road
Yangon

Alerts

Be the first to know and let us send you an email when တက္ကသီလဟိတဓရ-ရန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share