မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine

  • Home
  • Myanmar
  • Yangon
  • မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine

မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine အမျိူးသမီးများအတွက် သမ္မာကျမ်းစာ အကြောင်း ဝေမျှ သက်သေခံခြင်းများ ဖော်ပြသော စာစောင်ဖြစ်ပါသည်

ဒီအပတ်မှာတော့ ဆရာမကြီးဒေါ်ကြင်သိန်းရဲ့ ဆောင်းပါးလေးကို ဖတ်ရှူ့ပြီး ချစ်သောအမျိုးသမီးတွေ မိမိတို့ရဲ့ဘုရားပေးထားတဲ့ စွမ်းဆ...
03/08/2026

ဒီအပတ်မှာတော့ ဆရာမကြီးဒေါ်ကြင်သိန်းရဲ့ ဆောင်းပါးလေးကို ဖတ်ရှူ့ပြီး ချစ်သောအမျိုးသမီးတွေ မိမိတို့ရဲ့ဘုရားပေးထားတဲ့ စွမ်းဆောင်ရည်တွေကို ဘုရားနိုင်ငံတော်ကျယ်ပြန့်ဖို့ အသုံးချကြပါနော်

အမျိူးသမီးစွမ်းဆောင်ရည်မြင့်မားခြင်း(Women Empowerment)
အမျိူးသမီးတိုင်းသည် ဘုရားရှင်ပေးထားသော စွမ်းဆောင်မှူ့များရှိပါသညိ။ တခါတလေ ကျမတို့၌ အဘယ်ကဲ့သို့သော စွမ်းဆောင်ရည်ရှိသည်ကို မိမိကိုယ်တိုင်မသိဘဲ အသက်ရှင်လျက်ရှိနေကြပါသည်။ ယနေ့ ကျမတို့အား စွမ်းဆောင်ရည်များ ဘာရှိသလဲ ဟူသော အချက်ကို ရှာဖွေလျက် အမျိူးသမီးများ တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း အစုအသင်းအလိုက် အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ဆောင်ရွက်နိုင်ရန် ရှာဖွေကြပါစို့။ အမျိူးသမီးတိုင်းသည် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသည်။ မည်မျှပင် ခက်ခဲပါစေ အမျိူးသမီးများသည် ဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် မိမိဘဝကို ရပ်တည်နိုင်ရန် ကြိုးစားကြသည်။ သမ္မာကျမ်းစာတွင် လုဒိကို ကြည့်လျှင်သိနိုင်သည်။ လုဒိသည် အမျိူးသမီးတစ်ဦးဖြစ်သော်လည်း မိမိဘဝ၊ မိသားစုဘဝအတွက် ကုန်ရောင်း၊ကုန်ဝယ် လုပ်ခြင်းဖြင့် ရပ်တည်နိုင်အောင် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် လုဒိသည် အမျိူးသမီးစွမ်းဆောင် (Empowerment) ဟူသော စကားစု၏ အဓိပ္ပါယ်တွင် ကိုယ်ပိုင်အရည်အသွေးရှိခြင်း၊ ရွေးချယ်နိုင်စွမ်းရှိခြင်း၊ ဂုဏ်သိက္ခာနှင့် ပြည့်စုံပြီး တန်ဖိုးရှိခြင်းဟူသော အသက်တာကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ထို့ကြောင့် ကျမတို့ အမျိူးသမီးများသည် အားငယ်စိတ်၊ မိမိဘာမျှမလုပ်နိုင်ပါလားဟူသော အတွေးအခေါ် အယူအဆများကို ဖယ်ရှားပစ်ရမည်။ ဘုရား‌ပေးသော စွမ်းဆောင်ရည်များကို မည်ကဲ့သို့ အားဖြည့်လျှက် မိမိအိမ်ထောင်၌သေည်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း၊ ပတ်ဝန်းကျင်၌သော်လည်းကောင်း မည်ကဲ့သို့ ဆောင်ရွက်နိုင်သည်ကို စဥ်းစားလျှက် အသက်တာကို ဘုရားရှင်ထံ အပ်နှံရန် လိုအပ်ပါသည်။
အမျိူးသမီးအဖွဲ့များသည် ခွန်အားနည်းသော်လည်း စိတ်ဓါတ်မကျဘဲ အကောင်းဆုံးစုပေါင်း ဆောင်ရွက်ရန်ပြင်ဆင်ရမည်။ သို့ရာတွင် ရှေးဦးစွာ မိမိကိုယ်ကို မိမိသိရလိမ့်မည်။ မိမိ မိသားစုအတွက် သော်လည်းကောင်း၊ မိမိအသင်းဖွဲ့အတွက်သော်လည်းကောင်း မည်သည့်အရာကို ဆောင်ရွက်နိုင်သနည်း။
ပေါလုကဲ့သို့ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှူ့ကို တတ်စွမ်းနိုင်၏”ဟု ပြောနိုင်သည့် တိုင်အောင် ဘုရားရှင်နှင့် ဆက်သွယ်လျှက် ခွန်အားယူရပေမည်။ ဘုရားပေးသော စွမ်းရည်များဖြင့် လူ့လောကကြီးကို တည်ဆောက်သူများ ဖြစ်လာပေမည်။ လောကကြီးပိုမို လှပတောက်ပစေရန် ဆောင်ရွက်ကြရပေမည်။ ကျမ်းစာ၌ ဧသတာဘုရင်မသည် အမျိူးသမီးတစ်ဦး ဖြစ်သော်လည်း မိမိလူမျိူးကြုံတွေ့ရသော ဘေးအတွက် မိမိအသက်ကို ပဓါနမထားဘဲ ဆောင်ရွက်ခဲ့သောကြောင့် ယုဒလူမျိူးများတို့ သေဘေးလွတ်မြောက်ကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် စွမ်းဆောင်ရည်ဆိုရာတွင် မွေးရာပါ အရည်အသွေးများ ပါဝင်သကဲ့သို့ သင်ကြားခံယူခြင်းဖြင့် သော်လည်းကောင်း၊ အတွေ့အကြုံအားဖြင့်သော်လည်းကောင်း ရရှိလာသည့် တန်ဖိုးများဖြစ်သည်။ ထို့ကြောင့် အမျိူးသမီးတိုင်း စွမ်းဆောင်ရည်ရှိသူများ ဖြစ်ကြောင်းသတိပြုရပေမည်။
ယနေ့အမျိူးသမီးများ လုပ်ဆောင်ရမည့်အရာကားအဘယ်နည်း။ မည်ကဲ့သို့ လုပ်ဆောင်ကြရမည်နည်း။ မည်သည့်နေရာတွင် လုပ်ဆောင်ကြရမည်ကို လေ့လာရန် လိုအပ်သည်။ လုပ်ဆောင်ရမည့် လုပ်ငန်းအများရှိပါသည်။ အိမ်ထောင်မိသားစု ဖွံ့ဖြိုးတိုးတက်ရန်၊ သာသနာရေး၊လူမှူ့ရေး လုပ်ငန်းများတွင် ပါဝင်ရန် ဘုရားပေးသော အစွမ်းအစများဖြင့် ပြုလုပ်ရပေမည်။ အားနည်းသောကြောင့် မလုပ်နိုင်ပါဟု မငြင်းဘဲ ဘုရားပေးထားသော စွမ်းရည်များဖြင့် လုပ်ဆောင်ကြရမည်သာဖြစ်သည်။ သမ္မာကျမ်းစာတွင် လုဒိ၊ မာရိ၊‌ဒေဗောရာနှင့် ဧသတာတို့သည် အကောင်းဆုံးဆောင်ရွက်ကြသကဲ့သို့ ယနေ့မျက်မှောက်ခေတ် အမျိူးသမီးများသည်လည်း စွမ်းဆောင်ရည် (Empowerment) ဖြင့် ထမ်းရွက်စရာဝန်ချင်းများကို အတူတကွထမ်းဆောင်ကြပါရန် အားထုတ်ကြိုးပမ်းကြစို့……………..

ဒေါ်ကျင်သိန်း

အမျိူးသမီးစွမ်းဆောင်ရည်မြင့်မားခြင်း(Women Empowerment)  အမျိူးသမီးတိုင်းသည် ဘုရားရှင်ပေးထားသော စွမ်းဆောင်မှူ့များရှိပါသ...

ဆရာမကြီးဒေါ်ကြင်သိန်း ကို ချစ်ခင်သတိရအောင့်မေ့ကြသော ချစ်သော မြင့်မြတ်အမျိူးသမီးများကိုယ်စား မြင့်မြတ်စာစောင်စာတည်းအဖွဲ့မ...
30/07/2026

ဆရာမကြီးဒေါ်ကြင်သိန်း ကို ချစ်ခင်သတိရအောင့်မေ့ကြသော ချစ်သော မြင့်မြတ်အမျိူးသမီးများကိုယ်စား မြင့်မြတ်စာစောင်စာတည်းအဖွဲ့မှာ ဂုဏ်ပြုရေးသားလိုက်ပါသည်။

ဆရာမကြီးဒေါ်ကြင်သိန်း အလွမ်းပြေ
ဆရာမကြီး ဒေါ်ကျင်သိန်းသည် မြို့မ မက်သဒစ်အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ ဦးလှကျော်၊ဒေါ်သဲခင်တို့မှ မွေးချင်းညီအမ ငါးဦးအနက် ဒုတိယသမီးဖြစ်သည်။ ဝေါမြို့နယ်၊မြစ်ကျိူးကျွန်းစုကျေးရွာ၌ ၁၉၃၇ခုနှစ် ဩဂုတ်လ၂၄ရက် သောကြာနေ့တွင် မွေးဖွားသည်။ ၂၀၂၆ခုနှစ် ဇွန်လ ၈ရက် တနလ်ာနေ့နံနက်၃း၄၀ အချိန်တွင် ဘုန်းတော်ဝင်စားချိန်တွင် အသက် (၉၀)နှစ်ရှိပြီဖြစ်သည်။
“ဆရာမကြီး၏ သာသနာ့ခြေလှမ်းများ”
ဆရာမကြီးသည် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT Myanmar Institute of the theology) အင်းစိန်တွင် ၁၉၆၁ခုနှစ်တွင် B.Th နှင့် ၁၉၇၂ ခုနှစ်တွင် BREဘွဲ့များကို ရရှိခဲ့သည်။ ၁၉၇၂ခုနှစ်တွင် အခြေခံပညာအထက်တန်းကို ခုံအမှတ် -ပခ ၁၉၇၉ ဖြင့် “ခ” အဆင့်ဖြင့်အောင်မြင်ခဲ့သည်။ သူသည် ကျောင်းဆင်းပြီး၊ သန်လျင်မက်သဒစ်အသင်းတော်၊ တွံ့တေးမက်သဒစ်အသင်းတော် ပဲခူးအသင်းတော်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာမကြီးသည် မြန်မာနိူင်ငံတွင် ပထမဦးဆုံး အမျိူးသမီးလက်တင်ရရှိသူ၊ အရှေ့တောင်အာရှနိုင်ငံများရှိ အသင်းတော်များတွင်လည်း ပထမဦးဆုံးအမျိူးသမီးလက်တက်ရ အမှူ့တော်ဆောင်တစ်ဦးဖြစ်သည်။ မက်သဒစ်အသင်းတော်အောက်မြန်မာပြည် အိန္ဒိယနယ်၏ ဂိုဏ်းအုပ်အဖြစ် နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သည်။
ပဲခူးမြို့ အသင်းတော်များကောင်စီ(ယခင်PCC၊ယခု BCC ) တွင် ဥက္ကဌအဖြစ်လည်းကောင်း၊ ပဲခူးဂိုဏ်းပေါင်းစုံ အမျိူးသမီးအဖွဲ့တွင် ဥက္ကဌအဖြစ်လည်းကောင်း စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့သည်။ မက်သဒစ်အသင်းတော်၊ အောက်မြန်မာပြည် အမျိူးသမီးမိတ်သဟာယအဖွဲ့ချူပ်တွင် ဥက္ကဌ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ( MCC တစ်လုံးတဝတည်းဖြစ်ရေး) အမျိူးသမီးဌာနတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံကျမ်းစာအသင်း (The Bible Society of Myanmar)တွင် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ကျောင်းသားဟောင်းများအသင်းတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိင်ငံပညာရေးအသင်း (ATEM) (Association for Theological Education in Myanmar) တွင် ဘဏ္ဍာရေးမှူး တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချူပ်(MBC)တွင် ဓမ္မပညာတာဝန်ရှိသူများနှင့် လက်တွဲကာ ဓမ္မပညာလက်စွဲစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ အသင်းတော် Sunday School ကျမ်းစာသင်ကျောင်းများတွင် ထိုစာအုပ်ကို သင်ကြားပေးသည်။
ဆရာမကြီးသည် မက်သဒစ်ဓမ္မတက္ကသိုလ် (MTI- Methodist Thelogical Institute) တွင် စာချပုဂ္ဂိုလ်နှင့် ဒုတိယကျောင်းအုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၄-၁၉၉၅ မှစပြီး အမှတ် (၃၈) ဂေါ်သဇင်လမ်းတွင် ဗိမာန်တော်တစ်ဆောင်ဖြစ်မြောက်လာစေရန် ကြိုးပမ်းခဲ့သည်။ ဘုရားသခင်ကို ဦးထိပ်ပန်ဆင်ပြီး တာဝန်ကျ သင်းအုပ်ဆရာများ၊ အသင်းသူအသင်းသားများအားလုံး၏ ဆုတောင်းခြင်း၊ ပံ့ပိုးကူညီ ဆက်ကပ်ခြင်းအားဖြင့် ကြိုးပမ်းခဲ့ကြရာ REV နော်လေပိုမူးလက်ထက်တွင် ဗိမာန်တော်တည်ဆောက်ပြီးစီး အနုမောဒနာခေါ်ဆိုနိုင်ခဲ့သည်။ ဆရာမကြီးသည် ဆွေးနွေးပွဲများ အစည်းအဝေးများ၊ လေ့လာရေးခရီးစဉ်နှင့် ညီလာခံသဘင်များသို့ တက်ရောက်ရန် နိုင်ငံခြားတိုင်းပြည်များသို့လည်း သွားရောက်ခဲ့သည်။
သူသွားရောက်ခဲ့သောတိုင်းပြည်များမှာ အမေရိကန်၊အဂ်လန်၊ အာဖရိက၊မလေးရှား၊ စက်ာပူနိုင်ငံတို့ဖြစ်သည်။ သူလျှောက်ခဲ့သော သားသနာခရီးလမ်းသည် ကြမ်းတမ်းပါစေ၊ ဆူးခင်းလမ်းဖြစ်ပါစေ၊ ပန်းခင်းလမ်းကဲ့သို့ အပြုံးမပျက် အားမာန်အပြည့်နှင့် ရဲ့ရင့်သော ခြေလှမ်းများဖြင့် အဆုံးတိုင်လျှောက်ခဲ့ပေပြီ။
မြင့်မြတ်စာစောင်ကို ၂၀၀၈ခုနှစ်ဧပြီလမှ စတင်ပြီး ယနေ့တိုင်ခိုင်မြဲစွာရပ်တည်နိုင်ရန် အုတ်မြစ်ချတည်ဆောက်ပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများ၊ စာချစ်သူများ အဖွဲ့တွင် ဆရာမကြီးဒေါ်ကြင်သိန်းလည်း တစ်ဦးပါဝင်ခဲ့သည်။ ၂၀၀၈ခုနှစ်အောက်တိုဘာလတွင် ထုတ်ဝေသော မြင့်မြတ်စာစောင် အမှတ်စဉ်(၂)(ဒုတိယအကြိမ်)တွင် ဆရာမကြီး ရေးသားခဲ့သော ဆောင်းပါးမှာ “ အမျိူးသမီးစွမ်းဆောင်ရည်အားဖြည့်ခြင်း” (Women Empowerment) ဖြစ်သည်။
ယခုအခါ ဆရာမကြီးဘုန်းတောဝင်စားသွားသည်မှာ တစ်လကျော်သွားခဲ့ပေသည်။ ဆရာမကြီးအား အောက်မေ့သတိရ လွမ်းဆွတ်လျှက် သူလျှောက်ခဲ့သော သာသနာခရီးလမ်းများကို ဖတ်မိ၊မှတ်မိ၊စုမိသမျှ အဖွဲ့ချူပ်အမျိူးသမီးကိုယ်စား ဂုဏ်ပြုလျှက် ရေးသားဖော်ပြအပ်ပါသည်။

စာတည်းအဖွဲ့
မြင့်မြတ်စာစောင်

ဆရာမကြီးဒေါ်ကြင်သိန်း အလွမ်းပြေဆရာမကြီး ဒေါ်ကျင်သိန်းသည် မြို့မ မက်သဒစ်အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ ဦးလှကျော်၊ဒေါ်သဲ...

ဒီအပတ်မှာတော့  ချစသော အမျိူးသမီးများအတွက် သန်းသန်းဝင်း(ပဲခူးခရစ်တော်)ရဲ့ သူလိုလူကို ပြန်ဖတ်ပြီး သူလိုလူဖြစ်ဖို့ ကြိုးစား...
27/07/2026

ဒီအပတ်မှာတော့ ချစသော အမျိူးသမီးများအတွက် သန်းသန်းဝင်း(ပဲခူးခရစ်တော်)ရဲ့ သူလိုလူကို ပြန်ဖတ်ပြီး သူလိုလူဖြစ်ဖို့ ကြိုးစားကြပါစို့..............

“သူလိုလူ”
သူ့အမည်မှာ ကိုမျိူးအောင်ဖြစ်သည်။ပဲခူးမြို့ လမ်း(၃၀) ခရစ်တော်မက်ဒစ်အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ အိမ်အမှတ်(XX) စေ◌ျးပိုင်း(၁၈)လမ်း၊ ပဲခူးမြို့နေ ဦးဝမ်လျှံ-ဒေါ်ကျင်ဦးတို့၏ မွေးချင်းငါးဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စိတ်ရှည်သီးခံသော သူတပါးကို ကူညီလိုသော မိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။ သမီးအကြီးဆုံးမှာ Rev Grace Tan ဖြစ်သည်။ ဘုရားသခင်ထံအဦးသီးအဖြစ် ဆက်ကပ်ခဲ့သည်။ ထိုသမီးသည်လည်း သာဓုသစ္စာရှိသောငယ်သားကောင်း ပီသစွာ ဘုရားဝတ်၌မွေ့လျော်ပြီး အဆုံးတိုင်ဘုရား အမှူ့တော်ထမ်းရွက်ခဲ့သူဖြစ်သည်။ အမျိူးသမီး Bishop အဖြစ်ချီးမြှင့်ခြင်းခံရသူလည်းဖြစ်သည်။ ကိုမျိူးအောင်မှာ ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသော်လည်း ထိုဘွဲ့ဖြင့်စီးပွားမရှာပါ။ သူသည် ဘာသာရေးတွင် စိတ်ပါဝင်စားသကဲ့သို့ ဘုရားအတွက် ကိုယ်ကျိူးစွန့် ဆက်ကပ်ခဲ့သူဖြစ်သည်။ ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းဝေဌခြင်း ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူထုအကျိူးပြုလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်တောရွာမကျန် လုပ်ဆောင်ခဲ့သည်။
သူသည် ပဲခူးမြို့တွင် (XX)ခုနှစ်တွင် “ကရုဏာ” သွေးလှူဝိုင်းကို ဦးစီးဖွဲ့စည်း(ပဲခူးပြည့်သူ့ဆေးရုံကြီး နှင့် ဆင်သွယ်) ဖွဲ့စည်းရခြင်း၏ ရည်၇ွယ်ချက်မှာ သွေးလှူလိုသောသူများ အဖွဲ့ဝင်အဖြစ် စုပေါင်းပါဝင်ထားပြီး ငွေကြေးမတတ်နိုင်သူများ၊ အရေးပေါ်သွေးလိုအပ်နေသူများကို အခမဲ့အချိန်မရွေး သွေးလှူဒါန်း‌ပေးနိုင်ရန် ရည်ရွယ်ပါသည်။ လူတန်းစားမခွဲခြားဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ စေတနာစိတ်ဖြင့်သွေးလှူဒါန်းပေးကြသော အဖွဲ့ဝင်များကို လိုအပ်သော ဆေးဝါးနှင့်အစားအစာများကို မိမိငွေကြေးဖြင့် ပေးလှူခဲ့သည်။ သွေးအမျိူးအစားအလိုက် “ကရုဏာ”တွင် အဖွဲ့ဝင်အဖြစ်များစွာ ပါဝင်ပြီး သူ၏စေတနာ့ဝန်ထမ်းအလုပ်တွင် ပံ့ပိုးခဲ့ကြသည်။
“ကိုယ်အမှူ့အရာကိုသာ မရှူမှတ်ဘဲ၊ သူ့အမှူ့အရာကို အချင်းချင်းရှူ့မှတ်ကြလော့” (ဖိလိပ္ပိ ၂း၄)
သူသည် စာပေကို ချစ်မြတ်နိုးပြီး စာရေးသားခြင်းကိုလည်း ဝါသနာထုံသူဖြစ်သည်။ ကိုယ်တိုင်ရေးသားဖြန့်ဝေ ခွန်အားပေးတတ်သူဖြစ်သည်။ လူငယ်ထုအတွက် လမ်းညွှန်ချက်များကို စိတ်ဝင်စားဖွယ်ဟောကြားတတ်သူဖြစ်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။ မြန်မာတစ်နိုင်ငံလုံး စာမတတ်သူပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ်အတွင်း မိမိဆောင်ရွက်နိုင်သမျှပ်ဝင်ခဲ့သည်။ အခြေခံစာ ရေးတတ်၊ဖတ်တတ်ရန် စာရေးသားနည်းများကို အဖွဲ့ငယ်များဖွဲ့ပြီး တနိုင်တပိုင် သင်ကြားပေးခဲ့သည်။ အသင်းတော်အတွင်း အဂႅလိပ်စကားပြောကောင်းမွန် ကျွမ်းကျင်စေရန် ဆရာမ အိုင်ရစ်မှ သင်ကြား‌ပေးရာတွင် ပြင်ပမှ လူငယ်လူရွယ်ကျောင်းသူကျောင်းသားများ အာူးတက်သရော သင်ယူကြပါသည်။ထို့ပြင်မက “ပိုးနှင်းဇာ” စာဖတ်ဝိုင်းနှင့် စာကြည့်တိုက်ဝိုင်းကိုလည်းကောင်း၊ စာကြည့်တိုက်များကိုလည်းကောင်း စေတနာစိတ်ဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။
“ထာဝရဘုရားသည် သနားတတ်သောသဘော ကျေးဇူးပြုတတ်သောသဘော စိတ်ရှည်၍ ကျေဇူးပြုတတ်သောသဘော ရှိတော်မူ၏”(ဆာလံကျမ်း ၃း၈) ဟူသည့်အတိုင်း ဘုရားသခင်၏ မေတ္တာကရုဏာကို လူသားတိုင်းခံစားစေနိုင်ရန် ငါးမွေးမြူရေးကန်များကို တူးပေးပြီး အလုပ်လိုအပ်သောသူများကို လုပ်ကိုင်စေသည်။ နောင်ဘိုကျေးရွာတွင် စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရန်နှင့် အလုပ်လိုအပ်သူများ အလုပ်ရစေရန် သက်သာချောင်ချိရေး ကုန်စုံဆိုင်ကို မတည်အရင်းပြုပေးခဲ့သည်။
တေးသီချင်းကို ဝါသနာပါသူဖြစ်သောကြောင့် ဂီတအားဖြင့် ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်နိုင်ရန် “ယုဗလ” ခရစ်ယာန်ဓမ္မတေးသီချင်းဝိုင်းကို ဖွဲ့စည်းခဲ့သည်။ ဝါသနာရှင်များ အားလုံးပါဝင်လျက် အစီအစဥ်များ၊ ဖျော်ဖြေပွဲများ အသင်းတော်တွင်း Sing Song Service အစီအစဥ်များ ပြုလုပ်ပြီး ဧဝံဂေလိသတင်းကောင်းကို ဖြန့်ဝေနိုင်ခဲ့သည်။ တေးသီချင်းများတချိူ့ကို ကိုယ်တိုင်ရေးစပ်ပြီး ကိုဇော်ဝင်းဆွေ (ပြည်ပ)နှင့် အခြားဓမ္မမိတ်ဆွေမျာကိုလည်း ဝိုင်းဝန်းကူညီရေးပေးပါသည်။ တေးသံရှင်(ပင်တိုင်)များမှာ ခရစ်တော်မက်သဒစ်အသင်းတော်မှ ကိုသောမတ်၊ ကိုတင်သိန်း၊ကိုစိန်ဝင်း၊ မခင်စိန်နှင့် အခြား အသင်းတော်အသီးသီးနှင့် ပြင်ပမှ ဝါသနာရှင်များနှင့် မိဿဟာယအဖွဲ့ များမှ ကူညီသီဆိုကြပါသည်။ ထိုအချိန်က ခေါတ်စားခဲ့သော တေးသီချင်း “ ဆုတောင်းပေးနေရုံနှင့် မလုံလောက်တော့ပါ” ဟူသော သာယာငြိမ့်ညောင်းသည့် ဓမ္မတေးသံကို ပြန်လည်ကြားယောင်မိပါသည်။
နိုင်ငံကျော် အဆိုရှင်များ ဒေါ်ကေဂျာနူး၊ဒေါ်နွဲ့ယဥ်ဝင်း တို့လည်း အားဖြည့်သီဆိုပေးခဲ့ပါသည်။ “ကြိုတင်မသိနိုင်ပါသော မနက်ဖြန်” “I don’t know about tomorrow” ဓမ္မသီချင်းသည် လူသားတိုင်းအတွက် ဆင်ခြင်ရန် အလွန်ကောင်းသော ဓမ္မတေးတပုဒ် ဖြစ်ခဲ့ပါသည်။ ခရစ်စမတ်အချိန်အခါတွင် ဓမ္မတေးသီဆိုခြင်း၊မြင်သာထင်သာရှိသောနေရာတွင် စင်တင်ဓမ္မပြဇာတ်များ ဧဝံဂေလိဟောပြောခြင်းများဖြင့်လည်း စည်းကားသိုက်မြိုက်စွာဆောင်ရွက်ခဲ့သည်။ ညနေပိုင်းတွင် အခြားသော ဘာသာဝင်များဖြစ်သော ဆိုက်ကားဆရာ၊ ကုန်ထမ်းဝန်ထမ်း၊ ခေါင်းရွက်‌‌ေဈး
သည်များ၊ အရောင်းဝန်ထမ်းများကို ခေါ်ဖိတ်ပြီး လ္ဘက်ရည်နှင့်ဧည့်ခံပြီး ကယ်တင်ခြင်းတရားကို ဝေငှ သက်သေခံခဲ့သည်။ ထို့ပြင် “ဒေါ်ကာ” အဝတ်လှူဝိုင်းကို ဖွဲ့စည်းပြီး နွမ်းပါးသူများကို အဝတ်အထည်ချူပ်ပေးခြင်း၊ အဝတ်အထည်လှူဒန်းသူများ၏ အဝတ်အထည်မျာပေးလှူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်၏ ဘသိတ်ကျေးဇူးခံရသူ၏ ပုံသက်သေအားဖြင့် မော့က်များစွားသော သူများ၌ ဝိဥာဥ်အသီးများသီးစေခဲ့သည်။ ဘုရား၏ အံ့ဩဖွယ်အမှူ့ပင်ဖြစ်သည်။ သူ၏ သူငယ်ချင်း ကိုသန်းထွန်းမှာ သူ၏အဦးသီးသော အသီးဖြစ်သည်။ သခင်ယေရှု၏ နောက်လိုက်အစေခံကောင်း ဖြစ်သကဲ့သို့ သူငယ်ချင်းကောင်းလည်း ဖြစ်ခဲ့သည်။ ကိုသန်းထွန်း၏ အမျိူးသမီးမှာလည်း စာပေရေးသားဟောပြောခြင်း၊ ဓမ္မပညာသင်ကြားခြင်းဖြင့် အစေခံလျက်ရှိပါသည်။ သူတို့၏ တဦတည်းသောသမီးလေးသည်လည်း ပညာအရာထူးချိန်ထက်မြက်ပြီး လူမှူ့ဝန်ထမ်းစိတ် အပြည့်ရှိကာ မိဘဝတ္တရား ကျေပြွန်သော သမီးတစ်ဦးဖြစ်သည်။ ယခုအခါ ကိုသန်းထွန်းမှာ အဖအိမ်တော်ပြန်သွားပြီ ဖြစ်သည်။ ဘုရားကျေးဇူးခံစားရသော မိသားစုအိမ်ထောင်ဖြစ်သည်။
“နောက်ကျသောသူတို့သည် အရင်ကျလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျလိမ့်မည်” (မဿဲ ၂၀း၁၆) နှူတ်ကပတ်တော်ကို ဆင်ခြင်မိပါသည်။
“ယေရှုခရစ်၌ရှိသော ထိုစိတ်သဘော သင်တို့၌လည်း ရှိစေကြလော့” (ဖိလိပ္ပိ ၂း၅) ဆိုသည့်အတိုင်း ကိုမျိူးအောင်သည် သခင်ယေရှု၏ စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း တွေ့ရသည်။ သူသည် လောကမြေအိမ်ကို စွန့်ခွာခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီ။
“အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောနေသေး၏။(‌ဟေဗြဲ ၁၁း၄)ဟူ၍ ဖော်ပြထား သကဲ့သို့ သူသည် ယနေ့တိုင်တရားဟောလျက်ရှိသည်။ သူကြဲဖြန့်ခဲ့သော မျိူးစေ့များက နေရာအနှံ့အပြား၌ အပင်ပေါက်ရှင်သန်ကြီးထွားလျက်ရှိသည်။ သီးပွင့်ဝေဆာလျက်ရှိသည်။ ဆက်လက်ပြီးပေါင်းသင် ရေလောင်းလျက်ရှိသည်။
အကြွေစော၍ နှမျောတသလွမ်းဆွတ်မိပါသည်။ “သူလိုလူ” အား ခရစ်တော်၌ ညီအစ်ကိုမောင်နှမများက သတိတရ အောက်မေ့ခြင်းများစွာဖြင့် စာကြည့်တိုက်တစ်ခုကို တည်ထောင်ပေးခဲ့ပါသည်။ ၂၀၂၂ခု ဩဂုတ် ၁၆-၁၇ ရက်တွင် ကွင်းဘော၊ဇရပ်ဆိပ်ကျေးရွာ၊ ကျူံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင်ဖြစ်သည်။ ကိုမျိူးအောင်(ပဲခူး) စာကြည့်တိုက်ဖွင့်ပွဲကို မှတ်တမ်းတင် ဂုဏ်ပြုလျက် ဤစာမူကို ရေးသားလိုက်ပါသည်။

သန်းသန်းဝင်း
(ပဲခူးခရစ်တော်)

“သူလိုလူ”သူ့အမည်မှာ ကိုမျိူးအောင်ဖြစ်သည်။ပဲခူးမြို့ လမ်း(၃၀) ခရစ်တော်မက်ဒစ်အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ အိမ်အမှတ်(X...

အခုအပတ် ချစ်သောအမျိူးသမီးများ ဖတ်ရှူ့ဆင်ခြင်စရာကတော့ ခင်ခင်လေး(ပဲခူး)ရဲ့ "မေတ္တာအကြွေးတွေဆပ်ကြပါစို့'' ဖြစ်ပါတယ်.
20/07/2026

"မေတ္တာအကြွေးတွေဆပ်ကြပါစို့''
ရောမဩဝါဒစာ။ 13:8 အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။ အာမင်း။ ကျမတို့သူတပါးစီကငွေအကြွေးယူထားရင်ပြန်ဆပ်ကိုဆပ်မှရမယ်..မဆပ်ရင်အပြစ်ရှိတယ်..ယခုဘဝ.နောက်ဘဝ..ပေးဆပ်နေရမယ်ဆိုတာကိုနားလည်ကြတယ်..ကြွေးတင်ရင် ပြန်ဆပ်ကိုဆပ်ရမယ်.. အဲ့လိုဘဲကျမတို့နဲ့ပတ်သက်တဲ့အိမ်ထောင်ဖက်၊မိဘ၊ညီကိုမောင်နှမ၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်းလည်း ချစ်ခင်ပေါင်းသင်းဆက်ဆံနေရင်းကနေ အကြောင်းတခုခုကြောင့်မုန်းတီးကြရန်ဖြစ်ကြတဲ့အခါ..ထိုသူအကြောင်းတွေးရင်မိမိအပေါ်ဆိုးခဲ့သမျှသာပြန်မြင်ယောင်ပြီး စိတ်ဆိုးစိတ်နာလို့မဆုံး..တွေးမိတိုင်းနာကျည်းမဆုံးဖြစ်လေ့ရှိပါတယ်..အဲ့ဒီအခါ တယောက်နဲ့တယောက်အပြန်အလှန် အပြစ်တင်ပြီးအချစ်မဝင်နိုင်ကြတဲ့အခါမှာ ချစ်ခြင်းမေတ္တာအကြွေးတွေတင်မှန်းမသိတင်နေကြပါတယ်.. သို့သော်...ကမ္ဘာပေါ်မှာလူသန်းပေါင်းများစွာ..မိမိမြို့မှာလူသိန်းပေါင်းများစွာ..မိမိအနားမှာလူထောင်ပေါင်းများစွာထဲက ထိုသူနှင့်ဆုံဆည်းရခြင်းသည်... ဘုရားသခင်အလိုတော်အတိုင်း.. ချစ်ခင်ဖို့ဖြစ်ပါသည်.. သူနှင့်ဆုံဆည်းစဥ်မှာမိမိအပေါ်သူထားခဲ့တဲ့ချစ်ခြင်းမေတ္တာများ၊ပြုစုစောင့်ရှောက်မှုများကိုလည်းစိတ်နာကျည်းစရာများနဲ့အတူပြန်လည်စဥ်းစားကြည့်မိလျှင်.... သူ့အပေါ်ခွင့်လွှတ်သည်းခံပြီး.. စိတ်သက်သာရာသက်သာကြောင်းဖြစ်လာပါလိမ့်မယ်.. လူတိုင်းမှာအဆိုးရှိသလိုကောင်းတဲ့အရာလည်းရှိတယ်ဆိုတာသတိရမိလျှင်... သူ့အပြစ်ကိုခွင့်လွှတ်ဖြေလျော့ပေးနိုင်လာတဲ့အခါ..သူ့အပေါ်တင်ရှိနေတဲ့ချစ်ခြင်းမေတ္တာကြွေးကိုပေးဆပ်နိုင်ပြီးပြန်လည် သင့်မြတ်ပြီးအချင်းချင်းအပြစ်လွှတ်ခြင်း ရှိနိုင်ဖို့မိမိဖာသာမတတ်နိုင်လျှင်... ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ခွန်အား ယူပါ..ဘုရားသခင်မေတ္တာခွန်အားဖြင့်ပြန်လည်သင့်မြတ်ခြင်း၊အပြစ်လွှတ်ခြင်း ဖြင့်နစ်ဦးနစ်ဖက်စလုံးအေးချမ်းစွာ ဆက်လက်နေထိုင်အသက်ရှင်ကြပါစို့။ ဘဝဆိုတာတိုတိုလေးပါ..ဘုရားမေတ္တာကို ရရှိထားသည့် သူတိုင်းအပေါ်ဘုရားချစ်သလိုအချင်းချင်းချစ်နိုင်ကြပါစေ..
ယေရှူဘုရားမြတ်နာမ၌
ခင်ခင်လေး(ပဲခူး)

"မေတ္တာအကြွေးတွေဆပ်ကြပါစို့'' ရောမဩဝါဒစာ။ 13:8 အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သ...

ချစ်သော မြင့်မြတ်အမျိူးသမီးများအတွက် ဒီနေ့အတွက် ဆင်ခြင်စရာလေးကတော့ ခင်ခင်လေး(ပဲခူး)ရဲ့ စာမူလေးပါဘဲ
13/07/2026

ချစ်သော မြင့်မြတ်အမျိူးသမီးများအတွက် ဒီနေ့အတွက် ဆင်ခြင်စရာလေးကတော့ ခင်ခင်လေး(ပဲခူး)ရဲ့ စာမူလေးပါဘဲ

နက်ဖြန်အဖို့မစိုးရိမ်နှင့်...
သခင်ယေရှူ ဘုရားက..ဒီလိုပြောခဲ့ပါ တယ်... ရှင်မဿဲခရစ်ဝင် ၆း၃၄ နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ အာမင်း။ ယုံကြည်သူသားသမီးတွေကိုယ်တိုင်က တကယ်မယုံကြလို့.. စိုးရိမ်သောကတွေ..လောဘ..ဒေါသ.. မောဟ..အတ္တမာနတွေနဲ့ .. တစ်နေ့တစ်မျိုးမရိုးရအောင်.. ပူလောင်နေကြလေရဲ့.. ဒါလည်းအဆန်းတော့မဟုတ်ပါ.. ယနေ့ကြားရတဲ့တရားဒေသနာမှာ.. ယောဘရဲ့အသက်တာအကြောင်း ဆင်ခြင်ကြည့်တဲ့အခါ... ယောဘလို..ဘုရားကိုဦးထိပ်ထားပြီး အသက်ရှင်တဲ့သူတောင်.. သားသမီးအသက်ဆုံး.. စည်းစိမ်ဥစ္စာရှုံး.. အနာရောဂါဖိစီး... အသက်သေလုနီးပါး ဝေဒနာတွေနဲ့... အိုးခြမ်းပဲ့ကိုင်..ပြာပုံထိုင်ခဲ့ရရှာတာ တွေ့ရပါတယ်... သူလည်းဘုရားကိုယုံကြည်သူဘဲလေ.. သို့သော်..သူ့ရဲ့ယုံကြည်ချက်မှာ. .သူ့ရဲ့စိုးရိမ်မှုကိုတွေ့လိုက်ရပါတယ်... အသေးစိတ်သိချင်ရင်တော့ ယောဘဝတ္ထုကိုပြန်ဖတ်ကြည့်ပါနော်.. (ယောဘဝတ္ထု၁း၅) သူကသားသမီးတွေပျော်ပွဲရွှင်ပွဲလုပ်ပြီးသောက်ကြစားကြတဲ့အခါတိုင်း.. နောက်နေနံနက်စောစောထပြီး သူတို့အရေအတွက်နဲ့အညီ မီးရှို့ရာယာဇ်ကောင်နဲ့.. ဘုရားကိုပူဇော်လေ့ရှိတယ်... ဓမ္မဟောင်းကထုံးစံအရ သူ့သားသမီးတွေအမှားလုပ်မိရင်.. ဘုရားကိုပြစ်မှားရာရောက်မှာစိုးရိမ်လို့. .အပြစ်ဖြေတဲ့အနေနဲ့ပူဇော်တာပါ.. ဒါကြောင့်သူ့မှာရှိတဲ့စိုးရိမ်ခြင်းက ဘုရားကိုပြစ်မှားမိရင်.... သူတို့မိသားစုအားလုံး.. အထူးသဖြင့်... သူ့သားသမီးလေးတွေ အပြစ်ရောက်မှာ..ဒုက္ခရောက်မှာကိုပါ။ သူ့ရဲ့ယုံကြည်ခြင်းကို... ဘုရားသခင်ကချီးမွမ်းတဲ့အခါ... ဒီအားနည်းချက်(စိုးရိမ်ပူပန်မှု)ကိုသိတဲ့စာတန်ကချောက်တွန်းတော့တာပါဘဲ.. ဒါကြောင့်..ယောဘကြီးခမျာ..စာတန်ရဲ့လက်ထဲစာမေးပွဲစစ်တာခံလိုက်ရပါတယ်.. နောက်ဆုံးတော့သူ့ရဲယုံကြည်ခြင်းစစ်ဆေးတဲ့စာမေးပွဲမှာဂုဏ်ထူးနဲ့အောင်မြင်လို့နှစ်ဆသောကောင်းချီးမင်္ဂလာကို ပြန်ရလိုက်ပါတယ်. ယခုခေတ်လို..ဆိုးယုတ်တဲ့..ခက်ခဲတဲ့ကာလမှာ..ယောဘလိုဘဲစာမေးပွဲစစ်ခံရတဲ့သူတွေ.. များမှာသေချာပါဘဲ.. ဘာလို့လည်းဆိုတော့.. ကျွန်မတို့အားလုံး..စားဝတ်နေရေး.. ခုလိုတရိပ်ရိပ်တက်နေတဲ့ ကုန်စျေးနှုန်းတွေကြောင့်.. လခစား/ပင်စင်စားတွေပိုဆိုး... ကုန်စျေးနှုန်းတက်သလို.... လစာကလိုက်မတက်နိုင်တော့.... ငွေရေးကြေးရေး..အိမ်ထောင်ရေး.. ပညာရေး...လူမှုရေး.. .ကျန်းမာရေး...အစစ.အရာရာအတွက် အမြဲတမ်းတစ်ခုမဟုတ်တစ်ခုအတွက်.. စိတ်ပူပန်နေကြလို့ပါဘဲ.. စာတန်ကသိသွားရင်.... ယောဘလိုဘဲ...ဘုရားသခင်ထံ..ဂျောက်ချပြီး..စာမေးပွဲစစ်ခိုင်းနေရင်...ကျွန်မတို့တွေ...ယောဘလိုစာမေးပွဲကို.... ဂုဏ်ထူးနဲ့အောင်ပမလား... လို့ဆင်ခြင်မိပါတယ်.. ကိုယ့်ရဲ့စိတ်ထဲမှာ..... ဘာကိုမှစိုးရိမ်ပူပန်မနေဘဲ... ဘုရားသခင်ငါ့ကိုလမ်းပြနေတယ်.. ငါယုံယုံကြည်ကြည်လျှောက်မယ်.. နက်ဖြန်ဘာဖြစ်မလဲ... စိုးရိမ်စရာမလိုဘူး... ဘုရားသခင်ကငါနဲ့အမြဲအတူရှိနေတယ်.. လို့အကြွင်းမဲ့ယုံကြည်ထားရင်တော့.. စာတန်ဂျောက်တွန်းစရာအားနည်းချက်မရှိလို့...စာမေးပွဲဖြေစရာမလိုတဲ့.. ဘုရားသားသမီးတွေ..ဖြစ်ကြပါလိမ့်မယ်..လို့ယနေ့ဆင်ခြင်မိသမျှအနည်းငယ်ခွန်အားပေး ဝေငှလိုက်ပါတယ်.. ဖတ်ရှူသူအယောက်စီတိုင်းအပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ.. ယေရှူဘုရားမြတ်နာမ၌.. အာမင်း။
ခင်ခင်လေး(ပဲခူး) (25.3.2025)

Address

Glorious Light Building, စမုံလမ်း၊ဒဂုံမြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share