31/03/2026
အို ၊ နာ ၊ သေ သေမင်းတမန် သုံးမျိုး - (ဒေဝဒူတသုတ်) မြန်မာပြန်
၁။ ပဋိသန္ဓေနေခြင်းမှ တုန်ရီချည့်နှဲ့ ဆံဖြူသွားကျိုး၍ အိုနာနှိပ်စက်နေသော အသက်အားဖြင့် ရှစ်ဆယ် ကိုးဆယ် တစ်ရာဖြစ်သော အဖိုးအို၊အဖွားအို (သူအို)
၂။ အိပ်ယာ၌ ကျင်ကြီးကျင်ငယ်တို့ဖြင့် လိမ်းကျံပေရေလျက် သူတစ်ပါး၏အကူဖြင့်သာ ထနိုင်သော အနာရောဂါတို့ဖြင့် နှိပ်စက်ခြင်းခံရသော လူနာ (သူနာ)
၃။ သေ၍ တစ်ရက် နှစ်ရက် သုံးရက် စသည့်ဖြင့်ရှိသော ဖူးရောင်ညိုမဲ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးနေသော သူသေကောင် (သူသေ)
Source - https://suttacentral.net/an3.36/my/pmt
Dhamma Zone Facebook - https://www.facebook.com/dhammazonemm/