သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation

  • Home
  • Myanmar
  • Yangon
  • သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation

သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation သုခဓမ္မသည် စိတ်ငြိမ်းချမ်းမှု၊ သတိပညာနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဓမ္မအသိများကို ရိုးရှင်းစွာ မျှဝေပေးရန် ရည်ရွယ်သောနေရာဖြစ်ပါသည်။

🙏 အရဟံသိဒ္ဓိဘဂဝါအောင် 🙏 အပူမသယ်ဘဲ အေးချမ်းစွာ နေထိုင်ပါဘဝမှာ အရာရာကို အလေးအနက်ထားပြီး ခံစားချက်တိုင်းကို စိတ်ထဲ သိုဝှက်မ...
31/08/2026

🙏 အရဟံသိဒ္ဓိဘဂဝါအောင် 🙏

အပူမသယ်ဘဲ အေးချမ်းစွာ နေထိုင်ပါ

ဘဝမှာ အရာရာကို အလေးအနက်ထားပြီး ခံစားချက်တိုင်းကို စိတ်ထဲ သိုဝှက်မထားပါနဲ့။ ကိုယ့်ကို မုန်းတီးသူတွေ၊ မဟုတ်မမှန် ပြောဆိုသူတွေနဲ့ ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့ အရာတွေကြောင့် ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို အဆုံးရှုံးမခံပါနဲ့။

လောကမှာ ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေရှိသလို၊ လွှတ်ချလိုက်မှသာ စိတ်အေးချမ်းရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ လူတိုင်းရဲ့ သဘောထားကို လိုက်ခံစားမနေပါနဲ့၊ လူတိုင်းကို ကျေနပ်အောင်လည်း ဖြည့်ဆည်းမပေးနိုင်ပါဘူး။ မလိုအပ်တဲ့ ပြဿနာတွေကို ကိုယ့်ရင်ခွင်ထဲ ပွေ့ပိုက်မထားပါနဲ့။

အရေးမပါတာကို လျစ်လျူရှုပါ၊ မပြောင်းလဲနိုင်တာကို အရှိအတိုင်း လက်ခံပါ၊ အဆိပ်အတောက်ဖြစ်စေတဲ့ စကားတွေကို လွှတ်ချလိုက်ပါ။ အရာရာအတွက် ပူလောင်နေမယ့်အစား ကိုယ့်စိတ်ကို ကိုယ်ပိုင်တဲ့သူ ဖြစ်ပါစေ။

ဘာတွေပဲကြုံလာပါစေ… “ထားလိုက်ပါတော့… ဒါလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ” လို့ အပြုံးလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စိတ်အေးချမ်းသူတစ်ယောက်အဖြစ် ရှင်သန်ပါ။

💛💚❤️

30/07/2026

🌸 မော်လမြိုင်သစ်တံခါးအဖွဲ့၏ စုပေါင်း အလှူမင်္ဂလာကုသိုလ်တော် 🌸

​သစ်တံခါးဆရာတော်ဘုရားကြီးမှ မသင်းသင်းဦး ခေါင်းဆောင်သော မော်လမြိုင်သစ်တံခါးအဖွဲ့ ၏ ကြိုးပမ်းအားထုတ်မှုကြောင့် 'စည်းကမ်းအရှိဆုံး' ပထမဆု ချီးမြှင့်ငွေ ကျပ် (၅၅) သိန်း ကို ဝမ်းမြောက်ဖွယ် မေတ္တာဖြင့် ဆွတ်ခူးရရှိခဲ့ပါသည်။ 🏆✨

​သို့သော် မော်လမြိုင်အဖွဲ့သူ/အဖွဲ့သားတို့သည် လောကီအသပြာထက် သာသနာ့အကျိုးကို ရှေ့ရှုလျက် ရရှိထားသော ဆုတော်ငွေ (၅၅) သိန်းကျပ်ကို သစ်တံခါးဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းများအတွက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပြန်လည်စွန့်ကြဲ လှူဒါန်းပူဇော်ခဲ့ကြပါသည်။ 🕊️

​ထို့ပြင် သဒ္ဓါရေအိုင် ရေလှိုင်းထပ်သကဲ့သို့ ပိုမိုနက်ရှိုင်းသော ကုသိုလ်စိတ်တို့ဖြင့် အောက်ပါအတိုင်း ဆက်လက်၍ သဒ္ဓါပြဋ္ဌာန်း ထိစပ်လှူဒါန်း ပူဇော်ခဲ့ကြပါသည် - 🙏

​💰 အဖွဲ့သူ/အဖွဲ့သားများ၏ စုပေါင်းထပ်ဆောင်းအလှူငွေ — ကျပ် (၆၂) သိန်း

​💖 အဖွဲ့ခေါင်းဆောင် မသင်းသင်းဦး၏ သဒ္ဓါထက်သန် အလှူငွေ — ကျပ် (၅၀) သိန်း

​🪷 မယ်တော်ကြီး သီဟသုဓမ္မသိင်္ဂီ ဒေါ်ဧကဉာဏသာသနိအား ကြည်ညိုမြတ်နိုးစွာ ပူဇော်လှူဒါန်းငွေ — ကျပ် (၁၀) သိန်း

​စွန့်ကြဲခြင်းဟူသော မဟာဒါန၊ သာသနာတော်အပေါ် ကိန်းဝပ်သော မေတ္တာ၊ စေတနာတို့ဖြင့် ပြည့်စုံစွာ လှူဒါန်းခဲ့ကြသော မော်လမြိုင်သစ်တံခါးအဖွဲ့ နှင့် ခေါင်းဆောင် မသင်းသင်းဦး တို့၏ မြင့်မြတ်လှသော သာသနာပြု စုပေါင်းကုသိုလ်တော်အစုစုတို့အတွက် ပဋ္ဌာန်းဆက် သူတော်ကောင်းအပေါင်းတို့မှ ရင်ထဲအမျှ ထပ်တူဝမ်းမြောက်စွာဖြင့်
"သာဓု... သာဓု... သာဓု..." ခေါ်ဆိုနိုင်ကြပါစေသတည်း။ 🙏🙏🙏

💛💚❤️🙏 အရဟံသိဒ္ဓိဘဂဝါအောင် 🙏 ​🪷 (၂၄၀) ကြိမ်မြောက် ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်း ပို့လွှတ်ပူဇော်ပွဲ 🪷​📆 နေ့ရက် - ၁၆.၄.၂၀၂၆ (ကဆုန...
30/05/2026

💛💚❤️
🙏 အရဟံသိဒ္ဓိဘဂဝါအောင် 🙏

​🪷 (၂၄၀) ကြိမ်မြောက် ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်း ပို့လွှတ်ပူဇော်ပွဲ 🪷

​📆 နေ့ရက် - ၁၆.၄.၂၀၂၆ (ကဆုန်လဆန်း ၁ ရက်၊ ကြာသပတေးနေ့)

⏰ အချိန် - ညနေ (၅:၀၅) မိနစ်

​ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော်ဘုရားကြီး၏ မေတ္တာဓာတ်ကို ခံယူကာ၊ ဆရာဦးမြင့်ကျော် ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နဂါးမောက်စေတီတော်မြတ်ကြီး ၌ 🌸 မေတ္တာဓာတ်ပန္နတ်တိုင် 🌸 စိုက်ထူခဲ့ပါသည်။

​ထို့နောက် ဂုဏ်တော်ဘာဝနာ၊ မေတ္တာဘာဝနာ၊ ပရိတ်ပဋ္ဌာန်းနှင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပူဇော်၍ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ မေတ္တာကမ္မဋ္ဌာန်း ရွတ်ဖတ်ပူဇော် ခဲ့ကြပါသည်။
​
​☕️🍛 အာဟာရဒါန ကုသိုလ်ရှင်များ 🍛☕️
​ဆရာဦးမြင့်ကျော် ➡️ ကော်ဖီ + သင်္ကြန်ထမင်း
​မသင်းသင်းဦး မိသားစု ➡️ ကော်ဖီ၊ ခွက်ပြင်
​မစီစီအောင် မိသားစု ➡️ အုန်းနို့ကျောက်ကျော
​မမေသူ မိသားစု ➡️ မုန့်လုံးရေပေါ်
​မအေးအေးအောင် မိသားစု ➡️ Sponsor အချိုရည်
​မမိုးသဲ မိသားစု ➡️ ဆီထမင်း
​မမြတ်မွန်ကျော် မိသားစု ➡️ မုန့်လက်ဆောင်း

​🤲 ဆုတောင်းမေတ္တာနှင့် အမျှပေးဝေခြင်း 🤲
​အလှူရှင်မိသားစုများနှင့်အတူ အဓိဋ္ဌာန်ခရီးစဉ်တွင် အစမှအဆုံး ငွေအား၊ လူအားဖြင့် ကုသိုလ်ပါဝင်ကြသူ အားလုံးတို့သည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့တွင် ထူးကဲစွာ အောင်မြင်မှုရရှိကြပါစေ။ ဗုဒ္ဓဘာသာနှင့် သာသနာ့အကျိုးကို ဒီထက်မက သယ်ပိုးနိုင်သော သားထူးသမီးထူးများ ဖြစ်ကြပါစေ။
​ကျွန်ုပ်တို့၏ ပဋ္ဌာန်းဆက်များနှင့်တကွ (၃၁) ဘုံ၌ ကျင်လည်နေကြကုန်သော ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ သတ္တဝါအပေါင်းတို့အား ယနေ့ပြုပြုသမျှ ကုသိုလ်ကောင်းမှုအစုစုတို့ကို ထပ်တူထပ်မျှ အမျှပေးဝေပါ၏။

​🙏 ကုသိုလ် အမျှ... အမျှ... အမျှ... ယူတော်မူကြပါကုန်လော။

🙏 သာဓု... သာဓု... သာဓု...

​🌟 အထူးကျေးဇူးတင်လွှာ 🌟

(၂၄၀) ကြိမ်မြောက် အဓိဌာန်ပြုလုပ်ရာတွင် မေတ္တာရှေ့ထား၍ လာရောက်ဦးဆောင် ပူးပေါင်းပေးပါသော ချစ်သောဆရာဦးမြင့်ကျော် အား ချစ်သောတပည့်များမှ လေးစားစွာ ဂါရဝပြု ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ 🙏🙏🙏

✨ စိတ်ထားတတ်နိုင်ကြပါစေ ✨​ကျွန်တော်တို့ ဆရာတော်ဆုံးမခဲ့သလိုပါပဲ တစ်ခုခုကို အလေးအနက် အဓိဋ္ဌာန်ပြုတော့မယ်ဆိုရင် "ဘာရမှာလဲ"...
22/04/2026

✨ စိတ်ထားတတ်နိုင်ကြပါစေ ✨

​ကျွန်တော်တို့ ဆရာတော်ဆုံးမခဲ့သလိုပါပဲ တစ်ခုခုကို အလေးအနက် အဓိဋ္ဌာန်ပြုတော့မယ်ဆိုရင် "ဘာရမှာလဲ" ဆိုတဲ့ လိုချင်တပ်မက်စိတ် (လောဘ) ထက် "ဘာကို စွန့်လွှတ်ရမလဲ" ဆိုတဲ့ ဖြူစင်တဲ့ စိတ်ထား ကို အရင်ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။

​💡 လိုချင်တဲ့စိတ်နဲ့ အဓိဋ္ဌာန်မလုပ်သင့်တဲ့ အကြောင်းရင်းကတော့...

​အဓိဋ္ဌာန်ဆိုတာ မိမိကိုယ်ကို ထိန်းကျောင်းတဲ့ "သစ္စာ" တစ်ခုပါ။ ဒါပေမဲ့ အလဲအလှယ်လုပ်ချင်တဲ့ စိတ်နဲ့လုပ်ရင် ဖြစ်တတ်တာကတော့.....
​မျှော်လင့်ချက်ကြောင့် ပူပန်ရခြင်း: "ငါဒီလောက်လုပ်တာ ဘာလို့မရသေးတာလဲ" ဆိုတဲ့ စိတ်က ပူလောင်မှုကို ဖြစ်စေပါတယ်။
​ဈေးဆန်းခြင်း: ကုသိုလ်ကို အရင်းပြုပြီး အကျိုးအမြတ်ကို ဈေးဆန်းသလို ဖြစ်နေရင် စိတ်က ကြည်လင်မှု မရှိတော့ပါဘူး။
​စိတ်ပျက်လွယ်ခြင်း: မျှော်လင့်သလို ဖြစ်မလာတဲ့အခါ အဓိဋ္ဌာန်အပေါ် ယုံကြည်မှု လျော့နည်းသွားတတ်ပါတယ်။

​🙌 စစ်မှန်တဲ့ အဓိဋ္ဌာန်ရဲ့ လျှို့ဝှက်ချက်

​စစ်မှန်တဲ့ အဓိဋ္ဌာန်ဆိုတာ "ရချင်လို့ လုပ်တာမဟုတ်ဘဲ၊ ဖြစ်ချင်လို့ လုပ်တာ" ဖြစ်ရပါမယ်။
​လောဘကို ဘေးဖယ်ပါ: "ဒါရဖို့အတွက် ငါဒါလုပ်တယ်" ဆိုတာထက် "ငါ့ရဲ့ စိတ်ဓာတ် ခိုင်မာဖို့၊ ငါ့ရဲ့ အကုသိုလ်တွေ စင်ကြယ်ဖို့" ဆိုတဲ့ စေတနာကို အရင်းခံပါ။

​သစ္စာတရားကို အခြေခံပြီး "ငါ သတ်မှတ်ထားတဲ့ ရက်အတွင်းအောင် အောင်မြင်အောင် လုပ်မယ်" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ကတိကသာ အစွမ်းထက်ဆုံးပါ။
​ရလဒ်ကို ဥပေက္ခာပြုပါ: စိတ်ထားဖြူစင်စွာနဲ့ အဓိဋ္ဌာန်အောင်မြင်သွားတဲ့အခါ လိုချင်တဲ့အကျိုးတရားက အလိုလို လိုက်လာပါလိမ့်မယ်။
​"အဓိဋ္ဌာန်ပြုခြင်းရဲ့ ပန်းတိုင်ဟာ ရယူခြင်းမဟုတ်ဘဲ စိတ်ကို နိုင်နင်းအောင် ဆုံးမခြင်းသာ ဖြစ်ပါစေ။"

​ဓမ္မမိတ်ဆွေများအားလုံး လိုချင်တပ်မက်တဲ့စိတ်ကို ဘေးဖယ်ပြီး "စိတ်ထားတတ်ခြင်း" နဲ့အတူ အောင်မြင်တဲ့ အဓိဋ္ဌာန်ရှင်များ ဖြစ်ကြပါစေ။ 🙏✨

​ #စိတ်ထားတတ်နိုင်ကြပါစေ #အဓိဋ္ဌာန် #ဓမ္မရသ #စိတ်ဓာတ်ခွန်အား

✨ နှစ်သစ်ဦး ကုသိုလ်မင်္ဂလာ ✨​🌿 နှစ်သစ်ဦး၏ ကုသိုလ်မင်္ဂလာအဖြစ် မော်လမြိုင် "သစ်တံခါးအဖွဲ့" နှင့်အတူ (၂၄၀) ကြိမ်မြောက် "ကမ...
18/04/2026

✨ နှစ်သစ်ဦး ကုသိုလ်မင်္ဂလာ ✨

​🌿 နှစ်သစ်ဦး၏ ကုသိုလ်မင်္ဂလာအဖြစ် မော်လမြိုင် "သစ်တံခါးအဖွဲ့" နှင့်အတူ (၂၄၀) ကြိမ်မြောက် "ကမ္ဘာမေတ္တာပို့လွှတ်ပူဇော်ခြင်း" မြတ်ကုသိုလ်တော်ကို စုပေါင်းအားထုတ်ခဲ့ကြပါသည်။ 🕊️
​🙏 ဤကောင်းမှုကုသိုလ် အစုစုတို့အတွက် နတ်လူအပေါင်းတို့က ဝမ်းမြောက်နုမော် သာဓု... သာဓု... သာဓု... ခေါ်ဆိုနိုင်ကြပါစေသော်။ 🌸🌼🌸

18/04/2026
18/04/2026

(၂)ကြိမ် မြှောက် နှစ်သစ်အလှူတော်အဖြစ် မော်လမြိုင်-သစ်တံခါးအဖွဲ့ အလှူတော် သာဓုခေါ်ဆိုကြစေသော်......

ယနေ့ စတုဒီသာ
17/04/2026

ယနေ့ စတုဒီသာ

မနက်ဖြန် လာရောက်သုံးဆောင်ဖို့ နှိုးဆော်အပ်ပါသည်....
16/04/2026

မနက်ဖြန် လာရောက်သုံးဆောင်ဖို့ နှိုးဆော်အပ်ပါသည်....

🎗️ ကမ္ဘာ့မေတ္တာကမ္မဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖိတ်ကြားလွှာ 🎗️​မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်း ...
15/04/2026

🎗️ ကမ္ဘာ့မေတ္တာကမ္မဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖိတ်ကြားလွှာ 🎗️

​မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်း ဘေးရန်ခပ်သိမ်း ငြိမ်းအေး၍ ငြိမ်းချမ်းသာယာဝပြောစေရန် ရည်သန်လျက်...
​မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များကို အာရုံပြုပွားများအားထုတ်မည့် ဗုဒ္ဓါနုဿတိကမ္မဌာန်း စီးဖြန်းပူဇော်ပွဲ သို့ ကုသိုလ်ရှင်၊ ဓမ္မမိတ်ဆွေအပေါင်းတို့အား ကြွရောက်ပူဇော်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

​🙏 အရဟံသိဒ္ဓိဘဂဝါအောင် 🙏

​📅 အစီအစဉ်အသေးစိတ်

​နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဧပြီ (၁၆) ရက်၊

​နေရာ - နဂါးမောက်စေတီတော်မြတ်ကြီး

​အချိန် - ညနေ ၄:၃၀ နာရီ (အရောက်ကြွရောက်ပေးပါရန်)
​စတင်မည့်အချိန် - ညနေ ၅:၀၅ နာရီ (ရွတ်ဖတ်ပူဇော်မှု စတင်မည်)

​⚪ ဝတ်ဆင်ရန် မေတ္တာရပ်ခံချက်
​ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်ကြမည့် မိဘပြည်သူများအနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းခြင်း၏ ပြယုဂ်အဖြစ် အင်္ကျီအဖြူနှင့် ပုဆိုး/ထမီ အဖြူရောင်များကို ဆင်တူဝတ်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​မြတ်သောကုသိုလ်ကို အတူတကွ ပွားများနိုင်ကြပါစေ။

💛💚❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share