သခင့်အေးရိပ်

သခင့်အေးရိပ် သခင့်အရိပ်သည် အေးမြဆုံးနှင့် လုံခြုံစိတ်ချရဆုံးဖြစ်သည်။ Jesus Cares for Us

🙏နံနက်ယံ ဆုတောင်း 🙏"ထို့ကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို...
09/02/2026

🙏နံနက်ယံ ဆုတောင်း 🙏

"ထို့ကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။" (ဟေဗြဲ ၁၂း၂၈)

❤️ နှလုံးသွင်းရန်

✅ လောကီတိုင်းနိုင်ငံတို့သည် ပျက်သုဉ်းခဲ့ကြသည်။ ပျောက်ကွယ်သွားခဲ့ကြသည်။ ယခုတည်ရှိနေသည့် နိုင်ငံများသည်လည်း ပျက်သုဉ်းလေအုံးမည်။ ပျောက်ကွယ်လေအုံးမည်။

✅ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီဖြစ်သည်။ ထိုနိုင်ငံတော်သည် ပျက်သုဉ်းခြင်း၊ ပျောက်ကွယ်သွားခြင်းမရှိဘဲ ထာဝရတည်နေလိမ့်မည်။

✅ခရစ်တော်၏ ယုံကြည်သူများသည်လည်း ထိုနိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်နှင့်အတူ ထာဝရနေထိုင်ကြရလိမ့်မည်။

🙏 ဆုတောင်းခြင်း 🙏

✅ ကိုယ်တော်၊ အကျွန်ုပ်၏ နှလုံးသားကို နိုင်ငံတော်အတွက် ပြင်ဆင်ပေးတော်မူပါ။ ကိုယ်တော်ပြုတော်မူသော ကျေးဇူးကရုဏာတော်ကို စွဲလန်းနေမည်အကြောင်း မစတော်မူပါ။ ကိုယ်တော်၏ အစေကို သစ္စာရှိစွာ ခံယူနိုင်ရန်လည်း ခွန်အားပေးမူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်!

❤️❤️❤️

03/10/2025

❤ ယေရှုသည် လူသားတိုင်း၏ ချစ်မိတ်ဆွေဖြစ်သည် ❤

❤ ဖခင်ထံမှ ကောင်းကြီးမင်္ဂလာကို ယာကုပ်ရယူခြင်း ❤🙏 "ထိုသို့သူ၏ လက်တို့သည် ဧသော၏ လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မ...
25/09/2025

❤ ဖခင်ထံမှ ကောင်းကြီးမင်္ဂလာကို ယာကုပ်ရယူခြင်း ❤

🙏 "ထိုသို့သူ၏ လက်တို့သည် ဧသော၏ လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းကြီးပေးလေ၏။" (ကမ္ဘာဦးကျမ်း ၂၇:၂၃) 🙏

✅ ဣဇာက်သည် (တွက်ချက်မှုအရ) အသက် ၁၃၇ နှစ်ရှိလာပြီ။ သူသည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်တော့ပါ။ ဧသောနှင့်ယာကုပ်တို့သည်လည်း (တွက်ချက်မှုအရ) အသက် ၇၇ နှစ်အရွယ်ရှိလာလေပြီ။

✅ ဧသောသည် အသက် ၄၀ အရွယ်တွင် ရုပ်ထုကိုးကွယ်သော အမျိုးသမီးနှစ်ဦးနှင့်အိမ်ထောင်ပြုခဲ့သည်။ ဧသော၏ မိန်းမတို့သည် ဣဇာက်နှင့်ရေဗက္ကတို့ကို စိတ်ဆင်းရဲစေသည်။ သို့သော်လည်း ဣဇာက်သည် ဧသောအား ယာကုပ်ထက် ပို၍ချစ်၏။

✅ ဣဇာက်သည် ဧသောအား ယခု ငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကို ငါမသိ။ မသေမှီ သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ တောသို့သွား၍ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီး ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ယူခဲ့ပါလော့ဟု ပြောဆို၏။ ဧသောသည် သားဦးအရာကို ကျိန်ဆို၍ ယာကုပ်အား ရောင်းချခဲ့ကြောင်းကို ဖခင်အား မပြောပြချေ။

✅ ဣဇာက်သည် သားဧသောအား ပြောဆိုသောစကားကို ရေဗက္ကကြားရသည်။ ၎င်းပြင် ဧသောသည် သားဦးအရာကို ပေါဆစွာသဘောထားလျက် ယာကုပ်အား ရောင်းလိုက်သည်ကိုလည်း သိရှိ၏။ ယာကုပ်သည် ဖခင်ထံမှ ကောင်းကြီးမင်္ဂလာကို လှည့်စားရယူခြင်းမှတစ်ပါး အခြားနည်းအားဖြင့်မရနိုင်ဟု ရေဗက္က ထင်မှတ်သည်။

✅ ဧသောသည် ဖခင်ပြောသည့်အတိုင်း အမဲသားကိုရအောင် တောသို့ သွားရှာနေသည်။ ထိုအချိန်တွင် ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍ ဖခင်ကို လှည့်စား၍ ကောင်းကြီးမင်္ဂလာကို တောင်းယူရန် ပြောဆိုသည်။ ယာကုပ်သည် ဖခင်ကို လှည့်စား၍ ကောင်းကြီးမင်္ဂလာကို ​တောင်းယူရန် ပထမတွင် ဆန္ဒမရှိသော်လည်း နောက်ဆုံးတွင် မိခင်၏ အကြံအစည်ကို သဘောတူလိုက်သည်။

✅ ယာကုပ်သည် မိခင်မှာကြားသည့်အတိုင်း ကောင်းသောဆိတ်သငယ်နှစ်ကောင်ကို မိခင်ထံ ယူလာသည်။ ရေဗက္ကသည်လည်း ဣဇာက် မြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်ပေးသည်။ မိခင်သည် ယာကုပ်ကို ဧသော၏ အသွင်အပြင်ကဲ့သို့ ပြင်ဆင်ပေးပြီးလျှင် မိမိချက်သော အမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌ အပ်ပေးသည်။

✅ ယာကုပ်သည် ဧသောကဲ့သို့ ဟန်ဆောင်၍ လိမ်ညာသောစကားများအားဖြင့် ဖခင်ထံချဥ်းကပ်၏။ ဖခင်ဣဇာက်သည်လည်း ယာကုပ်ကို သားကြီးဧသောဟု ယုံမှတ်လျက် ကောင်းကြီးပေးမည်အကြောင်း ယာကုပ်ယူလာသော အမဲသားကို စားလေ၏။ စပျစ်ရည်ကိုလည်း သောက်လေ၏။ ထို့နောက် ဣဇာက်သည် ယာကုပ်ကို သားကြီးဧသောဟု ယုံမှတ်လျက် ကောင်းကြီးပေးလေ၏။

❤❤❤



ပုံ - Google မှ ကူးယူဖော်ပြသည်။

❤ သားဦးအရာကို ရောင်းစားခြင်း ❤🙏 "ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။ ယာကုပ်ကလည်း၊ ယန...
23/09/2025

❤ သားဦးအရာကို ရောင်းစားခြင်း ❤

🙏 "ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။ ယာကုပ်ကလည်း၊ ယနေ့ပင် ငါ့အား ကျိန်ဆိုခြင်းကိုပြုပါဟုဆိုသော်၊ သူသည် ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။" (ကမ္ဘာဦးကျမ်း ၂၅ : ၃၁-၃၂) 🙏

✅ ဘုရားသခင်သည် အာဗြဟံနှင့် ပြုတော်မူသည် ကတိတော်များကို သားဣဇာက်အား ဖော်ပြပေးသည်။ ဣဇာက်နှင့်ရေဗက္ကတို့သည် ထိုကတိတော်များကို မိမိတို့ ရည်မှန်းချက်နှင့်မျှော်လင့်ချက်များ၏ အဓိကအရာအဖြစ် ဆုပ်ကိုင်ထားသည်။

✅ ဧသောနှင့်ယာကုပ်တို့သည် ထိုကတိတော်များနှင့်ရင်းနှီးကျွမ်းဝင်ကြသည်။ သားဦးအရာကို အလွန်အရေးကြီးသောအရာအဖြစ် မှတ်ယူထားကြရန် သူတို့အား သွန်သင်ထားသည်။ အကြောင်းမှာ သားဦးအရာသည် လောကီစည်းစိမ်အမွေသာမက ဝိညာဥ်ရေးရာအခွင့်ထူးလည်းပါဝင်သည်။

✅ သားဦးအရာကို ရရှိသူသည် မိသားစု၏ ယဇ်ပုရောဟိတ်ဖြစ်ရမည်။ သူ၏ အမျိုးအနွယ်အားဖြင့် ဤလောက၏ ကယ်တင်ရှင်သည် ပေါ်ထွန်းလာလိိမ့်မည်။ တစ်ဖက်တွင်လည်း သားဦးအရာကို ရရှိသူ၌ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများရှိနေသည်။

✅ သားဦးအရာ၏ ကောင်းကြီးမင်္ဂလာကို အမွေခံရမည့်သူသည် ဘုရားသခင်၏ အမှုတော်၌ မိမိ၏ အသက်တာကို ဆက်ကပ်ထားရမည်။ သူသည် အာဗြဟံကဲ့သို့ပင် ဘုရားသခင်၏ စေခိုင်းချက်များကို နာခံလိုက်လျှောက်ရမည်။ အိမ်ထောင်ရေး၊ မိသားစုဆက်ဆံရေးနှင့် လူမှုဆက်ဆံရေးတို့တွင် သူသည် ဘုရားသခင်နှင့်အလိုတော်ကို ရှာဖွေ၍ ဝန်ခံရမည်။

✅ ဣဇာက်သည် သားနှစ်ဦးတို့အား သားဦးအရာနှင့်ဆိုင်သည့် အခွင့်ထူးများနှင့်အခြေအနေများကို ပြောပြပေး
သည်။ သားကြီးဧသောသည် သားဦးအရာကို ရပိုင်ခွင့်ရှိကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြသည်။

✅ သို့ရာတွင် ဧသောသည် ဆက်ကပ်ခြင်းကို ချစ်မြတ်နိုးခြင်းမရှိ၊ ဘာသာတရားအသက်တာကို ဝမ်းမြောက်စိတိမရှိပါ။ သူသည် မိမိစိတ်ပျော်ရာကို လုပ်ရသည့် လွတ်လပ်မှုလောက် မည်သည့်အရာကိုမျှ မလိုချင်ပါ။ အာဏာတန်ခိုး၊ ချမ်းသာကြွယ်ဝမှု၊ ပျော်ပွဲရွှင်ပွဲများနှင့် စားသောက်ပျော်ပါးခြင်းများသည် သူ့အတွက် ပျော်ရွှင်စရာဖြစ်သည်။

✅ ရေဗက္ကသည် ဧသောနှင့်ယာကုပ်တို့၏ အကျင့်စာရိတ္တကို သိမြင်တော်မူ၍ ထာဝရဘုရား မိန့်တော်သည့် "လူတစ်မျိုးသည် တစ်မျိုးထက် အားကြီးလိမ့်မည်။ အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်" ဟူသောစကားကို သတိရအောက်မေ့သည်။ ဘုရားသခင်၏ ကတိတော်အမွေသည် ယာကုပ်အတွက်ရည်ရွယ်ထားကြောင်း သူမနားလည်သည်။

✅ ယာကုပ်က မိမိသည် သားဦးအရာ၏ ရရှိလိမ့်မည်ဟု မိခင်ကြီးထံမှာ ကြားသိရပြီးဖြစ်သည်။ သူသည် သားဦးအရာရရှိမည့် အခွင့်အလမ်းကို လိုလားတောင့်တစွာ စောင့်မျှော်နေသည်။

✅ တစ်နေ့တွင် ယာကုပ်သည် စားစရာကို ချက်ပြုတ်နေစဥ် ဧသော​သည် တော​မှ မောပန်းလျက်ပြန်လာသည်။ ဧသော​က ယာကုပ်​အား “​ငါ​သည် မောပန်း​နေ​သဖြင့် ငါ့​ကို ထို​ဟင်းနီနီ​လေး​ကျွေး​ပါ​”​ ဟု ဆို​၏။

✅ ယာကုပ်​က​လည်း "ယနေ့ပင် သင်​၏​ သားဦးအရာကို ငါ့​အား ရောင်း​ပါ​”​ဟု ဆို​​ပြန်သည်။ ဧသော​က​လည်း “​ငါ​သေ​လု​ပြီ​၊ သားဦးအရာ​အားဖြင့် အဘယ်အကျိုးရှိလိမ့်မည်နည်း" ဟု
ပြန်ဆို၏။

✅ ယာကုပ်ကလည်း "ယနေ့ပင် ငါ့အား ကျိန်ဆိုခြင်းကိုပြုပါ" ဟု ဆိုလျှင် ဧသောသည် ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။ ယာကုပ်သည် မုန်နှင့် ပဲဟင်းကို ဧသောအား ပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ သွားလေ၏။ ထိုသို့ ဧသောသည် မိမိနှင့်ဆိုင်သော သားဦးအရာကို မထီမဲ့မြင်ပြုလေသည်။

❤❤❤



ပုံ - Google မှ ကူးယူဖော်ပြသည်။

22/09/2025

❤ "I forgive him". "ငါ သူ့ကို ခွင့်လွှတ်တယ်" by Erika Kirk.❤

❤ ဧသော နှင့် ယာကုပ်တို့ကို မြင်ရခြင်း ❤🙏 သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာသော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတ...
11/09/2025

❤ ဧသော နှင့် ယာကုပ်တို့ကို မြင်ရခြင်း ❤

🙏 သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာသော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။" (ကမ္ဘာဦးကျမ်း ၂၅:၂၆) 🙏

✅ ဣဇာက်နှင့်ရေဗက္ကတို့သည် သားအမြွာဖြစ်သော ဧသောနှင့်ယာကုပ်တို့ကို မြင်ရကြသည်။ ဧသောနှင့်ယာကုပ်တို့သည် အမြွာညီအစ်ကိုဖြစ်ကြသော်လည်း အကျင့်စာရိတ္တမတူကြပါ။ အသက်ရှင်နေထိုင်သည့်ပုံစံသည်လည်း ထင်းရှားစွာကွဲပြားကြသည်။

✅ ဧသောသည် လွတ်လပ်မှုကို နှစ်သက်သည်။ မိမိစိတ်ပျော်ရွှင်စေသည့်အရာကို လုပ်ဆောင်သည်။ လတ်တလောအကျိုးကိုသာ အာရုံစိုက်သည်။

✅ ဧသောသည် ချုပ်ချယ်မှုကို မလိုလားဘဲ တော၌ အမဲလိုက်ရသည့် လွတ်လပ်မှုကို နှစ်သက်သည်။ ထို့ကြောင့် သူသည် ငယ်ရွယ်စဥ်အချိန်ကပင် မုဆိုးဘဝကို ရွေးချယ်သည်။

✅ ဧသောသည် အမဲလိုက်၍ရသော သားကောင်၏အသားဖြင့် ဖခင်ဣဇာက်အား ကျွေးမွေးသည်။ ထို့ကြောင့် ဣဇာက်သည် ယာကုပ်ထက် ဧသောကို ပို၍ချစ်သည်။

✅ ယာကုပ်သည် စိတ်သဘောနူးညံ့သိမ်မွေ့၍ မိခင်ကို ပျော်ရွှင်အောင် ပြုမူတတ်သည်။ သူသည် စဥ်းစားချင့်ချိန်တတ်၍ ဇွဲ၊ လုံ့လ၊ ဝီရိယရှိသည်။ လတ်တလောအကျိုးထက် သာ၍ကောင်းသော အနာဂတ်အကျိုးကို ပို၍ဆင်ခြင်သည်။

✅ ယာကုပ်သည် အိမ်၌ နေရသည်ကို ပျော်ရွှင်နှစ်သက်လျက် သိုးနွားများကို ကြည့်ရှုစောင့်ရှောက်ပြီး မြေယာစိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်သည်။ မိခင်ရေဗက္ကသည် သားယာကုပ်၏ ကြိုးစားအားထုတ်မှု၊ စီမံခန့်ခွဲမှုနှင့် အမြော်အမြင်ရှိမှုတို့ကို တန်ဖိုးထားသည်။

✅ ယာကုပ်၏ အစဥ်ချစ်ခင်ယုယမှု၊ နူးညံ့သိမ်မွေ့မှုနှင့်ဂရုစိုက်မှုတို့သည် ဧသော၏ တစ်ခါတစ်ရံသာပြတတ်သော ကြင်နာမှုထက် မိခင်ကြီးအား အထူးဝမ်းမြောက်ရွှင်လန်းစေသည်။ ထို့ကြောင့် ရေဗက္ကသည် ဧသောထက် ယာကုပ်ကို ပို၍ချစ်သည်။

❤❤❤



09/09/2025

❤ ဂျပန်လူမျိုး ဘာသာမဲ့ ယေရှုခရစ်ကို ယုံကြည်လာသူ ❤

#သက်သေခံချက်

❤ ဣဇာက်၏ ထိမ်းမြားခြင်း ❤"သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊ ငါ့ပြည် ငါ့အမျိုးသားခ...
01/09/2025

❤ ဣဇာက်၏ ထိမ်းမြားခြင်း ❤

"သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊ ငါ့ပြည် ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဘို့ မယားကိုယူရမည်" ကမ္ဘာဦးကျမ်း ၂၄:၃-၄)

✅ အာဗြဟံနှင့်စာရာတို့၏ သားဣဇာက်သည် အသက်လေးဆယ်ရှိလေပြီ။ စာရာဆုံးသည်မှာလည်း သုံးနှစ်ရှိပြီ။ အာဗြဟံသည်လည်း အသက်အရွယ်ကြီးရင့်၍ အိုလာပြီ။

✅ ဘုရားသခင်သည် အာဗြဟံ၏ အရိုက်အရာကို ဆက်ခံရန် ဣဇာက်အား ခန့်ထားတော်မူသည်။ သို့ရာတွင် သူသည် အိမ်ထောင်မရှိသေးပါ။ သူ၏ သားစဥ်မြေးဆက်များအတွက် ပြုတော်မူသည့်ကတိတော်ပြည့်စုံစေရန် အဗြဟံလုပ်ဆောင်ရမည့် တာဝန်တစ်ခုကျန်ရှိနေသေးသည်။

✅ အာဗြဟံ ယခုနေထိုင်ရာ ခါနန်ပြည်သားတို့သည် ရုပ်ထုကိုးကွယ်သူများဖြစ်ကြသည်။ ဣဇာက်သည် ခါနန်အမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်းအားဖြင့် သူတို့၏ ဆိုးညစ်ပျက်စီးခြင်းအမှုသည် မိမိ၏ သားအပေါ်ထိခိုက်လာမည်ကို အာဗြဟံစိုးရိမ်ပူပင်သည်။ မိမိ၏ သားအား ဘုရားသခင်ထံတော်မှ လမ်းလွှဲမသွားစေရန် ပြုမှုမည့်မယားကို သားအဖို့ ရွေးချယ်ရန် သူအလိုရှိသည်။

✅ အာဗြဟံသည် အရေးကြီးသော ဤအမှုကိစ္စကို စီမံဆောင်ရွက်ရန် မိမိအိမ်သားတို့တွင် အသက်ကြီး၍ သစ္စာရှိလျက် ပညာဗဟုသုတနှင့်ပြည့်စုံသော ဧလျာဇာကို တာဝန်ပေးသည်။ အာဗြဟံသည် ဧလျာဇာအား "ငါ့ပြည် ငါ့အမျိုးသားချင်းထံသွား၍ ဣဇာက်အဖို့ မယားကို ယူရမည်"ဟု မှာကြားလေသည်။

✅ အာဗြဟံ၏ မူလပြည်သည် မေသောပေါတာမိတိုင်း (မက်ဆိုပိုတေးမီးယား) ဖြစ်သည်။ ၄င်းအရပ်တွင် နေထိုင်ကြသော သူ၏ ဆွေမျိုးတို့သည် ရုပ်ထုကိုးကွယ်မှုနှင့် မကင်းကြသော်လည်း စစ်မှန်သော ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်းကို မြတ်နိုးကြသည်။

✅ ဧလျာဇာသည် မိမိအဖွဲ့နှင့်အတူ မေသောပေါတာမိတိုင်းသို့ ခရီးစထွက်လာသည်။ မိမိတို့နှင့်အတူ အပြန်လမ်းတွင်ပါလာကြမည့် သတိုးသမီးနှင့်အထိန်း​တော်များစီးရန် ကုလားအုပ်ဆယ်စီးကိုလည်း ယူလာသည်။ ဣဇာက်၏ ဇနီးလောင်းနှင့်သူမ၏ မိတ်ဆွေများကိုပေးရန် လက်ဆောင်ပစ္စည်းများကိုလည်း သယ်ဆောင်လာသည်။

✅ ဧလျာဇာသည် နာခေါ်မြို့သို့ ရောက်လာသည်။ အမျိုးသမီးများရေခပ်သော ညဦးယံအချိန်၌ မြို့ပြင်ရေတွင်းနားမှာ သူရပ်နေ၏။ သူ၏ အတွေးစိတ်မှာ ပူပင်လာသည်။ သူ၏ ဆုံးဖြတ်ရွေးချယ်မှုသည် သခင်၏အိမ်ထောင်စုအတွက်သာမက အနာဂတ်လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပင် အရေးကြီးသောအကျိုးရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။

✅ ဧလျာဇာသည် ဣဇာက်အတွက် မယားကို ရွေးချယ်ရာတွင် 'မိမိ၏ အကြံကို ထမြောက်စေ၍ အာဗြဟံ၌ ကျေးဇူးပြုတော်မူပါ' ဟု ထာဝရဘုရားထံ ဆုတောငိးလေ၏။ ထိုမြို့သူအမျိုးသမီးတို့သည် ရေခပ်ခြင်းငှာလာကြသည်။ တဖန် သူသည် 'အကျွန်ုပ်သောက်ခြင်းငှာ သင်၏ ရေဘူးကို ချတော်မူပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ ကုလားအုပ်တို့ကိုလည်း ရေတိုက်ပါမည်' ဟုပြန်ဆိုသောအမျိုးသမီးငယ်သည် ဣဇာက်အဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော' ဟု ထာဝရဘုရားကို လျှောက်လေ၏။

✅ဧလျာဇာသည် ရေခပ်ဆင်းလာသည့် အမျိုးသမီးများထဲမှ ယဥ်ကျေးပျူငှာသော အမျိုးသမီးငယ်တစ်ဦးကို သတိပြုမိသည်။ ထိုအမျိုးသမီးငယ်မှာ ရေဗက္ကဖြစ်သည်။ သူမသည် နာခေါ်၏မယား မိလခါဘွားမြင်သော ဗေသွေလ၏ သမီးဖြစ်သည်။ သူမသည် အလွန်အဆင်းလှသည်။

✅ ဧလျာဇာသည် ရေဗက္ကအား 'ရေအနည်းငယ်ကို သောက်ပါရစေ' ဟု ဆိုလေ၏။ ရေဗက္ကသည် ဧလျာဇာအား ရေကို ပေး၏။ ကုလားအုပ်တို့အဖို့ ရေကို ခပ်၍ သောက်စေ၏။ ရေဗက္ကသည် ဣဇာက်၏ မယားအဖြစ် ရွေးချယ်ခံထားရသူဟု ဧလျာဇာ သိရှိလေသည်။ သူသည် ရေဗက္ကအား ရွှေနှာဆွဲနှင့်ရွှေလက်ကောက်တရံကို ပေးလေ၏။

✅ ရေဗက္ကာသည် အာဗြဟံ၏တူ ဗေသွေလ၏ သမီးဖြစ်ကြောင်းကို သိလိုက်ရသဖြင့် ဧလျာဇာသည် "ဦးညွှတ်ချ၍ ထာဝရဘုရားကို ကိုးကွယ်လေ၏"။ ရေဗက္က၏ အစ်ကို လာဗန်သည် လာ၍ ဧလျာဇာကို မိမိအိမ်သို့ ခေါ်ဖိတ်လေသည်။

✅ ထို့နောက် ဧလျာဇာသည် ရေဗက္က၏ ဖခင်နှင့်အစ်ကိုများအား 'ရေဗက္ကသည် မိမိသခင်အာဗြဟံ၏သား ဣဇာက်၏ မယားဖြစ်ရမည်အကြောင်း ထာဝရဘုရားဖော်ပြတော်မူသော သက်သေများကို ပြောပြလေ၏။ ရေဗက္ကာ၏ ဖခင်ဗေသွေလနှင့် အစ်ကိုလာဗန်တို့သည် ထာဝရဘုရား စီရင်တော်မူသော ဤအမှုကို ဝန်ခံကြ၏။ ဣဇာက်အဖို့ ရေဗက္ကာကို အပ်နှံလေသည်။

✅ ရေဗက္ကသည်လည်း ဝန်ခံ၍ ဣဇာက်၏ မယားအဖြစ်ခံယူရန် ခါနန်ပြည်သို့ လိုက်သွားလေ၏။ ဣဇာက်သည် အသက်လေးဆယ်အရွယ်တွင် ရေဗက္ကနှင့်စုံဘက်လေသည်။

❤❤❤
ကိုးကား - ရှေးဘိုးဘေးများနှင့်ပုရောဖက်များ - အယ်လင်ဂျီဝှိုက်
ပုံ - Google မှ ကူးယူဖော်ပြသည် -

31/08/2025

အလိုအပ်ဆုံး - Lar Dint Thar Yi

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when သခင့်အေးရိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share