ငရဲပြည်အကြောင်းသိကောင်းစရာ

  • Home
  • Myanmar
  • Yangon
  • ငရဲပြည်အကြောင်းသိကောင်းစရာ

ငရဲပြည်အကြောင်းသိကောင်းစရာ ဒီ Page မှာ ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ်အပ? ဒီ Page မှာ ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ်အပါအ၀င် သာဓကများနဲ့ တင်ပေးသွားမှာပါ။
Get Notification လုပ်ပေးပါ။
(1995)

မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့...ငရဲနှင့်ပါတ်သက်လို့ ကျွန်ုပ် ဒီpage စတင်ပြုစုခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ ကတဲကပင် ငရဲကြီး (၈)ထပ် လုံး...
19/03/2018

မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့...

ငရဲနှင့်ပါတ်သက်လို့ ကျွန်ုပ် ဒီpage စတင်ပြုစုခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ ကတဲကပင် ငရဲကြီး (၈)ထပ် လုံး၏ အကြောင်းကို ဖော်ပြပြီးဖြစ်ပါပြီ။

သို့သော် facebookတွင် ရှေ့တင်ထားသော စာများက News Feed အောက်ဖက်သို့ ကျကျသွားသဖြင့် နောင်မှ လာဖတ်သူတို့အဖို့ ငရဲအကြောင်းကို ရှေးဦးစွာ မတွေ့ရသောကြောင့်လည်းကောင်း၊
စာမျက်နှာ၏ အောက်ဖက်တွင်ရှိသော post ကို ရှာဖတ်သော်လည်း ရှေ့တင်ထားတာနဲ့ နောက်တင်ထားတာ မကိုက်သောကြောင့် လည်းကောင်း
စသော အကြောင်းအမျိုးမျိုးကြောင့် မမြင်ရ၊ မသိရှိရ ကြပဲ ဖြစ်သည်ကို ကျွန်ုပ် ရိပ်စားမိသကဲ့သို့ အချို့မှာလဲ message ပို့ပြီး သိလိုသောကြောင့် ငရဲကြီး(၈)ထပ် အကြောင်းဖော်ပြရန် တောင်းဆိုလာကြပါသည်။

ကျွန်ုပ် တင်ပြီးသားဖြစ်ပါသည်။
ထို့ကြောင့် နောက်နောင် ဤကဲ့သို့ ပြဿနာ မပေါ်ပေါက်စေရန် တင်ပြီးသမျှထဲမှ လိုအပ်သော ရှေးဦးနိဒါန်း နှင့်တကွ ငရဲကြီး (၈)ထပ်အကြောင်းကို Link နှင့်တကွ ပြန်လည် ဖော်ပြလိုက်ပါသည်။

ဖတ်ရှုကြ၍ သတိ သံဝေဂ ရကြကာ အမွန်မြတ်ဆုံးသော တရားဓမ္မတို့ကို လေ့လာ ကျင့်သုံးနိုင်ကြပြီးလျှင် အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ရှိနိုင်ကြပါစေလို့ အကျွန်ုပ်၏ စိတ်တွင်း၌ မေတ္တာပို့ရင်း.....
[A.K.N]

-ငရဲဘုံတို့တည်ရာမြေကမ္ဘာ-
https://www.facebook.com/AboutHellandKnowledges/posts/136464996539504

-ငရဲကြီးရှစ်ထပ်ပူပုံ-
https://www.facebook.com/AboutHellandKnowledges/posts/136739279845409

-ငရဲ၌ဖြစ်သောဆင်းရဲ ဥပမာ-
https://www.facebook.com/AboutHellandKnowledges/posts/136988679820469

-ငရဲကျရေးနှင့် နတ်ပြည်ရောက်ရေး-
https://www.facebook.com/AboutHellandKnowledges/posts/137250463127624

-ငရဲကို အလိုရှိကြသူများ-
https://www.facebook.com/AboutHellandKnowledges/posts/137251316460872

-ငရဲဘုံ-
https://www.facebook.com/AboutHellandKnowledges/posts/137421209777216

-ငရဲသနင်း ယမမင်း-
https://www.facebook.com/AboutHellandKnowledges/posts/137459583106712

-ယမမင်းစစ်ခန်း-
https://www.facebook.com/AboutHellandKnowledges/posts/137460383106632

-ငရဲထိန်းဟူသည်-
https://www.facebook.com/AboutHellandKnowledges/posts/137880613064609

-များလှစုံစုံ ငရဲဘုံများ-
https://www.facebook.com/AboutHellandKnowledges/posts/137880726397931

-လောကန္တရိတ် ငရဲ-
https://www.facebook.com/AboutHellandKnowledges/posts/137880929731244

-----------------------------------
ငရဲကြီး(၈)ထပ်အကြောင်း ဤနေရာမှ စတင်ပါပြီ။

(၁) သိဉ္ဇိုဝ်း ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/138148033037867

(၂) ကာလသုတ် ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/138148413037829

(၃) သံဃာတ ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/138774076308596

(၄) ရောရုဝ ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/139176726268331

(၅) မဟာရောရုဝ ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/139619576224046

(၆) တာပန ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/139644716221532

(၇) မဟာတာပန ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/139647599554577

(၈) မဟာအ၀ီစိ ငရဲ
https://www.facebook.com/AboutHellandKnowledges/posts/139907796195224

-ငရဲကြီး(၈)ထပ်မှ တစ်ထပ်ချင်းစီ၏ နှစ်ကာလအပိုင်းအခြားများ-
https://www.facebook.com/AboutHellandKnowledges/posts/161165400736130

*ကျန်ရှိသေးသော ငရဲနှင့်စပ်လျဉ်းသည့် မှတ်သားဖွယ် ဗဟုသုတများနှင့် ငရဲငယ်များအကြောင်းကိုတော့ Page မှာ ရှာ၍ ဖတ်ရှုပါရန်။*

18/03/2018
----- "သစ္စာ" -----" ပြင်းထန်ဆိပ်တောက်တောမြွေဟောက်လျှင်၊ ပေါက်၍မြေ၀ယ်သူငယ်စင်းစင်း၊ သေတုံလျှင်းလည်းမှန်ခြင်းတရား၊ မိမာတာတ...
13/03/2018

----- "သစ္စာ" -----

" ပြင်းထန်ဆိပ်တောက်
တောမြွေဟောက်လျှင်၊ ပေါက်၍မြေ၀ယ်
သူငယ်စင်းစင်း၊ သေတုံလျှင်းလည်း
မှန်ခြင်းတရား၊ မိမာတာတို့
သစ္စာဆိုကြ၊ ငုတ်တုတ်ထ၏။ "

*မန်လည်ဆရာတော်
မဃဒေ၀ (၂၄၀)
------------------------------------

*မှတ်ချက် - စာရှည်သောကြောင့် အချိန်မပေးနိုင်က Save ပြီး အေးဆေးဖတ်ပါလေ*

[ ၁ ]
- မောင်ဗလကလေး တော့တီးတော့တာ ပြောတတ်လာသည့် အချိန်မှစ၍ ဆရာတော်ကျောင်းသို့ အမေဒေါ်ဝဏ္ဏ အရောက်များလာသည်။ ကျောင်းဆိုလျှင် မကြားချင်ယောင်ဆောင်နေတတ်သော ဖအေကြီး ဦးအာယုပင်လျှင် မောင်ဗလရှေ့ဆောင်သောကြောင့် ယခုသော် တခါတရံ မိသားစုနှင့်အတူ ကျောင်းသို့ လိုက်ပါလာတတ်ပြီဖြစ်၏။

- အေးအေးနေတတ်ပြီး တရားဓမ္မဘက်သို့ သက်ဝင်သော ဒေါ်ဝဏ္ဏအဖို့ ၀ါတွင်းဝါပမကျန် ဥပုသ်နေ့မှန်သမျှတွင် မောင်ကြီးဖြစ်သူ ဘုန်းတော်ကြီး ဦးသာဓုကျောင်းသို့ ဥပုသ်စောင့် ရောက်လာခဲ့သည်သာ ဖြစ်၏။ ဦးအာယုနှင့် အိမ်တွင်းရေး မသာယာသောအခါများတွင်မူ မောင်ကြီးကျောင်းတွင် ဥပုသ်ရက်ရှည် စောင့်ခဲ့သည်များပင်ရှိသည်။ ဒေါ်ဝဏ္ဏအဖို့ မောင်ကြီးကျောင်းသည်သာလျှင် ပုန်းအောင်းရာ လဲလျောင်းရာ ဖြစ်၏။

- သို့နှင့် မောင်ရူပ၊ မောင်သုခ စသော သားသမီးငါးယောက်အထိ ထွန်းကားလာခဲ့ရာတွင် နောက်ဆုံး မောင်ဗလကလေးကျတော့ ဤကလေးသည် ဘကြီးသွေး၊ အမေ့သွေးကလေး ပါဟန်ရှိသည်။ ငယ်စဉ်ကလေးတည်းက အငိုနည်းသည်။ ထားသလိုနေ၍ ကျွေးသမျှကိုသာ စားတတ်သည်။ ကလေးမို့ ရံဖန်ဆော့ကစားတတ်သော်လည်း အခြားကလေးများနှင့်စာသော် အဆော့ကစားနည်းသည်။

- မအေနှင့်အတူ ကျောင်းသို့ပါပါသွားရာမှ အိမ်မှာထက် ကျောင်းမှာပို၍ ပျော်တတ်သည်။ ကျောင်းသို့ရောက်သည်ဆိုလျှင် အိမ်တွင်အေးဆေး၍နေသော သူ့ရုပ်လက္ခဏာလေးသည် ပို၍ ရွှင်ကြည်လာလေ့ရှိသည်။ တော့တီးတော့တာ ပြောတတ်လာသည့်အရွယ်မှစ၍ ညနေကလေးစောင်းသည်ဆိုလျှင်ပင် "အမေ့ ကျောင်းသွားမယ်" ဟု သူကပင် နှိုးဆော်လာတတ်သည်။ ထို့ကြောင့် လပြည့်၊ လကွယ်၊ ရှစ်ရက် ဥပုသ်နေ့များတွင်မှ မဟုတ်တော့ဘဲ အခွင့်သာတိုင်း ညနေခင်းတိုင်းလိုလို ကျောင်းအရောက်များလာရပေသည်။

- ဒေါ်ဝဏ္ဏတို့ မျိုးရိုးသည် တရားဓမ္မဘက်သို့ သက်ဝင်လေ့ရှိသော လူအေးမျိုးများ ဖြစ်၏၊ မောင်ကြီးဖြစ်သူ ဦးသာဓုသည် ငယ်စဉ်ကပင် ဘုရားရှင်ကျောင်းတော်၌ ရှင်ပြုပြီးသည်မှစ၍ သင်္ကန်းဝတ်နှင့်ပင် စွဲမြဲလာခဲ့ရာ ယခု ၀ါတော်သုံးဆယ်ကျော်ပြီ ဖြစ်၏။

- အေးဆေးနေလိုသော သဘာဝရှိသူ ဖြစ်သည့်အတိုင်း ဥပဇ္ဈယ် လွတ်သည့်အချိန်မှစ၍ ဒေါ်ဝဏ္ဏတို့ရွာအနီးရှိ တောအုပ်ကလေးတွင် ဒေါ်ဝဏ္ဏတို့က တောရကျောင်းကလေးဆောက်ပေးရာ ဒေါ်ဝဏ္ဏတို့ရွာကို ဂေါစရဂါမ်ပြု၍ တစ်ပါးတည်း သီတင်းသုံးလာခဲ့၏။ ကျောင်းအမည်အထူးမရှိ၊ တောရကျောင်း၊ ဦးသာဓုကျောင်း ဟုသာ တွင်သည်။ တစ်ရွာလုံး၏ ကိုးကွယ်ရာဖြစ်သည်။

- မောင်ဗလကလေးမှာ ချစ်မွေးပါလာသည်ဟု ဆိုရမည်ဖြစ်၏။ မြင်သူတိုင်းချစ်၍ တွေ့သူတိုင်းက ယုယကြသည်။ ခန့်ခန့်တည်တည်သာ သီတင်းသုံးလေ့ရှိသော ဘုန်းတော်ကြီး ဦးသာဓုပင်လျှင် ယခင်က တူကလေးများအပေါ်တွင် အမှတ်မဲ့သာ နေခဲ့သော်လည်း ဤကလေးကျသောအခါ တယုတယနှင့် ဂရုစိုက်လာသည်ကို တွေ့ရသည်။ မောင်ဗလကလေးကြောင့် ထို့ထက် ထူးခြားပြောင်လဲလာသူမှာကား ဖအေကြီး ဦးအာယုပင် ဖြစ်၏။

- ဦးအာယုသည် ကျောင်းကန်ဘုရားဆိုလျှင် ဝေးဝေးရှောင်ခဲ့သူ ဖြစ်၏။ ကျောင်းကန်ဘုရားအပထား၍ အိမ်တွင်သော်လည်းကောင်း၊ ရပ်ရွာတွင်သော်လည်းကောင်း၊ ဆွမ်းကျွေး အလှူ စသော ကုသိုလ်ကောင်းမှု ပြုသည်ဆိုလျှင်ပင် မလွှဲသာ မရှောင်သာ၍ ပါချင်ရုံမျှသာ ရှိတတ်၏။ ထို့ကြောင့် ကလေးငါးယောက်အထိ ပေါက်ဖွား ထွန်းကားလာခဲ့ပြီပင် ဖြစ်သော်လည်း လင်နှင့်မယား ဘုရားသွား ကျောင်းတက်ဟူသော စကားမှာ ဦးအာယု၊ ဇနီးဒေါ်ဝဏ္ဏတို့နှင့် မဆိုင်သလိုပင် ဖြစ်နေခဲ့သည်။

- စီးပွားအရှာတော့ ကောင်းသူဖြစ်ပါ၏။ တစ်နေ့တခြား စီးပွားတိုးတက်၍ ကြောင့်ကြမှု မရှိရသည် မှန်ပါ၏။ သို့ရာတွင် အိမ်တွင် သားသမီးသိုက်သိုက်ဝန်းဝန်းနှင့် ကြည်ကြည်ရွှင်ရွှင် စည်စည်ကားကား ဖြစ်သင့်ပါလျက် ဦးအာယုကတော့ အိမ်ရောက်သည်ဆိုလျှင် တစ်ယောက်တည်း ဘာသိဘာသာ တည်တည်ခန့်ခန့် မရောမနှောသာ နေတတ်သည်။

- တစ်ဖက်တွင် စီးပွားရှာကောင်းသလောက် တစ်ဖက်တွင် အကျင့်ပျက်ကလေးများကိုလည်း တွေ့လာခဲ့ရသည်။ အိမ်တွင် မကြည်ရွှင်သော်လည်း အပြင်တွင်မူ မိန်းမလိုက်စားသည့် သတင်းကို သိုးသိုးသံ့သံ့ ကြားရသည်။ အသောက်အစားကလေးကလည်း ဖက်လိုက်သေးသည်။

- သည်တော့ နဂိုကပင် အေးအေးနေတတ်သော ဒေါ်ဝဏ္ဏအဖို့ မောင်ကြီးကျောင်းသာလျှင် ပုန်းအောင်းရာ လဲလျောင်းရာ ဖြစ်လာခဲ့သည်။ ဤမျှမက ဦးအာယုက တစ်ခါတစ်ရံ ပြောမရ ဆိုမရ ကဲတက်လာသောအခါ အိမ်နှင့်မိသားစုကို အိမ်ဖော်များသို့ လွှဲအပ်ပြီး ကျောင်းသို့ ဥပုသ်ရက်ရှည် စောင့်သည်များပင်ရှိခဲ့သည်။

- သို့ရာတွင် ယခုမောင်ဗလကလေး ထွန်းကားလာသည့်အခါတွင်မူ ဖအေကြီးဦးအာယုသည် သိသိသာသာပင် ပြောင်းလဲလာသည်ကို တွေ့ရ၍ ဒေါ်ဝဏ္ဏအဖို့ပါ တိတ်တခိုးဝမ်းသာနေရ၏။ ယခင် အကောင်ကြီးများအပေါ်တွင် မင်းတိုင်းကျေ ယုယမှုများသာ ရှိခဲ့သော်လည်း မောင်ဗလကလေးကိုမူ ထူးထူးခြားခြား ယုယလာသည်ကိုတွေ့ရသည်။ အိမ်မြဲလာသည်။ မောင်ဗလကလေးနှင့် သားအဖနှစ်ယောက် ဆော့ကစားနေသည်များကိုပင် တွေ့လာရသည်။

- ညနေစောင်း၍ မောင်ဗလကလေးက "အမေ့ ကျောင်းသွားမယ်" ဟူသော အသံကြားလျှင် ယခင်က အိမ်စေများနှင့်သာ မျက်နှာလွှဲထားလေ့ရှိသော်လည်း ယခုသော် ဦးအာယုကိုယ်တိုင် ဦးဆောင်၍ ကျောင့်ပို့ဖို့ လှည်း နွား ပြင်ဆင်သည်ကိုပင် တွေ့လာရသည်။

- ယနေ့လည်း ညနေပိုင်း ထမင်းဝိုင်း ပြီးစသာသာ၌ မောင်ဗလကလေးက "အမေ့ ကျောင်းသွားမယ်" ဟု ဆိုလာ၍ အိမ်ပြင်တင်းကုပ်ရှိ လှည်းကလေးဆီသို့ ကြည့်လိုက်သောအခါ ဖအေကြီးကိုယ်တိုင်ပင် လှည်းပြင်လျက်ရှိနေသည်ကို တွေ့ရသောကြောင့် ဒေါ်ဝဏ္ဏပြုံးလိုက်ရ၏။

ဤမျှမက- " မယ်ဝဏ်ရေ၊ ခေါင်းရင်းခုံပေါ်က ဆေးပုလင်းလေး ယူခဲ့ပါကွ။ ဒူလာဆေးတဲ့။ အညောင်းအညာ သိပ်ကောင်းတယ်ဆိုပဲ။ ဘုန်းကြီးကို ကပ်ရမယ် "ဟု မိသားစုနှင့် စပ်သောစကားကို ဆိုလှာသောအခါ ဒေါ်ဝဏ္ဏသည် မောင်ဗလကလေးကိုပွေ့၍ ချက်ချင်းပင် လှည်းနားသို့ရောက်လာ၏။ သို့နှင့် လှည်းကို ဦးအာယုကိုယ်တိုင် မောင်းလျက် ကျောင်းဆီသို့ သားအဖသုံးယောက် ထွက်လာခဲ့ကြသည်။

[ ၂ ]
- ကျောင်းရောက်သည်ဆိုလျှင် ဒေါ်ဝဏ္ဏပြုလုပ်မြဲ အလုပ်များမှာ တံမြက်စည်းလှည်းကျင်းသည်။ သုံးရေ သောက်ရေနည်းနေလျှင် ကျောင်းပြင်မလှမ်းမကမ်းရှိ စမ်းတွင်းသို့ သွားရောက်ရေခပ်သည်။ ထိုအခါ မောင်ဗလကလေးက အမေ့နောက်မှ ခနော်နီခနော်နဲ့ လဲကထူ လဲကထဖြင့်ပင် လိုက်ပါ၍ ကလေးတို့ဘာဝ မပီကလာ ပီကလာ ပြောနေတတ်သည်။ သို့မဟုတ် ကျောင်းတွင်းတစ်နေရာတွင် ဆော့ကစားနေတတ်သည်။

- ဘုန်းတော်ကြီးအနီးသို့ ကပ်ခဲသော ဦးအာယုသည် ထိုနေ့က ဘုန်းကြီးအနီးသို့ ချဉ်းကပ်ရင်း လိုက်လိုက်လျောလျော ပြောဆိုနေကြသည်ကို တွေ့ရ၍ ဒေါ်ဝဏ္ဏ ၀မ်းမြောက်ရ၏။ ထိုအခိုက် စူးစူးဝါးဝါးလန့်၍ ငိုလိုက်သော ကလေးအသံကို ကြားရ၍ ကျောင်းဝင်းခြံစပ်အနီး ကလေးရှိရာသို့ ရုတ်ခြည်းရောက်သွားသူမှာ ဒေါ်ဝဏ္ဏဖြစ်၏။

- မောင်ဗလကလေးသည် ပက်လက်လန်လဲကျ၍ ပါးစပ်မှအမြှုပ်ကလေးတွေ တစီစီထွက်ကာ အသံပင်မထွက်တော့ဘဲ မေ့မြောနေသည်ကို တွေ့ကြရသည်။

- ကျောင်းပြင် တောချုံဖုတ်အတွင်းသို့ မြွေဟောက်ကြီးတစ်ကောင် လျှောကနဲဝင်သွားသည်ကို တွေ့ရသည်။ မောင်ဗလကလေး မြွေအကိုက်ခံလိုက်ရပြီ ဖြစ်သည်။

"မောင်ကြီးဘုရား၊ ကယ်ပါဦးဘုရား" ဟု
ဒေါ်ဝဏ္ဏ အော်၍ငိုသည်။ ဦးအာယုက တုတ်ချောင်းကိုဆွဲ၍ မြွေနောက်သို့ လိုက်သည်။ အရေးဟဲ့ဆိုတော့ သာသနာနှင့်စပ်သော ဘုန်းကြီးဘုရား၊ ဆရာတော်ဘုရား ဟုပင် မအော်နိုင်။ အားကိုတကြီးဖြင့် သွေးသားစပ်သောအမည်ဖြင့်ခေါ်၍ အော်ငိုသည်။ မောင်ဗလကလေးကိုပွေ့သည်။ ဒဏ်ရာကို ရှာလိုက်သောအခါ မောင်ဗလ ခြေမျက်စိအထက်နားတွင် သွေးမည်းများ စို့နေသည်ကို တွေ့ရသည်။

ဘုန်းတော်ကြီးက " အင်း... ဖြစ်မှဖြစ်ရလေ " ဟု သတိရှိသောအသံဖြင့်ဆို၍-
"ဟဲ့ - မယ်ဝဏ္ဏ၊ ငိုမနေနဲ့ သတိထား၊ ငိုနေလို့ မပြီးဘူး၊ ဒကာအာယုလဲ ပြန်လာခဲ့။ မြွေကိုရန်မူနေလို့ ဘာထူးတော့မှာလဲ။ ကဲ...လာကြ၊ ကလေးကို ကျောင်းပေါ် ပွေ့ခဲ့ကြ" ဟု မိန့်ကြားသည်။

- ဘုန်းတော်ကြီး၏စကားကြောင့် ဒေါ်ဝဏ္ဏ တသိမ့်သိမ့် ကျိတ်၍ငိုသည်။ ဦးအာယု တောက်တခေါက်ခေါက်ဖြစ်နေသည်။ နှစ်ယောက်စလုံး ဘာလုပ်ရမှန်း မသိအောင် ပျာယာခတ်နေကြသည်။

- ခက်သည်ကား သူတို့ရွာတွင် မြွေဆရာ မရှိခြင်းပင်ဖြစ်၏။ ဆရာရှိသောနေရာများသည်လည်း ကု၍ ပျောက်သည်ဟု မကြားရ။ မြွေကိုက်လျှင် သေရသည်သာ များတော့သည်။ သာမန် မြွေမျိုးမဟုတ်၊ မြွေဟောက်ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ကြရ၍ ဒေါ်ဝဏ္ဏတို့ အထူးအားငယ်နေကြရသည်။

ထို့ကြောင့် သတိရှိသော ဘုန်းတော်ကြီးက
"ငါတို့မှာ ဘုရားရှင်နဲ့ တရားတော်မှတစ်ပါး အားထားစရာ မရှိဘူး။ 'သစ္စေန မေ သမော နတ္ထိ' သစ္စာမှတစ်ပါး အားထားစရာမရှိပါလို့ ဘုရားရှင် ဟောထားတယ်။ ငါတို့ သစ္စာဆိုကြမယ်။ သစ္စာစကားနဲ့ မောင်ဗလ အန္တရာယ်ကို ကာကွယ်ရမယ်" ဟု မိန့်သည်။

"အရှင်ဘုရား ကြိုက်သလို စီစဉ်ပါတော့ဘုရား၊ အရှင်ဘုရားမှတစ်ပါး အားထားစရာ မရှိပါဘူး" ဟု ဦးအာယုက လျှောက်သည်။

"မယ်ဝဏ္ဏ၊ သောက များမနေနဲ့၊ စိတ်ကို သတိနဲ့ငြိမ်ငြိမ်ထား။ သောကဆိုတာ အတွင်းအန္တရာယ်ပဲ။ ပြင်ပအန္တရာယ်ကို အတွင်းအန္တရာယ်နဲ့ ကင်းပျောက်မှာ မဟုတ်ဘူး။ သတိနဲ့ စိတ်ကိုငြိမ်ငြိမ်ထား။ ဘုရားကိုအာရုံပြု။ နင့်မှာ ဒါန သီလ ကုသိုလ်တွေ တပြုံကြီးရှိတယ်။ အဲဒီကုသိုလ်တွေကို အာရုံပြု။"

"သတိထားပါ့မယ်ဘုရား" ဟု ဒေါ်ဝဏ္ဏက ကိုယ်ဟန်ကိုပြင်၍ လျှောက်သည်။

"ကလေးကို ငါ့ရှေ့မှာ လာချ။ ငါ့ဘက်ကို ဦးခေါင်းထား၊ မယ်ဝဏ္ဏက ခြေရင်းကထိုင်၊ ဒကာအာယုက ဘေးမှာထိုင်" ဟု စီစဉ်ပေးလိုက်သောအခါ ဘုန်းတော်ကြီးစီစဉ်သည့်အတိုင်း ကလေးကို အသာအယာချ၍ ထိုင်ကြသည်။ မတုန်မလှုပ်ရှိနေသော မောင်ဗလကလေးကို သတိဖြင့် စူးစိုက်ကြည့်နေကြသည်။

"ဘုရားရှင်ရဲ့တရားတော်ကို အားကိုးပြီး ငါတို့သစ္စာဆိုကြမယ်။ ငါက စပြီးဆိုမယ်။ သစ္စာဆိုတာဟာ တကယ်မှန်ရင် တကယ်အားကိုးရတယ်။ အထက်မြက်ဆုံး ဆေးတစ်ပါးပါပဲ။ သို့သော် ဧကန်ဧကမှန်ကန်ဖို့ အရေးကြီးတယ်။ ဒီတော့ မိမိဆိုမယ့် သစ္စာစကားမှန်ကန်ပြီး စိတ်ထားလဲမှန်ကန်အောင် ပဏာမအနေနဲ့ ငါပြောပြမယ်။ သတိထားပြီး စေ့စေ့နားထောင်ကြ"

"တပည့်တော်တို့ သတိထားပါ့မယ်။ မိန့်တော်မူပါဘုရား"

"သစ္စာဆိုတာ မှန်ကန်ခြင်းပဲ၊ အမှန်ဆိုတာ ကောင်းသောအမှန်ရှိသလို ဆိုးသောအမှန်လဲရှိတယ်။ မှန်ဖို့သာ အရေးကြီးတယ်၊ မှန်ခြင်းသည်သာ သစ္စာ။"

"လူဆိုတာ အတွင်းကတစ်မျိုးရှိနေပေမဲ့ သူတစ်ပါးကိုတော့ ပရိယာယ်နဲ့ ဟန်နဲ့ ဖုံးပြီး မမှန်သောစကားကို ဆိုတတ်ပြောတတ်ကြတယ်။ မာယာစကား၊ အခါးကို သကြားဖုံးသလို ပြောကြတယ်။ အဲဒါ သစ္စာမဟုတ်ဘူး။"

"ပြီးတော့ လူဆိုတာ ကိုယ့်ကိုယ်ကို လိမ်တယ်။ အတ္တကြောင့် ကိုယ့်ကိုယ်ကို လိမ်ဖန်များလာတော့ ကိုယ့်ဟာကိုယ် အမှားကို အမှန်ထင်လာတတ်တယ်။ အဲဒါ သစ္စာမဟုတ်ဘူး။"

"သစ္စာကိုအရင်းတည် အခြေပြုရတဲ့ မဂ် ဖိုလ် နိဗ္ဗာန်တရားအလုပ်မှာတောင် ဘုရားရှင်က မိမိကိုယ်ကို အလှည့်စားပါနှင့်၊ အမှန်အတိုင်းသာ မြင်ပါ၊ ကျင့်ပါ၊ ပြောပါ။ မဂ်ဖိုလ်ကို မုချရပါစေ့မယ်လို့ ဘုရားရှင်က ပဓာနိယင်္ဂတရားမှာ အထင်အရှား ဟောထားတယ်။ အဲဒါ သစ္စာရဲ့ အရေးကြီးပုံပဲ။"

"ဘုရားအလောင်းတော် ငုံးကလေးဟာ တောမီးဘေးကြီး ၀ိုင်းလာတော့ သစ္စာဆိုလို့ မီးဘေးကလွတ်ရတယ်။ ဘုရားအလောင်းဆိုတဲ့ သစ္စာဟာ မဂ္ဂကထာ၊ သဂ္ဂကထာ ကြီးမားလှတဲ့ စကားမဟုတ်ဘူး။ 'ငါ့မှာ အတောင်မစုံသေးဘူး၊ မိဘနှစ်ပါးလဲ စွန့်ပစ်သွားကြပြီ' လို့ဆိုလိုက်တဲ့ သာမာန်စကားပဲ။ နို့ပေမယ့် မှန်သောသစ္စာကြောင့် တောမီးကြီးကွင်းသွားတယ်။ သစ္စာရဲ့ တန်ခိုးပဲ။ ငါတို့လဲ မှန်သောသစ္စာ ဆိုယင် မောင်ဗလကလေး ဒီအန္တရာယ်က ကင်းဝေးရမယ် မုချ။"

"နိပါတ်တော်မှာ ပြည့်တန်ဆာမ တစ်ယောက်ဟာ 'ငါသည် မျက်နှာကြီးသူကိုဖြစ်စေ၊ မျက်နှာငယ်သူကိုဖြစ်စေ၊ ငါနှင့်ဆက်ဆံလာသူမှန်သမျှအား သဘောထား အတူထား၍ အညီအမျှဆက်ဆံခဲ့ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ဤမြစ်ရေ တန့်ပါစေသတည်း' လို့ သစ္စာဆိုလိုက်တဲ့အခါ ရေဘေးအန္တရာယ် ကင်းဝေးသွားတယ်။ ပြည့်တန်ဆာမတောင် သစ္စာစကားကြောင့် မြစ်ရေကို တန့်သွားစေနိုင်ရင် ငါတို့သစ္စာစကားကြောင့် မောင်ဗလကလေး အန္တရာယ်ကင်းဝေးသွားမယ် မုချ"

"ငါတို့ဟာ ဘုရားရှင်ကိုယုံကြည်တယ်၊ ကြည့်ညိုတယ်၊ ရှိခိုးတယ်။ အဲဒါ ဗုဒ္ဓါနုဿတိ ဘာဝနာပဲ။ တရားတော်ကို ယုံကြည်လို့ တရားအတိုင်း ကျင့်ခဲ့တာတွေရှိတယ်။ အဲဒါ ဓမ္မာနုဿတိ ဘာဝနာပဲ။ အလားတူပဲ သီလာနုဿတိ၊ စာဂါနုဿတိ ဘာဝနာတွေ ရှိနေကြပြီးဖြစ်တယ်။ အဲဒီ မိမိရဲ့ကုသိုလ်ကောင်းမှု ဘာဝနာအမျိုးမျိုးကို အာရုံပြုထားပါ။ ကဲ... ငါက စပြီး သစ္စာဆိုမယ် နားထောင်ကြ။"

"ကျွန်ုပ်သည် ရဟန်းဖြစ်လာသည့်အချိန်မှစ၍ အချိန်အနည်းငယ်မျှ မှတစ်ပါး ယခု ၀ါသုံးဆယ်ကျော်လာသည့်အထိ မလွှဲသာ၍ နေခဲ့ရသော်လည်း သာသနာတော်၌ မပျော်ပိုက်ခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် မောင်ဗလကလေး၏ကိုယ်၌ ဆိုက်ရောက်လျက်ရှိသော မြွေဆိပ်များ ကင်းပျောက်ပါစေသတည်း..."

- ဘုန်းတော်ကြီးက သစ္စာစကားတွင် သတိဖြင့် အသံကိုမြှင့်၍ ထက်ထက်သန်သန်ကြီး ဆိုလိုက်ပြီးနောက် မောင်ဗလကလေးသို့ စူးစူးစိုက်စိုက် ကြည့်လိုက်သောအခါ ညိုမည်းလျက်ရှိသော မောင်ဗလကလေး၏ ဦးခေါင်းမှ မြွေဆိပ်တို့သည် မျက်လှည့်ပမာပင် တဖြည်းဖြည်းလျှောကျ၍ အသားအရေ ကြည်လင်လာသည်ကို တွေ့ကြရသောကြောင့် အထူးဝမ်းမြောက် အားတက်သွားကြသည်။

- ထို့နောက် "ကဲ... ဒကာကြီးအလှည့်၊ သစ္စာဆိုပေတော့" ဟု မိန့်လိုက်သောအခါ ဦးအာယုက ဟန်ပြင်အားယူ၍

"ကျွန်ုပ်သည် မယ်ဝဏ္ဏတို့ အလိုသို့လိုက်၍လည်းကောင်း၊ အရပ်ကို မဆန့်ကျင် လိုသောကြောင့်လည်းကောင်း၊ ဤဘုန်းတော်ကြီးအား အထိုက်အလျောက် ကိုးကွယ်ရသော်လည်း ကျွန်ုပ်၏စိတ်ရင်းအမှန်မှာမူ ဤဘုန်းကြီးအား မကြည်ညိုခဲ့ပါ။ မကိုးကွယ်လိုပါ။ ဤမှန်သောသစ္စာစကားကြောင့် မောင်ဗလကလေးကိုယ်မှ အဆိပ်တို့သည် လျှောကျပါစေသတည်း..." ဟု သစ္စာဆိုလိုက်သောအခါ မောင်ဗလကလေး၏ ကိုယ်ပိုင်းမှ အဆိပ်တို့သည် ၀မ်းဗိုက်အောက် ရောက်သည်အထိ လျှောကျသွားသည်။

"မယ်ဝဏ္ဏ၊ နင့်အလှည့်" ဟု ဘုန်းတော်ကြီးက ပြောလိုက်သောအခါ ဒေါ်ဝဏ္ဏသည် ကိုယ်ရှိန်ကို သတိဖြင့်မတ်၍ မျက်လုံးများကိုမှေးကာ ဘုန်းတော်ကြီးဘက်သို့ ဦးသုံးကြိမ်ချပြီးနောက် သစ္စာဆိုလိုက်သည်။

"တပည့်တော်မ မယ်ဝဏ္ဏသည် လင်ဖြစ်သူ ကိုအာယုနှင့်ရခဲ့သည့် အချိန်မှစ၍ ယခု ကလေးငါးယောက် ထွန်းပေါက်လာသည့်အချိန်အထိ သူ့အပေါ်မှာ အနည်းငယ်မျှ မေတ္တာမရှိခဲ့ပါ။ မေတ္တာမရှိရုံမျှမဟုတ်၊ ဤမြွေကို မုန်းသကဲ့သို့ပင် သူ့ကိုမုန်းပါသည်။ ဤမှန်သော သစ္စာစကားကြောင့် သားကလေးကိုယ်တွင် စွဲထင်လျက်ရှိသော မြွေဆိပ်များသည် ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင် ပပျောက်ပါစေသတည်း..."

- ခြေဖျားအထိ အဆိပ်များ ကင်းစင်သွားသည်။ အိပ်ရာမှ နိုးသကဲ့သို့ မောင်ဗလကလေးထ၍ ထိုင်သည်။ ရေတောင်းသည်။
---သစ္စာ၏တန်ခိုးတည်း။

[ -ဗုဒ္ဓစာပန်းချီ စတုတ္ထတွဲမှ တိုက်ရိုက်ကူးယူ ဓမ္မဒါနကုသိုလ်ပြုပါသည်- ]
စေတနာဖြင့်---A.K.N

29/11/2013

္က- ဤလောက၀ယ် လူဖြစ်လာပြီဆိုလျှင် တစ်နေ့ တစ်နေ့ ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးစလုံး မဟုတ်ရင်တောင်မှ တစ်ခုခုကိုရအောင် ကြိုးစားအားထုတ်ရမယ်။ အဲ့ဒါမှ ထိုနေ့ဟာ လူစင်စစ် ပီသတဲ့နေ့ တစ်နေ့ဖြစ်တယ်။ အကယ်၍ တစ်ခုမှရအောင်မကြိုးစားဘူးဆိုရင်တော့ လူဖြစ်ရကျိုးမနပ်တဲ့ နေ့တစ်နေ့ပါပဲ။ ရှင်းရှင်းပြောရရင်တော့ လူပင်ဖြစ်သော်လည်း အဟိတ်တိရစ္ဆာန်တို့နှင့် မခြားတော့ပေ။

- အလွယ်ကူဆုံးရနိုင်တာကတော့ ကုသိုလ်တရား ပါပဲ။ ကုသိုလ်ကိုရယူနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်။ ပင်ပင်ပန်းပန်လုပ်စရားလည်းမလိုပါဘူး။ သီလစောင့်ထိန်းရင်လည်းကုသိုလ်ရတာပဲ။ ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကိုကြည်ညို သဒ္ဓါပွားများရင်လည်းကုသိုလ်ရတာပါပဲ။ အာနာပါန နုဿတိပွားများခြင်းဖြင့်လည်း ကုသိုလ်ရတာပါပဲ။ထို့ကြောင့် ကျန်တာမရချင်နေပါစေ ကုသိုလ်ရအောင်တော့ပြုကြပါ အဆွေတို့။

- ကုသိုလ်ပွားများရာတွင် လူ့စည်းစိမ်၊ နတ်စည်းစိမ် စတာတွေကို တောင့်တပြီးကုသိုလ်ပြုရင်တော့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဆိုသလို ဖြစ်တော့မပေါ့။ ဘာ့ကြောင့် ဤသို့ဖြစ်ရသနည်း...။
အဖြေကတော့ရှင်းပါတယ် ကုသိုလ်ပြုတဲ့အခါ မိမိကပြန်လိုချင်တယ်ဟူသော လောဘ တဏှာပါဝင်နေလို့ပါပဲ။
သို့ဖြင့် မည်သို့ပြုရမည်နည်း...။
လွယ်ပါတယ် မိမိ၏စိတ်မှာ သောတာပန်တည်းဟူသော နိဗ္ဗာန် မဂ်စခန်းကိုသာ အာရုံပြုပေါ့...။ ဘုရားပန်းလေးကပ်လှူလိုက်တယ်... လှူဖို့ ရည်ရွယ်တဲ့စိတ်၊ လှူနေတဲ့စိတ်၊ လှူပြီးတဲ့စိတ် စတဲ့ အစ အလယ် အဆုံး သုံးပါးစလုံးမှာ ပန်းလှူသောကြောင့် ရရှိအပ်သော ခံတွင်းအနံ့ စင်ကြယ်ခြင်း၊ ကိုယ်နံ့သင်းခြင်း၊ ကောင်းသောဂုဏ်သတင်း ကျော်စောခြင်း စတာတွေကို အာရုံမပြုပဲ၊ ဤပန်းလှူရသောကြောင့်ရရှိအပ်သော အကျိုးသည် တပည့်တော် အတွက် သောတာပန်တည်းဟူသော မဂ်စခန်းကို ရရှိအပ်သော အကျိုးသာလျှင်ဖြစ်ပါစေသတည်းဟုဆိုလျှင် အလှူတကာအလှူမှာ နိဗ္ဗာန်ကိုရည်မှန်းတဲ့ အလှူဟာ အမြတ်ဆုံး ဖြစ်ပေတယ်ဟု ရှင်တော်မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ချီးကျုးထားအပ်ပေတယ်။

- သို့ပေမဲ့ ကုသိုလ်အကုသိုလ် စတာတွေကို ဝေဖန်ပိုင်းခြားနိုင်ဖို့ရာက ပညာတည်းဟူသော အမြုတေရှိမှသာလျှင် နည်းကောင်းလမ်းကောင်းကိုသိနိုင်မည်။ ဤနေရာတွင် ပညာဆိုသည်ကို လောကီပညာမဟုတ် လောကုတ္တရာပညာကိုဆိုသည်ဟု စိတ်တွင်မှတ်ပါ။
သို့ဖြင့် လောကုတ္တရာပညာတွေကို အဘယ်မှာရနိုင်မည်နည်း...
ကျွန်ုပ်တစ်ခုပြောချင်သေးသည်မှာ ရုပ်သံလှိုင်းတွေကြည့်ရှုတဲ့လူအများစုဟာ 'တရားတော်' ဆိုလျှင် ပိတ်ပစ်လိုက်ကြသည်သာများသည်။ အဲ့သလိုပြုကြတဲ့အတွက် တစ်နေ့မှာ အမြတ်ဆုံးအမွေဖြစ်တဲ့ ဘုရားရှင်တဲ့ ပညာအမွေတွေ မရတော့ဘူးပေါ့။ ဒါလည်း ပညာမရကြောင်း ဆုံးရှုံးမှုတခုပင်ဖြစ်သည်။ ရုပ်သံလိုင်းမှာ နားဆင်ရင်းနဲ့လည်း ပညာရနိုင်ပေသည်။ ထို့အတူ တရားကိုနာနေသောကြောင့် အကုသိုလ် အာရုံတို့မလာ၍ ကုသိုလ်လည်းရအပ်ပေတယ်။ တရားဓမ္မစာပေများလေ့လာ ဖတ်ရှုရင်းနဲ့လည်း ပညာရရှိအပ်ပေတယ်။
- ဥစ္စာရှာတဲ့ အကြောင်းကိုတော့ လောကီလူသားတို့ဖြစ်နေကာမူ အထူးပြောစရာမလိုပေ။

- "ဗုဒ္ဓ၏အဆုံးအမ ထွန်းကားနေတဲ့ ဤမြန်မာနိုင်ငံမှာ လူဖြစ်ပါလျက် ဒါတွေကို မသိဘူးဆိုလျှင် ထိုသူသည် သူ့လောက် နုံတဲ့ အတဲ့သူ လောက၌ နှိုင်းစရာမရှိတော့ပေ။"

ဤကဲ့သို့ ကုသိုလ် ပညာ ဥစ္စာ ရှာဖွေ ရရှိအပ်တဲ့အကြောင်းကို
မြတ်စွားဘုရားရှင် ဒေသနာတစ်ခုမှာ ဟောကြားထားအပ်ပြီးဖြစ်ပါတယ် ထို့ထဲမှ အနည်းအကျဉ်းကိုကျွန်တော် ပြန်လည်ကိုးကားပြီးတင်ပြခြင်းသာလျှင် ဖြစ်ပါတယ်။
ထို့ကြောင့် ယခုလို လူ့သက်တမ်း လျော့လာတဲ့ ဆုတ်ကပ်ကာလမှာ ကုသိုလ်တရားများ များများပွားများအားထုတ်နိုင်ကြပါစေ...လို့ အကျွန်ုပ်၏ စိတ်တွင်း၌ ရည်ရွယ်၍......

-by Koenig

--- နေမိမင်းတွေ့ခဲ့ရသော ငရဲများ (၂) --->-- (၄) မီးကျီးငရဲ --<- ဤငရဲ၌ ငရဲထိန်းတို့သည် ခြံထဲမ၀င်လိုသော နွားတို့ကို အတင်းရိ...
13/11/2013

--- နေမိမင်းတွေ့ခဲ့ရသော ငရဲများ (၂) ---

>-- (၄) မီးကျီးငရဲ --<

- ဤငရဲ၌ ငရဲထိန်းတို့သည် ခြံထဲမ၀င်လိုသော နွားတို့ကို အတင်းရိုက်နှက်လျက် ခြံထဲသွင်းသကဲ့သို့ ငရဲသားတို့ကို မီးလျှံတောက်သော သံချောင်းတို့ဖြင့် အတင်းရိုက်နှက်ကာ မီးကျီးတွင်းသို့ ဆင်းခိုင်းလေသည်။ ငရဲသားတို့သည် မီးကျီးတွင်းထဲ၌ ခါးထိမြှုပ်နေကြရသည်။ ငရဲထိန်းတို့က သံခြင်းတောင်းတို့ဖြင့် မီးကျီးတို့ကို ယူလာပြီး အပေါ်က လောင်းချကြပြန်သည်။ ငရဲသားတို့သည် ပူလောင်လွန်းလှသဖြင့် မီးကျီးမီးခဲတို့ကို လက်ဖြင့်ခံပြီး အခြားသို့ ကြဲပစ်ကြရာ အချင်းချင်း၏ ခေါင်းပေါ်သို့ ကျလေသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက စုပေါင်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြမည်ဟု အသင်းအပင်းဖွဲ့၍ ငွေစုပြီးလျှင် ထိုငွေကို မည်သည့်ကိစ္စအတွက် မည်မျှလှူမည်ဟု စာရင်းလိမ်ပြလျက် မိမိကိုယ်ကျိုးအတွက် သုံးပစ်ကြသော လူယုတ်မာများ ခံစားကြရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

>-- (၅) ပထမကြေးနီအိုးငရဲ --<

- ဤငရဲ၌ တောင်ကြီးတမျှ ကြီးမားလှသော ကြေးနီအိုးကြီးထဲ၌ ကြေးနီရည်တို့သည် ပွက်ပွက်ဆူနေသည်။ ငရဲထိန်းတို့သည် ငရဲသားတို့ကို ခြေထောက်မှကိုင်ပြီးလျှင် ကြေးနီအိုးထဲသို့ စောက်ထိုးပစ်ချလေသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက အကျင့်သီလရှိသော ရဟန်း၊ အရိယာသူတော်ကောင်းတို့ကို ဆဲရေးပုတ်ခတ် ချုပ်ချယ်သော သူများကျရောက်ခံစားရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။ သို့သော် ကြေးနီအိုးအောက်ခြေသို့ထိတိုင်အောင် နစ်မြှုပ်ကြရလေ၏။ ထိုသို့ ကြေးနီပြင်မှ အောက်ခြေသို့ရောက်ရန် အနှစ်သုံးသောင်း ကြာမြင့်လေ၏။ ထို့အတူ အောက်ခြေမှ ကြေးနီပြင်သို့ရောက်ရန် အနှစ်သုံးသောင်း ကြာမြင့်ပြန်လေသည်။ ပေါ်လာ၍ အသက်တစ်ခါရှူလို့ မ၀ခင်မှာပင် အောက်သို့ပြန်မြုပ်ရလေသည်။

>-- (၆ ) ဒုတိယကြေးနီအိုးငရဲ--<

- ဤငရဲ၌ ငရဲထိန်းတို့သည် ငရဲသားတို့ကို လည်ပင်းတွင် သံကြိုးရှည်ဖြင့် ရစ်၍ ပွက်ပွက်ဆူနေသော ကြေးနီအိုးကြီးထဲသို့ ပစ်ချပြီးလျှင် ရစ်ထားသော သံကြိုးစကို ဆွဲငင်လျက် လည်ကိုလိမ်ပြီး ဦးခေါင်းကို ဖြတ်ယူကြသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက ကြက်၊ ငှက်၊ စသော သတ္တ၀ါတို့ကို လည်လိမ်ပြီး စားသောက်ကြသူများ ကျရောက်ခံစားကြရသည်။(ကိုယ့်လျှာ လက်နှစ်လုံးစာလေးမျှကို အရသာခံ စားသောက်ခြင်းအမှုကို ပြုလျှင် ခံရသည်နှင့် စားရသည် မတန်သည်မဟုတ်ပါလော။ ထို့ကြောင့် တခဏတာ ၀မ်းပြည့်ဖို့အတွက် မပြုကြလေ)
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

>-- (၇) ဖွဲပြာငရဲ --<

- ဤငရဲ၌ မီးလျှံတပြောင်ပြောင် တောက်နေသော သံမြေပြင်တွင် မြစ်ကြီးတစ်ခုရှိသည်။ ထိုမြစ်ထဲ၌ ပူလောင်သော ဖွဲကြမ်းပြာတို့သည် ရေကဲ့သို့ စီးဆင်းနေလေသည်။ ငရဲသားတို့သည် အလျှံတောက်နေသော သံမြေပြင်တွင် သွားနေရသောကြောင့် အလွန်ပူလောင်နေသဖြင့် မြစ်ထဲ၌ စီးဆင်းနေသော မီးလျှံတောက်နေသော ဖွဲပြာတို့ကို ရေထင်သဖြင့် ဆင်းကြ သောက်ကြ လေသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက စပါး၊ နှမ်း၊ ပဲ စသည်တို့ကို အဖျင်းအမှော်၊ သဲ၊ ကျောက်များ ရော၍ ရောင်းချခဲ့သူများ ခံစားကြရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

---> ဆက်လက်ဖော်ပြပါဦးမည်။ (Koenig Leon)

--- နေမိမင်းတွေ့ခဲ့ရသော ငရဲများ ---- နေမိမင်းသည် သိကြားမင်း၏ ပင့်ဖိတ်မှုကြောင့် တာဝတိံသာနတ်ပြည်သို့ လူသားစင်စစ်ဘ၀ဖြင့်ေ...
10/11/2013

--- နေမိမင်းတွေ့ခဲ့ရသော ငရဲများ ---

- နေမိမင်းသည် သိကြားမင်း၏ ပင့်ဖိတ်မှုကြောင့် တာဝတိံသာနတ်ပြည်သို့ လူသားစင်စစ်ဘ၀ဖြင့် ရောက်ခဲ့ရသော မင်းမြတ်ဖြစ်ပါသည်။ နေမိမင်းကို မာတလိနတ်သားက ဝေဇယန္တာနတ်ရထားဖြင့် လာရောက်ပင့်ဆောင်သောအခါ မာတလိက နေမိမင်းကြီးအား - ကောင်းမှုကြောင့် သုခစည်းစိမ်ခံစားနေရသော သူတို့ကို မြင်ရသောလမ်းနှင့် မကောင်းမှုကြောင့် ငရဲခံနေရသော သူတို့ကို မြင်ရသော လမ်းနှစ်လမ်းရှိသည်။ မည်သည့်လမ်းဖြင့် သွားလိုပါသနည်းဟု မေးသည်။ နေမိမင်းက ထိုနှစ်ဋ္ဌာန စလုံးကို မမြင်ဖူးသဖြင့် ယင်းနှစ်ဋ္ဌာနလုံးကို ကြည့်ချင်သောကြောင့် နှစ်လမ်းလုံးဖြင့်ပို့ပါဟု ဆိုသည်။ မည်သည့်လမ်းကို အရင်သွားလိုပါသနည်းဟုမေးရာ၊ ငရဲခံစားရသောသူတို့ကို အရင်ကြည့်ချင်ပါသည်ဟု ဆိုသဖြင့် မာတလိသည် ဝေဇယန္တာရထားကို ငရဲဘက်သို့မောင်းနှင့်ပြီး ရှေ့ဦးစွာ ကြိမ်ပိုက်ချောင်းငရဲကို ပြလေသည်။

>-- (၁) ကြိမ်ပိုက်ချောင်းငရဲ --<

- ထိုငရဲတွင် ငရဲထိန်းတို့က မီးလျှံတောက်နေသည့် သန်လျက်၊ လှံ၊ ခက်ရင်း၊ စသော လက်နက်တို့ဖြင့် ငရဲသားတို့ကို ထိုးခုတ်ရိုက်နှက် နှိပ်စက်ညှဉ်းပန်းကြသည်။ ငရဲသားတို့သည် ယင်းသို့ ညှဉ်းဆဲသည်ကို မခံမရပ်နိုင်ကြသဖြင့် အလွန်ထက်သော သံဆူးကြီးများပေါက်နေသော မီးလျှံဟုန်းဟုန်းတောက်နေသည့် သံကြိမ်နွယ်တို့ဖြင့် ဖုံးအုပ်နေသော မြစ်ထဲသို့ ပြေးဆင်းကြကုန်၏။ ထိုမြစ်ထဲ၌ ငရဲသားတို့သည် သင်တုန်းဓားသွားတမျှ ထက်လှစွာသော မီးလျှံတောက်နေသော ကြိမ်ဆူးတို့ဖြင့် ထိုးမိကာ အပိုင်းပိုင်းပြတ်လျက် အစုန်အဆန် မျောနေကြလေသည်။ ငရဲထိန်းတို့ကလည်း ကမ်းပေါ်မှနေလျက် သန်လျက်၊ လှံ စသည်တို့ဖြင့် လှမ်း၍ ထိုးခုတ်ရိုက်နှက်ကြလေသည်။(အသေးစိတ်ကို ဖော်ပြပြီးဖြစ်သည်)

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲခံစားရသော သူတို့သည် လူဖြစ်စဉ်အခါက လက်ရုံးအားကိုး၊ ပစ္စည်းဥစ္စာဓန အားကိုး၊ အာဏာအားကိုးဖြင့် ခွန်အားချို့တဲ့၊ ပစ္စည်းချို့တဲ့၊ အာဏာချို့တဲ့ သောသူတို့ကို နိုင်ထက်ကလူညှဉ်းပန်းနှိပ်စက်ကြသော သူတို့ဖြစ်ကြသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

>-- (၂) ခွေးစားငရဲ --<

- ဤငရဲ၌ ဆင်ကောင်တမျှ ကြီးမားလှသော ငရဲခွေးနက်ကြီးတို့သည် ငရဲသားတို့ကို လိုက်၍ ကိုက်သတ်လေသည်။ ကိုက်မိသောအခါ ငရဲသားတို့သည် မီးလျှံတပြောင်ပြောင်တောက်နေသော သံမြေပြင်၌ ပက်လက်လဲကြသည်။ ထိုအခါ ငရဲခွေးနက်ကြီးတို့သည် ရှေ့ခြေနှစ်ဖက်ဖြင့် ရင်ဘတ်ကို နင်းကာ အသားများကိုကုန်အောင်စားကြသည်။ ထို့အတူ ဆင်ကောင်တမျှကြီးမားလှသော လင်းတငှက်တို့နှင့် ကျီးကန်းကြီးများကလည်း ကတ်ကြေးတမျှ ထက်လှစွာသော သံနှုတ်သီးတို့ဖြင့် ဦးခေါင်းကို ထိုးဆိတ်ဖောက်စားကြသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက မိမိကိုယ်တိုင်လည်းမလှူရက် မတန်းရက် နှမြောဝန်တိုလျက် သူတစ်ပါးလှူဒါန်းသည်ကိုလည်း တားမြစ်ပိတ်ပင်သူများ၊ ရဟန်း အရိယာသူတော်စင်တို့ကိုလည်း ရေးရွတ်ရှုံ့ချ ထိပါးစော်ကား ပုတ်ခတ်ပြောဆိုသူများသည် ဤငရဲ၌ ခံစားကြရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

>-- (၃) မီးလျှံငရဲ --<

- ထိုငရဲ၌ ငရဲသားတို့သည် တစ်ကိုယ်လုံး မီးလျှံတွေတောက်လျက် အလျှံတပြောင်ပြောင်တောက်နေသော သံမြေပြင်၌ ပြေးလွှားနေကြရသည်။ ငရဲထိန်းတို့က ထန်းပင်လုံးခန့်ရှိသော သံတုတ်ကြီးဖြင့် စေ့စေ့ညက်ညက်တစ်ကိုယ်လုံး ကြေမွအောင် လိုက်ရိုက်ကြသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက အပြစ်မဲ့သော ယောက်ျား၊ မိန်းမတို့ကို နှိပ်စက်ညှဉ်းပန်းသော သူတို့သည် ကျရောက်ခံစားရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

---> ဆက်လက်ဖော်ပြပါဦးမည်။ (Koenig Leon)

05/11/2013

မှန်ကန်သော အသိတရားရှိသော တိဟိတ် လူပုဂ္ဂိုလ်တို့အား အင်မတန်ပင် အားနာလှပေသည်။ သို့သော် အသိဥာဏ်မရှိသေးသော အချည်းနှီးသော သူတို့အား နောက်ဆုံး အသိပေး ပြောကြားခြင်းပင်ဖြစ်ပေသည်။ စာဖတ်သူတို့ထဲမှ သီလ သမာဓိနှင့် ပြည့်စုံသော သူတို့အားမရည်ရွယ်ရပါ။

ပြောကြားလိုသည်မှာ- လက်မခံချင်နေပါ အကျိုးမရှိသော အချည်းနှီးသော Comment များကို မရေးကြဖို့ အသိပေးအပ်ပါသည်။ ထိုကဲ့သို့ စာများကို ရေးသားသော သူသည် မိမိ၏ အဆင့်အတန်းမည်မျှလောက် နိမ့်ကျယုတ်ညံ့ကြောင်း အများအား ဖော်ပြလိုက်ခြင်းပင်ဖြစ်ပေသည်။

"ပန်ကြားတောင်းပန်ခြင်း"ဟူသော ခေါင်းစဉ်ဖြင့် ကျွန်ုပ်ကြိုတင်ပြောထားပြီးသားဖြစ်ပါသည်။ ငရဲရှိကြောင်း သုတ္တန်၌ "ဒေ၀ဒူတသုတ်" ကို ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားထားခဲ့သည်။ ဆိုလိုသည်မှာ ငရဲဆိုတာ ယုံတမ်းစကား၊ ကလေးများကို ခြောက်လှန့်သော ပေါ့ပျက်ပျက် တရားမျှသာမဟုတ်ပါ။ ထိုကဲ့သို့ သရဏဂုံသုံးပါးကို အမှန်တကယ် မယုံကြည်သေးသော မိရိုးဖလာ ဗုဒ္ဓဘာသာတို့က ငရဲကို မယုံလျှင်နေပါ အချည်းနှီး အကျိုးမဲ့သော စာများ၊ စကားများဖြင့် လှောင်ပြောင် မပြောဆိုအပ်။

နောက်ဆုံးအနေ သနားသောအားဖြင့် အသိတရားမရကြသေးသောသူတို့အား ပြောကြားလိုက်ပါမည်-

"သင်ငရဲရှိကြောင်း မယုံအပ်သေးသ၍ အကုသိုလ်ပြုရန်မကြောက်၊ မကြောက်သောကြောင့် ငရဲဘုံနှင့်တကွ ကျန်ရှိသော အပါယ်သုံးဘုံမှလည်း ထာဝရလွတ်မြောက်နိုင်လိမ့်ဦးမည်မဟုတ်ပါ"

သို့ကြောင့် နောက်နောင် comment box များတွင် အလားတူမျိုး ရေးသားပါက Fan ထဲမှ ထုတ်ပစ်ပါမည်။ ကျွန်ုပ်သည် တရား၏ မျက်နှာကိုသာကြည့်ပါသည်။
အဆုံးစွန် ဤ Page တွင် မှန်ကန်သော အသိဥာဏ်ရှိသော ဖတ်ရှုသူ တစ်ယောက်သာလျှင်ရှိပါစေ ကျွန်ုပ်သည် ထိုတစ်ယောက်အတွက်သာ ဆက်လက်တင်ပေးပါမည်။ တရားကိုနှစ်သက် မြတ်နိုးသောသူကိုသာ အလိုရှိအပ်ပါသည်။ မရှင်းလင်းသော အကြောင်းအရာရှိပါက မှန်ကန်လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ပါသည်။

ဤစာကြောင့် ကျွန်ုပ်ထက် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့အား အနှောင့်အယှက်ပေးမိသကဲ့သို့ ဖြစ်ပါက အနူးအညွတ်တောင်းပန်အပ်ပါသည် ခင်ဗျာ။ နောက်ဆုံးအသိပေးတင်ဆက်ခြင်းပင်ဖြစ်ပါသည်။
အကျွန်ုပ်သည် အများအားသော်လည်းကောင်း၊ သာသနာ တရားဓမ္မအားသော်လည်းကောင်း မညှိုးနွမ်းစေခြင်းငှာ ပြုသင့်သောကြောင့် ဤကဲ့သို့ ပြုခြင်းဖြစ်သည်။

လေးစားသောအားဖြင့်---Koenig Leon.

Post  #27---ကြိမ်ပိုက်ချောင်း ငရဲ---- ဤကြိမ်ပိုက်ချောင်း ငရဲသည် သန်လျက်တောငရဲအပြင်ဘက်၌ ရှစ်မျက်နှာပတ်လည် ၀ိုင်းဝန်းတည်လျ...
05/11/2013

Post #27

---ကြိမ်ပိုက်ချောင်း ငရဲ---

- ဤကြိမ်ပိုက်ချောင်း ငရဲသည် သန်လျက်တောငရဲအပြင်ဘက်၌ ရှစ်မျက်နှာပတ်လည် ၀ိုင်းဝန်းတည်လျက်ရှိသည်။

- ယင်းမြစ်ချောင်းရေသည် အလွန်စပ်ငန်သည်။ ကြေးနီပူရေ ဟုလည်းခေါ်သည်။ အဟုန်ပြင်းစွာ စီးဆင်းသည်။ ရေပြင်ထက်ဝယ် အ၀န်းလုံးပမာဏရှိသော အလွန်စူးရှထက်မြက်သော သံဆူးသံရွက်တို့ဖြင့် ပြည့်သော ကြိမ်နွယ်တို့ရှိသည်။ ယင်းတို့သည် ပိုက်ကွန်သဖွယ် လိမ်ယှက်၍ ကမ်းနှစ်ဘက်ကို ကူးယှက်ကာတည်ရှိသည်။

- ယင်းကြိမ်နွယ်တို့ အောက်၌ ပေပင်လုံး၊ ထန်းပင်လုံး ပမာဏရှိသော အလွန်ထက်သော အသွားရှိသော သံတံကျင်တို့သည် မြေပြင်တစ်ခုလုံး၌ စိုက်ထူထားလျက်ရှိသည်။ ရေပြင်တစ်ခုလုံးကို သင်တုန်းဓားကဲ့သို့ ထက်မြက်သော ကြာရိုးကြာရွက်တို့ တည်ရှိသည်။ မြစ်၏ ၀ံယာ-ကမ်းတစ်လျှောက်ဝယ် အလွန်ထက်မြက်သော အစွယ်ရှိသော သံငြောင့်တို့ ထောင်ထားသကဲ့သို့ ထက်မြက်သော အဖျားရှိသော သမန်းမြက်တော၊ ဖောင်းကားမြက်တောနှင့် ကလိမ်ပင်တော၊ ကြိမ်ပင်တောတို့သည် ပေါက်ရောက်နေသည်။

---ငရဲ၌ ခံစားကြရပုံ---

- သန်လျက်တောငရဲမှ ကံအားလျော်စွာ လွတ်လာကြကုန်သော ငရဲသားတို့သည် အကုသိုလ်ကံကြွေးရှိသေးက ဤကြိမ်ပိုက်ချောင်းငရဲသို့ ကျရောက်ကြရပြန်သည်။
- မြစ်ကိုခြံရံ၍နေသော ဆူးရှိသော မြက်တောကြိမ်တောကြီးတို့ကို မထိုးဖောက် မ၀င်ရောက်လို၍ တွေဝေနေကြကုန်သော ငရဲသားတို့ကို ငရဲထိန်းတို့က နွားများကို မြက်တောထဲသို့ ရိုက်မောင်း သွင်းသကဲ့သို့ အမျိုးမျိုးသော ဓားလှံလက်နက်တို့ဖြင့် ထိုးနှက်ရိုက်ကာ မောင်းသွင်းကြကုန်သည်။ ငရဲသားတို့ကို တိုးဝင်စေကုန်သည်။
- ထိုမြက်တောသို့ တိုးဝင်သည်နှင့် တစ်ပြိုင်နက် သမန်းမြက်ညှောက်၊ ကြိမ်မြက်ညှောက်တို့သည် ငရဲသားတို့ကို ခြေဖ၀ါးမှ ခါးသို့တိုင်အောင် စူးဝင်ကြကုန်သည်။ သမန်းမြက်ရွက်တို့က စူးရှကုန်သည်။ ထိုသို့သော ဒုက္ခကိုတွေ့၍ ငရဲသားတို့ ရှေ့ဆက်မသွားနိုင်ဘဲ လဲကျနေရာ ငရဲထိန်းတို့က ထက်လှစွာသော ခရင်းခွ၊ လှံတံတို့ဖြင့် ထိုးကော်၍ မြစ်ထဲသို့ ပစ်ချကြကုန်သည်။
- မြစ်ထဲမကျမီ ငရဲသားတို့သည် အလျှံတပြောင်ပြောင်တောက်သော ကြိမ်နွယ်ဆူးများပေါ်သို့ ကျရောက်ကြသည်။ တစ်ကိုယ်လုံး ပေါက်ကွဲ စူးရှသော ဒုက္ခဖြင့် မထနိုင်လဲရှိရာ တလူးလူး တလွန့်လွန့်နှင့် နေကြရသည်။
- ထို့နောက် ကြိမ်နွယ်တို့မှ လျှောကျပြီး ရေပြင်သို့ ကျရောက်ကြလေသည်၊ ရေပြင်သို့ကျသည်နှင့် တစ်ပြိုင်နက် သံတံကျင်တို့က ငါးသီသကဲ့သို့ စူးဝင်ကာသီကြသည်။ သံတံကျင်ဖျားဝယ် ကားလျား မှောက်ခုံ တုန်တုန်လှုပ်လှုပ် လူးလွန့်၍ နေကြရသည်။
- တဖန် အဟုန်နှင့် စီးသောရေက သံတံကျင်မှ လွန်စေပြီး ရေပြင်၌ရှိသော ဆူးအပြည့်ရှိသော ကြာရွက်ပေါ်တို့သို့ ကျရောက်ကြပြန်လေသည်။ ထိုအခါ ခန္ဓာကိုယ်တစ်ခုလုံးသည် စုတ်ကြီးဖြင့် ထိုးဆွ၍ ထားအပ်ကုန်သကဲ့သို့ သွေးခဲအတိ၊ သွေးခဲအတုံးများ ဖြစ်ကြလေသည်။ တစ်ကိုယ်လုံးမှာ မစုတ်ပြတ်သော အရေဟူ၍ မရှိပေ။
- တစ်ဖန် ထိုကြာဖက်မှ အောက်သို့ဆက်ကျပြန်ရာ အလွန်ငန်စပ်သော မြစ်ရေထဲသို့ ပေါလောမျောကျရောက်ကြပြန်သည်။ ထိုအခါ မသေမရှင်ဓားဖြင့် မွှန်းထားသော ငါးကို ဆားငြုပ်ရေထဲသို့ ချလိုက်သကဲ့သို့ အထူးနာကျင်သော ဆင်းရဲကို ခံစားကြရလေသည်။

- ဤငရဲ၌လည်း ငရဲသားတို့သည် ကံမကုန်မချင်း ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲ ခံစားနေကြရသည်။

-by Koenig Leon

Post  #26---သံလျက်တော ငရဲ---- လက်ပံတောငရဲကြီး၏ အပြင်ဘက်၌ လက်ပံတောငရဲနှင့် အလားတူသော အနံအားဖြင့် ယူဇနာ(၁၀၀)၊ အမြင့် ယူဇန...
05/11/2013

Post #26

---သံလျက်တော ငရဲ---

- လက်ပံတောငရဲကြီး၏ အပြင်ဘက်၌ လက်ပံတောငရဲနှင့် အလားတူသော အနံအားဖြင့် ယူဇနာ(၁၀၀)၊ အမြင့် ယူဇနာ(၁၀၀)ရှိသော သန်လျက်နှင့်တူသော အရွယ်ရှိသော သစ်တောကြီးသည် လက်ပံတောငရဲကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းဝန်း၍ တည်နေသည်။

-ငရဲ၌ ခံစားရပုံ-

- လက်ပံတောငရဲမှ ကံကုန်၍ လွတ်လာကြသော ငရဲသားတို့သည် သန်လျက်တောငရဲ၌ ခံစားရန် ကံအဟုန်ရှိက သန်လျက်တော ငရဲသို့ ဆက်လက်ဝင်ရောက်ခံစားကြရလေသည်။
-ငရဲခံစားရပုံမှာ လက်ပံတောငရဲခံစားရပုံနှင့် တူပါသည်။ လက်ပံတောမှာ ဆူးရှိသည်။ ဤ သံလျက်တောတွင် ဆူးမရှိသည်သာ ခြားနားသည်။

-ဤငရဲ၌ ငရဲသားတို့သည် ကံမကုန်မချင်း ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲ ခံစားနေကြရသည်။

-by Koenig Leon

-သြ၀ါဒကထာများ-> ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်။> အသေမဦးမီ ဥာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။> ရခဲလှတဲ့ လူ့ဘ...
01/11/2013

-သြ၀ါဒကထာများ-

> ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်။

> အသေမဦးမီ ဥာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။

> ရခဲလှတဲ့ လူ့ဘ၀ကလေးကို အလွဲသုံးစားအချိန်တွေ မဖြုန်းလိုက်ပါနဲ့။

> ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။

> မနေ့ကထက် ကနေ့ သေဖို့တရက်နီးသွားပြီ။

> အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုသာန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။

> ခန္ဓာ၏၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။

> ကိစ္စဟူသရွေ့ မဂ်တား ဖိုလ်တားလို့မှတ်ပါ။

> တဏှာလောဘခိုင်းတာလုပ်နေရင် သေတဲ့အခါ အပါယ်ရောက်မယ်။

> တရားနာနေတဲ့အချိန်ဟာ မတရားအလုပ် မလုပ်တဲ့အချိန်ပဲ။

> နိဗ္ဗာန်သည်ကံ၏အကျိုးမဟုတ် ဥာဏ်၏အကျိုးသာဖြစ်တယ်။

> ရက်ရာဇာ ပြဿဒါးရွေးမနေနဲ့ သူတော်ကောင်းအလုပ် လုပ်နေတဲ့အချိန်ဟာ မင်္ဂလာအချိန်လို့မှတ်ပါ။

> သာသနာတဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရားပေါ်မယ်။

> သစ္စာတရားကို နာမှ သိမယ်၊ သိမှ ကျင့်မယ်။

> နားကတရားကိုနာပါ ဥာဏ်ကခန္ဓာကိုလှည့်ပါ။

26/10/2013

---ပန်ကြားတောင်းပန်ခြင်း---
-----------------------------

အားလုံးသော ပရိတ်သတ်မိတ်ဆွေ အပေါင်းတို့အားကြိုတင် တောင်းပန်အပ်ပါသည် ခင်ဗျာ...။ကျွန်ုပ် ဤ စာမျက်နှာကို ဖွင့်ထားရာတွင် ဘုရားရှင်ဟောကြားအပ်သော တရားဓမ္မတို့ကို ခုတုံးအနေနဲ့သုံး၍ Like ဆိုသောအရာကို ရလို၍မဟုတ်၊ စာဖတ်သူ Fan တွေများလာစေရန် အလို့ငှာလည်း မဟုတ်ရပါ။

ဒီ Pageတွင် ဖော်ပြသည့်အကြောင်းအရာတွေအားလုံးမှာ ကျွန်ုပ်လေ့လာသိရှိပြီးသော ငရဲပြည်အကြောင်း၊ သံဝေဂတရား၊ သာဓက၊ တရားဓမ္မဆိုင်ရာ ဗဟုသုတတို့နှင့် မှန်ကန်လေးနက်သော ခိုင်လုံသော ဗုဒ္ဓဘုရားရှင်ဟောကြားထားအပ်သော တရားစာပေများကိုသာ အများသူငါ မည်သူမဆို သိစေခြင်းငှာ ဓမ္မဒါနကုသိုလ် ပြုနေခြင်းသက်သက်သာဖြစ်ပါသည်။ တခါတရံ မိမိဖတ်ရှုသိရှိနားလည်ပြီးသော တရားတို့ကို ဆင်ခြင်သုံးသပ်ပြီးသော အတွေး၊ အမြင်တို့ကို သိစေခြင်းငှာ ဆောင်းပါးအနေဖြင့် ရေးပါသည်။
မမှန်မကန်သော၊ ဘုရားဟောကြားထားအပ်သည်တို့မဟုတ်သော အကြောင်းအရာတို့ကို (လုံးဝ)မတင်ပါ။

ပင်မအကြောင်းအရင်းကတော့ လူဖြစ်ရတဲ့ တခဏတာအတောအတွင်းမှာ အပါယ်(၄)ဘုံထဲမှာမှ ငရဲပြည်အကြောင်းတို့ကို သိရှိစေပြီးလျှင် ကြီးလေးလွန်းလှစွာသော အကုသိုလ် အမှုတို့ကို မပြုကြတော့ပဲ သံဝေဂရကြပြီးလျှင် ကောင်းမှုကုသိုလ်တို့ကိုသာ ပြုကြ၍ သုဂတိဘုံ၊ အဆုံးစွန် ထိုသံဝေဂဥာဏ်လေးကြောင့် သောတာပန် ဖြစ်ဖို့ ပထမဦးဆုံးလှေကားထစ်ဖြစ်သော ကလျာဏပုထုဇဉ်ဘ၀သို့ ကူးပြောင်းနိုင်ကြစေရန်အတွက် ကျွန်ုပ်၏ ရင်တွင်းနှလုံးသားထဲမှ စေတနာ သဒ္ဓါတရားပေါက်ဖွားလာကာ မနေနိုင်တော့ဘဲ ဤစာမျက်နှာကို ဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင် ငရဲကြီးရှစ်ထပ်နှင့်တကွ ငရဲငယ်တို့၏ အကြောင်းအရာတို့သည် ပိဋကတ်သုံးပုံထဲတွင် ပါဝင်ပါသည်။ ဤငရဲတို့၏အကြောင်းကို ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလတုန်းက တန်ခိုးအရာမှာ ဘုရားရှင်ပြီးလျှင် အထက်ဆုံး ဧတဒဂ် ရတော်မူထားသော အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက ကိုယ်တိုင် ငရဲပြည်သို့ကြွချီကာ ငရဲပြည်တို့၏ ဖွဲ့စည်းပုံ၊ သက်တမ်းကာလ၊ ခံရသောအကြောင်းအရင်း၊အကွာအဝေး စသည်တို့ကို ယမမင်းတို့အားလည်းကောင်း၊ ငရဲထိန်းတို့အားလည်းကောင်း အသေးစိတ်မေးမြန်းပြီးလျှင် လူ့ပြည်သို့ ပြန်လည်ကြွချီလာ၍ ဟောကြားသည်။ ထိုအချင်းအရာကို သိရှိပြီးသော ဘုရားရှင်ကလည်း "ငါဘုရားရှင်ဟောလည်း ဒီအတိုင်းပဲဟောမှာ"ဟူ၍ ဘုရားရှင် ကိုယ်တော်တိုင်က မှန်ကန်သောကြောင့် ခွင့်ပြုထားသော တရားပင်ဖြစ်ပါသည်။

သို့ဖြစ်ရာ အချို့မှာ ကျွန်ုပ်အား comment box မှသော်လည်းကောင်း၊ message box မှာသော်လည်းကောင်း "ငရဲဆိုတာသင်ကိုယ်တိုင်တွေ့ဖူးလား။ ရောက်ဖူးလို့လား" စသည့်မေးခွန်းများကိုလာရောက် မေးမြန်းကြပါသည်။ ကျွန်ုပ်သည်လည်း ပြန်လည်ဖြေဆိုထားပြီးသားဖြစ်ပါသည်။ သို့သော် နောက်နောင် အလားတူမေးခွန်းမျိုးကို မေး၍ အချိန်ကုန်အကျိုးမဲ့နေမည် စိုးသောကြောင့် ယခု အားလုံးသိစေခြင်းငှာ ဖြေကြားပေးအပ်ပါသည်။

ထိုမေးခွန်း၏ အဖြေမှာ နှစ်မျိုးဖြစ်သည်။
ပထမအဖြေမှာ ဤသို့တည်း-

" အို... မိတ်ဆွေ... ကျွန်ုပ်သည် မရေမတွက်နိုင်လွန်းလှစွာသော ဘ၀ပေါင်းများစွာတို့တွင် ငရဲပြည်သို့ ရောက်ခဲ့ဖူးပြီးပြီ၊ မြင်ခဲ့ဖူးပြီးပြီ၊ ကြုံတွေ့ခဲ့ရဖူးပြီးပြီ၊ ခံခဲ့ရဖူးပြီးပြီ။ သတ္တ၀ါဝေနေယျ အပေါင်းတို့နှင့်တကွ ယခုစာဖတ်ရှုသူသင်သည်လည်း ထို့အတူပင်ဖြစ်ပါသည်။ ငရဲမကျဖူးသည့်သတ္တ၀ါ ဤလောက၌ မရှိ။ အို...မိတ်ဆွေ- လောကမှာ ကြောက်သင့်သည့်အရာကို ကြောက်လန့်ရာ၏။ သင်ကိုယ်တိုင် ရောက်ရမှ၊ မြင်ရမှ၊ ကြုံရမှသာ ငရဲရှိကြောင်းယုံမည်ဆိုလျှင် ငရဲရောက်ကြောင်းတရားတွေဖြစ်တဲ့ အကြီးလေးဆုံးဖြစ်သော ပဉ္စာနန္ဒရိယကံ၊ ခင်ပွန်းကြီးဆယ်ပါးတို့အား စော်ကားပြစ်မှားခြင်းစသည့် အကုသိုလ်တရားတွေကိုသာ ဤဘ၀ပြုရင် ဧကန်ကျိန်းသေပေါက် သေပြီးနောင်ဘ၀မှာ တွေ့နိုင်ပါတယ်။ ထိုအချိန်ကျမှသာ ငရဲရှိကြောင်းယုံလျှင် သင့်အတွက် ပြန်လည်ပြင်ဆင်ချိန်မရှိတော့ဘဲ အကုသိုလ်ကံကြွေးရှိသလောက် နှစ်ပေါင်းမြောက်များစွာခံရပေတော့မည်။ "

ဒုတိယအဖြေမှာ-

" မိတ်ဆွေ... ပထမဦးစွာ သရဏဂုံသုံးပါးကို အမှန်တကယ် ယုံကြည်ကိုးကွယ်ဆည်းကပ်ပူဇော်နိုင်အောင်ပြုပါ။ ခင်ပွန်းကြီးဆယ်ပါးတို့ကိုလည်း မပြစ်မှားအပ်။ ဗုဒ္ဓဘုရားရှင် ဟောကြားထားအပ်သော သမထ၊ ၀ိပဿနာ (မဂ္ဂင် ၈ ပါး)လမ်းစဉ်ကို ပြီးမြောက်အောင် ကျင့်ကြံ ပွားများ အားထုတ်ပြီးလို့ ဈာန်၊ မဂ် ဖိုလ်၊ နိဗ္ဗာန်ကို ရရှိပြီးပြီ ဆိုလျှင် ငရဲပြည်သာမက နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့ကိုပင် သွားရောက်နိုင်ပေသည်၊ တွေ့နိုင်ပေသည်၊ မြင်နိုင်ပေသည်... မိတ်ဆွေ။ "

အို... မိတ်ဆွေ သင်ကြိုက်နှစ်သက်ရာ လမ်းကိုရွေးချယ်နိုင်ပေသည်။ ပထမလမ်းကတော့ မြင်ပြီးသော် ခံရတော့မည့်လမ်းစဉ်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် လူမိုက်တို့၏ သွားသောနည်းစနစ်ဖြစ်သည်။ ထိုလူမိုက်တို့သည် ငရဲမှလွတ်သည်ဆိုဦးတော့ သံသရာမှာ ကျင်လည်ရပေဦးမည်။ ထိုကျင်လည်နေသောကာလသည် ဘုရားရှင် သာသနာမထွန်းကားသော ကာလဖြစ်နေသော် နောင်မကျွတ်မလွတ်မချင်း ၃၁ ဘုံ၌ သာလျှင် လည်နေပေဦးတော့မည်။ တွေးမိသော် လွန်စွာ ထိတ်လန့်ဖွယ်ပါတကား။

ဒုတိယလမ်းကတော့ လူလိမ္မာတို့၏ နည်းစနစ်ပင်ဖြစ်ပေ၏။ ထိုသူတို့မှာ နောင်တဖန် ဘ၀မရှိတော့။ အပါယ်လေးပါးမှ လုံးဝလွတ်မြောက်ပြီးကြသော နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးကြသော အရိယာသူတော်စင်တို့ပင်ဖြစ်ကြသည်။ ထိုသူတို့မှာ သေလွန်ပြီးသော် နောင်ဘ၀မရှိတော့ပေ။

ဥပမာဆောင်ရလျှင် ရန်ကုန်မြို့ဆိုင်တဆိုင်အတွင်း လူနှစ်ဦးတို့က မန္တလေးမြို့အကြောင်းပြောနေသည်။ ထိုစဉ် မန္တလေးကိုမရောက်ဖူးသေးသော ကြားလူတစ်ဦးမှ မည်သည့်အရပ်တွင်ရှိကြောင်း၊ မည်သို့သွားလျှင် ရောက်နိုင်ကြောင်း တို့ကိုမေးလေသည်။ လူနှစ်ဦးတို့ကလည်း မည်သည့်အရပ်တွင်ရှိကြောင်း၊ မည်သို့သွားလျှင် ရောက်နိုင်ကြောင်း ဖြေကြားလေသည်။ သိလိုသည်ကို သိရှိရပြီးသော ထိုလူက ဆိုင်ရှေ့သို့ထွက်ကာ လှမ်း၍ စမ်းတ၀ါးဝါးကြည့်နေလေသည်။ ထိုအချင်းအရာကိုမြင်သော လူနှစ်ဦးက မည်သည့်အရာကို လှမ်း၍ကြည့်နေသနည်းဟုမေးရာ၊ မန္တလေးမြို့ကိုလှမ်း၍ကြည့်နေကြောင်းပြောလေသည်။ ထိုလူနှစ်ဦးတို့မှာ စိတ်ပျက်လျက် "မိတ်ဆွေ... သင်ကိုယ်တိုင်သွားမှရောက်မှာပေါ့"ဟူ၍ ပြောလေသည်။

ထို့အတူပင် ငရဲပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့သည်လည်း ရှိကြသည်သာပင်ဖြစ်သည်။ သို့သော် လူအနေဖြင့်မှ သာမာန် ကံမျက်လုံးဖြင့် မမြင်နိုင်လေရာ ဥာဏ်မျက်လုံးဖြင့်ကြည့်မှသာ မြင်တွေ့နိုင်ပေသည်။ ဥာဏ်မျက်လုံးဆိုသည်မှာ ဈာန်၊ မဂ် ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသော အရဟတ္တမဂ်ဥာဏ်ကိုဆိုလိုသည်။ ထိုသို့ဆိုသောကြောင့် ဘုရားရှင်၏ ၀ိပဿနာ(မဇ္ဇျိမ ပဋိပဋာ၊ မဂ္ဂင် ၈ ပါး) လမ်းစဉ်အား ထိုအကျိုးအတွက် ကျင့်ရမည်ဟု လုံးဝဆိုလိုခြင်း မဟုတ်ရပါ။ ထိုအချင်းအရာတို့သည် ရရှိအပ်သောအကျိုးသက်သက်သာဖြစ်သည်။ အကြောင်းအနေဖြင့် ခန္ဓာဥာဏ်ရောက် ဒိဋ္ဌိပြုတ် မှသာလျှင် ရနိုင်ပေသည်။ ပန်းတိုင်ကို နိဗ္ဗာန်သာရည်မှန်းပါ။ အခြား မမှန်ကန်သော မည်သည့်ရည်ရွယ်ချက်မှ မရှိရ။

နာနာဘာဝတို့သည်လည်း ဧကန်ရှိကြသည်သာဖြစ်ကြောင်း ဘုရားရှင်ဟောကြားထားအပ်သည့် ပေတ၀တ္ထုနှင့် ၀ိမာန၀တ္ထုတို့တွင် ဖော်ပြထားပြီးသားဖြစ်ပေသည်။ ထို နာနာဘာဝတို့ကို အချို့သော ကံနိမ့်သောသူတို့ကသော်လည်းကောင်း၊ သူတို့မှ အမျှလို၍ ကိုယ်ထင်ပြသောကြောင့်လည်းကောင်း မြင်ရတွေ့ရသည်။ သို့သော် အချို့သောသူတို့မှာ သေသည်အထိ နာနာဘာဝတို့ကို မတွေ့လိုက်ကြပေ။ ထိုကဲ့သို့ မတွေ့သောကြောင့် မရှိဟူ၍ မဆိုနိုင်သာသည် မဟုတ်ပါလော။

ထို့ကြောင့် ယခုလို ဗုဒ္ဓ၏ သာသနာတော်ထွန်းကားနေသော တခဏတာ ကာလလေး အတောအတွင်း မြတ်လှစွာသော အရိယာလမ်းစဉ်ကို ကျင့်ကြံပွားများကြပြီးလျှင် အပါယ်လေးပါးတို့မှ လွတ်မြောက်နိုင်ကြရာ အနည်းဆုံး သောတာပန် ပန်းတိုင်သို့ ရရှိရောက်လှမ်းနိုင်စေရန် ရည်ရွယ်၍..........။

-မေတ္တာဖြင့် ... Koenig Leon

Address

Yankin Township
Yangon
11081

Website

Alerts

Be the first to know and let us send you an email when ငရဲပြည်အကြောင်းသိကောင်းစရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ငရဲပြည်အကြောင်းသိကောင်းစရာ:

Share