𝓓𝓱𝓪𝓶𝓪 𝓣𝓱𝓪𝓷𝓽𝓱𝓪𝓻

  • Home
  • Myanmar
  • Yangon
  • 𝓓𝓱𝓪𝓶𝓪 𝓣𝓱𝓪𝓷𝓽𝓱𝓪𝓻

𝓓𝓱𝓪𝓶𝓪 𝓣𝓱𝓪𝓷𝓽𝓱𝓪𝓻 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝓓𝓱𝓪𝓶𝓪 𝓣𝓱𝓪𝓷𝓽𝓱𝓪𝓻, Religious Center, Yangon.

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏...
30/04/2026

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
Crd 🙏🙏🙏🙏🙏

#ဓမ္မအလင်း #ကဆုန်လပြည့်နေ့

နတ်ကောင်းနတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်------------------၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြတဲ့၊ ပြင်ဆင်ကြတဲ့ အချ...
10/04/2026

နတ်ကောင်းနတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်
------------------
၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြတဲ့၊ ပြင်ဆင်ကြတဲ့ အချိန်ရယ်
၂။ တရားအားထုတ်တော့ ကိလေသာနဲ့ တိုက်နေကြတဲ့ အချိန်ရယ်
၃။ တရားရသွားလို့ အရိယာဖြစ်သွားတဲ့ အချိန်ရယ်ပါတဲ့ဗျာ
အဲသလို နတ်ကောင်းနတ်မြတ်တွေက လူ့ပြည်ကို ကြည့်နေတာပါတဲ့နော်
ဒါပေမယ့် တရား အားမထုတ်မှီမှာ လုပ်ရမယ့် ပုဗ္ဗကိစ္စ ၅ ပါး လုပ်ကြရပါမယ်
(၁) မြတ်စွာဘုရားရှင်အား တရားအားထုတ်သူရဲ့ ခန္ဓာ ၅ ပါးကို အပ်နှင်း လှူဒါန်းခြင်း
(၂) ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ် ပြစ်မှားမိခဲ့သည်များကို ခင်ပွန်းကြီးတို့ရဲ့ အထွဋ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ထံ ဝန်ချတောင်းပန် ရှိခိုးကန်တော့ခြင်း
(၃) အမျှဝေခြင်း၊ မေတ္တာပို့သခြင်း
(၄) သံသရာတစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်အပေါင်းတို့ကို မဂ်ဖိုလ်ရခြင်းအလို့ငှာသာ အဓိဌာန်ပြုခြင်း
(၅) ငါသည် ဤဖောက်ပြန် ပျက်စီး စက်ဆုပ် ရွံ့ရှာဖွယ် ခန္ဓာကြီး ပျက်သုန်းပြီး သေခြင်းသို့ မရောက်မှီ ဤတရားကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လေးနက် ယုံကြည်စွာ အားထုတ်ပါမည်ဟု စိတ်အားထက်သန်မှုကို ပြုခြင်း
ဒီနေရာမှာ တရားအားထုတ်မယ့် နိဗ္ဗာန်သို့ သက်ဝင်မယ့်သူရဲ့ ရှိရမယ့် အကျင့်၊ မေတ္တာသုတ်လာ ကမ္မဌာ-နုပစာရဆိုတဲ့ ကမ္မဌာန်းရှေ့ပြေးအကျင့် (၁၅) ပါးဟာ တရားအားထုတ်သူမှာ အမှန်တကယ် ရှိရမယ့် အရည်အချင်း (၁၅) ပါးပါတဲ့ဗျာ
(၁) သက္ကော - ဒီတရားကို အဟုတ်အားထုတ်နိုင်သူ ဖြစ်ရပါမယ်
(၂) ဥဇု - ကိုယ်ရော စိတ်ပါ တရားနဲ့ပတ်သက်ပြီး မလိမ်မညာဘဲ ဟန်မဆောင်ဘဲ အမှန်အတိုင်း အားထုတ်နိုင်သူ ဖြစ်ရပါမယ်
(၃) စိတ်ထဲမှာကိုက ရိုးသားဖြောင့်မတ်သူ ဖြစ်ရပါမယ်
(၄) သုဝစော - ပြောဆိုဆုံးမရင် နာခံလွယ်သူ၊ နားထောင်တတ်သူ ဖြစ်ရပါမယ်
(၅) မုဒု - ကိုယ်နှုတ်နှလုံး ၃ ပါးလုံး နူးညံ့ ပျော့ပျောင်း သိမ်မွေ့ ယဉ်ကျေးသူ ဖြစ်ရပါမယ်
(၆) အနတိမာနီ - မာနမကြီး မောက်မာ ထောင်လွှား မရှိဘဲ နှိမ့်ချသူ ဖြစ်ရပါမယ်
(၇) သန္တုဿကော - ရသမျှ၊ ရှိသမျှနဲ့ ရောင့်ရဲ တင်းတိမ်လွယ်သူ ဖြစ်ရပါမယ်
(၈) မွေးမြူရ လွယ်ကူသူ၊ စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ၊ ဇီဇာမကြောင်သူ ဖြစ်ရပါမယ်
(၉) ကြောင့်ကြ ဗျာပါရ တက်တဲ့ အလုပ်ပိုမရှိတဲ့ အမှုကိစ္စနည်းသူ ဖြစ်ရပါမယ်
(၁၀) သလ္လဟုကဝုတ္တိ - အသုံးအဆောင် အဝတ်အထည် အပိုမရှိတဲ့ ပေါ့ပါးလွယ်ကူ မွေးမြူ နေထိုင်သူ ဖြစ်ရပါမယ်
(၁၁) သန္တိနြ္ဒိယော - ကောင်းဆိုးအာရုံတို့အပေါ် အေးဆေးတည်ငြိမ်တဲ့ ကိုယ်နှုတ်အမှုအရာရှိသူ ဖြစ်ရပါမယ်
(၁၂) အရာရာ ချင့်ချိန် မြှော်မြင် ဆင်ခြင် လုပ်ကိုင်နိုင်တဲ့ အသိဥာဏ် ရင့်ကျက်သူ ဖြစ်ရပါမယ်
(၁၃) အပ္ပဂဗ္ဘော - ကိုယ်နှုတ်စိတ် ရိုင်းပျခြင်းမရှိဘဲ ယဉ်ကျေးလိမ်မာသူ ဖြစ်ရပါမယ်
(၁၄) ကုလေသု အနနုဂိဒ္ဓေါ - မိသားစု ဆွေမျိုး မိတ်ဆွေတို့အပေါ် အလွန်အမင်း မခင်တွယ်သူ၊ သံယောဇဉ် မကြီးသူ ဖြစ်ရပါမယ်
(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ - ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ ရှုတ်ချစရာဆိုက မည်သို့ပင် သေးငယ်သော မကောင်းမှုကိုမှ မကျူးလွန် မပြုလုပ်သောသူ ဖြစ်ရပါမယ်တဲ့ဗျာ
နတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းကို ခံရပြီး ဘေးရန်ကင်းစွာ တရားအားထုတ်နိုင်ကြပြီး မဂ်ဖိုလ် ဆိုက်ကြပါစေ
Crd
# credit to Original uploader 🙏

19/02/2026

"ဗားမဲ့ဆရာတော် နှင့် ဦးရွှေအိုး"Credit to original uploader)

********************************

အင်းဝခေတ် က ဖြစ်ပါသည်။ မင်းဆရာ ဗားမဲ့ဆရာတော် သည်လောကီပညာများကို တတ်ကျွမ်းပါသည် ။

အင်း၀ မန်ကျဉ်းတန်းနေ ဦးရွှေအိုးဆိုသော သူဆင်းရဲကြီးတစ်ဦးသည် ဆရာတော်ကျောင်းသို့ အစဉ်သဖြင့် သွားရောက်၍ ဆရာတော် ကို နင်းနိတ်ပေးနေလေသည်။ ကြာသောအခါ ဦးရွှေအိုး၏ တံတောင်သည် ကျွဲပခုံးများ ထ၍နေပေတော့၏။

တနေ့သ၌ မင်းသားတစ်ပါးသည် ဆရာတော်ထံသို့ရောက်လာပြီးလျှင် ဆရာတော်ဘုရား အခုအခါမှာ နယ်စားကြီးရာထူး လစ်လပ်နေပါတယ်။ တပည့်တော်တို့မင်းသားက သုံးပါးရှိပါတယ်။ အဲဒီနေရာကို တပည့်တော် လိုချင်ပါတယ်ဘုရားဟု လျှောက်ထားလိုက်လျှင် ကောင်းပြီ ဒကာဟု ဆိုကာ ကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမရေး၍ ထိုမင်းသားအား ပေးလိုက်လေ၏။ ထိုသို့ပေးပြီးနောက် “သုံးရက်အတွင်း ဒကာလိုချင်တဲ့ ရာထူးကိုရလိမ့်မယ်” ဟုလည်း မိန့်မှာတော်မူလိုက်လေ၏။

ထိုနောက် အမတ်တဦး ရောက်လာပြန်၏။ ထိုအမတ်ကလည်း ဆရာတော်ဘုရား အမတ်ချုပ်ရာထူး လစ်လပ်နေပါပြီ။ တပည့်တော်တို့ငါးဦးဟာ အဲဒီနေရာကို ချိန်ရွယ် နေကြပါတယ်ဘုရား။ တပည့်တော်ဟာ အဲဒီနေရာကို အလွန်ပဲ လိုချင်ပါတယ်ဘုရား”ဟု လျောက်ထားလျှင် ဆရာတော်သည် ထိုအမတ်အား သပြေညွန့်ခုနှစ်ညွန်က်ို ဂါထာခုနှစ်အုပ် စုပ်၍ ပေးလိုက်၏။ ထို့နောက် “ဒါယကာအမတ် ငါးရက်အတွင်း အမတ်ချုပ်ရာထူးရလိမ့်မယ်။ သွားပေတော့” ဟု ပြောလိုက်လေ၏။

မကြာမီ၌ပင် ကုန်သည်တစ်ဦး ရောက်လာလေ၏။ ထိုကုန်သည်သည်လည်း ဆရာတော်အား “ဆရာတော်ဘုရား တပည့်တော်ဟာ ကုန်သည်လေး ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ လုံ့လဝီရိယလည်း ရှိပါတယ်။ ကုန်သည်ကြီး ဖြစ်လိုလို့ဆရာတော်ဘုရား ကယ်မတော်မူပါ” ဟုလျောက်ထားပြန်လေ၏။

ဆရာတော်က ထိုကုန်သည်အား အင်းတစ်ချပ် ချီးမြင့်လိုက်ပြီးလျှင် “ကဲ ကုန်သည် ဒါယကာလေးရေ ဒီတပတ်အတွင်းမှာပဲ ကုန်တွေ အဆမတန်မြတ်စွန်းပြီး ကုန်သည်ကြီးဖြစ်သွားလိမ့်မယ်”ဟု မိန့်မှာတော်မူကာ လွတ်လိုက်လေ၏။ ကုန်သည်လေးသည် ၀မ်းမြောက်၀မ်းသာနှင့် ပြန်သွားလေ၏။

ရက်မကြာမီ၌ မင်းသားသည်လည်းကောင်း အမတ်သည်လည်းကောင်း ကုန်သည်သည်လည်းကောင်း လှူဖွယ်ပစ္စည်းအစုစုဖြင့် ဗားမဲ့ ဆရာတော်ကျေင်းသို့ပြန်လည် ရောက်ရှိလာကြလေ၏။ မင်းသားကလည်း နယ်စားကြီးဖြစ်ကြောင်း အမတ်ကလည်း အမတ်ချုပ်ဖြစ်သွာပြီ ဖြစ်ကြောင်း ကုန်သည်လေးကလည်း ဆရာတော် ပြောသည့်အတိုင်း တစ်ခေါက်ထဲ၌ပင် ကုန်သည်ကြီးဘ၀သို့ရောက်သွားပြီ ဖြစ်ကြောင်းပြောလေ၏။ ထို့နောက် ဆရာတော်အား ကန်တော့၍ ပြန်သွားကြလေ၏။

ထိုအခါ ဆရာတော်၏ကျောကို တတောင်ဖြင့် ကျိတ်ပေးနေသော ဦးရွှေအိုးက “အရှင်ဘုရားကို တတောင်နဲ့ကျိတ်ပေးလို့ တပည့်တော် တံတောင်ဟာ ကျွဲပုခုံးတွေ ဖြစ်နေပါပြီ။ တပည့်တော်လောက် ဆင်းရဲတဲ့ လူဟာ အင်း၀ တစ်ပြည်လုံးမှာတောင် မဟုတ်ဘူး။ မန်ကျည်းတန်း တစ်တန်းလုံးမှာလည်း တပည့်တော် အဆင်းရဲဆုံးပါပဲ။ ဆန်ကွဲနဲ့မန်ကျည်းရွက်နဲ့ ပြုတ်သောက်

နေရတာကြာပါပြီဘုရား။ တပည့်တော်ကို ကြီးပွားချမ်းသာအောင် ဘာလို့ မလုပ် ပေးတာလဲဘုရား”ဟု ရဲဝံ့ပြတ်သားစွာ လျှေက်တင်လေ၏။

ထိုအခါ ဗားမဲ့ဆရာတော်က ” နင် ငါ့ဆီမှာ ဘယ်နှစ်ခါများ တောင်းဖူးသလဲ။ နင့်ဟာနင် နင်းပေးတယ်။ နှိပ်ပေးတယ်။ အဲဒီအတွက် နင် ကုသိုလ်တွေ ရနေပြီပဲ ။ တို့လောကီပညာက မတောင်းရင် မပေးရဘူး။ နင် မတောင်းတော့ ငါက မပေးဘူးပေါ့။ ”ဟု မိန့်လိုက်လျင် ဦးရွှေအိုးက “တောင်းမှ ပေးမယ်ဆိုရင်လည်း အခုပေးပါ။ တပည့်တော် သူဌေးဖြစ်ချင်ပါတယ် ဘုရား”ပြောလေ၏။ ထိုအခါ ဗားမဲ့ဆရာတော်က ပြဲုးရယ်လျက် “အေးအေး နင့်ဘုရားစင်မှာ ကျွန်းသားနဲ့ ဘုရားဆင်းတုတော်ထုပါ။ အနည်းဆုံး ၆ လက်မ ရှိရမယ်။ အဲဒီ ဆင်းတုတော်မှာ သင်္ကန်းတော်ကို အနီရဲရဲ ဆေးပြန်ချယ်။ ပလ္လင်တော်ကိုတော့ အစိမ်းရောင်တောက်တောက် ဆေးချယ်။ ခေါင်းတော်မျက်နှာတော် လက်ဝါးတော်ကိုတော့ တတ်နိုင်ရင် ရွှေချ။ မတတ်နိုင်ရင် အဝါရောင် တောက်တောက်ကို ချယ် ။ပြီတော့

{ ဧဝံ အစိန်တိယာ ဗုဒ်ဓါ ၊ ဗုဒ်ဓ ဂုဏာ အစိန်တိယာ

အစိန္တိယေ ပသန္နနံ ၊ ဝိပါကော ဟောတု မမ အစိန္တိယော။}

ဒီဂါထာနဲ့ နေ့စဉ်ရေချမ်း ဆွမ်းတော် အမွှေး ပန်း စသည်တို့ကို ကပ်လှူပြီး ချမ်းသာအောင်ဆုတောင်းပေတော့ဟု မိန့်လိုက်လေ၏။ ဦးရွှေအိုးလည်း ထိုစကားကိုကြားလျှင် ဆရာတော်အား ကန်တော့ဦးချ၍ အိမ်သို့ပြန်ပြေးလေ၏။ အိမ်သို့ပြန်ရောက်လျင် ဆရာတော်မှာ လိုက်သည့်အတိုင်း အဝါ ၊ အစိမ်း ၊ အနီတိုကို ချယ်ရန် ဆေးချယ်တတ်သူထံသို့ သွားရောက်၍ အကူအညီတောင်းလေ၏။ ဆေးချယ်တတ်သူလည်း ဦးရွှေအိုးအား

သနား၍ အခမဲ့ ချယ်သပေးလိုက်လေ၏။

ထိုနေ့မှစ၍ ဦးရွှေအိုးသည် ဆရာတော်မှာသည့် အတိုင်းပြုလုပ်၍

ဆင်းတုတော်ကို ကိုးကွယ်ခဲ့လေသည်။ တစ်ပါတ်မျှကြာသောအခါ မည်သို့ဖြစ်သည်မသိ။ ငွေကြေးရှိသူတို့သည် ဦးရွှေအိုးကြီးအား ယုံကြည် စိတ်ချရသည်ဆိုကာ ငွေများပေး၍ အလုပ်များစေခိုင်းကြလေ၏။ ဤသို့နှင့်ပင် ဦးရွှေအိုးကြီးသည် အလုပ်နှင့်ငွေများ ရရှိလာလေ၏။ အကျိုးပေးကား မြန်လှ၏။ သုံးနှစ်မျှ ကြာသောအခါ အင်း၀မန်ကျည်းတန်းတွင် ဆန်ကွဲကြို၍ သောက်နေရသော သူဆင်းရဲကြီးငရွှေအိုးအား သူကြွယ်ကြီး ဦးရွှေအိုးဘွဲ့ကို အင်း၀ဘုရင်ကိုယ်တိုင် ချီးမြင့်ခဲ့လေ၏။ ဦးရွှေအိုးမှ ဆင်းသက်သော မျိုးဆက်ခုနှစ်ဆက်တိုင်တိုင် ထိုဆင်းတုတော်ကို ကိုးကွယ်ခဲကြလေ၏။ ထိုခုနှစ်ဆက်လုံးအားလည်း ဘုရင်မင်မြတ်သည် သူကြွယ်ဘွဲ့ကို ချီးမြင့်ခဲ့ရသည်ချည်းဖြစ်၏။.

✨ 🙏တပို့တွဲလပြည့် ✨🙏✨ သြဝါဒ ပါတိမောက်အခါတော်နေ့ ✨      🌷🙏🙏🙏🌷       မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ...
01/02/2026

✨ 🙏တပို့တွဲလပြည့် ✨🙏

✨ သြဝါဒ ပါတိမောက်အခါတော်နေ့ ✨

🌷🙏🙏🙏🌷

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည် ဝေဠု ဝန်ကျောင်းတော်ကြီး၌ မြတ်စွာဘုရားရှင်သည်သြဝါဒပါတိမောက်ကို ဟောကြားတော်မူခဲ့ပါသည်။

တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း

တပည့်သားတို့အား သြဝါဒပေးတော်မူသည်ကို

အကြာင်းပြု၍ ထိုနေ့ကို သြဝါဒပါတိမောက်အခါ

တော်နေ့အဖြစ် ကျင်းပရခြင်းဖြစ်ပါသည်။

ပါတိမောက်ဟူသည်...

🪷🪷🪷🪷🪷🪷



ပါတိ ။ စောင့်စည်းသောသူ၊

မောက္ခ ။ လွတ်မြောက်ခြင်းအဓိပ္ပါယ်ရ၏။

ပါတိမောက်ဟူသည် ထိန်းသိမ်းစောင့်ရှောက်

လိုက်နာသူတို့ အပါယ်ဒုဂ္ဂတိဘေး စသည်တို့မှ

လွတ်မြောက်စေတတ်ကြောင်း အဓိပ္ပါယ်ရ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓဘုရားရှင်တို့၏ အကျဉ်းချုပ်သြဝါဒနှင့် ပညတ်တော်မူအပ်သော

သိက္ခာပုဒ်(ရဟန်းကျင့်ဝတ်)များကို ပါတိမောက်

ဟုခေါ်ကြောင်း မှတ်သားရသည်။

အဆိုပါ သံဃာစုံညီအစည်းအဝေးကြီး၌

အရှင်သာရိပုတ္တရာ၏သံဃာအုပ်စု ၂၅၀ အပါအဝင် စုစုပေါင်းသံဃာအပါး ၁၂၅၀ တို့သည်

အဘိညာဉ်ခြောက်ပါး ရရှိပြီးသည့် 'ဧဟိဘိက္ခု'

ရဟန္တာပုဂ္ဂိုလ်ချည်း များသာဖြစ်ပါသည်။

တပို့တွဲလပြည့်နေ့၏ထူးခြားချက်(၄)ချက်

🪷🪷🪷🪷🪷🪷🪷🪷🪷🪷

⚜️ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့

ဖြစ်ခြင်း။

⚜️ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်

ဧတဒဂ်ရသောနေ့ဖြစ်ခြင်း။

⚜️ အင်္ဂါလေးရပ်နှင့် ပြည့်စုံသောရဟန်းပရိတ်သတ်တို့ အလိုအလျောက်စုဝေးမိသောနေ့ ဖြစ်ခြင်း။

⚜️ ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသော နေ့ဖြစ်ခြင်း။

ဤထူးခြားချက်လေးမျိုးကိုတွေ့ရပါသည်။

ပါတိမောက်တွင် သြဝါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိပါသည်။

သြဝါဒပါတိမောက်ကို မြတ်စွာဘုရားရှင်တို့သာ

ပြတော်မူပါသည်။ တပည့်သံဃာများပြခွင့်မရှိပါ။

တပည့်သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့်ရှိပါသည်။

အင်္ဂါလေးချက်ပြည့်စုံမှ

🪷🪷🪷🪷🪷🪷

ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို-

⚜️ တပို့တွဲလပြည့်နေ့ကြုံကြိုက်ခြင်း၊

⚜️ ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊

⚜️ ဆဋ္ဌာဘိညပဋိသမ္ဘဒါပတ္တရဟန္တာချည်းဖြစ်ခြင်း၊ မည်သူမျှမပင့်မဖိတ်ဘဲ စုဝေးမိခြင်း၊

ဤအင်္ဂါလေးချက်နှင့်ပြည့်စုံမှပြမြဲဖြစ်ပါသည်။

သြဝါဒပါတိမောက်ဂါထာတော်သုံးပိုဒ်

🪷🪷🪷🪷🪷🪷🪷🪷🪷

⚜️ သြဝါဒပါတိမောက်(ဂါထာသုံးပိုဒ်)မှာ

ဓမ္မပဒ ဗုဒ္ဓဝင် ဂါထာအမှတ်စဉ်(၁၈၃)တွင် -

⚜️ သဗ္ဗပါပဿ အကရဏံ

ကုသလဿ ဥပသမ္ပဒါ

သစိတ္တပရိယောဒပနံ

ဧတံ ဗုဒ္ဓါန သာသနံ။

(အကုသိုလ်ရှောင် ကုသိုလ်ဆောင်

ဖြူအောင်စိတ်ကိုထား။

ဘုရားတိုင်းသာ ဟောမိန့်မှာ

သုံးဖြာ ဤစကား

ဘုရားတပည့် ထားသတိ ပွားဘိဤတရား)

မကောင်းမှုကိုမပြုနှင့်၊

ကုသိုလ်ကိုပွားများစေ၊

မိမိစိတ်ကိုဖြူစင်စေ

(မကောင်းမှုရှောင်၊

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကိုထား) ဟူ၍

သီလအလုပ်၊ သမာဓိအလုပ်နှင့် ဝိပဿနာပညာ

အလုပ်ဟူသောသိက္ခာသုံးရပ်အကျုံးဝင်ပါသည်။

⚜️ ဂါထာစဉ်(၁၈၄)တွင် -

⚜️ ခန္တီ ပရမံ တပေါ တ်ိတိက္ခာ

နိဗ္ဗာနံ ပရမံ ဝဒန္တိဗုဒ္ဓါ

န ဟိ ပဗ္ဗဇိတော ပရူပယာတိ

န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

သည်းခံခြင်းသည် အမြင့်ဆုံးအကျင့်ဖြစ်၏။

နိဗ္ဗာန်သည် ပန်းတိုင်ဖြစ်၏။

သူတစ်ပါးကိုသတ်ဖြတ်ညှင်းဆဲသူသည်

ရဟန်းမဟုတ်ကြောင်း ၊

သူတစ်ပါးကို စွပ်စွဲခြင်း၊ ပြစ်မှားခြင်း မပြုသင့်

ကြောင်း၊

အပူအအေး စသည်ကို မျက်နှာမနွမ်း

ခံနိုင်စွမ်းရှိခြင်း၊

ဝီရိယဦးစီး ဦးတည်အကျင့်ဖြစ်သော

အဓိဝါသနခန္တီ(ထုံထားအပ်သော စွဲစွဲမြဲမြဲရှိသော

သည်းခံခြင်း)ကို လက်ကိုင်ထား၍ ကျင့်ကြံနေထိုင်ကြရန်လိုကြောင်းညွှန်ခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ခန္တီကို ကျင့်စဉ်အဖြစ်

အလေးအနက်ထားခြင်းဖြစ်ပါသည်။

⚜️ ဂါထာစဉ်(၁၈၅)တွင် -

⚜️ အနုပဝါဒေါ အနုပယာဒေါ

ပါတိမောက္ခ စ သံဝရော

မတ္တာညုတာ စ တတ္တမိံ

ပန္တဉ္စ သယနာသနံ

အဓိစိတ္တေ စ အာယောဝေါ

ဧတံဗုဒ္ဓါနသာသနံ။

သူတစ်ပါးကို ကိုယ်တိုင်သော်၎င်း ၊ စေခိုင်း

၍သော်၎င်း မကဲ့ရဲ့နှင့်၊ မညှင်းဆဲနှင့်၊

ပါတိမောက္ခ သံဝရသီလကို စောင့်ရှောက်ရန်၊ စားဖွယ်၌အတိုင်းအရှည်ကိုသိရန် ၊

ဆိတ်ငြိမ်သော ကျောင်း၊အိပ်ရာ၊နေရာ၌နေရန်၊

သမာပတ်ရအောင် အားထုတ်ရန် စသည်ဖြင့်

ဘုရားရှင်တို့က သြဝါဒဆုံးမတော်မူပါသည်။

အချုပ်မှာ -

(၁)နှုတ်စောင့်စည်းရန်။

(၂)လက်ချုပ်တည်းရန်

(၃)သီလထိန်းရန်

(၄)အစားအသောက်ဆင်ခြင်ရန်

(၅)ဆိတ်ငြိမ်ရာအရပ်တွင်နေရန်

(၆)တရားဘာဝနာပွားများနေရန်

စသည်ဖြင့် 'လက်တွေ့လုပ်ငန်းခြောက်ရပ်'

မှာကြားဆုံးမတော်မူပါသည်။

ထို့ကြောင့် သြဝါဒပါတိမောက်ဂါထာသည်

သီလ သမာဓိ ပညာ ကိုဟောကြားထား၍

ပိဋကသုံးပုံအနှစ်ချုပ်တရားဟုခေါ်ဆိုနိုင်ပါသည်။

သို့ဖြစ်၍သြဝါဒပါတိမောက်ဂါထာအတိုင်း

လိုက်နာကျင့်ကြံပါက ကိုယ်နှုတ်ယဉ်ကျေးလိမ္မာ

ပြီး အို နာ သေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ

ရောက်ရှိနိုင်ကြပါကြောင်း စေတနာရှေ့ထားပြီး

ရေးသားဖေါ်ပြလိုက်ရပါသည်။

📖*ကျမ်းကိုး*

(မာဂဓီ-သာစည်၏ အခါတော်နေ့များစာအုပ်။)

(ကိုဥာဏ်၏ သြဝါဒပါတိမောက်အခါတော်နေ့

ဆောင်းပါး)

©📰= 'မင်းသုခ' ရေးသားသောဆောင်းပါး

(၃၁-၁-၂၀၁၈ နေ့ထုတ် " စံတော်ချိန်နေ့စဉ်

သတင်းစာ" )

🙏🙏🙏

13/01/2026

ရသေ့ကြီး ဦးခန္တီ၏ဘုရားရှိခိုးဂါထာတော်
**************************************

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊

သုခ ဒံ ၊ သရဏံ ၊ ပ နမာမိ ဇိနံ။

၁။ အရဟံ
ပူဇော်အထူးကို
ခံယူတော်မူထိုက်သော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ
အတွင်း-အပ ရန်ကို
အောင်တော်မူသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၃။ သုဂတံ
ကောင်းသောစကားကို
ဟောပြောတတ်သော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၄။ အမိတံ
မနှိုင်းယှဉ်နိုင်သည့်
တန်ခိုးပြာဋိဟာ ရှိသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၅။ ဝိရဇံ
ကိလေသာမြူကင်းတော်မူသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၆။ လလိတံ
တင့်တယ် သပ္ပါယ်တော်မူသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၈။ စရဏံ
အကျင့်စရဏနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ
ဘုံသုံးပါး၌
ကိလေသာငြိမ်းအေးသော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၁၀။ ယမကံ
ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာနှင့်
ပြည့်စုံသော မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၁၁။ သုခဒံ
ချမ်းသာကို ပေးစွမ်းနိုင်သော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၁၂။ သရဏံ
ကိုးကွယ်အားထားရာဖြစ်သော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။

၁၃။ ဇိနံ
မာန်ငါးပါးကိုအောင်မြင်သော
မြတ်စွာဘုရားကို
ပ နမာမိ - ရှိခိုးပါ၏။ Credit to original uploader 🙏

လူတစ်ယောက် ကြီးပွားချမ်းသာနေတာကိုမြင်ရင် နှလုံးသွင်း မှန်ဖို့လိုတယ်။နှလုံးသွင်းတာ မမှန်ရင် အလိုလို အကုသိုလ်ဖြစ်ရတတ်တယ်။ဥ...
12/01/2026

လူတစ်ယောက် ကြီးပွားချမ်းသာနေတာကို
မြင်ရင် နှလုံးသွင်း မှန်ဖို့လိုတယ်။

နှလုံးသွင်းတာ မမှန်ရင် အလိုလို အကုသိုလ်
ဖြစ်ရတတ်တယ်။

ဥပမာဆိုပါစို့ ၊ ကိုယ့် အနီးအပါးက လူတစ်ယောက် ကြီးပွားသွားတာ ၊ ချမ်းသာတာကို မြင်ရင် လူအများစု ဘယ်လို စိတ်မျိုး ဝင်တတ်ကြတယ် ထင်လဲ။

အများစုက မနာလိုစိတ် စဖြစ်တော့တာပဲ။

အရပ်ထဲမှာဆို လူတစ်ယောက်ချမ်းသာသွားရင် ဘယ်လိုပြောတတ်ကြသလဲဆိုတော့

" ကြီးပွားမှာပေါ့ ၊ ချမ်းသာမှာပေါ့ ဘယ်လိုတွေတောင် လုပ်နေတာကိုး " စသည်ဖြင့် ပြောတတ်ကြတယ် မဟုတ်လား။

ဒါနှလုံးသွင်း မှားတာပဲ ၊ အကုသိုလ်စိတ်ကို ဖြစ်စေတာပဲလေ။

အဲဒီလူက သူ့အကြောင်းကြောင့် ၊ သူ့အကျိုးကြောင့် ချမ်းသာကြီးပွားသွားတာ ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်သည်လည်း မဟုတ်ပါပဲ အချောင် မနာလို ဖြစ်ရင်း အကုသိုလ် ဝင်ရတယ်ဆိုတာ ဖြစ်သင့်ရဲ့လား။

ဒီလို တွေးတတ်ဖို့ လိုတယ်။

ဒီနေရာမှာသာ ​သြော် သူ့ဘဝလေး အဆင်ပြေသွားတယ် ၊ သူ့မိသားစု ပြေလည်သွားတာ ဝမ်းသာရမှာပေါ့ ဆိုတဲ့ မုဒိတာ စိတ်လေးထားနိုင်ရင် အဲဒါ ကုသိုလ် ဖြစ်တာပဲ။

ဒါကြောင့် တခြားသူတစ်ဦးတစ်ယောက် ကြီးပွားချမ်းသာသွားတာကို မြင်ရတဲ့အခါ မုဒိတာ ပွားရင်း ကုသိုလ်ယူမှာလား ၊ မနာလိုစိတ်တွေနဲ့ အကုသိုလ် ယူမလားဆိုတာ ကိုယ်တိုင်ပဲ ရွေးချယ် ဆုံးဖြတ်ကြပေါ့။

ပါချုပ် ဆရာတော် ဘုရားကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ Credit to original uploader 🙏🙏🙏

Credit to original uploader 🙏🙏🙏
12/01/2026

Credit to original uploader 🙏🙏🙏

16/07/2025

🙏ပဌာန်းကျမ်းခေါ်ပုံ🙏 ပဌာန ဆိုတဲ့စကားက ပ-က အမျိုးမျိုးအပြားပြား ဌာန-က အကြောင်းပစ္စည်း ဒါကြောင့်အမျိုးမျိုးအစားစားဖြစ်သော အကြောင်းပစ္စည်းတွေကို ဟောရာဖြစ်တဲ့ကျမ်းကို ပဌာန်းကျမ်း ကုသိုလ်စသော တရားတို့ကို ၂၄-ပစ္စည်းတို့ဖြင့်ဝေဖန်ထားသောကျမ်း သဗ္ဗညုတဥာဏ်တော်ကြီး၏ လွတ်လွတ်လပ်လပိ ကျက်စားတော်မူရာဖြစ်သောကျမ်းကို ပဌာန်းကျမ်းဟုခေါ်သည် ။ Credit to ပဉှာဝါရပဌာန်းကျမ်းပါဠိ

ဝါဆိုလပြည့်နေ့သည်ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ ...
08/07/2025

ဝါဆိုလပြည့်နေ့သည်ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။[၁]

ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့ရက်များ 🙏🙏🙏 credit photo
05/07/2025

ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့ရက်များ 🙏🙏🙏 credit photo

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝓓𝓱𝓪𝓶𝓪 𝓣𝓱𝓪𝓷𝓽𝓱𝓪𝓻 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share