26/05/2026
မေတ္တာအကြောင်းလူတိုင်းကိုပြောဖို့လွယ်ပေမဲ့လည်း
လူတိုင်းကို မေတ္တာပြဖို့တော့ ခရစ်တော်အားဖြင့်မှမဟုတ်
ရင်မဖြစ်နိုင်တဲ့အရာပါ။
သည်းခံခြင်းအကြောင်းလူတိုင်းကိုပြောဖို့လွယ်ပေမဲ့လဲ
လူတိုင်းကိုသည်းခံနိုင်ဖို့ကတော့ ခရစ်တော်အားဖြင့်မှ
မဟုတ်ရင်မဖြစ်နိုင်တဲ့အရာပါ။
စေတနာစိတ်အကြောင်းလူတိုင်းကိုပြောဖို့လွယ်ပေမဲ့လဲ
လူတိုင်းကိုစေတနာထားနိုင်ဖို့တော့ ခရစ်တော်အားဖြင့်မှ
မဟုတ်ရင်မဖြစ်နိုင်တဲ့အရာပါ။
ကိုယ့်ရဲ့အနေအထိုင်အပြောဆိုအားဖြင့်သူတပါးတွေထိမိ
လဲစရာမဖြစ်အောင်သတိထားလို့ရနိုင်ပေမယ့် သူပါးရဲ့ဝေ
ဖန်ကဲ့ရဲ့အပြစ်ရှာခြင်းမကြုံရအောင်တော့နေလို့မဖြစ်နိုင်
ပါဘူး။
သူတပါးကိုကိုယ့်အားဖြင့်မထိခိုက်အောင်အောင်သတိပြု
နေထိုင်ရတာမခက်ပေမယ့်ကိုယ့်အားဖြင့်သူတပါးကောင်း
ကြီးဖြစ်စေတာမျိး၊ကောင်းကြီးဖြစ်တာမျိုးကိုတော့မိမိကိုယ်
ကိုငြင်းပယ်ခြင်းမှမပါရင်၊ခရစ်တော်အားဖြင့်မှမဟုတ်ရင်
မဖြစ်နိုင်တဲ့အရာပါ..
(26.5.2026)