နေ့စဉ်ခွန်အားသစ်ရယူခြင်း - Gaining New Strength Daily

  • Home
  • Myanmar
  • Yangon
  • နေ့စဉ်ခွန်အားသစ်ရယူခြင်း - Gaining New Strength Daily

နေ့စဉ်ခွန်အားသစ်ရယူခြင်း - Gaining New Strength Daily နေ့ရက်တိုင်းအတွက် အင်အားသစ်များ ရယူကြစို့။

15/07/2026

ယေရမိ၏ ခါးပန်း

ဘုရားသခင်က ယေရမိကို ခါးပန်းတစ်ခုကိုယူပြီး ခါးမှာစည်းပါလို့ ခိုင်းတယ်

နောက်တစ်ကြိမ်မှာတော့ အဲ့ဒီခါးပန်းကို ယူပြီး ဥဖရတ်မြစ်နားမှာ ရှိတဲ့ ကျောက်တွင်းထဲမှာ ဝှက်ထားဖို့ စေခိုင်းပြန်တယ်

ယေရမိကို ဝှက်ထားတာကြာပြီဖြစ်တဲ့ခါးပန်းကို သွားယူဖို့ ပြောချိန်မှာလည်း ဘုရားစကားအတိုင်း တစ်သွေမတိမ်းလုပ်ဆောင်ခဲ့တယ်

ခါးပန်းကတော့ ဆွေ့မြေ့ပြီးသုံးလို့မရတော့တဲ့ အခြေအနေပါ

ယေရမိကို ဘုရားသခင်စေခိုင်းတဲ့ အရာတိုင်းမှာ အကြောင်းရင်းရှိပါတယ်

ယုဒလူမျိုးတွေရဲ့ အခြေအနေကို မြင်သာစေချင်တာ ဖြစ်တယ်

ခါးပန်းဟာ ခါးမှာရှိတဲ့အချိန် အသုံးဝင်ပေမဲ့ ရှိရမဲ့နေရာရဲ့အဝေးကိုရောက်သွားချိန်မှာတော့ ဆွေးမြေ့ပြီး အသုံးမဝင်တော့ဘူး

ဘုရားသခင်ဟာ ယုဒလူမျိုးတွေကို သူ့စကားနားထောင်ပြီး အလိုတော်ထဲမှာ အသက်ရှင်ခြင်းဖြင့် ဘုရားရဲ့ဘုန်းနာမဘို့ အသက်ရှင်စေရှိပေမဲ့

ယုဒလူမျိုးတွေဟာ ဘုရားစကားနားမထောင်ခြင်း ၊အခြားဘုရားတွေကိုးကွယ်ခြင်းခြင်းဖြင့် ဘုရားသခင်နဲ့ ဝေးပြီး ဆွေးမြေ့နေတဲ့ခါးပန်းလို အသုံးမဝင်တဲ့ အသက်တာ ဖြစ်နေခဲ့တယ် ( ယေရ 13: 9 )

ကျွန်ုပ်တို့လည်း ဒုစရိုက်တွေအားဖြင့် ဘုရားနဲ့ဝေးသွားရင် ဆွေးမြေ့တဲ့ခါးပန်းလို အသုံးမဝင်တဲ့သူပါပဲ

ဆွေးမြေ့တဲ့ခါးပန်းတော့ မဖြစ်ပါရစေနဲ့ ကိုယ်တော်...

✝️ငါ့ စ ကား ကို နား မ ထောင်၊ မိ မိ စိတ် နှ လုံး ခိုင် မာ သော သ ဘော အ တိုင်း ကျင့် ၍၊ အ ခြား တ ပါး သော ဘု ရား တို့ ကို ဝတ် ပြု ကိုး ကွယ် ခြင်း ငှါ လိုက် သွား သော ဤ လူ ဆိုး မျိုး သည်၊ အ သုံး မ ရ သော ဤ ခါး ပန်း ကဲ့ သို့ ဖြစ် လိမ့် မည်။ (ယေ​ရ​မိ 13:10 ယုဒသန်)

✝️ခါး ပန်း သည် လူ ၏ ခါး ၌ မှီ ဝဲ သ ကဲ့ သို့၊ ဣ သ ရေ လ အ မျိုး ရှိ သ မျှ တို့ နှင့် ယု ဒ အ မျိုး အ ပေါင်း တို့ သည် ငါ ၏ လူ မျိုး၊ ဘွဲ့ နာ မ၊ ဘုန်း အ သ ရေ ဖြစ် စေ ခြင်း ငှါ၊ ငါ ၌ မှီ ဝဲ စေ သော် လည်း၊ သူ တို့ သည် နား မ ထောင် ကြ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ (ယေ​ရ​မိ 13:11 )

မေတ္တာဖြင့်

Phyo Theingi

God bless all ..

29/06/2026

တစ်ခါတစ်လေ
ကြံစည်တဲ့အတိုင်း
ဖြစ်မလာခဲ့ရင်
အခြေနေအပေါ်မှာ
ရပ်တည်ပြီးငြီးတွားမဲ့အစား
သာ၍ကောင်းတဲ့အရာ
ဘုရားပြင်ဆင်နေတယ်ဆိုတာ
ယုံကြည်ဝန်ခံလျှက်
ကျေးဇူးတော်ချီးမွမ်းလိုက်ပါ




18/05/2026
17/05/2026

Address

仰光
Yangon

Website

Alerts

Be the first to know and let us send you an email when နေ့စဉ်ခွန်အားသစ်ရယူခြင်း - Gaining New Strength Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share