ဘ၀အလင်းရောင်လေးများ ပရဟိတ အသင်း

  • Home
  • Myanmar
  • Yangon
  • ဘ၀အလင်းရောင်လေးများ ပရဟိတ အသင်း

ဘ၀အလင်းရောင်လေးများ ပရဟိတ အသင်း Youth Organization

ဓမ္မချစ်ခင် ယောဂီသူတော်စင်များအားလုံး 🙏မင်္ဂလာပါ🙏🙏ယောဂီအပေါင်းတို့အားYABဓမ္မမိတ်ဆွေများမှ ပြုစုရေးသားဝေမျှထားပါသော  ဥပုသ...
25/09/2020

ဓမ္မချစ်ခင် ယောဂီသူတော်စင်များအားလုံး
🙏မင်္ဂလာပါ🙏

🙏ယောဂီအပေါင်းတို့အားYABဓမ္မမိတ်ဆွေများမှ ပြုစုရေးသားဝေမျှထားပါသော ဥပုသ်သည်များရှောင်ရမည့် အချက်များကို ဆက်လက်ပြီးဓမ္မဒါနပြုပေးချင်ပါတယ်။🙏
****************************************

ဥပုသ်ရဲ့ အဓိပ္ပါယ်ကို ပထမဆုံးဓမ္မဒါနပြုပေးချင်ပါတယ်ခင်ဗျာ။🙏
ဥပုသ်ဆိုသည်မှာ
ဥပ= အကျင့်ကောင်းဖြင့်ပြည့်စုံ၍
ဝသထ = နေထိုင်ခြင်း
(အကျင့်ကောင်းဖြင့်ပြည့်စုံ၍ နေထိုင်ခြင်း) ဖြစ်ပါတယ်။

ကျယ်(၅)ကျယ်၊ များ(၈)များ၊ ကြမ်း(၉)ကြမ်း ဟု မှတ်သားနိုင်ပါတယ်။🍀

🌿ကျယ်(၅)ကျယ်ကို (ချေ၊သမ်း၊ရယ်၊ခေါ်၊ပြော) ဟုအတိုကောက်မှတ်သားနိုင်ပါတယ်။🌿
(၁) #ချေ
အကျယ်ကြီးနှာမချေရပါ။
(၂) #သမ်း
ပါးစပ်ဟပြီး အကျယ်ကြီး မသမ်းရပါ။
(၃) #ရယ်
အော်ဟစ်၍ အကျယ်ကြီး မရယ်ရပါ။
(၄) #ခေါ်
အကျယ်ကြီး အော်မခေါ်ရပါ။
(၅) #ပြော
စကားကို အကျယ်ကြီး မပြောရပါ။

🌿များ(၈)များကို (အိပ်၊စား၊ကား၊ရယ်) (န၊ပ၊ရော၊လည်) ဟုအတိုကောက် မှတ်သားနိုင်ပါတယ်။🌿
(၁) #အိပ်
အိပ်ချိန် မများရပါ။
(၂) #စား
အစား မများရပါ။(မတည့်တာ/ ပိုလျှံအောင်-လည်း မစားနဲ့)
(၃) #ကား
စကားများများ မပြောရပါ။
(၄) #ရယ်
အရယ် မများရပါ။(အရယ်မသန်ရပါ)
(၅) #န
နဝကမ္မ မများရပါ။(အမှုကိစ္စမများရပါ)
(၆) #ပ
ပစ္စည်း မများရပါ။
(၇) #ရော
လူတွေနဲ့ရောရောနှောနှောအနေမများရပါ။
(၈) #လည်
အလည်အပတ် မများရပါ။

🌿ကြမ်း(၉)ကြမ်းကို (သွား၊ထိုင်၊အိပ်) (ကိုယ်၊နှုတ်၊စိတ်) (ရယ်၊စား၊ဆုံး၊) ဟု အတိုကောက်မှတ်သားနိုင်ပါသည်။🌿
(၁) #သွား
အသွား မကြမ်းရပါ။
(၂) #ထိုင်
အထိုင် မကြမ်းရပါ။
(၃) #အိပ်
အအိပ် မကြမ်းရပါ။
(၄) #ကိုယ်
ကိုယ်အမူအရာ မကြမ်းရပါ။
(၅) #နှုတ်
နှုတ် မကြမ်းရပါ။
(၆) #စိတ်
စိတ် မကြမ်းရပါ။
(၇) #ရယ်
အရယ် မကြမ်းရပါ။
(၈) #စား
အစား မကြမ်းရပါ။
(၉) #ဆုံး
ဆုံးမမှု မကြမ်းရပါ။

ယောဂီအပေါင်းတို့သည် ကာယကံ၊ ဝစီကံတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကိလေသာများကိုပယ်သတ်ရန်ဥပုသ်သီလ ဆောက်တည်ကြသူများဖြစ်သည့်အတွက် ကျယ်(၅)ကျယ်၊ များ(၈)များ၊ ကြမ်း(၉)ကြမ်း တို့ကိုရှောင်ရှားကြပါ။ ယောဂီတို့လည်းရှောင်ရှားပြီး ကာယကံနှင့်ဝစီကံများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကိလေသာများကို ပယ်သတ်နိုင်ရန် ကြိုးစားပါ့မယ်ဟု မေတ္တာရှေ့ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။🙏

Youth of Life Light for Buddhism(YLB)

25/09/2020

🙏ဓမ္မမိတ်ဆွေများ covidကာလအတွင်း ရပ်၊ထိုင် ၊လျောင်း၊သွား မည်သည့်အမှုကိုပဲပြုပြု သတိရှိကြစေရန်အလို့ငှာဓမ္မဒါန ပြန်လည်မျှဝေအပ်ပါတယ်။ ဓမ္မ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် သာသာနာ့ဝန်ကို သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ။🙏

#သည်ကာလခေတ်ဆိုးကြီးထဲမှာ...
စားသတိ သွားသတိ အသက်ရှူရတာတောင် သတိလေးနဲ့ ရှူနေကြရတော့...

မြတ်စွာဘုရားက နန္ဒ မင်းသားကို တရားပြတဲ့ စကားတွေထဲက အပိုဒ်လေးတစ်ပိုဒ်ကို သတိရစေတယ်...
{ပဋိသန္ဓေ တည်နေစဉ်ကာလကတည်းကစပြီး သေမင်းက လူတို့ကို အနောက်ကလိုက်နေတယ်....
ဓားကိုင်ထားတဲ့ ရန်သူနဲ့တူတဲ့ သေမင်းကို ယုံကြည်စိတ်ချလို့ မဖြစ်ဘူး..လူတွေဟာ ခွန်အားဗလ ဥာဏ်ပညာရှိသော်လည်း သေမင်းကိုမူမနိုင်ကြဘူး...ဘယ်လိုနည်းပရိယာယ်နဲ့ဖြစ်ဖြစ် အဟုန်ပြင်းစွာဖြင့် ရောက်ရှိလာတဲ့ သေမင်းကို မတားစီးနိုင်ကြဘူး... သို့ဖြစ်၍ လူ့ဘဝကို ယုံကြည်စိတ်ချခြင်း မပြုလုပ်သင့်ဘူး...အချိန်ကာလဟာ အစဉ်မပြတ်ပဲ လူတို့ကို သတ်ဖြတ်နေတယ်...အိုမင်းရင့်ရော်တဲ့ အရွယ်ကို စောင့်ဆိုင်းမနေဘူး...
ကမ္ဘာလောက၏ ရေပွတ်ပမာလို ခဏမကြာပျက်စီးတတ်တဲ့သဘောနဲ့ အနှစ်သာရမဲ့ပုံ တွေ့ရလျှင်... ငါမသေနိုင်ဘူး... လို့ ဘယ်သူတွေးတောတော့မည်နည်း ..သို့ဖြစ်ပါ၍ အကုသလ ဝိတက်ကို ပယ်ဖျောက်ရန်အတွက် အာနာပါန သတိ ကို ဆောက်တည်ပါ........}
သတိရတာလေး တင်ပြရင်းနဲ့...
အာနာပါန လေး ဆောက်တည်စေချင်တဲ့ စေတနာပါ...

အဘိဓမ္မာပထမဆင့်သင်တန်းဆင်းပွဲ
26/02/2020

အဘိဓမ္မာပထမဆင့်သင်တန်းဆင်းပွဲ

မင်္ဂလာပါ🙏🙏🙏ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အပတ်စဥ် တနင်္လာ၊အင်္ဂါညနေတိုင်း ဘဝအလင်းရ...
23/02/2020

မင်္ဂလာပါ🙏🙏🙏

ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အပတ်စဥ် တနင်္လာ၊အင်္ဂါညနေတိုင်း ဘဝအလင်းရောင်အဘိဓမ္မာသင်တန်းမှူးဆရာမကြီး သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာခင်ယုနွယ်မှ ဦးစီးသင်ကြားသော အဘိဓမ္မာပထမဆင့်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆရာကန်တော့ပွဲကို မနက်ဖြန် ညနေ ၄နာရီမှ ၇ နာရီ အထိကျင်းပသွားမှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍အဘိဓမ္မာသင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းဆင်းပွဲနှင့်ဆရာကန်တော့ပွဲသို့ကြွရောက်ပေးပါရန်​လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၄.၂.၂၀၂၀ တနင်္လာ
အချိန်။ ။ ညနေ ၄နာရီ
နေရာ ။ ။Learning Hub

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေမေတ္တာခြုံ၍လုံကြပါစေသစ္စာဆောင်၍အောင်ကြပါစေ🙏🙏🙏မနေ့တုန်းကစေတသိက်ပိုင်းဆက်သင်သွားပါတယ်ခင်ဗျ...
19/02/2020

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
မေတ္တာခြုံ၍လုံကြပါစေ
သစ္စာဆောင်၍အောင်ကြပါစေ🙏🙏🙏

မနေ့တုန်းကစေတသိက်ပိုင်းဆက်သင်သွားပါတယ်ခင်ဗျာ။

18/02/2020

ဒီနေ့ညနေ သင်တန်းရှိပါတယ် ခင်ဗျာ။🙏

16/02/2020

မင်္ဂလာပါ🙏🙏🙏
အဘိဓမ္မာသင်တန်းမှူးဆရာမကြီးနှင့်တကွ ဆုရကျောင်းသား၊ကျောင်းသူများသည် ထိုင်းနိုင်ငံခရီးစဉ်ပြီးဆုံးပြီဖြစ်ပါ၍ မနက်ဖြန်၅နာရီလေယာဉ်နှင့် မြန်မာနိုင်ငံသို့ ထွက်ခွာလာကြပါမည်။
ည၈နာရီ၈ခွဲလောက်မှရောက်မည်ဟု ကြားသိရပါ၍
တနင်္လာနေ့(17.2.2020)ရက်နေ့တွင် သင်တန်းမရှိပါကြောင်း အသိပေးအပ်ပါသည်။

တနင်္လာနေ့တစ်ရက်သာ သင်တန်းပိတ်ပါမည်။🙏

ဖေဖော်ဝါရီလ ၁၅ရက် (စနေ) နေ့တွင်ရွှေတိဂုံဘုရား၌ စုပေါင်းကုသိုလ်ပြုခြင်း🙏နှင့်အတူ မောင်မယ်အသစ်များအားကြိုဆိုခြင်းပြုလုပ်ခဲ...
15/02/2020

ဖေဖော်ဝါရီလ ၁၅ရက် (စနေ) နေ့တွင်
ရွှေတိဂုံဘုရား၌ စုပေါင်းကုသိုလ်ပြုခြင်း🙏နှင့်အတူ မောင်မယ်အသစ်များအားကြိုဆိုခြင်းပြုလုပ်ခဲ့ပါသည်။

ပြုပြုသမျှ‌ ကုသိုလ်အားလုံးကို သတ္တဝါအပေါင်း တို့အားအမျှပေးဝေပါ၏။
"အမျှ အမျှ အမျှ...."

09/02/2020

10.2.2020 Mon နှင့်
11.2.2020 Tue နေ့တို့အတွက် အဘိဓမ္မာသင်တန်းမရှိပါ ခင်ဗျာ။

ဖေဖော်ဝါရီလ ၈ရက် (စနေ) နေ့ကမ္ဘာအေးဘုရားတွင် စုပေါင်းကုသိုလ်ပြု🙏🙏🙏ပြုပြုသမျှ ကုသိုလ်အားလုံးကို သတ္တဝါအပေါင်း တို့အားအမျှပ...
08/02/2020

ဖေဖော်ဝါရီလ ၈ရက် (စနေ) နေ့
ကမ္ဘာအေးဘုရားတွင် စုပေါင်းကုသိုလ်ပြု🙏🙏🙏

ပြုပြုသမျှ ကုသိုလ်အားလုံးကို သတ္တဝါအပေါင်း တို့အားအမျှပေးဝေပါ၏။
"အမျှ အမျှ အမျှ...."

အပတ်စဥ်အဘိဓမ္မာဆွေးနွေးပွဲသောကြာနေ့မွန်းလွဲ ၂ နာရီခွဲ။
07/02/2020

အပတ်စဥ်အဘိဓမ္မာဆွေးနွေးပွဲ
သောကြာနေ့မွန်းလွဲ ၂ နာရီခွဲ။

Address

ရန်ကုန်ပညားရေးတက္ကသိုလ်
Yangon

Alerts

Be the first to know and let us send you an email when ဘ၀အလင်းရောင်လေးများ ပရဟိတ အသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share