အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

  • Home
  • Myanmar
  • Yangon
  • အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ အမှတ် (၆၈) ​ကျောက်စိမ်းပတ်လမ်း၊ ရတနာ?
(1250)

ဆရာတော်၏ ပြည်တွင်း/ပြည်ပ သာသနာပြုလုပ်ငန်းများကို ကြည်ညိုသဒ္ဓါပွားနိုင်စေရန် အလို့ငှာဆရာတော်၏ Admin Team မှ မှတ်တမ်းတင်ထားပေးသော Page ဖြစ်ပါသည်။ ဆရာတော်ကိုယ်တိုင်မဟုတ်ပါ။

ဒိတာပွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် self-compassion လုပ်ရာရောက်တယ်▬▬▬▬▬Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး - ...
15/08/2026

ဒိတာပွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် self-compassion လုပ်ရာရောက်တယ်
▬▬▬▬▬
Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး - အပိုင်း(၂)

★ Self-compassion မလုပ်နိုင်တဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် judge လုပ်တယ်တဲ့။ သူများနဲ့နှိုင်းပြီးတော့ judge လုပ်တယ်။ ငါက ဒါမလုပ်နိုင်ဘူး။ သူက ဒါ လုပ်နိုင်တယ်။ သူက တော်တယ်။ အဲဒီလို။ အဲဒီလိုပြောပြီးတော့ ကိုယ့်ကိုယ်ကိုယ် judgemental ဖြစ်သွားပြီးတော့ ဘာဖြစ်သွားတုန်းဆိုတော့ inferiority complex ဝင်သွားတယ်။

★ ကိုယ့်ကိုယ်ကိုယ် အားငယ်သွားတယ်၊ သိမ်ငယ်စိတ်ဝင်သွားတယ်။ ဒါကြောင့်မို့ ဒီနေ့ အဲဒီလို သိမ်ငယ်တဲ့စိတ် ဝင်တယ်ဆိုရင် fixed mindset ဝင်သွားတယ်လို့ ဘုန်းဘုန်း

★ Growth mindset နဲ့ fixed mindset ကတော့ စတန်းဖို့ဒ်တက္ကသိုလ်က ဆရာမကြီး Prof.Carol Dweck ရဲ့ သုတေသနပေါ့။ ဒါတွေဟာ ဗုဒ္ဓတရားနဲ့အရမ်းရင်းနှီးပါတယ်။ ဗုဒ္ဓတရားတော်ကို ပါဠိမသုံးဘဲနဲ့ ဗုဒ္ဓရဲ့နာမည်မသုံးဘဲနဲ့ သင်ပေးတဲ့ပုံစံမျိုးပါ။

★ ငါ ဒီဟာမလုပ်နိုင်ဘူးလို့ အဲဒီလို ပြောလိုက်ရင် ပါးစပ်ကလည်းပြောရင်ပြောမယ်၊ စိတ်ထဲမှာလည် တွေးရင်တွေးမယ်၊ အဲဒီလိုပြောရင် အဲဒီလူက သူ့ရဲ့ကြီးထွားမှု တိုးတက်မှုကို limit လုပ်လိုက်တယ်တဲ့။ ကန့်သတ်လိုက်တယ်။ ဒါ ငါ မလုပ်နိုင်ဘူး။

★ Growth mindset ဖြစ်အောင် ဘယ်လိုလုပ်မှာတုန်းဆိုတော့ ငါ မလုပ်နိုင်သေးဘူး ဆိုပြီး ‘သေး’ ထည့်ရမယ်။ I cannot do it. ဆိုတာထက် I cannot do it yet. အဲဒီလိုထည့်ရမယ်။ ‘yet’ ဆိုတဲ့ တစ်လုံးပဲထည့်ရမယ်။

★ ဆရာမကြီးတွေ ဆရာကြီးတွေ ကိုယ့်ကိုယ်ကိုယ် စမ်းကြည့်ပါ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ reflect လုပ်ကြည့်ပါ။ အလုပ်တစ်ခု ခက်ခဲတဲ့အခါမှာ ကိုယ်လုပ်လိုက်တယ်။ တခါတခါ မလုပ်နိုင်ဘူးလို့ ကိုယ်မလုပ်နိုင်သေးတာကို မြင်တယ်။ မလုပ်နိုင်သေးတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုဖြစ်တုန်း ငါ မလုပ်နိုင်ဘူးလို့ ပြောလား၊ မလုပ်နိုင်သေးဘူးလို့ပြောလား အဲဒီတစ်ခု စစ်ဆေး။

★ ငါ မလုပ်နိုင်ဘူးလို့ပြောရင် အကြီးကြီး full stop ချလိုက်တာ။ ရှေ့ဆက်လုပ်ဖို့အတွက် အဲဒီမှာ ဆန္ဒသိပ်မပြင်းပြတော့ဘူး။ ငါ မလုပ်နိုင်သေးဘူးလို့ ပြောလိုက်ရင်တော့ အဲဒီထဲမှာ ရှေ့ခြေလှမ်းလှမ်းဖို့အတွက် အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကိုယ့်မှာဆန္ဒတွေရှိတယ်။

★ ဘုရားအလောင်းရဲ့ဘဝဆိုတာ ဆန္ဒနဲ့ပဲ စခဲ့တာ။ သမ္မာဆန္ဒ။ သူများရဲ့ဒုက္ခကိုဖြေရှင်းပေးတဲ့ အရင်ဘုရားရှင်ကို ဖူးတွေ့ရတဲ့အခါမှာ အားကျတာလေ။ မုဒိတာဖြစ်တယ်ပေါ့။ အဲဒီမုဒိတာနဲ့ဆန္ဒဖြစ်လာတာ။ ငါ အဲဒီလိုဖြစ်ချင်လိုက်တာ။

★ ဒါပေမဲ့ အဲဒီအချိန်မှာ သုမေဓာရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားရဲ့ အရည်အသွေးတွေ ရှိပြီလားဆို မရှိဘူး။ ဒါပေမဲ့ သူ့ကိုယ်သူ မရှိဘူးလို့မပြောဘူးပေါ့၊ ဒါ ဒီ growth mindset ရှု‌ထောင့်ကနေပြီးတော့ analyze လုပ်ရင်။ ငါ မရှိသေးဘူးလို့ပဲ ပြောတယ်။ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ အရည်အသွေးတွေ ငါ မရှိသေးဘူး။ အဲဒါ သူက ဆက်ပြီးတော့ ကျင့်မယ်ဆိုတဲ့ ဆန္ဒ ပေါ်လာတယ်။

★ အဲဒီဆန္ဒပေါ်လာတဲအခါမှာ ဘယ်လောက်ကြာမယ်၊ ဘယ်လောက်ခက်ခဲမယ်၊ ဘယ်လိုအခက်အခဲနဲ့တွေ့မယ်ဆိုတာ He has no idea. မသိပါဘူး။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတာ၊ မြန်မာလိုကတော့ သင်္ချေလို့ပြောတာပေ့ါ။ သင်္ချေလို့ပြောတာ သူက ‘အ’ က ကျနေတယ်လေ၊ အသင်္ချေ ဖြစ်ရမှာ။ လေးအသင်္ချေလို့ပြောရမှာ။ အဲဒီမှာ ‘အ’ က လျှာလိပ်တဲ့အခါကျတော့ ‘အ’ ကိုဖြုတ်ထားလိုက်တော့ လေးသင်္ချေဖြစ်သွားတယ်။

★ သင်္ချေ နဲ့ သင်္ချာနဲ့က တူတူပဲလေ၊ သင်္ချာဆိုတာ ရေတွက်တယ်။ သင်္ချေကတော့ ရေတွက်နိုင်တယ်ပေါ့။ အသင်္ချေဆိုတာတော့ မရေတွက်နိုင်ဘူး။ မရေတွက်နိုင်ဘူးဆိုတာ ရေတွက်ရင်း ရေတွက်ရင်း ‌ကမ္ဘာတစ်သိန်းဆို ရေတွက်နိုင်သေးတယ်။ အဲဒီထက်ပိုပြီးတော့ ကြာလာရင် မရေတွက်နိုင်တော့ဘူး။ တစ်ကနေ ပြန်စတော့။ သင်္ချေတစ်ခုပြီးသွားပြီ။ လုံးဝ count လို့မရတာ။

★ အဲဒီလို လုံးဝကို ဘယ်မှစခဲ့တယ်ဆိုတာ မေ့သွားတယ်။ အဲဒီလောက်ထိ ဖြစ်တဲ့ဟာ။ အဲဒါတောင်မှ စိတ်ဓါတ်မကျဘူး။ ဘုရားဖြစ်ချင်တဲ့စိတ် အထူးသဖြင့် ဖြစ်ချင်တယ်ဆိုတာထက် သူများကို ကူညီချင်တဲ့စိတ်၊ အဲဒီစိတ်က မမှတ်မသုန် ဘဝတိုင်းမှာ ရှိနေတယ်နော်။

★ ဗျာဒိတ်ယူပြီးတဲ့နောက်ပိုင်းမှာ တိရစ္ဆာန်တွေဖြစ်သေးတယ်လေ။ ငရဲတော့ မရောက်ဘူး။ တိရစ္ဆာန်ဘဝရောက်သေးတယ်။ ရောက်တဲ့တိရစ္ဆာန်ဘဝတိုင်းမှာ ဘာဖြစ်လို့ ခေါင်းဆောင်ဖြစ်တာတုန်းဆိုတော့ အများအတွက်တွေးလို့။

★ ခွေးလည်းဖြစ်ခဲ့တယ်။ ကုက္ကုရဇာတ်မှာ၊ စစ်တိုက်တဲ့ မြင်းလည်းဖြစ်ခဲ့သေးတယ်။ သမင်တွေဖြစ်ခဲ့တယ်။ မျောက်တွေဖြစ်ခဲ့တယ်။ ဖြစ်တဲ့နေရာတိုင်း နေရာတိုင်းမှာ အများအတွက်တွေးတဲ့စိတ်ဓါတ်က မပျောက်ဘူး။ ဘာဖြစ်လို့ အများအတွက်တွေးတာတုံး။

★ အများအတွက် လုပ်ချင်တာတုန်းဆိုတော့ because he believe he could make a difference. သူ တစ်ခုခုလုပ်ရင် အနည်းဆုံး အခြေအနေပြောင်းလဲသွားမယ်၊ အကောင်းဘက် ပြောင်းလဲသွားမယ်။ အဲဒီယုံကြည်တာကိုပဲ growth mindset ခေါ်တာ။

★ အဲဒါကြောင့် self-compassion ရှိတဲ့လူတွေက အဓိက ဘာလုပ်ရတုန်းဆိုတော့ ပြဿနာကိုလက်ခံရတယ်။ ရှိတဲ့ပြဿနာကို။ သြော် ခက်ခဲတယ်။ ဒီဟာကို လက်ခံတယ်။ This is hard. This is a difficult situation. I need to calm myself.

★ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားရမယ်။ ကရုဏာစိတ်နဲ့ကြည့်ရမယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရဘူး။ ကိုယ့်ကိုယ်ကိုယ် punish မလုပ်ရဘူး ဆိုတဲ့ အဲဒီအတွေးပြင်တယ်။ အဲဒါကို self-compassion လို့ခေါ်တယ်။

★ အဲဒီတော့ self-compassion လေ့လာရင်း လေ့လာရင်းနဲ့ ဒီလိုဟောရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း apply လုပ်ကြည့်ရင်းနဲ့ နောက်ပိုင်းကျတော့ အရာရာအားလုံးကောင်းတဲ့ကုသိုလ်စိတ်အားလုံးက self-compassion ထဲမှာပါတယ်၊ မုဒိတာတောင်မှ ဒီထဲမှာပါတယ်။

★ သူများကို မုဒိတာထားတာ၊ သူများဘဝကို ကြီးပွားစေချင်တာ၊ ကျောင်းသား/သူတွေ ကြီးပွားစေချင်တယ်။ ဒီနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ သူတို့ကို ပါစေချင်တယ်။ အဲဒီစိတ်စေတနာတွေ အားလုံးဟာ self-compassion ထဲမှာပါတယ်။ self-compassion and compassion for other သုတေသနလုပ်ကြည့်တဲ့အခါမှာ ခွဲလို့ မရဘူးလို့ ပြောတယ်။ ဒီဆရာမကြီးကပြောတယ်။ သူရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။

★ ဒီစာအုပ်ကတော့ Compassion Science - အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ handbook - လက်စွဲ၊ ဒီထဲမှာ ဒီဆရာမကြီးက chapter တစ်ခုပါဝင်တယ်၊ အယ်ဒီတာထဲမှာလည်း ပါပါတယ်။ အဲဒီတော့ self-compassion မရှိတဲ့လူက ကိုယ့်ကိုယ်ကိုယ် ဘာလုပ်တုန်း၊ ကိုယ် အမှားတစ်ခုလုပ်မိရင် အဲဒီမှာ အတွေးတွေ ပြောင်းသွားတယ်။

★ အဲဒီအမှားကို data အနေနဲ့ကြည့်တာထက် identity အနေနဲ့ကြည့်တာ။ ငါ ဖြစ်သွားတယ်။ buddhist psychology ရှုထောင့်နဲ့ကြည့်ရင်တော့ သက္ကာယဒိဋ္ဌိဖြစ်သွားတယ်။ အမှားတွေ့တဲ့အခါမှာ အဲဒီလိုဖြစ်သွားတယ်။

★ ဒီမလာခင် တောင်ကြီးမှာ ဘုန်းဘုန်းတို့ ဗုဒ္ဓတက္ကသိုလ်မှာ conference လေးလုပ်ပါတယ်။ international conference လေးလုပ်တော့ အဖွင့်မိန့်ခွန်းမှာ ဘုန်းဘုန်းကပြောတယ် growth mindset နဲ့ ဆွေးနွေးကြပါ။ ဘယ်သူကမှားတယ်၊ ဘယ်သူကမှန်တယ်၊ လူတွေအထင်ကြီးအောင် ပြောတယ်။ အဲဒါတွေ အားလုံးက fixed mindset ထဲပါတယ်။

★ Growth mindset က ဘယ်လိုတုန်းဆုတော့ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ကလေးတွေပေါ့၊ လူတိုင်းလူတိုင်း မွေးလာတဲ့အခါမှာ ဘုန်းဘုန်းတို့ လမ်းမလျှောက်တတ်ဘူး။ ၇လ ၈လလောက်ရောက်လာတဲ့အခါကျတော့ ရပ်ဖို့အတွက်ကြိုးစားတာပေါ့။ လဲတာပဲ။ ကိုယ့်ဟာကိုယ်ရပ်ဖို့ တခါတည်းတွေ့တဲ့ဟာတွေ ဆွဲကိုင်ပြီးတော့ ရပ်ဖို့ကြိုးစားတယ်။ လဲတာပဲ။

★ လဲတဲ့အခါမှာ ကလေးရဲ့စိတ်ထဲက ဘေးကနေ ပြောတဲ့ဟာကို သူ မနားလည်သေးဘူး။ အကောင်းလို့တောင် ပြောရမယ်။ နားလည်တယ်ဆိုရင်တော့ ဘေးကလူတွေက အမှားကို ကြောက်တဲ့လူတွေချည်းလေ။ အမှားတွေကြောက်ပြီးတော့ နေအုန်း၊ မကြိုးစားနဲ့အုန်း၊ ရပ်ဖို့ မကြိုးစားနဲ့အုန်း။ တော်ကြာလဲလိမ့်မယ်။ မှားလိမ့်မယ်။

★ ကလေးကတော့ မှားတယ်ဆိုတဲ့ vocabulary - စကားလုံး သူ့ခေါင်းထဲမှာ မရှိတော့ ကိုင်ပြီးတော့ ထကြည့်တယ်။ ရတဲ့အခါရ မရတဲ့အခါ လဲတယ်။ ငါကတော့ မှားသွားပါပြီ ကလေးရဲ့စိတ်ထဲမှာ မရှိဘူး။ မရှိယုံတင်မကဘူး ငါ ဆက်ပြီးတော့ ကြိုးစားရင် ငါ ထနိုင်မယ်ဆိုတဲ့ အဲဒီဆန္ဒရှိတဲ့အလားပေါ့ ဆက်ပြီးတော့ကြိုးစားတယ်။ နောက်ဆုံးတော့ရပ်နိုင်တယ်။

★ အဲဒီဟာကို ဘုန်းဘုန်းတို့က observe လုပ်တဲ့နေရာမှာ ကိုယ်က data အနေနဲ့ collect မလုပ်ဘဲနဲ့ ငါကလေးက ငါ့သားငါ့သမီးက ငါ့တူက ငါ့မြေးက ရပ်နိုင်ပြီဆိုပြီးတော့ individualize လုပ်လိုက်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် identity တည်ဆောက်လိုက်တယ်။

★ ကလေးက ရပ်နိုင်ပြီ လမ်းလျှောက်ဖို့အတွက် လုပ်တဲ့အခါမှာ အဲဒီကလေးကလည်း အဖန်ဖန် လဲကျတယ်။ ဒီတိုင်းပဲ တိုးတက်တဲ့နိုင်ငံတွေပေါ့၊ သူတို့တီထွင်တဲ့ project တိုင်း project တိုင်း သူတို့လည်း အကြိမ်ကြိမ်လဲကျတယ်။

★ ဘုန်းဘုန်း အင်္ဂလန် ၂၅နှစ်နေခဲ့တာလေ၊ အဲဒီ ၂၅နှစ်အတွင်းမှာ ဝန်ကြီးချုပ်တွေ တစ်ယောက်ပြီးတစ်ယောက်တက်လာလို့ အရင်တစ်ယောက်လုပ်ထားတဲ့ ဥပဒေကို ကျန်တဲ့လူတွေ ဆက်ပြီးတော့ အသုံးပြုကြတယ်။ ပြန်ပြီးတော့ ပြင်တယ်။ တချို့ဆို လုံးဝ ဥပဒေအသစ်နဲ့ အစားထိုးတယ်၊ တချို့ကျတာ့ amendment လေးလုပ်တယ်။

★ ဆိုလိုတာက တိုးတက်တဲ့နိုင်ငံတွေလည်းပဲ ဘောပင်တစ်ချက်လောက် sign ထိုးလိုက်တာနဲ့ သူ့ perfect ဖြစ်သွားတာ မရှိပါဘူး။ process ဘယ်ကနေစတုန်းဆို A ကနေပြီးတော့ B, အခု B ရောက်ပြီ၊ C အထိ သွားဖို့လိုတယ်။ C ရောက်ရင်တော့ A ထက်ပိုကောင်းတယ်၊ B ထက်ပိုကောင်းတယ်။ D ရောက်သွားရင်တော့ C ထက်‌တောင် ပိုကောင်းနိုင်တယ်။ အခုလောလောဆယ် တို့က C မှာရှိတယ်။

★ အဲဒီ process ကို focus လုပ်တာ စိတ်ဝင်စားတာ၊ အာရုံပြုတာ အဲဒါကို growth mindset လို့ခေါ်တာ။ fixed mindset ကျတော့ ဘာကိုအာရုံပြုတုန်းဆို instant result လိုချင်တာ၊ ဒီမှာ sign ထိုးလိုက်ပြီးပြီ ပြဿနာအကုန်လုံးပြေလည်ရမယ်။ magic မရှိဘူး။

★ အဲဒါကြောင့်မို့လို့ မုဒိတာပွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် self-compassion လုပ်ရာရောက်တယ်။ တခြားလူလည်း ကရုဏာထားရာရောက်တယ်။ ဘုန်းဘုန်းက ဒါလေးပြောချင်တယ်။ မေတ္တာထားရာရောက်တယ်၊ မုဒိတာထားခြင်းဟာ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။

#တရားနာယူရန်
https://youtu.be/nGRkDOJMU-c?si=mhdJ2inFmobXo8lk

14/08/2026

မုဒိတာဘဏ်

(13.6.2026) MISY School ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဆရာဆရာမများနှင့် ကျောင်းသား/သူမိဘများအား ဟောကြားပေးတော်မူခဲ့သော တရားတော်ဖြစ်ပါသည်။

Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး▬▬▬▬▬အပိုင်း(၁)★ အဓိကကတော့ မုဒိတာအလေ့အကျင့်ဖြစ်အောင် မုဒိတာအကြောင်းပြောပြ...
12/08/2026

Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး
▬▬▬▬▬
အပိုင်း(၁)

★ အဓိကကတော့ မုဒိတာအလေ့အကျင့်ဖြစ်အောင် မုဒိတာအကြောင်းပြောပြီးတော့ မုဒိတာလေ့ကျင့်ဖို့ပါပဲ။ psychology မှာရော၊ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးမှာရော ခန္ဓာကိုယ်ရဲ့ကျန်းမာရေးက မုဒိတာက အင်မတန်မှ အကျိုးများတယ် ဆိုတဲ့ဟာကို သိစေချင်လို့ မုဒိတာအကြောင်းတွေပဲ ဘုန်းဘုန်း နေ့တိုင်း နေ့တိုင်း ဟောပါတယ်။

★ ဒီနေ့ မန္တလာတက္ကသိုလ်မှာ မုဒိတာ အတူတူလာရောက်လေ့ကျင့်ခွင့်ရတာ ဘုန်းဘုန်းအနေနဲ့ သိပ်ပြီးတော့ ဂုဏ်ယူပါတယ်။ မုဒိတာရှိရင် နံပါတ်တစ် stress management ကောင်းတယ်ပေါ့။ နောက်ပြီးတော့ ကိုယ့်လုပ်ငန်းမှာ ကိုယ်ပျော်တယ်ပေါ့။

★ အရင်တုန်းက ကျောင်းမှာပျော်၍ စာတော်ရမည် ဆိုတာလေ ဘုန်းဘုန်းက ရိုးရိုးပဲ နားလည်တယ်။ ဒါပေမဲ့ မုဒိတာနဲ့ psychology နဲ့ neurology နဲ့ အဲဒါတွေအားလုံးကို လေ့လာကြည့်တဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားဟောထားတဲ့ မုဒိတာ ဘုန်းဘုန်းတို့က သတိမမူလို့ ဂူမမြင်ဘဲနဲ့ သူ့ရဲ့တန်ဖိုးကို မသိတာပါလား။

★ နောက်တစ်ခုကတော့ မုဒိတာဆိုရင် ကိုယ်ကိုယ်ကိုယ် automatic ခံစားနိုင်ရမယ်လို့ အဲဒီလို ယူဆထားတာ။ အလိုအလျောက် ဝမ်းသာမှုက ကိုယ့်ရဲ့ စိတ်ထဲမှာ အလိုအလျောက်ရောက်လာမှာပဲ၊ ဘာဖြစ်လို့တုန်းဆို ကိုယ့်ရဲ့အလုပ်တွေကို ကိုယ် ကြိုးစားပြီတော့လုပ်တယ်။

★ ကျောင်းသားကျောင်းသူတွေ ဆိုရင်လည်း သူတို့ရဲ့အလုပ်၊ ဆရာဆရာမတွေ admin တွေဆိုရင်လည်း ကိုယ့်ရဲ့အလုပ်၊ အဲဒီလိုလုပ်တဲ့အခါကျတော့ we feel we deserve happiness. ပျော်ရွှင်မှု ကိုယ်က ထိုက်တန်တယ်၊ ဘာမှ နောက်ထပ်လုံ့လစိုက်ဖို့ မလိုတော့ဘူး။ Happiness အကြောင်း လေ့လာဖို့ မလိုတော့ဘူး၊ ဒီလိုပဲ မှတ်ထားခဲ့တာပေါ့။

★ မုဒိတာကို မြတ်စွာဘုရားက သီးသန့် psychological exercise အနေနဲ့ ပါဠိလိုအနေနဲ့ပြောရင်တော့ ဘာဝနာတစ်ခုအနေနဲ့ ထားခဲ့တယ်ဆိုတာ ကိုယ်က မေ့နေတာ။ အရေးမကြီးဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ သီးသန့်ထားခဲ့မှာတုံး။ အခု သီးသန့်ထားတဲ့တာ မေတ္တာနဲ့တန်းတူထားခဲ့တာ။ ကရုဏာနဲ့တန်းတူ ထားခဲ့တာ။ အဲဒီလိုထားတဲ့အခါကျတော့ ဘုန်းဘုန်းလည်း explore လုပ်တာပေါ့နော်။

★ 1998 တုန်းက အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့မှာ မြန်မာဆရာဝန်တွေနဲ့ ၇ရက် ၈ရက် တရားထိုင်ရင်းနဲ့ စတင်ပြီးတော့ အနည်းအကျဥ်းလေ့ကျင့်မိတာ။ လုပ်ဖြစ်တဲ့အခါဆိုရင် စိတ်ထဲမှာ ပေါ့ပါးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ပေါ့၊ confidence ရှိတယ်ပေါ့။

★ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် ကလေးတွေကို ဘယ်လိုသင်တုံးဆို ဒါ အနောက်နိုင်ငံမှာ အထူးသဖြင့်တော့ အင်္ဂလန်မှာပေါ့၊ ဘုန်းဘုန်းနေခဲ့တဲ့ နှစ်အစိတ်လောက်အတွင်းမှာ လေ့လာကြည့်တဲ့အခါကျတော့ အနောက်တိုင်း psychology မှာ ကလေးတွေ သူတို့ကိုယ် သူတို့ self-confidence ရှိအောင်ဆိုရင် self-esteem ဆိုတဲ့ဟာလေး သင်ပေးတယ်။

★ Self-esteem က program တစ်ခုပါ။ အဲဒါ ကျောင်းမှာရော အိမ်မှာရော ဒီဟာနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအတွေးအခေါ်မှာ သူတို့က ဆိုရှယ်ဒီမိုခရက်ဆိုတာ ပေါ်လာတယ်။ဆိုရှယ်ဒီမိုခရက်က individual (တဦးချင်း) ကို ဦးစားပေးတယ်။ individual ရဲ့အလိုကို ဦးစားပေးတယ်။ community (အဖွဲ့အစည်း) ရဲ့ အလိုနဲ့ individual ရဲ့ အလိုဆိုရင် individual ကို ဦးစားပေးတာပေါ့။

★ ကွန်မြူနစ်ဝါဒမှာဆိုရင် ဘုံရဲ့လိုအပ်ချက်က အဓိက။ အဲဒီဟာနဲ့ ဆန့်ကျင့်ဖက်ပေါ့။ ဒါကြောင့် self-esteem ဆိုတာက ကိုယ့်ကိုယ်ကိုယ်ဆိုတာ၊ ဥပမာ အမျိုးသမီးလေးတွေ ကိုယ်စိတ်ကြိုက် ဝတ်ဆင်တယ်၊ အလှပြင်သွားတယ်ဆို ကိုယ့်မှာ self-esteem ရှိတယ်ပေါ့။ လူကြားသူကြားထဲမှာ ရဲရဲရင့်ရင့် သွားလာရဲတယ်၊ စကားပြောရဲတယ်၊ လူတွေနဲ့ ဆက်ဆံရဲတယ်၊ လုပ်ဆောင်ရဲတယ် အဲဒီလို။

★ အဲဒီတော့ self-esteem ကို တည်ဆောက်တဲ့နေရာမှာ ကလေးတွေကို ကိုယ့်ရဲ့အကြောင်း၊ သူတို့ရဲ့လိုအပ်ချက်၊ အဲဒါ အဓိကပဲ။ အဲဒီလိုလုပ်ရင်းနဲ့ ကလေးတွေကတော့ ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်မှုတော့ ရှိလာပါရဲ့ ဒါပေမဲ့ side effect က ဘာဖြစ်တုန်းဆိုတော့ ကလေးတွေက self-centered ဖြစ်လာတယ်။

★ Self-centered ဆိုတာ ကိုယ်ကျိုးဆန်တာ။ ကိုယ်တစ်ယောက်တည်းကိုပဲ ကြည့်တော့တယ်။ မောင်နှမအချင်းချင်းတောင်မှ self-centered ဖြစ်တဲ့လူများလာရင် စကားပြောတာ အဆင်မပြေတော့ဘူး။ နောက်ပိုင်းကျတော့ မိဘတွေနဲ့လည်း အဆင်မပြေတော့ဘူး။ ကိုယ်ဖြစ်ချင်တဲ့ဟာပဲ ကိုယ်ကြည့်တဲ့အခါကျတော့ မိဘက အသက်ကြီးသွားတာ၊ အဆင်မပြေတာ၊ အထီးကျန်တာ၊ အဲဒါတွေ ဂရုမစိုက်တော့ဘူး။

★ အဲဒါကြောင့်မို့လို့ မိသားစုဝင်တွေလည်းပဲ ဝေးသွားကြတာ။ စိတ်ခံစားမှု emotion အနေနဲ့ ဝေးသွားကြတာပေါ့ အနောက်နိုင်ငံမှာ။ အဲဒါကြောင့် self-esteem ကို အစားထိုးဖို့ဆိုပြီးတော့ သူတို့က အခုဘာလုပ်တုန်းဆိုတော့ ၁၀နှစ်ကျော် နှစ် ၂၀ နီးပါးပဲ ရှိသေးတယ်။

★ Prof.Kristin Neff ဆိုတာ Texas တက္ကသိုလ်က ဆရာမကြီး သူကနေပြီးတော့ ဒီ self-esteem ကို အစားထိုးတဲ့အရာတစ်ခု၊ research လည်းလုပ်တယ်၊ ကိုယ်တွေ့အနေနဲ့လည်း သူလေ့ကျင့်တယ်။ သူ နာမည်ကြီးတဲ့ သူ့ရဲ့ project အပြင်မှာလည်း သူက လူတွေကို သင်ပေးပါတယ်၊ တက္ကသိုလ်မှာတင်မကဘူး။

★ အဲဒါတော့ ဘာတုန်းဆိုတော့ self-compassion ကိုယ့်ကိုယ်ကိုယ် ကရုဏာထားတာ။ အမှန်ဆို သနားတယ် ကရုဏာ ထားတယ်ဆိုတာ သူများကိုပဲ ဘုန်းဘုန်းတို့က သတိရလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် မေ့နေတတ်တယ်။

★ ဒီဆရာမကြီးကတော့ သူ့ရဲ့ကိုယ်တွေ့အရ University of California, Berkeley မှာ Phd ပြီးခါစမှာ သူ့ကိုယ်ရေးကိုယ်တာ အခက်အခဲတွေနဲ့ ကြုံရတာပေါ့။ အဲဒီအချိန်မှာ အိမ်ထောင်ပျက်တယ်၊ နောက်ပြီးတော့ စကောလားရှစ် ကုန်သွားတဲ့အခါကျတော့ အလုပ်ရှာရမယ်။ အဲဒီလို ပြဿနာတွေနဲ့ ကြုံရတဲ့အခါမှာ ဆောက်တည်ရာမရဖြစ်သွားတာပေါ့။

★ သူကိုယ်တိုင်ကကိုက Phd နဲ့ clinical psychologist နဲ့ သူသင်ထားတဲ့ဟာတွေ ထုတ်သုံးတာ တရားမထိုင်ဘူး‌သေးတဲ့ ကိုရင်တွေ ဦးဇင်းလေးတွေလို၊ ပရိယတ်စာတွေတော့ အများကြီးဖတ်ထားတယ်၊ စိတ်ညစ်တဲ့အခါမှာ အဲဒီစာနဲ့ အသုံးပြုကြည့်တာလေ သူက အတိုင်းအတာ တစ်ခုထိပဲရတယ်။ transform မလုပ်နိုင်ဘူး။

★ ဒီဆရာမကြီးလည်း ဒီတိုင်းပဲ၊ သူ Phd အထိ ထိပ်တန်းတက္ကသိုလ်ကနေ ရထားတဲ့ အသိဉာဏ်က သူ့ကို အကူအညီမပေးဘူး။ အဲဒါနဲ့ သူတို့ရဲ့ကျောင်းနားမှာ စျာန်ဗုဒ္ဓဘာသာ စင်တာတစ်ခုရှိတယ်။ အဲဒီမှာ ဒီနားမှာ လူတွေသွားကြတယ်‌။ တွေ့တော့ တွေ့ဖူးတယ်။ သူကတော့ တခါမှ စိတ်မဝင်စားဘူး။

★ အဲဒီအချိန်ကျတော့ ထွက်ပေါက်ရှာနေတဲ့အချိန်ဆိုတော့ အဲဒီရောက်သွားတာ။ သူများတွေလို တရားသွားထိုင်တယ်။ ၁၀မိနစ်လောက် သွားထိုင်တဲ့အခါကျတော့ တရားပြတာ ဆရာမကြီးတစ်ယောက်ကပြတာ။ သူပြောတာ သူနားထဲကနေ လက်မခံနိုင်ဘူး။

★ Self-compassion လည်းဖြစ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ကရုဏာထားရမယ်ဆိုတော့ ကရုဏာ ထားတယ်ဆိုတာ သူများကိုထားရမှာ။ ကိုယ့်ကိုယ်ကိုယ် ကရုဏာထားတယ်ဆိုရင်တော့ ဒါ self-indulgent ကိုယ့်ကိုယ်ကိုယ် ညှာတာတာ၊ ကိုယ့်ကိုယ်ကိုယ် ညှာတာရုံမကဘူး၊ ဇိမ်ခံရာ ရောက်တယ်ပေါ့။ သူ့စိတ်ထဲမှာ အဲဒီလိုဖြစ်နေတာ။

★ ၁၀မိနစ်၊ ၁၅မိနစ်လောက်ကြာတော့ သူ အရင်တုန်းက နားလည်ထားတဲ့၊ ယူဆထားတဲ့ သီအိုရီနဲ့ concept နဲ့က အရမ်းကို ဆန့်ကျင့်တဲ့ဟာ ခဏခဏကြားခဏခဏကြားရတယ်။ ဘာဖြစ်လို့ self-compassion ဖြစ်ရမှာတုံး။ သူများကို ပေးဖို့ဆိုတာ ကိုယ့်မှာ ပေးစရာရှိမှ၊ ပေးစရာမရှိဘူးဆိုရင် ဘာနဲ့ပေးမှာတုံး။

★ သူများကို compassion ဖြစ်တယ်၊ ကရုဏာထားတယ် မေတ္တာထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေတ္တာ မထားနိုင်သေးဘူးဆိုရင် ကိုယ့်မှာ မေတ္တာမရှိသေးဘူး။ ဘယ်သူ့ကို ဘာသွားပေးမှာတုံး။ ပေးစရာမရှိဘူး။ လက်ဗလာပဲပေါ့။

★ အဲဒီ logic အမျိုးမျိုးနဲ့ ပြောတဲ့အခါကျတော့ နောက်ပိုင်းကျတော့ သူက လက်ခံသွားတယ်။ အဲဒီတစ်ထိုင်းအတွင်းမှာပဲ လက်ခံသွားတယ်။ဒါပေမဲ့ scientific သိပ္ပံပညာရှင်ဆိုတော့ ဒီဟာကြီးကို စမ်းကြည့်ရမယ်။ self-compassion ဆိုတာ ဘယ်လိုတုံး။

★ အဲဒီမှာ Thich Nhat Hanh ဆိုတဲ့ ဗီယက်နမ်ဆရာတော်ကြီးက ထေရဝါဒပိဋကတ်ကျမ်းစာ အရမ်းကျွမ်းကျင်ပါတယ်။ Princeton university မှာ ထေရဝါဒကျမ်းစာတွေကို သင်ခဲ့တယ် အဲဒီဆရာတော်ကြီးက။ ပါဠိလည်းကျွမ်းတယ်၊ သက္ကတလည်းကျွမ်းတယ်။ အခုတော့ မရှိတော့ဘူး၊ သုံးလေးနှစ်ရှိပြီ ပျံလွန်တော်မူသွားတာ၊ သက်တော် ၉၆ခုနှစ်မှာ။

★ အဲဒီတော့ self-compassion မလုပ်နိုင်တဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် judge လုပ်တယ်တဲ့။ သူများနဲ့နှိုင်းပြီးတော့ judge လုပ်တယ်။ ငါက ဒါမလုပ်နိုင်ဘူး။ သူက ဒါ လုပ်နိုင်တယ်။ သူက တော်တယ်။ အဲဒီလို။ အဲဒီလိုပြောပြီးတော့ ကိုယ့်ကိုယ်ကိုယ် judgemental ဖြစ်သွားပြီးတော့ ဘာဖြစ်သွားတုန်းဆိုတော့ inferiority complex ဝင်သွားတယ်။

★ ကိုယ့်ကိုယ်ကိုယ် အားငယ်သွားတယ်၊ သိမ်ငယ်စိတ်ဝင်သွားတယ်။ ဒါကြောင့်မို့ ဒီနေ့ အဲဒီလို သိမ်ငယ်တဲ့စိတ် ဝင်တယ်ဆိုရင် fixed mindset ဝင်သွားတယ်လို့ ဘုန်းဘုန်းက ပြောချင်တယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။

#တရားနာယူရန်
https://youtu.be/nGRkDOJMU-c?si=mhdJ2inFmobXo8lk

Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား တရားတော်အစ/အဆုံး
12/08/2026

Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား တရားတော်အစ/အဆုံး

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။

#တရားနာယူရန်
https://youtu.be/KopQeWpsxaM?si=AggFJp1M5GyJr0NZ

အလိုမကျမှုလျော့ပါးအောင် ဘယ်လိုပြုမှုရပါမလဲ▬▬▬▬▬လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထားMudita and Growth Mindset at ...
10/08/2026

အလိုမကျမှုလျော့ပါးအောင် ဘယ်လိုပြုမှုရပါမလဲ
▬▬▬▬▬
လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား
Mudita and Growth Mindset at Workplace
အပိုင်း(၁၀) (ဓမ္မအမေးအဖြေ) - နောက်ဆုံးပိုင်း

မေး။ ။

★ ဒီမေးခွန်းကလည်း undergraduate ကျောင်းသားလေးတစ်ယောက်မေးထားတာပါ ဘုရား။ စာသင်ချိန်တွင်ဖြစ်ပေါ်လာသော စာသင်ကြားမှုများအပေါ် အလိုမကျဖြစ်မှုကို လျော့ပါးအောင် မည်သို့ အကောင်းဆုံးပြုမှုရပါမလဲဘုရား။

ဖြေ။ ။

★ ဒီမေးခွန်းကတော့ ဖြေလို့မရဘူး။ (ရယ်လျှက်)။ နှစ်ပိုင်းရှိပါတယ်။ ကိုယ်အလိုမကျရင် အလိုမကျတဲ့လူ ကိုယ်က ပြောင်းလဲလို့ မရပါဘူး။ သူ့ရဲ့အမူအရာလည်း ပြောင်းလဲလို့ မရပါဘူး။ သူ့အမူအရာလည်း မှားချင်မှမှားမယ်။ ကိုယ်ကြိုက်တဲ့ပုံစံမျိုး မဟုတ်လို့ ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုဟာမျိုးပေါ့။

★ ဒါဖြင့် ပုံမှန်ဆိုရင် သုံးခုရှိတဲ့ထဲမှာ ဘုန်းဘုန်းက နှစ်ခုကို ကြည့်ခိုင်းတယ်။ သုံးခု ဆိုတဲ့အထဲမှာ intention, action, reaction (IAR) ပေ့ါ။ အဲဒီမှာ action ကတော့ ဖြစ်တဲ့အချိန်မှာ သိဖို့ကခဲယဥ်းတယ်။ Mindfulness သတိတရားမကောင်းဘူးဆိုရင် အဲဒီအချိန်မှာ သိဖို့ရာခဲယဥ်းတယ်။

★ ဒါဖြင့် ဘာကိုကြည့်ခိုင်းတုန်း။ Intention, ကိုယ့် intention ကို ကိုယ်ကြည့်ခိုင်းတယ်။ ပြီးရင် reaction, reaction က မကြိုက်တော့ဘူးဆိုတဲ့ reaction ဖြစ်ရင် အဲဒီ reaction ကို register လုပ်လိုက်။ မကြိုက်တဲ့စိတ်ဖြစ်နေပြီ။ အဲဒီမကြိုက်တဲ့စိတ်က၊ ကိုယ်မကြိုက်တဲ့လူကို သွားပြီးတော့ နှိပ်စက်တာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာ။

★ အဲဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားရင် ဒီဟာ register လုပ်ကိုလုပ်ရမယ်။ နောက်ပြီးတော့ intention က သူတို့တွေ ကိုယ့်အလိုလိုက်ဖို့ ကိုယ်က မျှော်လင့်ထားတာ။ ဒါမှမဟုတ် ကိုယ်တွေးတဲ့အတိုင်း ကိုယ်ယူဆတဲ့အတိုင်း အဲဒီလို ယူဆစေချင်တာလား။ ကိုယ်ကြိုက်တဲ့အစားအစာ သူတို့ကြိုက်စေချင်တာလား။ အဲဒီ intention ကို ပြန်ပြီးတော့ ကြည့်တာ။

★ အဲဒီအတိုင်းဆိုရင်တော့ ကိုယ့်ရဲ့ expectation က ကိုယ့်ကို ဒုက္ခပေးနေတာလေ။ ဒါကြောင့် intention, reaction အဲဒီနှစ်ခုကို ကြည့်ပြီးတော့ intention ကိုလည်း register လုပ်ပါ၊ reaction ကိုလည်း register လုပ်ပါ။ အဲဒီလိုလုပ်တယ်ဆိုရင်တော့ ကိုယ်မကြိုက်တဲ့လူတွေ သူတို့ ပြောင်းချင်မှ ပြောင်းမယ်။

ဒါပေမဲ့ the way you relate to them, your attitude will change and you will feel better.

လုပ်ငန်းခွင့်ပျော်ရွှင်မှုကို မည်သို့ balance ညီအောင် လုပ်ဆောင်သင့်ပါသလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

မေး ။ ။

★ နောက်ဆုံးမေးခွန်းပါ ဘုရား။ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့အတွက် အချိန်၊ ငယ်ရွယ်မှု၊ ပိုက်ဆံ၊ လူမှုရေး၊ မိဘထောက်ပံ့မှုအခြေအနေ၊ ဖိအားပေါင်းစုံတွေကို နှစ်များစွာ investment လုပ်ခဲ့ရပါတယ် ဘုရား။ stress and anxiety level တွေလည်း လူပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရတဲ့ လူသားတွေထဲမှာ ပါဝင်ပါတယ် ဘုရား။ ဉာဏ်ရည်ထက်မြက်မှု ဖန်တီးနိုင်မှု လုပ်ဆောင်နိုင်မှုတွေဟာ သာမန်လူသားတစ်ယောက်ထက် ပိုမိုမြင့်မားတဲ့ level တစ်ခုမှာ ရှိတဲ့အတွက် တခါတရံ မှာ ငါ ဆိုတဲ့ အတ္တ မာနတွေ ပိုလာတတ်ပါတယ် ဘုရား။ ဒါကြောင့် ဆရာဝန်တစ်ယောက်အတွက် လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှု stress level နဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှု happiness ကို မည်သို့ balance ညီအောင် လုပ်ဆောင်သင့်ပါသလဲ ဘုရား။

ဖြေ။ ။

★ YouTube ထဲမှာရှိတဲ့ video လေးတစ်ခု ဘုန်းဘုန်း ဒါ စာအုပ်တစ်အုပ်ကို summarize လုပ်ထားတာပါ။ Harvard business school က prof.Arthur Brooks ဆိုတာ သူက science of happiness သင်ပါတယ်။ အဲဒီထဲမှာ enjoyment , happiness က သုံးခုရှိတယ်တဲ့။

Happiness = Enjoyment + Satisfaction + Meaning

★ Happiness formula က ingredients သုံးခုရှိတယ်။ တစ်ခုက enjoyment. Enjoyment ဆိုတာက ကိုယ့်ဟာကိုယ် စိတ်လှုပ်တရှားနဲ့ ကိုယ်စားချင်စား ဝတ်ချင်တာဝတ် အဲဒါ ပြောတာမဟုတ်ဘူ။ enjoyment ဆိုတာက ကောင်းတဲ့အရာကို တခြားလူနဲ့ share လုပ်တာကို သူက enjoyment လို့ အဓိပ္ပါယ်ပြန်ထားတာ။

★ ဒါတွေ ကြိုးစားပြီးတာ့ ဆရာဝန်ဖြစ်အောင် လုပ်လာတယ်ဆိုတာ ၅တန်းအောင်တုန်းက၊ ၁၀တန်းအောင်တုန်းက၊ ၁၂တန်းအောင်တုန်းက ကိုယ်ကြိုးစားခဲ့တဲ့ဟာ ကိုယ်ပြန်ပြီးတော့ တခြားလူတွေနဲ့ share လုပ်တာပေါ့။ Share လုပ်တယ်ဆိုတာက သူတို့နဲ့ သွားပြောမှ မဟုတ်ပါဘူး။

★ ငါ ဒီလို အောင်မြင်နိုင်အောင် ငါ ကြိုးစားခဲ့တယ်။ ငါ့မိဘတွေလည်း ကြိုးစားခဲ့တယ်။ ကျောင်းတွေမှာ ဆရာ ဆရာမတွေလည်း ကြိုးစားပေးတယ်။ အဲဒါကြောင့် ဒီဆေးကျောင်းဝင်နိုင်ခဲ့တယ်။ ဆေးကျောင်းရောက်တော့လည်း ငါကိုယ်တိုင်လည်း ကြိုးစားတယ်။ ဆေးကျောင်းလည်း အသင့်ရှိနေတယ်၊ qualified ဖြစ်တာနဲ့ ဆေးကျောင်းဝင်သွားရုံပဲ။

★ ပါမောက္ခတွေ၊ lecturer တွေ၊ အသင့်စောင့်နေတယ်။ စာကြည့်တိုက် အသင့်စောင့်နေတယ်။ အသုံးပြုဖို့အတွက် lab တွေ အသင့်ရှိနေတယ်။ clinical knowledge ရဖို့အတွက် ဆရာကြီးတွေ ဆရာမကြီးတွေ နောက်လူနာတွေ အသင့်ရှိနေတယ်။ အဲဒီဟာတွေကို ကိုယ်က အသိအမှတ်ပြုဖို့ awareness လေးရှိဖို့။

★ အဲဒီ awareness ရှိတယ်ဆိုရင်တော့ အဲဒီမှာ ငါလည်း အရေးကြီးတယ်။ သူများလည်း အရေးကြီးတယ်။ ငါ တစ်ယောက်ပဲ အရေးကြီးတယ်ဆိုရင်တော့ အတ္တဖြစ်သွားတာပေါ့။ ငါ အရေးမကြီးဘူးဆိုရင်တော့ သိမ်ငယ်စိတ်ဖြစ်တာပေါ့။ ငါလည်း အရေးကြီးတယ်၊ ကျန်တဲ့လူတွေလည်း အရေးကြီးတယ် အဲဒီလိုဖြစ်တယ်ဆိုရင်တော့ happiness ဖြစ်တယ်။ အဲဒါကို enjoyment လို့ အဲဒီဆရာကြီးကခေါ်တယ်။

★ နောက် satisfaction ဆိုတာကြတော့ ကိုယ်ကြိုးစားတာကို ကိုယ်ပြန်တွေးပြီး ကိုယ်အောင်ခဲ့တာ ကိုယ်ပြန်တွေးပြီးတော့၊ အခုလိုလုပ်တဲ့ မုဒိတာပုံစံမျိုးလုပ်တာ။ နောက်တစ်ခုကတော့ meaning အဲဒါ a sense of purpose. ကိုယ်တဲ့ဟာ အဓိပ္ပါယ်ရှိအောင် တွေးရမယ်။

★ အလုပ်တိုင်း၊ ဆရာဝန်အလုပ်၊ သူနာပြုအလုပ်၊ admin အလုပ် အကုန်လုံး အဓိပ္ပါယ်ရှိတယ်။ သူ့အခန်းကဏ္ဍနဲ့ သူ့ဟာနဲ့သူရှိတယ်။ ဒီမှာ ပန်းထိုးတဲ့လူ သူတို့တွေလည်း အဓိပ္ပါယ်ရှိတယ်။ အကုန်ရှိတယ်။ ဒီဟာတွေ ထုတ်လုပ်တဲ့လူ၊ အကုန်လုံးအဓိပ္ပါယ်ရှိတယ်။

★ Microphone ထုပ်လုပ်နိုင်ဖို့အတွက် physics တွေ engineering တွေ အကုန်လုံးလေ့လာတဲ့သူတွေ အကုန်လုံး အဓိပ္ပါယ်ရှိတယ်။ ဆိုလိုတာက meaning ရှိအောင်တွေးဖို့။ meaning ရှိအောင်ဆိုတာက a sense of service ရှိတယ်တဲ့၊ လုပ်ငန်းတိုင်း။

★ ဒီ whiterboard ကို လုပ်ရောင်းတဲ့သူက သူ စီးပွားလုပ်တာ ဟုတ်တာပေါ့၊ ဒါပေမဲ့ a sense of service အနေနဲ့က ဘာတုန်းဆိုတော့ လိုတဲ့လူတွေ စာသင်ချင်တဲ့လူတွေ သုံးနိုင်အောင် ဆိုပြီး အဲဒီ စေတနာက ပါနေတယ်။ အဲဒါ service ပဲ။

★ အဲဒီလို သုံးနိုင်တယ်ဆိုရင်တော့ happiness ရပြီတဲ့။ ဆရာဝန်လည်းရတယ်၊ ဘုန်းဘုန်းလည်းရတယ်။

ကဲ ရပြီနော်။ ရေစက်ချ အမျှဝေရအောင်။

အရှင်ဘုရား တပည့်တော်တို့သည် အရှင်ဘုရားဟောကြားအပ်သော မုဒိတာနှင့် growth mindset တရားတော်ကို အကြောင်းပြု၍ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ မုဒိတာဘာဝနာကုသိုလ်၊ ဤကုသိုလ်ကောင်းမှု မြတ်ပေါင်းစုတို့ကို မုဒိတာဖြင့် ဆည်းပူးပါ၏။ ဆည်းပူအပ်သောကုသိုလ်ကောင်းမှု အစုစုကြောင့် ဘုရားတပည့်တော်တို့သည် ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ။ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ။ မိမိကောင်းကျိုး၊ အများကောင်းကျိုး တိုး၍တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ မိမိကောင်းကျိုး၊ အများကောင်းကျိုး၊ တိုး၍တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ ဤကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို ယခုဘဝ ရှေးရှေးဘဝ တော်စပ်ကြသော အမိအဖ အဘိုးအဘွား ဆရာသမား အစထား၍၎င်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ဆေးရုံစောင့်နတ်၊ မန္တလေးတောင်စောင့်နတ်၊ မန္တလေးမြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ အစထား၍ ၃၁ ဘုံ ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေငှပါ၏။ အထူးအားဖြင့် မြေငလျင်ဒဏ်၌ အသက်ဆုံးရှုံးကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေငှပါ၏။ အမျှရ၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေကုန်။

ကုသိုလ် အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့…
သာဓု… သာဓု… သာဓု…

ကုသိုလ် အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့…
သာဓု… သာဓု… သာဓု…

ကုသိုလ် အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့…
သာဓု… သာဓု… သာဓု…

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။

သာဓု၊ သာဓု၊ သာဓု။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။

#တရားနာယူရန်
https://youtu.be/KopQeWpsxaM?si=AggFJp1M5GyJr0NZ

ဒေါသကို ဘယ်လိုထိန်းရမလဲ▬▬▬▬▬လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထားMudita and Growth Mindset at Workplaceအပိုင်း(၉)...
08/08/2026

ဒေါသကို ဘယ်လိုထိန်းရမလဲ
▬▬▬▬▬
လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား
Mudita and Growth Mindset at Workplace
အပိုင်း(၉) (ဓမ္မအမေးအဖြေ)

မေး။ ။

★ ဒီမေးခွန်းကတော့ undergraduate ကျောင်းသားလေးတစ်ယောက်မေးထားတာပါဘုရား။ တပည့်တော်ဟာ စာမေးပွဲဆက်တိုက်ဖြေရတော့ စိတ်က ကစဥ့်ကလျားနဲ့ စိတ်ခဏခဏပျက်တာတွေ ဖြစ်တတ်ပါတယ် ဘုရား။ ဘုန်းဘုန်းရဲ့ မဟာဇနကမင်းသားရဲ့တရားတော်ကို ခဏခဏ နေ့တိုင်းနားထောင်ပြီး motivation တော်တော်ရခဲ့တဲ့အတွက် ဘုန်းဘုန်းဘုရားကို ကျေးဇူးတင်ပါတယ် ဘုရား။ အရှင်ဘုရားရဲ့သာသနာပြုခရီးစဥ်မှာလည်း ဆောင်ရွက်ခဲ့တာတွေအတွက် အလွန်မုဒိတာ ဖြစ်ရပါတယ် ဘုရား။ တပည့်တော်ရဲ့စိတ်ဟာ ဒေါသဆို တန်းပြီးတော့ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ဘဝမှာ စိတ်ထားတတ်အောင်၊ ဒေါသထိန်းတတ်အောင်၊ လောကဓံမှာ ပျော်ပျော်ပါးပါး လိုက်စီးနိုင်အောင် ဆုံးမသွန်သင်ပေးတော်မူပါ ဘုရား။

ဖြေ။ ။

★ အချိန်မရတော့လို့ ဗီဒီယိုလေးတစ်ခု မပြမိဘူး။ အဲဒီဗီဒီယိုထဲမှာတော့ ဘာလုပ်ခိုင်းတုန်းဆိုတော့ white bear ပေါ့နော်၊ polar bear ပေါ့။ ဝက်ဝံဖြူအကြောင်း မတွေးနဲ့ ဆိုပြီးတော့ လူတွေကို instruction ပေးတယ်။ ဝက်ဝံဖြူအကြောင်း မတွေးနဲ့နော်။ မတွေးနဲ့လို့ ပြောတာ။ လူတွေ ပြန်မေးကြည့်တော့ ဘာတွေတွေးလဲဆိုတော့ ဝက်ဝံဖြူအကြောင်းပဲ တွေးတယ်။

★ အဲဒါကြောင့်မို့လို့ ဒေါသ မဖြစ်အောင် ဘယ်လိုလုပ်ရမှာတုန်းဆိုပြီးတော့ အဲဒီလိုတွေးတာ သူအလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါသအကြောင်းတွေးရင်လေ ဒေါသဖြစ်စေတဲ့အကြောင်းတွေ ပိုတွေးမိတဲ့အခါကျတော့ ဒေါသပိုပြီးတော့ ဖြစ်တာလည်းရှိတယ်။

★ အဲဒါကြောင့်မို့လို့ မုဒိတာလုပ်တာက ဒေါသကို anger management ထဲမှာ ပါလာတယ်။ ‌ဆေးကျောင်းမှာ ဆေးကျောင်းတက်ရသည်အထိဆို ကြိုးစားခဲ့တာ နည်းနည်းနောနော မဟုတ်ဘူး။ အမှတ်များအောင်လည်း လုပ်ရတယ်။ အမှတ်များပြီးတော့လည်း မပြီးသေးဘူး တခါတည်း ဝင်ခွင့်မှာ ဖြေရသေးတယ်။

★ ဝင်ခွင့်စာမေးပွဲစစ်တာ ပါအောင်စစ်တာ မဟုတ်ဘူး။ ချဖို့ စစ်တာ။ အဲဒီထဲမှာ အချမဟုတ်ခံရဘဲ ကိုယ်က ပါလာတယ်ဆိုတော့ ဘယ်လောက်အထိ ဂုဏ်ယူစရာကောင်းလဲ။ အဲဒီဟာတွေ စဥ်းစားရင်ပေါ့။

★ စာမေးပွဲဖြေတော့မယ်ဆိုရင် စာကျက်တဲ့အခါ စာကြည့်တဲ့အခါမှာ ကျောင်းသားတွေကို ဘုန်းဘုန်း အကြံဉာဏ်ပေးတာကတော့ ကိုယ်ကြည့်ရမယ့်ခေါင်းစည်းက ၁၀ခုရှိတယ်ဆိုရင် ကိုယ်က ၅ခုပဲ ကောင်းကောင်းသိသေးတယ်၊ ကျန်တဲ့၅ခု မရသေးဘူး။

★ ကျောင်းသားက စိတ်ဘယ်ရောက်နေလဲ မသိသေးတဲ့ ၅ခုစီ စိတ်‌ရောက်နေတယ်။ အဲဒါက source of anxiety ၊ သူ စာကြည့်တဲ့အခါမှာ သူ့ရဲ့ default brain စကတည်းက anxiety နဲ့စတာ။ အဲဒါကြောင့် အဲဒီလို မစနဲ့ ဘယ်ကနေစမှာလဲဆိုရင် သိတဲ့ငါးခု အဲဒီငါးခုကို တစ်မိနစ်ဖြစ်ဖြစ်၊ နှစ်မိနစ်ဖြစ်ဖြစ် အချိန်ပေးပါ။

★ အချိန်ပေးပြီးတော့ ခေါင်းစည်းကြည့်တယ်၊ ပုံလေးတွေကြည့်တယ်၊ diagram လေးတွေကြည့်တယ်၊ diagnosis လေးတွေကြည့်တယ်၊ list လေးတွေကြည့်ပြီး ကိုယ့်သိပြီးသားဆိုတော့ အဲဒီအချိန်မှာ ဘာဖြစ်တုန်းဆိုတော့ ကိုယ့်ရဲ့ ဦးနှောက်က prefrontal cortex မှာ activate လုပ်တဲ့အခါကျတော့ မုဒိတာ ဖြစ်တာပေါ့။ defalut အနေနဲ့ဆိုရင်လည်း confidence ဖြစ်တယ် default ဖြစ်တာက။

★ အဲဒီဟာကို နှစ်မိနစ် သုံးမိနစ် အချိန်ပေးပါ။ အဲဒီ default network က မှန်ပြီဆိုရင် ကိုယ်မသိသေးတဲ့ငါးခုကို သွားပြီးတော့ကြည့်တာ default network က မှန်တဲ့အတွက်ကြောင့် ကြည့်ရတာ သူ ပိုမှတ်မိတာပေါ့။ anxiety နဲ့ ကြည့်တယ်ဆိုရင်တော့ သိပြီးသားတောင်မှ အလွှဲလွှဲအချော်ချော်တွေ ဖြစ်ကုန်တယ်။

★ အဲဒါကြောင့်မို့လို့ မုဒိတာလုပ်ပါဆိုတာ စာကျက်တဲ့အခါမှာလည်းလုပ်၊ စာမေးပွဲ သွားဖြေတဲ့အခါမှာလည်း ငါ အကောင်းဆုံး ပြင်ဆင်ထားပြီးပြီ။ အဲဒီစိတ်နဲ့သွား။ အဲဒါဆိုရင်တော့ You will do your best. Stress တွေ သူ့ဟာသူ နည်းသွားတယ်။ အဓိကတော့ stress management သိစေချင်တာပဲ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။

#တရားနာယူရန်
https://youtu.be/KopQeWpsxaM?si=AggFJp1M5GyJr0NZ

သိမ်ငယ်စိတ်ကို ဘယ်လိုရင်ဆိုင်ရမလဲ ▬▬▬▬▬လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထားMudita and Growth Mindset at Workplac...
06/08/2026

သိမ်ငယ်စိတ်ကို ဘယ်လိုရင်ဆိုင်ရမလဲ
▬▬▬▬▬
လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား
Mudita and Growth Mindset at Workplace
အပိုင်း(၈) (ဓမ္မအမေးအဖြေ)

မေး။ ။

★ လူတွေရဲ့ အထင်အမြင်ရှုံချမှုခံရသူအတွက် အဲဒီအရာကို ဘယ်လိုစိတ်ဖြင့် ရင်ဆိုင်ရမလဲ ဘုရား။ သိမ်ငယ်စိတ်ဆိုတာ ဘယ်လိုမျိုးပါလဲ၊ ၎င်းကို ဘယ်လို ထိန်းချုပ်ရပါမလဲ။

ဖြေ။ ။

★ ထိန်းချုပ်တယ်ဆိုတဲ့ စကားလုံးကို ဘုန်းဘုန်း သိပ်မသုံးဘူး။ သိမ်ငယ်တဲ့စိတ်ဖြစ်ရင် သူရှိနေတာကို သိလိုက်တာ။ သိမ်ငယ်တဲ့စိတ်က negative ဖြစ်ရင် သူ့ကို သိတဲ့စိတ်က positive. ဒေါသ အကုသိုလ်ဆိုရင် ဒေါသကို သိတဲ့စိတ်က ကုသိုလ်။

★ အဲဒါကြောင့် သတိပဋ္ဌာန်မှာ ဘာအတွေးပဲပေါ်ပေါ် အဲဒီအတွေးကို သိလိုက်ပါလို့ ပြောတာ၊ awareness ကို ပြောတာ။ ကိုယ့်ရဲ့ awareness ကို ကိုယ်ပြန်ပြီးတော့ မြင်တဲ့အခါကျတော့ Dr.Richard Davidson သူကတော့ ပထမဆုံး တရားထိုင်တဲ့အချိန်ကတည်းကကိုက ၁၀ရက်စခန်း ၇ကြိမ် ဆက်တိုက်ထိုင်တာ။

★ မဟာစည်းနည်းနဲ့ ရက် ၂၀၊ ဆရာကြီးဂိုအင်ကာနည်းနဲ့ ရက် ၅၀၊ ဗုဒ္ဓဂယာ မြန်မာကျောင်းမှာ အဲဒီလိုထိုင်တာ။ Phd ကျောင်းသားကတည်းက။ အဲဒီနောက်ပိုင်းမှာလည်း ဆက်တိုက် တရားထိုင်လာတဲ့သူဆိုတော့ meta awareness ဆိုတာက မိုးကုတ်ဆရာတော်ကြီး သင်တဲ့နည်းနဲ့ဆိုရင်တော့ ရှေ့စိတ်ကို နောက်စိတ်က ပြန်သိတာ။

★ Awareness တစ်ခုပြီးတစ်ခုဖြစ်သွားတယ်။ တစ်ခုတည်း မဟုတ်ဘူး။ awareness A, awareness B, awareness C မှာ awareness A ကို awareness B က ပြန်သိတာ။ awareness က သူ့ဟာသူ အရမ်းကို mature ဖြစ်လာတယ်၊ sharp ဖြစ်လာတယ်ပေါ့။ အဲဒီဟာကို သူက meta awareness လို့ခေါ်တာ။

★ တချို့ရိပ်သာတွေမှာကျတော့ ပထမဆုံးဖြစ်တဲ့ awareness ကျတော့ အသိတဲ့၊ ဒုတိယ အဲဒီအသိကို ပြန်သိတဲ့ အသိကျမှ သတိတဲ့။ အသိနဲ့ သတိ အဲဒီလိုခွဲတယ်။ မဟာစည်မှာကျတော့ မှတ်စရာအာရုံတွေမှတ်တာ အာရုံတွေက ချုပ်သွားတယ်။ အာရုံတွေချုပ်သွားရင် အဲဒါ ဘာမှတ်ရမှာတုန်းဆိုတော့ မှတ်တဲ့စိတ်ကို ပြန်မှတ်ပါဆိုတာ။ အဲဒါကို meta awareness လို့ နားလည်နိုင်တယ်။

★ ဒါဖြင့် အဲဒီအဆင့်အထိ မရောက်သေးဘူး၊ သိမ်ငယ်တဲ့စိတ်ဖြစ်တယ်ဆိုရင် အဲဒီသိမ်ငယ်တဲ့စိတ်ကို အသိအမှတ်ပြုလိုက်။ ပုံမှန်ဆိုရင် ဘုန်းဘုန်းက R သုံးလုံးနဲ့ သင်ပေးတယ်။ R သုံးလုံးက register, release, return - 3RS. Register ဆိုတာ သိမ်ငယ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာကို register လုပ်လိုက်ပါ၊ register လုပ်တဲ့အခါမှာ ငါ မထည့်ဖို့။

★ This is an inferior feeling. ဒါက သိမ်ငယ်တဲ့စိတ်၊ တတိယလူအနေနဲ့ကြည့်ပေးပါ။ ပွဲကြည့်သူအနေနဲ့ ကြည့်ပေး။ အဲဒီထဲမှာ ငါ မထည့်နဲ့။ ငါ ထည့်ရင်တော့ ငါ ခံရမယ်တဲ့။ ရိပ်သာတွေမှာ သုံးတဲ့စကား ငါ ထည့်ရင်တော့ ငါ ခံရမယ်တဲ့။

★ အဲဒီသိမ်ငယ်တဲ့စိတ်ဖြစ်တာ သူ့သဘာဝအရဖြစ်တာ၊ ဘေးပတ်ဝန်းကျင်က ပြိုင်ခိုင်းတယ်လေ။ မကြိုးစားမှာစိုးလို့ ဆရာတွေကလည်းပြိုင်ခိုင်းတယ်၊ မိဘကလည်း ပြိုင်ခိုင်းတယ်။ ပြိုင်လို့ရလာတဲ့ side effects တွေ သိမ်ငယ်တဲ့စိတ်ဆိုတာ။

★ နှိုင်းယှဥ်တယ်ဆိုတဲ့ စကားလုံးကို ပါဠိလို မာနလို့ခေါ်တယ်။ နှိုင်းယှဥ်လိုက်လို့ ကိုယ်က သာတာပဲ နာတာပဲဖြစ်ဖြစ်၊ သာတဲ့လူမာနဆိုရင်တော့ superiority complex ပေါ့။ နာတဲ့လူရဲ့ မာနဆိုရင်တော့ inferiority complex ပေါ့။ အဲဒီ complex နှစ်ခုလုံးက မာနပဲ။

★ တစ်ခုရှိသေးတယ်၊ သူလောက်ကတော့ ငါလည်း သိတာပဲဆိုတဲ့ တန်းတူတဲ့မာန အဲဒါကတော့ အ‌နောက်တိုင်းမှာ မရှိဘူး၊ buddhist psychology ထဲမှာပဲရှိတယ်၊ သဒိသမာန်တဲ့၊ equality မာနပေါ့။ သူလောက်ကတော့ ငါလည်းရှိတယ်၊ သူလောက်ကတော့ ငါလည်းတတ်တာပဲ။ သူ့လောက်ကတော့ ငါလည်း ဖြစ်တာပဲဆိုတဲ့ အမြင်မျိုးပေါ့။ အဲဒါတွေအားလုံးဟာ နှိုင်းယှဥ်တာကနေ ဖြစ်လာတဲ့ဟာ။

★ အဲဒီ C မှာလေ competition ဝင်လာပြီဆိုရင် နောက်ထပ် C တစ်လုံး collaboration မရှိတော့ဘူး။ အဲဒါကြောင့် တစ်နေ့က ဓမ္မဓရဘာသန္တရကောလိပ်မှာ ဘုန်းဘုန်းက မပြိုင်ဆိုင်ဖူးဆိုရင် တိုးတက်နိုင်လား ဆိုတဲ့ ခေါင်းစည်းနဲ့သွားဟောတာ။

★ မပြိုင်ဆိုင်ပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို motivate လုပ်တုန်းဆိုတော့ a sense of service ရှိရတာ၊ a sense of purpose. လူနဲ့မပြိုင်နဲ့၊ ပြိုင်မယ့်ပြိုင်ချင်ရင် လူနဲ့မပြိုင်နဲ့ ပြဿနာနဲ့ပြိုင်ပါ။ ဆရာဝန်တွေအနေနဲ့ဆိုရင် ရောဂါနဲ့ ပြိုင်ရမှာလေ။

★ ဒီလောက်အထိ ပျံ့နေတဲ့ရောဂါတွေ ဒီလောက်အထိ ကြီးမားတဲ့ရောဂါတွေ အဲဒီရောဂါတွေကို ငါ ပြိုင်ဆိုင်မယ်ဆိုရင် top ဖြစ်သွားမှာပဲ။ ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုရင် အချင်းချင်း အတန်းထဲမှာ ပြိုင်မယ့်အစား ကလေးရောဂါအကြောင်း လေ့လာတဲ့အချိန်မှာဆိုရင် နေမကောင်းတဲ့ ကလေးတွေပုံကို များများကြည့်။

★ ဒီလိုဖြစ်ရင် ဘယ်လို diagnose လုပ်ရတယ်၊ ဘယ်လို treatment ပေးရတယ်။ အဲဒါမျိုးတွေပဲ စိတ်ဝင်စားရင် အမှတ်အများဆုံး ‌ရသွားမှာပေါ့၊ အမှတ်ပြည့်နီးပါး ရသွားမှာပေါ့။ ဘယ်သူနဲ့မှ ပြိုင်ဖို့မလိုဘူး၊ ပြဿနာနဲ့ပဲ ပြိုင်ဖို့လိုတာ။ ပါဠိလို ပြောမယ်ဆိုရင်တော့ အဝိဇ္ဇာနဲ့ပဲပြိုင်ဖို့လိုတာ။ လူနဲ့ပြိုင်ရင်တော့ ရန်သူတွေဖြစ်ကုန်မှာ၊ မခေါ်တော့ဘူး။

★ ဒါကြောင့် သိမ်ငယ်တဲ့စိတ်ကို register လုပ်ပေးပါ၊ ပြီးရင် အဲဒီ သိမ်ငယ်တဲ့စိတ်ကို release လုပ်လိုက်။ release လုပ်လိုက်ဆိုတာ ဘယ်လိုလုပ်မှာတုန်းဆိုတာ အာရုံပြောင်းလိုက်လို့ ပြောတာ။ သြော်… ဒီမှာ သိမ်ငယ်တဲ့စိတ် ဖြစ်နေတယ်။ ဘုန်းဘုန်းဟောထားတဲ့ တရားလေးတစ်ပုဒ်ရှိတယ်၊ YouTube ပေါ်မှာရှိပါတယ်။ သိမ်ငယ်တဲ့စိတ်ကို ဆုံးမပါဆိုတာ။ အဲဒီတရားလေး ရှိပါတယ်။ အဲဒီမှာ အကျယ်ဟောထားတယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။

#တရားနာယူရန်
https://youtu.be/KopQeWpsxaM?si=AggFJp1M5GyJr0NZ

Address

No. 68, Kyauk Seinn Pat Lane, Yatanar Kyun Yeik Thar, North Okkalapa
Yangon
11031

Alerts

Be the first to know and let us send you an email when အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share