Myanmar Grace Bible College - International

Myanmar Grace Bible College - International Ral Hmung – Ph. 09956101748

မှတ်ချက်။
- Oral test အောင်မြင်သူများကိုသယ ဘွဲ့ချီးမြှင့်ပါမည်။
- အရေးကြီးတဲ့ဘာသာများကို Zoom ဖြင့် သင်ကြားပေးပါမည်။

အခြေခံယုံကြည်ချက် (Stament of Faith)
~~~~~~~~~<
၁။ သမ္မာကျမ်း (ဓမ္မာဟောင်း + ဓမ္မာသစ်၊ ၆၆ကျမ်း)သည် ဘုရားသခင် မှုတ်သွင်းထားသော အမှားအယွင်း ကင်းသည့် နှုတ်ကပတ်တော်ဖြစ်သည်ဟု ယုံကြည်သည်။ (မှုရင်းကျမ်းဆိုလိုသည်) (၂တိ၊ ၃း၁၆။ ၂ပေ၊ ၁း၂၁)

၂။ ဘုရားသခင်သည် အသက်ရှင်တော်မှုသော တစ်ဆူတည်းသော ဘုရားဖြစ်သည်ဟု ယုံကြည်ပါသည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးသည် ထာဝရတည်ရှိ တော်မှုသောဘုရား တစ်

ဆူတည်းသောဘုရားဖြစ်သည်ဟု ယုံကြည်သည်။

၃။ သခင်ယေရှုခရစ်တော်သည် လူဇာတိခံယူတော်မှုသော ပုဂ္ဂိုလ်ဖြစ်ပြီး ဘုရားဇာတိတော်နှင့် လူဇာတိနှစ်ပါး ပြည့်စုံသော ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်သည်။ သူ၏အပျိုကညာမွေးဖွားခြင်း၊ အပြစ် ကင်းခြင်း၊ အပြစ်သားများကို်ယ်စား ကားတိုင်ပေါ်တွင် အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ကိုယ်ခန္ဓာဖြင့် ရှင်ပြန် ထမြောက်တော်မှုခြင်းနှင့် သူသည်ထာဝရနိုင်ငံတော်ကို ထူထောင်ရန် တစ်ဖန်ပြန်ကြွလာမူမည်ဟု ယုံကြည် သည်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်သည် သုံးပါးတစ်ဆူဘုရားတွင် တတိယပုဂ္ဂိုလ်ဖြစ်သည်ဟု ယုံကြည်သည်။

၅။ လူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံသူ ဖြစ်သော်လည်း အာဒံသည်အပြစ်၌ ပြိုလဲခြင်း ကြောင့် လူသားအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသေရေပျက်ပြီး အပြစ်သားများဖြစ်လာ ကြ သည်။ ထို့ကြောင့်လူသည် အကူအညီမဲ့၍ မျှော်လင့်ခြင်းကင်းသောသူ ဖြစ်လာသည်။ ထို့ကြောင့် ကယ်တင် ရှင်လိုအပ်သည်ဟု ယုံကြည်သည်။

၆။ အသင်းတော်သည် ဒုတိယမွေးဖွားခြင်းခံသော ယုံကြည်သူများစုဝေးသော ခရစ်တော်၏ခန္ဓာကိုယ် ဖြစ် သည်ဟု ယုံကြည်သည်။ အသင်းတော်၏သာသနာသည် မဟာစေခိုင်းချက်ကို နာခံခြင်းဖြစ်သည်ဟု ယုံ ကြည်သည်။ ချီဆောင်ခြင်းသည် အသင်းတော်၏ မင်္ဂလာရှိသော မျှော်လင့်ခြင်းဖြစ်သည်ဟု ယုံကြည်သည်။

ရ။ ကောင်းကင်နှင့် ငရဲမီးအိုင်တည်ရှိခြင်း၊ ယုံကြည်သူနှင့် မယုံကြည်သူ ထမြောက်ခြင်း၊ တမလွန်၌ ယုံကြည် သူသည် ထာဝရအသက်ရှင်ရှိရာ ကောင်းကင်သို့လည်းကောင်း၊ မယုံကြည်သူသည် ထာဝရပျက်စီးခြင်းရှိရာ ငရဲမီးအိုင်သို့လည်းကောင်း ရောက်မည်ဟု ယုံကြည်သည်။

နောက်ခံသမိုင်း
~~~~~~~~
မြန်မာ့ကျေးဇူးတော် သမ္မာကျမ်းစာကျောင်းသည် ၂၀၁၈ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၌ အဝေးသင် စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့ကျေးဇူးတော် သမ္မာကျမ်းစာကျောင်း (နိုင်ငံတကာ) နာမည်ဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယုံကြည်သူများ သမ္မာတရားလေ့လာနိုင်ရန် ဘုရားသခင်၏ တိုက် တွန်းနှိုးဆော်ခြင်းနှင့် အခွင့်ပေးတော်မူခြင်းအားဖြင့် ထွက်ပေါ်လာသော ကျောင်းတော်ကြီး ဖြစ်သည်။ အခြား အကြောင်းအရာ အမျိုးမျိုးတို့ဖြင့် နှိုးဆော်ခြင်းခံရသောကြောင့်လည်း ဖြစ်သည်။ ကျမ်းစာလေ့လာလိုသော် လည်း ကျောင်းသို့မသွားနိုင်သောသူများ မိမိအိမ်မှ လေ့လာနိုင်သော အထူးအခွင့်အရေးဖြစ်ပါသည်။ မြန်မာ နိုင်ငံတော်မှ နိုင်ငံတကာသို့ ရောက်နေသောသူများအထိ် မိမိတို့၏လုပ်ငန်းများ လုပ်နေရင်း ထာဝရအကျိုးကို သယ်ဆောင်ပေးမည့် ကျောင်းတော်ကြီး ဖြစ်ပါသည်။ ဤကျောင်းတော်ကြီးသည် တိုးတက်နေသော နည်း ပညာများနှင့်အညီ မြန်မာပြည်သား လူအပေါင်းတို့အား အသက်ရှင်သောမျှော်လင့်ခြင်းကို ရရှိပိုင်ဆိုင်စေရန် ရည်ရွယ်သော ကျောင်းတော်ကြီး ဖြစ်သည်။

ရည်ရွယ်ချက်များ (Aims and objiectives)
~~~~~~~~~
၁။ ဘုရားသခင်၏ အလိုတော်ဖြစ်သော လူတိုင်းကယ်တင်ခြင်းသို့ ရောက်ရန်နှင့်သမ္မာတရားကို သိစေရန်။

၂။ ခရစ်တော်၏ ကိုယ်ခန္ဓာကို တည်ဆောက်ရန်နှင့် အမှုတော်အတွက် ဘုရားသခင်၏ လူတို့ကို ပြင်ဆင်ရန်။

၃။ မြန်မာပြည် အနှံ့အပြားတွင် မဟာစေခိုင်းချက်ကို ပြန်စုံစေမည့်သူများအား ပြင်ဆင်မွေးထုတ်ရန်။

၄။ တိုးတက်နေသော နည်းပညာများကို အသုံးပြုပြီး သမ္မာကျမ်းစာကို တွင်ကျယ်စွာနှင့် နည်းလမ်းအမျိုးမျိုးဖြင့် လေ့လာနိုင်ရန်။ (ဥပမာ၊ website, Email, Facebook, ect …)

၅။ လောကကြီး၏ တစ်ခုတည်းသော မျှော်လင့်ခြင်း ဧဝံဂေလိတရားနှင့် သာသနာလုပ်ငန်းအတွက် သာ၍ ထိရောက်မှု ရှိစေရန်။

သင်ကြားပို့ချပေးမည့် ဘာသာရပ်များ
~~~~~~~~~~~~~~
ပထမနှစ် (First Year)

� ပ-ပထမနှစ်ဝက်
၁။ ဓမ္မဟောင်းကျမ်းကို ခြုံငုံလေ့လာခြင်း
၂။ ဘုရားသခင်တည်ရှိတော်မူခြင်းနှင့်
ခရစ်တော်အကြောင်း
(Rogma Pg. 1-8; 46-87)
၃။ အခြေခံခရစ်ယာန် အသက်တာ
၄။ ကြီးမြတ်သော ကယ်တင်ခြင်း
(Great Salvation)
၅။ တပည့်တော် ဖြစ်စေခြင်း
၆။ ကျမ်းစာ ပထဝီဝင်

� ဒုတိယနှစ်
ဒု-ပထမနှစ်ဝက်
၁။ တမန်တော် ၀တ္ထု
၂။ အသင်းတော်ကို ခရစ်တော် ချစ်သည်
၃။ ကျမ်းစာအနက်ဖွင့်နည်း
၄။ ခရစ်ယာန် သာသနာသမိုင်း
၅။ မှားယွင်းသော သြဝါဒများ (Cults)
၆။ အသစ်မွေးဖွားခြင်းဆိုင်ရာ သြဝါဒ
(Rogma Pg. 88-128; 143-153)

� ပ-ဒုတိယနှစ်ဝက်
၁။ ဓမ္မသစ်ကျမ်းကို ခြုံငုံလေ့လာခြင်း
၂။ ရှင်ယောဟန် ခရစ်ဝင်ကျမ်း
၃။ အသင်းတော် သမိုင်း
၄။ ခရစ်ယာန် ကျင့်ဝတ်
၅။ ကျဆုံးသော ကောင်းကင်တမန်များ
(Rogma Pg. 9-33)
၆။ သန့်ရှင်းသော ၀ိညာဉ်တော်
(Rogma Pg.209-234)
ရ။ Bible Custums & Manners


� ဒု-ဒုတိယနှစ်ဝက်
၁။ ကျေးဇူးတော်နှင့် ပညတ်တော်
(Rogma Pg.129-142; 154-208)
၂။ ယုံကြည်ခြင်းကို ခုခံကာကွယ်ခြင်း
၃။ တရားဟောနည်း ပညာ
၄။ ခရစ်ယာန် အိမ်ထောင်
၅။ တစ်ဦးချင်း ဧဝံဂေလိလုပ်ငန်း
၆။ ခေတ်ကာလကို ပိုင်းခြားခြင်း


တတိယနှစ် (B.min)

� တ-ပထမနှစ်ဝက်
၁။ သမ္မာကျမ်းဆိုင်ရာ သြဝါဒ
၂။ ဘုရားသခင်နှင့် ဆိုင်သော သြဝါဒ
၃။ ခရစ်တော် + ကောင်းကင်တမန်နှင့်ဆိုင်သော သြဝါဒ
၄။ အသင်းတော် ခေါင်းဆောင်မှု
(အုပ်ချုပ်ပုံ +ဖွဲ့စည်းပုံ)
၅။ ကမ္ဘာ့ဘာသာကြီး (၄)ရပ်
၆။ သင်းအုပ်နှင့်ဆိုင်သော သီသြလော်ဂျီ
ရ။ မြန်မာ့ အသင်းတော်သမိုင်း
၈။ ရော+ဂလာတိ သြဝါဒစာ


� တ-ဒုတိယနှစ်ဝက်
၁။ သန့်ရှင်းသော ၀ိညာဉ်တော် + လူနှင့်ဆိုင်သော သြဝါဒ
၂။ အပြစ် + ကယ်တင်ခြင်းနှင့် ဆိုင်သော သြဝါဒ
၃။ အသင်းတော် + အနာဂါတ်နှင့် ဆိုင်သော သြဝါဒ
၄။ အသင်းတော် ပျိုးထောင်ခြင်း
၅။ ဧဝံဂေလိနှင့် သာသနာပြုခြင်း
၆။ ဒံယေလ + ဗျာဒိတ်ကျမ်း
ရ။ ခရစ်ယာန် ဘဏ္ဍာစိုး
၈။ ၀ိညာဉ်စစ်ပွဲ

သင်ကြားရေးစနစ်
~~~

09/12/2025

သေချိန်ရောက်သောအခါ တန်ခိုးမရှိ၊ဘယ်ပညာရှိမှအကြံမထမြောက်စေနိုင်သည်ဖြစ်၍၊ ထာဝရတည်မြဲသောသမ္မာတရားကိုသင်ယူခံယူကြပါစို့။
(ဒေ၊ ၈:-၊သု၊၂၃:၂၃)

09/12/2025
05/12/2025

တမလွန်ဘဝအထိအကျိုးရှိ‌ပြီးအမြင့်ဆုံးသောပညာကိုရှာလိုသူများသမ္မာကျမ်းစာကိုသစ္စာရှိစွာသင်ယူပါ။
(သု၊၁၇:၁၇၊ မ၊၇:၂၄,၂၅)

05/12/2025

လူဆိုတာအရိပ်လိုလွန်တတ်တယ်။
ခရစ်တော်ပေးတဲ့ထာဝရအသက်နဲ့သူ့ကိုအစေခံခြင်းသာထာဝရချမ်းသာနှစ်မျိုးတည်းဖြစ်ပါတယ်။
(ဒေ၊၆:၁၂၊ တ၊၄:၁၂)

29/07/2025

သေခြင်းမှထမြောက်သောရှုထောင့်မှကြည့်ရင်သမ္မာတရားဟာကိုယ်ထည်ဖြစ်ပြီး‌၊ မြင်နိုင်သောအရာများဟာအရိပ်သာဖြစ်ကြောင်းရှင်းလင်းစွာမြင်တွေ့နိုင်ပါတယ်။

06/05/2025
23/09/2024

အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရ
ဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။
ဟေရှာယ၊ ၃၃း၂၂

ချစ်မိတ်ဆွေ  သမ္မာတရား နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
19/09/2024

ချစ်မိတ်ဆွေ
သမ္မာတရား နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Grace Bible College - International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share