အတိတ် အနာဂတ် ပစ္စုပ္ပန် သိလိုရာမေး။

  • Home
  • Myanmar
  • Yangon
  • အတိတ် အနာဂတ် ပစ္စုပ္ပန် သိလိုရာမေး။

အတိတ် အနာဂတ် ပစ္စုပ္ပန် သိလိုရာမေး။ Life Circle

သကြ်န်မပြီးခင်အချိန်အထိ။ လောကဒဏ်ရိုက်ချက်တွေအလူးအလဲခံထားကြရတဲ့။ ဗုဒ္ဓဟူး နဲ့ ရာဟု သားသမီးတွေ။ အောင်မြင်ဖို့အချိန်တန်နေပြ...
27/04/2022

သကြ်န်မပြီးခင်အချိန်အထိ။ လောကဒဏ်ရိုက်ချက်တွေအလူးအလဲခံထားကြရတဲ့။ ဗုဒ္ဓဟူး နဲ့ ရာဟု သားသမီးတွေ။ အောင်မြင်ဖို့အချိန်တန်နေပြီ။
အထူးသဖြင့် ရာဟုသားသမီးတွေပေါ့လေ။

အဂ်ါသားသမီးတွေကတော့။ လာဘ်ဝင်ငွေရွှင်လွန်း​နေမှာမို့။ အစစအရာရာ အမှု့မဲ့ အမှတ်မဲ့ဖြစ်လာကြတော့မယ်။ ဘက်ညီအောင် အရာရာကို သတိနဲ့နေထိုင်သင့်ပါတယ်။ အိတ်ဖောင်းလို့ စိတ်မပြောင်းသင့်ပါဗျား။

27/04/2022

တစ် စုံ တစ် ရာ သော
အ ခက် အ ခဲ များ အ တွက်
မေး နိုင် ပါ သည်။

လက် ရှိ ဘာ ဖြစ် နေ သ လဲ။
အ တိတ် က ဘာ ဖြစ် ခဲ့ သ လဲ။
အ နာ ဂတ် မှာ ဘာ ဖြစ် လာ နိုင် မ လဲ။

ကန်ရေပြင်၏။မျက်နှာပြင်ကဲ့သို့။လင်းမြေ့အေးချမ်းစွာနေပါ။သို့တည်းမဟုတ်။
24/04/2022

ကန်ရေပြင်၏။
မျက်နှာပြင်ကဲ့သို့။
လင်းမြေ့အေးချမ်းစွာနေပါ။

သို့တည်းမဟုတ်။

ရွာတစ်ရွာနဲ့။ မိသားစုတစ်စု အကြောင်းပေါ့လေ။ဇာတ်လမ်းအစမယ်။​​ကောင်​​လေးက ပန်းရံအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ ရိုးသား က...
16/04/2022

ရွာတစ်ရွာနဲ့။ မိသားစုတစ်စု အကြောင်းပေါ့လေ။

ဇာတ်လမ်းအစမယ်။

​​ကောင်​​လေးက ပန်းရံအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ ရိုးသား ကြိုးစားတဲ့အတွက် အလုပ်အကိုင်အဆင်ပြေတယ်။ ရည်ရည်မွန်မွန်နေတတ်ထိုင်တတ်တဲ့ဗီဇကြောင့်။ လူချစ်လူခင်ပေါများတယ်။ ဒီလိုနဲ့ လူချစ်လူခင်ပေါများပြီး ရိုးသားကြိုးစားတဲ့ကောင်လေးဟာ။ သူ့မိတ်ဆွေများထဲမှ ကောင်မလေးတယောက်နဲ့မေတ္တာမျှကြတယ်။ အဲဒီနောက်မှ ဘဝတစ်ခုကို နှစ်ယောက်အတူတည်ထောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အလုပ်အကိုင်နဲ့သက်မွေးဝမ်းကြောင်းအလုပ်ကလေးတွေကလည်း။ အဆင်ပြေနေတဲ့ကာလတစ်ခုမှာဆိုတော့။ သူတို့နှစ်ယောက်အိမ်ထောင်ကျသွားကြတယ်ပေါ့။ အိမ်ထောင်ကျပြီးကာစမှာလည်း အစစ အရာရာဟာ အဆင်ပြေနေသေးတယ်။ နှစ်ဖက်မိဘထံမှ အမွေဟောင်းအမွေနှစ်ကလေးများကလည်း ကိုယ်စီရခဲ့ကြပြီး မိမိတို့ရဲ့ သက်မွေးဝမ်းကြောင်းအလုပ်လေးတွေမှာလည်း ကြိုးစားကြတာကြောင့်။ အတိုင်းအတာတစ်ခုထိအောင်မြင်ပြည့်စုံလာတာ​​ကြောင့်လည်း။ သူ့ဆွေမျိုးကိုယ့်ဆွေမျိုး ။ နှစ်ဖက်နှစ်ဝ ထောက်ပံ့​ပေးကမ်းဝေမျှလာနိုင်ကြတယ်။

အဲဒီအချိန်ကာလတွေဟာ သူတို့ဘဝမှာ ။ သာယာချမ်းမြေ့လွန်းနေတာကြောင့် ဒုက္ခဆိုတာ ဂျိုနဲ့လားလို့ မေးယူရမလိုဖြစ်နေတယ်။ ဒါနဲ့ ရင်သွေးရတနာယူဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ်ပေါ့။ နေစရာ အသိုက်အမြုံအတွက်လည်းပူစရာလို။ စားစရာရိက္ခာအတွက်လည်း ပူစရာမလို။ ဝတ်စရာအဝတ်အထည်အသုံးဆောင်ဆိုတာကလည်း။ လူကြားထဲပွဲလည်တင့်တယ်အောင် မြင်သူငေးအောင် ခါးလေးလှ ဝမ်းလေးဝပြီး သာယာကြည်နူးစရာအပြည့်နဲ့သွားလာနေထိုင်စားသောက်နိုင်ကြတယ်ပေါ့။ ဒီလိုနဲ့...

သားသမီးရပြီး ၃နှစ် လောက်အကြာမှာ ။ အိမ်ထောင်ဦးစီးကောင်လေးဟာ အရက်သောက်လာတယ်။ အဖော်မင်လာတယ်။ အိမ်ထောင့်ဝတ္တရားတွေပျက်ယွင်းလာခဲ့တယ်။ စီးပွားရေးကလည်း အရင်လိုအဆင်မပြေတော့။ အလုပ်အကိုင်လေးတွေလည်း ပါးရှားလာတာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်ပြီး။ မိဘတွေဆီကရခဲ့ကြတဲ့အမွေဖြစ်တဲ့ ။ ခြံမြေလယ်ယာလေးတွေ ဖဲ့ဖဲ့ပြီးရောင်းချစားသောက်လာခဲ့ကြရတယ်။ မိသားစုစားအိုးကလည်း တဖြည်းဖြည်းကြီးလာတာကြောင့်။ ခေတ်ပျက်ထဲမှာ ရှင်သန်နေထိုင်ရတာကြောင့်။ အိမ်ထောင်ဦးစီးကလည်း အပျော်အပါးအသောက်အစားမက်လာတာကြောင့်။ အဲဒီကာလတွေဟာ အိမ်ရှင်မတယောက်အတွက်တော့။ တကယ့်ကို အခက်အခဲအကြပ်အတည်းတွေနဲ့ရင်ဆိုင်လာရတဲ့ ကာလတွေပါပဲ။ ဒီလိုနဲ့မရှူနိုင်မကယ်နိုင်ဖြစ်ပြီး။ လောကဒဏ်ရဲ့ ဓါး၈လက်ကြားမှာ။ ကူကယ်ရာမဲ့။ အသက်ရှင်သန်နိုင်​ကြဖို့။ အလူးအလဲရုန်းကန်နေကြရသတဲ့။ ဒီလိုနဲ့ သူတို့ကံကြမ္မာကို သူတို့စစ်ဆေးကြရဖို့ အချိန်ဟာ ရောက်လာခဲ့တယ်ပေါ့။ တောသူတောင်သားတွေဖြစ်။ အမြင်အကြားလည်းမရှိ။ ဗဟုသုတလည်းနည်းကြတာကြောင့်။ သူတို့ကံကြမ္မာကို သူတို့ ဘယ်လိုစစ်ဆေးကြရမလဲဆိုတာ။
ပဟေဠိတစ်ခုဖြစ်နေခဲ့ကြရတယ်။ ဒီလိုနဲ့..ဒီလိုနဲ့..

အဆက်အသွယ်တခုရပြီး။ လောကီပညာကြွယ်ဝတဲ့ ဆရာတယောက်နဲ့ သူတို့တွေ့ခွင် ကြုံခွင့် ဆုံခွင့်ရခဲ့တာကြောင့်။ ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြည့်ကြတဲ့အခါ။

သူတို့ပြေလည်စဥ်အခါက။ သူတို့မိတ်ဆွေတွေထဲက မပြေလည်တဲ့မိသားစုတစုကိုငဲ့ပြီး။ ခြံကျယ်ကျယ်နဲ့ အိမ်ကလေးတခုကို ။ သူတို့ကိုယ်ပိုင်အိမ်ခြံနဲ့ ထိုက်တန်သလောက်ပေးပြီး။ လဲလှယ်နေထိုင်လိုက်ကြတဲ့ အချိန်ကစလို့။ ပြဿနာကြီးကြီးတခုဟာ သူတို့မိသားစုထံမဖိတ်ခေါ်ပဲ ဆိုက်ရောက်လာတော့တာပါပဲ။ အဲဒီ ခြံနဲ့ အိမ်မှာ။ မမြင်နိုင်တဲ့ မကျွတ်မလွတ်သေးတဲ့သူတွေရှိ​နေတယ်။ ဥပါဒါန်တစ်ခုကြောင့် ဥပါဒ်ရောက်နေကြရတဲ့သူတွေဆိုလည်း။ မမှားဘူးပေါ့။ အဲဒီအရာတွေက သူတို့ကို နှောက်ယှက်နာမ်နှိမ်ထားကြလို့။ သူတို့အခက်အခဲအကြပ်အတည်းတွေနဲ့ ရင်ဆိုင်​နေကြရတယ် ဆိုလည်းမမှားဘူး။ ပိုဆိုးသွားတာက။ အိမ်အဟောင်းကို ဖျက်ပြီး။ အိမ်တလုံးကို အကောင်းဆုံး​ဖြစ်အောင် ဆောက်လုပ်လိုက်ကြတာပါပဲ။ အဲဒီ အသစ်ဆောက်လုပ်လိုက်​ကြတဲ့ အိမ်မှာ။ သစ်နဲ့ပတ်သက်ပြီး။ အမှားအယွင်းတွေအများကြီးရှိနေတယ်။ အိမ်ထောင်ဦးစီးတစ်ဦးရဲ့ ဇာတာနေ့နံနဲ့နက္ခတ်သဘောနဲ့နှိုင်းယှဥ်ပြီး အရပ်မျက်နှာအလှည့်အပြောင်းလည်း ရွေးချယ်မှုတွေမှားယွင်းနေကြတယ်။ ဒါကမြင်နိုင်လောက်တဲ့အရာတွေပေါ့။

မြေကလည်းမသန့်။ အိမ်ကလည်း ခိုက်နေတော့။ ဒီအရာ​​တွေ​​ပေါ် မှီခိုနေထိုင်နေသူတွေအဘယ်မှာ ပြေလည်နိုင်ကြတော့အံ့နည်း။ လူသားတွေရဲ့နေ့စဥ်စားဝတ်နေရေးပြေလည်အောင် ရုန်းကန်နေကြရတဲ့ကြားထဲမှာမှ မမြင်နိုင်တဲ့ ။ ဘေးပယောကအန္တရာယ်တွေကလည်း ။ သူတို့နေထိုင်မှီခိုရာအိမ်နဲ့ခြံမြေမှာ ရှိနေကြတော့။ လောကဒဏ်တရားတွေဟာ သူတို့အတွက် ပိုခါးနေမှာပေါ့ဗျာ။ အဆုံးသတ်မယ်ဗျာ။

ဒီပွဲလေးတစ်ပွဲကလည်း။ ကျွန်ုပ်တို့ ဆရာတပည့်တွေ ကယ်သင့်သလောက်ကယ်တင်ခဲ့ကြရတဲ့ပွဲလေးတစ်ပွဲပေါ့ဗျာ။ ဒါလောက်ပဲ ရေးတော့မယ်။ ကျန်တာတွေက ပညာခန်းတွေပါတာကြောင့်။ မရေးပဲ ချန်လှပ်ထားခွင့်ပြုပါ။ မမြင်နိုင်တဲ့ပရလောကသားတွေကို။ သူတို့နဲ့သင့်လျှော်ရာနေရာတစ်ခုစီစဥ်ပေးရပါသေးတယ်။ မိသားစုတွေကိုလည်းကံကြွေးချေ လာဘ်ဖွင့် ဂိုဏ်းပညာ​​ပေး အတိုက်အခိုက်ရှင်း။ အစရှိတဲ့ လောကီပညာရပ်တွေနဲ့လည်း။ ကုသိုလ်ဆက်ပေးရပါသေးတယ်။

သူတို့မိသားစုလေး အစစအရာရာပြန်လည်အဆင်ပြေလာပြီဆိုတဲ့ အကြောင်း။ အကြောင်းပြန်လာတာလေးတခုကြောင့်လည်း။ ကျွန်ုပ်တို့ ဆရာတပည့်တွေ ဝမ်းသာနှစ်သက်မိတဲ့အတွက်။ ပီတိတစ်ခုဖြစ်ခဲ့ရပါသေးတယ်။

ဆင်းရဲနှင့်ငရဲကင်း၍ ကျန်းမာချမ်းသာကြပါစေ။

09429149519
13/04/2022

09429149519

ဥပမာ။ ။ဒါမျိုးလေးတွေ မေးခွင့်ရှိပါတယ်။ပညာဒါနပါ။
12/04/2022

ဥပမာ။ ။

ဒါမျိုးလေးတွေ မေးခွင့်ရှိပါတယ်။
ပညာဒါနပါ။

Address

Min Nandar Street
Yangon

Telephone

+959429149519

Website

Alerts

Be the first to know and let us send you an email when အတိတ် အနာဂတ် ပစ္စုပ္ပန် သိလိုရာမေး။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to အတိတ် အနာဂတ် ပစ္စုပ္ပန် သိလိုရာမေး။:

Share