ကံသာပရိယတ္တိစာသင်တိုက်

  • Home
  • Myanmar
  • Yangon
  • ကံသာပရိယတ္တိစာသင်တိုက်

ကံသာပရိယတ္တိစာသင်တိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကံသာပရိယတ္တိစာသင်တိုက်, Convent and monastery, Yangon.

 #ရဟန်းသည်ဤသို့ကျင့်ရမည်🪴🪴🪴🪷🪷🪷🪴🪴🪴       #ရဟန်းတို့ ''ငါတို့သည် အကြင်ဒါယကာတို့၏ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏အထောက်အပံ့ ဆေ...
28/05/2025

#ရဟန်းသည်ဤသို့ကျင့်ရမည်
🪴🪴🪴🪷🪷🪷🪴🪴🪴
#ရဟန်းတို့ ''ငါတို့သည် အကြင်ဒါယကာတို့၏ သင်္ကန်း ဆွမ်း ကျောင်း
သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို သုံးဆောင်ကုန်၏၊
ထိုဒါယကာတို့ ပြုအပ်သော ကောင်းမှုတို့သည် အကျိုးအာနိသင်
ကြီးမားကုန်လိမ့်မည်၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း အကျိုးရှိသည်
တိုးပွါးခြင်းရှိသည်ဖြစ်၍ မမြုံသည် ဖြစ်ပေလိမ့်မည်''ဟု (ကျင့်ရမည်)။
#ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။
ရဟန်းတို့ မိမိအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည်
မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း။
#ရဟန်းတို့ သူတစ်ပါးအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည်
မမေ့မလျော့မှုနှင့်ပြည့်စုံရန် သင့်သည်သာတည်း။
#ရဟန်းတို့ အကျိုးနှစ်ပါးစုံကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည်
မမေ့မလျော့မှုနှင့် ပြည့်စုံရန်သင့်သည်သာတည်းဟု (မိန့်တော်မူ၏)

တသ်မာတိဟ, ဘိက်ခဝေ, ဧဝံ သိက်ခိတဗ်ဗံ –ယသေဉ်စ ယသေံ မယံ
ပရိဘုဉ်ဇာမ၊ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ
တေသံ တေ ကာရာ မဟပ္ဖလာ ဘဝိဿန္တိ မဟာနိသံသာ , အမှာကဉ္စေဝါယံ
ပဗ္ဗဇ္ဇာ အဝဉ္ဈာ ဘဝိဿတိ သဖလာ သဥဒွယာ’တိ။
ဧဝဉှိ ဝေါ, ဘိက်ခဝေ, သိက်ခိတဗ်ဗံ – ‘အတ်တတ်ထံ ဝါ, ဘိက်ခဝေ,
သမ်ပဿမာနနေ အလမဝေ အပ်ပမာဒနေ သမ်ပာဒတေုံ၊ ပရတ်ထံ ဝါ,
ဘိက်ခဝေ, သမ်ပဿမာနနေ အလမဝေ အပ်ပမာဒနေ သမ်ပာဒတေုံ၊
ဥဘယတ်ထံ ဝါ, ဘိက်ခဝေ, သမ်ပဿမာနနေ အလမဝေ အပ်ပမာဒနေ
သမ်ပာဒတေု’’’န်တိ
(သတ္တကနိပါတ်၊ အဂ္ဂိက္ခန္ဓောပမသုတ်၊အံ(ပါ))

မေတ္တာများစွာဖြင့် ဘုန်းကံသာ (၂၈-၅-၂၅)

10/05/2025

တသ္မာတိဟ, အာနန္ဒ, ဧဝံ သိက္ခိတဗ္ဗံ –
‘ဥတ္တရုတ္တရိ ပဏီတပဏီတံ ဝါယမ
မာနာ အနုတ္တရံ ဝိမုတ္တိံ သစ္ဆိကရိဿာ
မာ’တိ။ (အံ၊၅၊ဂဝေသီသုတ္တံ)

 #၁-ပဌမ သမ္မတ္တနိယာမသုတ်🪷🪷🪷🙏🙏🙏🪷🪷🪷၁၅၁။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ...
09/05/2025

#၁-ပဌမ သမ္မတ္တနိယာမသုတ်
🪷🪷🪷🙏🙏🙏🪷🪷🪷
၁၅၁။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့်
မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
#ဟောကြားသော တရားကို မထီမဲ့မြင် ပြု၏။
#တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြု၏။
#မိမိကိုယ်ကို မထီမဲ့မြင် ပြု၏။
#စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်မတည်ကြည်ဘဲ တရားနာ၏။
#မသင့်သောအားဖြင့်လည်း နှလုံးသွင်း၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို
နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့်
မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို
နာသည်ရှိသော့်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့်
မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
#တရားကို မထီမဲ့မြင် မပြု။
#တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြု။
#မိမိကိုယ်ကို မထီမဲ့မြင် မပြု။
#စိတ်မပျံ့လွင့်သည်ဖြစ်၍ စိတ်တည်ကြည်လျက် တရားနာ၏။
#သင့်သောအားဖြင့်လည်း နှလုံးသွင်း၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို
နာသည်ရှိသော်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့်
မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။

ကူးယူဖော်ပြ ပူဇော်မျှဝေပါသည်။
မေတ္တာများစွာဖြင့် ဘုန်းကံသာ (9-5-25)

 #ကိုးဆယ်ဆသာလိမ့်မယ်wwwwwwwwwwwwwwwwwwwwwwwwwwwby Kyaw Kyawမနေ့ညက အမေနှင့်ကျနော်စကားများခ့ဲသည် ။ ထွေထွေထူးထူး ပြဿနာတော့မ...
09/10/2024

#ကိုးဆယ်ဆသာလိမ့်မယ်
wwwwwwwwwwwwwwwwwwwwwwwwwww
by Kyaw Kyaw

မနေ့ညက အမေနှင့်ကျနော်စကားများခ့ဲသည် ။
ထွေထွေထူးထူး ပြဿနာတော့မဟုတ်
အမေ့အပ််ချုပ််ထည််လေးများ လာအပ််သောသူတို့မှာ တချို့သောသူများက ရသည့်အခကြေးငွေကနည်းနည်း သူတို့ တင််တင််စီးစီးပြောသောစကားများက သည်းခံရသည််က များများဖြစ််နေသဖြင့်
အဲဒီလို လူမျိုးများကို အပ်ထည်လက််မခံသင့်ဟု အကြံပေးသည််မှစ၍ စကားများသည်
ထို့နောက် ကျနော် အိပ်ယာဝင််ခ့ဲသည် ။

----------

သည်နေ့မှ … နေက လွန်စွာပူပြင်းလှ၏ . . .
ဆိုက္ကားကလည်း ပွဲတော််ရက််မို့ ဆွဲကောင်းသဖြင့်
ကျနော် တစ်မနက််လုံးအားကုန်သုံး၍ ငွေရှာရတော့ဗိုက််က အလွန်ဆာလောင််လာသည် ။
မနက်ကတော့ အိပ််ရာနိုးနိုးချင်း အမေအသင့်နယ်ပေးထားသော ပဲပြုတ်နဲ့ထမင်းကြမ်းးလွေးခ့ဲသော်လည်း
ယခုတော့ ဗိုက်ကဆာလာလေပြီ
အချိန်ကိုကြည့်တော့ ၁၁ : ၃၀
ပုံမှန်အိမ်ပြန် ထမင်းစားနေကျထက် နာရီဝက်စောပြန််ခ့ဲသည် . . .။

အိမ်ရောက််တော့ . . .
အလိုက်သိသော ညီမလေးကထွက်ကြို၏ . . .

' ကိုကြီး ထမင်းစားတော့မလား '

" အင်းး "

' ခဏ လေးနားပါဦးလား … အမေဟင်းမကျက််သေးလို့
ညီမလေး စောနကမှ ဘဲဥ( ၃ ) လုံးဝယ််လာတာ ကိုကြီးကြိုက််တ့ဲ ဘဲဥချည်ဟင်း အမေခုချက််နေတယ် ခဏဆိုရပြီ ကိုကြီး '

" ဟာ . . . . . "

ပင််ပန်းလွန်းနေသောကျနော်
ဗိုက််ဆာလွန်းနေသောကျနော်
စဉ်းစားဉာဏ်ကင်းမ့ဲစွာအတွေးနယ််ချဲ့မိတော့သည် ။

တစ်မနက််လုံး ဟင်းချက််ချိန်ရပါလျှက်
အမေ ဘာကြောင့်မချက််လေသလဲ ?
ညကလည်း , ညီမလေးကတဆင့် တနေကုန် ရသမျှပိုက််ဆံ ပေးခ့ဲသည်
ကျနော်တစ်ပြားမှမယူထားးး

ကျနော် ဒီလောက်မိသားစုအပေါ်ချစ််ခ့ဲတန်ဖိုးထားခ့ဲပါလျှက်
အမေက … ညကစကားများခြင်းကို
ဟင်းချက််ချိန် နောက််ကျပြခြင်းဖြင့်ဆန္ဒပြခြင်းဖြစ်လိမ့်မည််ဟု ဆုံးဖြတ်ချက််ချလိုက်သည် . . . ။

" ရော့ . . . ညီမလေး ၅၀၀
နင််လည်းဗိုက်ဆာရင် အပြင််မှာတခုခုသာထွက်စားတော့ . . . "

ပြောပြောဆိုဆိုဖြင့် ကျနော်အိမ်ပြင််သို့ ဆိုက္ကားပြန်ထုတ်၍ ထွက်လာခ့ဲသည် ။
အပြင်အထွက် အမေ့စက််ခုံပေါ်မှ
အကျၤ ီအဖြူ (ချုပ်လက်စ)လက််ရှည်တစ်ထည် ဝင််တိုက်မိ၍ ပြုတ်ကျသွားသည်
ပြန်ကောက််တင််ဖို့ စိတ်ကူးမိသော််လည်း ( ကျနော် ပြန်မကောက််မိ . . . )

_________________

ညဥ့်တော်တော်နက်မှ ကျနော်အုံနာထံသို့ဆိုက္ကားအပ်ကာ အိမ်ပြန်ခ့ဲ၏

အိမ်အဝင်ဝမှာ မလင်းတလင်း မီးကျောက်လေးဖြင့် စာကျက််ရင်းစောင့်နေ သော
ညီမလေး . . .

" ကိုကြီး ရေအရင််ချိုးမလား . . .
ညီမလေး ထမင်းပြင််ထားပေးမယ်လေ "

' အေးးးး အေးးး '

အိမ်အဝင််ဝက အမေ့စက်ခုံပေါ်တွင် ကျနော်မနက်က ပြန်မ ကောက််ခ့ဲသော အကျၤ ီအဖြူလက််ရှည််လေးကအပြီးအစီး ဝတ််ရန်အသင့် ဖြစ််နေလေပြီ . . .
အမေ့ကို လှမ်းကြည့်တော့ အခန်းထဲတွင် ဘုရားရှိခိုးနေသည် ။

ရေချိုးပြီး ထမင်းစားမည်လုပ်တော့
ကြမ်းပြင်ပေါ်မှ ဟင်းပန်းကန်တွင်
ဘဲဥ ၆ ခြမ်း
ငပိရည် တခွက်
တို့စရာ တစ်ပန်းကန်
ထမင်းအိုးလှမ်းကြည့်တော့
မနက်က ဆန်သုံးလုံးချက်ထားသည်မှာ နဂိုအတိုင်းရှိနေဆဲ . . .

နာရီကိုကြည့်တော့ ည ၁၁ နာရီ ,

' ညီမလေး , နင် မနက််က ထမင်းမစားဘူးလား ?
အခုရော မစားရသေးဘူးးလား '

ခေါင်းငုံ့နေ သော ညီမလေးက မဖြေ
' ဟ့ဲ , ငါမေးနေတယ်လေ . . . '

ကျနော့်လေသံတို့ ပြင်းထန်လာသည်
( ကျနော့်မိသားစုကို ကျနော်အရာရာထက်ပိုချစ််သည် )

" အမေ , တနေကုန် ဘာမှမစားဘူးကိုကြီး
ငိုပဲငိုနေတယ် . . .
ညီမလေးလည်း စားချင််စိတ်မရှိဘူးး "

' ဟာ , ဘာဖြစ််ပြန်ပြီလဲ . . . '

" ကိုကြီး မနက်က ထမင်းမှ မစားသွားတာ "

' ငါမစားတာက ဟင်းမှမကျက််တာ ဟ
ငါ ညကတည်းကပိုက််ဆံ အကုန်ပေးထားတယ်လေဟာ '

" ညက ပိုက််ဆံက , အမေ
မနက်ဖြန်ကိုကြီးမွေးနေ့မှာ ဘုရားသွားရင်ဝတ်ဖို့ ပိတ်စဝယ်လိုက််တာ ကုန််သွားတယ်
အဲဒါ … အထည်လာရွေးတ့ဲလူစောင့်ရင်း
ဟင်းချက််ချိန်နောက််ကျသွားတာပါ ကိုကြီး ,
အမေ့ စက််ခုံပေါ်ကအကျၤ ီအဖြူလက််ရှည်က မနက်ဖြန်ကိုကြီး ဘုရားသွားရင်ဝတ်ဖို့ အမေဒီနေ့တစ်နေကုန် ငိုရင်း ချုပ်ထားတာ "

' ဟာ '
သွားပြီ
မှားးးးးးးပြီ , . . ,

ကျနော့်မျက်လုံးအစုံတို့သည် . . .
ထရံကျိုးတိုးကြဲတဲ အမေ့အခန်းလေးဆီသို့ . . .

အမေ့ အခန်းလေးမှ
အမေဘုရားရှိခိုးအပြီး
အရာအားလုံး အမျှဝေပြီးနောက််ဆုံးတွင် … … …

" မိဘ နှင့် ညီမလေးကို အပင်ပန်းခံ လုပ််ကျေွးနေ သော သားကြီး ဘေးအန္တရယ််ကင်းပါစေ
လူချစ််လူခင် ပေါပါစေ . . .
ကူညီဖေးမ စောင့်ရှောက််မည့်သူများလည်းပေါ၍
ကိုယ််စိတ်ကျန်းမာပါစေ . . . "

အားလုံးးးးး ကြားးးကြသမျှ အမျှ အမျှ အမျှ
အားလုံးးးးး ကြားးးကြသမျှ အမျှ အမျှ အမျှ
အားလုံးးးးး ကြားးးကြသမျှ အမျှ အမျှ အမျှ
အမျှ ဝေသံအဆုံးတွင် . . .

ကျနော်ပြေးဝင်သွားပြီး
အမေ့ခြေဖဝါးတွင် ကျနော့်မျက်နှာကပ်လျှက် . . .

အမေကတော့
ထာဝရခွင့်လွှတ်သော အပြုံးဖြင့်
ကျနော့် မျက််ရည််တွေ သုတ်ပေးနေလေရဲ့ . . . . .

( ညီမလေးကတော့ ကျနော်နှင့် အမေ့ကို ဖက်လျှက် မျက််ရည်တွေသာ စီးကျနေတော့သည် )

 #ငြိမ်းအေးရန်မှန်း မြတ်ရဟန်း🍀🍀🍀🪷🙏🪷🍀🍀🍀 #ကောင်းစွာ တည်ကြည်သည်ဖြစ်၍  #ငြိမ်သက်သော ကိုယ်  #ငြိမ်သက်သော နှုတ်  #ငြိမ်သက်သော ...
08/10/2024

#ငြိမ်းအေးရန်မှန်း မြတ်ရဟန်း
🍀🍀🍀🪷🙏🪷🍀🍀🍀
#ကောင်းစွာ တည်ကြည်သည်ဖြစ်၍
#ငြိမ်သက်သော ကိုယ်
#ငြိမ်သက်သော နှုတ်
#ငြိမ်သက်သော စိတ်ရှိသော
#လောကီစည်းစိမ် အရှိန်အစော် စသည်ကို
ထွေးအန်ပြီး​သော ရဟန်းကို
#ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုအပ်၏။

(ဓမ္မပဒ၊ဂါထာ-၃၇၈)မှ ဖော်ပြ

မေတ္တာများစွာဖြင့် ဘုန်း ကံ သာ(8-10-24)

07/10/2024

🙏ဘေးရန်ခပ်သိမ်း🙏
🙏ငြိမ်းတော်မူသော မြတ်စွာဘုရား 🙏 🥰သတ္တဝါအားလုံး🥰
🪴ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🪴
(8-10-24)

20/09/2024

🙏ဘေးရန်ခပ်သိမ်း🙏
🙏ငြိမ်းတော်မူသော မြတ်စွာဘုရား 🙏 🥰သတ္တဝါအားလုံး🥰
🪴ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🪴
(21-9-24)

11/09/2024

ရေကြီးနေသောနေရာများအတွက်
အထောက်ကူဖြစ်ကြပါစေ
----------------------------------------------

#နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405(မိုးစေတနာ)
09404590001(မိုးစေတနာ)
09677080162(တပ်ကုန်းမီးသတ်)
09677080126(တပ်ကုန်းမီးသတ်)
လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
0943106859
ဒို့လယ်ဝေးပရဟိတလူငယ်များအသင်း

09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504(စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834(စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676(ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505(စေတနာလူမှုကူညီရေးအသင်း)
09420720713(စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335(ကရုဏာရှင်ပရဟိတအသင်း)
09786545509(ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455(သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)

07/09/2024

🙏ဘေးရန်ခပ်သိမ်း🙏
🙏ငြိမ်းတော်မူသော မြတ်စွာဘုရား 🙏 🥰သတ္တဝါအားလုံး🥰
🪴ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🪴
(8-8-24)

06/09/2024

🙏ဘေးရန်ခပ်သိမ်း🙏
🙏ငြိမ်းတော်မူသော မြတ်စွာဘုရား 🙏 🥰သတ္တဝါအားလုံး🥰
🪴ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🪴
(7-8-24)

03/09/2024

🙏ဘေးရန်ခပ်သိမ်း🙏
🙏ငြိမ်းတော်မူသော မြတ်စွာဘုရား 🙏 🥰သတ္တဝါအားလုံး🥰
🪴ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🪴
(4-9-24)

31/08/2024

🙏ဘေးရန်ခပ်သိမ်း🙏
🙏ငြိမ်းတော်မူသော မြတ်စွာဘုရား 🙏 🥰သတ္တဝါအားလုံး🥰
🪴ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🪴
(1-9-24)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ကံသာပရိယတ္တိစာသင်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share