FMI City စေတီဖြစ်မြောက်ရေး

FMI City စေတီဖြစ်မြောက်ရေး နတ္ထိ လောကေ အနိဒ္ဒိတော
လောက၌ ကဲ့ရဲ့လွတ်သူမရှိ
(ဗုဒ္ဓ)

မနက်ဖြန် နိုဝင်ဘာလ ၅ ရက်နေ့5.11.2025 ရက် ဗုဒ္ဓဟူးနေ့တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်ကြီး၏ တောင...
04/11/2025

မနက်ဖြန် နိုဝင်ဘာလ ၅ ရက်နေ့
5.11.2025 ရက် ဗုဒ္ဓဟူးနေ့
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်ကြီး၏ တောင်ဖက်မုခ် ဝေဇယန္တာဥယျာဥ်တော်ကြီးတွင်
” မီးပုံးပျံ အလုံး ၅၀ လွှတ်တင်ပါမည်။
မြို့တော်အတွင်းရှိ မြို့တော်သူမြို့တော်သားအပေါင်းတို့အား
”မုန့်ဟင်းခါး(ဒေါ်တင်ရီ) ဖြင့်ဧည့်ခံကျွေးမွေးပါမည်ဟု
သတင်ကောင်းပါးအပ်ပါသည်ခင်ဗျား

ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်တောင်ဖက်မုခ်...”ဝေဇယန္တာဥယျာဥ်”တော်တည်ဆောက်ရေးများဆောင်ရွက်ဆဲ
14/10/2025

ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်
တောင်ဖက်မုခ်...
”ဝေဇယန္တာဥယျာဥ်”တော်
တည်ဆောက်ရေးများဆောင်ရွက်ဆဲ

သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲဣစ္ဆာသယဆုတောင်းပြည့်စေတီတော်၌အဘိဓမ္မာနေ့အခါသမယ...မီးထွန်းပွဲ နှင့် စတုဓိသာ လာရောက်သူမျာ...
07/10/2025

သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ
ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်၌
အဘိဓမ္မာနေ့အခါသမယ...
မီးထွန်းပွဲ နှင့် စတုဓိသာ
လာရောက်သူများ...စည်ကား

ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်အပတ်စဥ် စနေ လုပ်အားပေးတောင်ဖက်မုခ် ဝေဇယန္တာဥယျာဥ်တည်ဆောက်ရေး
13/09/2025

ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်
အပတ်စဥ် စနေ လုပ်အားပေး
တောင်ဖက်မုခ် ဝေဇယန္တာဥယျာဥ်တည်ဆောက်ရေး

ထွမ်စဖာကြီး ရွှေ့ခြင်းသရဖီ Lot အတွက် မြေအောက်ကြိုးလမ်းအားခွဲဖြတ် မြှပ်နှံခြင်း🙏🙏🙏
03/09/2025

ထွမ်စဖာကြီး ရွှေ့ခြင်း

သရဖီ Lot အတွက် မြေအောက်ကြိုး
လမ်းအားခွဲဖြတ် မြှပ်နှံခြင်း
🙏🙏🙏

-မြေအောက်လျှပ်စစ်လိုင်းများ ပြန်လည်ရှာဖွေခြင်း..-ထွမ်စဖာခုံ ရွှေ့ရန် ခုံတည်ဆောက်ပြီးအပတ်စဥ်စနေ လုပ်အားပေးစေတီတော်သန့်ရှင...
29/08/2025

-မြေအောက်လျှပ်စစ်လိုင်းများ ပြန်လည်ရှာဖွေခြင်း..
-ထွမ်စဖာခုံ ရွှေ့ရန် ခုံတည်ဆောက်ပြီး
အပတ်စဥ်စနေ လုပ်အားပေး
စေတီတော်သန့်ရှင်းရေးမြေညှိရေး

လုပ်အားပေးများအား နံနက်စာဖြင့် ဧည့်ခံပါမည်

စေတီတော်ကြီး၏ တောင်ဖက်မုခ် ထွမ်စဖော်မာကြီး ပရဝဏ်ဒေါင့်သို့ ရွှေ့ပြောင်းနေသောလုပ်ငန်းစဥ်...
27/08/2025

စေတီတော်ကြီး၏ တောင်ဖက်မုခ်
ထွမ်စဖော်မာကြီး ပရဝဏ်ဒေါင့်သို့ ရွှေ့ပြောင်းနေသောလုပ်ငန်းစဥ်...

ယနေ့ ၂၃-၈-၂၅ ရက် စနေနေ့တွင်အပတ်စဥ်စနေနေ့တိုင်း စေတီတော်ကြီးပရဝဏ်သန့်ရှင်းရေး လုပ်အားပေးခြင်းလုံခြုံရေးဝန်ထမ်းများ နှင့် ...
23/08/2025

ယနေ့ ၂၃-၈-၂၅ ရက် စနေနေ့တွင်
အပတ်စဥ်စနေနေ့တိုင်း စေတီတော်ကြီးပရဝဏ်သန့်ရှင်းရေး လုပ်အားပေးခြင်း
လုံခြုံရေးဝန်ထမ်းများ နှင့် သန့်ရှင်းစိမ်းလန်းဝန်ထမ်းများ လုပ်အားပေးကြပါသည်။

ပုံပါ တောင်ဖက်မုခ် လမ်းမကြီးနှင့်စေတီတော်ကြီးအား ကြည်ညိုနိုင်ကြပါသည်။

တောင်ဖက်မုခ်ပရဝဏ်အဝင်ဝတွင်
နှစ်ကြာဟောင်းနွမ်းနေသော ထွမ်စဖော်မာကြီးတခု မြင်တွေ့ကြရမည်ဖြစ်ပါသည်။

စေတီတော်ကြီး၏ ဥယျာဥ်တော်တည်ဆောက်ရေးအတွက် ထွမ်စဖာကြီးမှာ အနှောင့်အယှက်မဖြစ်ရလေအောင်
အနောက်ဖက်ပရဝဏ်စည်းရိုးအခြေသို့
ရွှေ့ပြောင်းရမည်ဖြစ်ပါသည်

မြို့တော်တွင်းအိမ်များအား လျှပ်စစ်မီးပေးဝေရေးမီးကြိုးများကိုလည်း မြေအောက်မှ ဆွဲမည်ဖြစ်ပါသည်။

သဒ္ဓါကြည်လင် ပါရမီရှင်များအနေဖြင့်
နည်းများမဆို ကုသိုလ်ယူလှူဒါန်းနိုင်ပါမှ
မိမိတို့မြို့တော်ကြီး၏ အထင်ကရစေတီတော်ကြီးသည် စိတ်ချမ်းမြေ့ကြည်ညိုဖွယ် သပ္ပါယ်စွာတင့်တယ်ပါမည်။

စုပေါင်းအားဖြင့် နည်းများမဆိုကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်ခင်ဗျာ။

တောင်ဖက်မုခ် အဝင်လမ်းနံဘေးတွင်ယခင် ထွမ်စဖာ အဟောင်းရှိနေပုံမှာ ဟောင်းမြင်းနေခြင်းနှင့် အန္တရာယ်မကင်းချေရှိနေပုံကို ဖော်ပြ...
18/08/2025

တောင်ဖက်မုခ် အဝင်လမ်းနံဘေးတွင်
ယခင် ထွမ်စဖာ အဟောင်းရှိနေပုံမှာ ဟောင်းမြင်းနေခြင်းနှင့် အန္တရာယ်မကင်းချေရှိနေပုံကို ဖော်ပြပါသည်။
ဤထွမ်စဖော်မာကို ပရဝဏ်၏ ဒေါင့်၌နေရာချရပါမည် ။ တိုင်များပြန်စိုက်ရမည် ။ ကရိန်းဖြင့် ထွမ်စဖာအိုး ရွှေ့ရမည် ။ ကြိုးလိုင်းမီးလိုင်းများ ပြန်လည်ဖော်ဆောင်ရမည် ဖြစ်သည်။
Sky way ဆွဲလျင် မြေပြင်ပေါ်ရှုပ်သည့်အတွက်
Underground လိုင်းများဆွဲရပါမည်။

ပရဝဏ် မြေဖြန့်ပြီး သစ်ပင်စိုက် မြက်ခင်းပြင်ပြုလုပ်ခြင်း ထိုင်ခုံဇရပ်ဆောက်ခြင်း တို့နှင့်

မြောက်ဖက်မုခ်နေရာတွင်
အာရုံခံတန်ဆောင်း (ဇရပ်) ဆောက်လုပ်ရန်လည်း Master Plan အတိုင်း ဆက်လက်ကြည်ညိုဖွယ်များ တည်ဆောက်ခြင်းလုပ်ငန်းတို့အတွက်

မြို့တော်သူမြို့တော်သား ရှိရင်းစွဲအလှူရှင်များမှ... ထပ်လောင်း လှူဒါန်းရန်
သဒ္ဓါ တတ်အားသ၍ ကုသိုလ်တော်ထည့်ဝင်လှူဒါန်းနိုင်ကြပါရန် အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်ခင်ဗျား

15/08/2025

၂၀၂၁ ခုနှစ်လယ်လောက်တွင်တော့
ယခုလို စေတီတော်မြတ်ကြီးပေါ်ပေါက်လာပါဖို့
စတင် ပန္နက်ရိုက် အုတ်မြစ်ချခဲ့ပါသည်။
မြို့တော်သူ မြို့တော်သားများသည်
အင်မတန်သဒ္ဓါတရားကြီးမားစွာ လှူဒါန်းကြမှုတို့ကြောင့် ဖြစ်ပါသည် ။
ယခု ၂၀၂၅ ခုနှစ်ကုန်ခါနီးထိ ” ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်ကြီး ” ဆက်လက်ကြည်ညိုဖွယ် အာရုံခံ တန်ဆောင်း ၊ ဇရပ် စသည်တို့ တည်ဆောက်ရေး..
မြေညှိမြေဖို့ ။ မြက်ပင်ပန်းပင် ။ ထိုင်ခုံ ။ စသည်တို့ကို တဆင့်ချင်း တဆင့်ချင်း တည်ဆောက်မှုအတွက် ဘဏ္ဍာရေးအင်အား နည်းသဖြင့် မြို့တော်အသင်းမှ တချို့တို့ကိုစိုက်ထုတ်လုပ်ဆောင်နေသည်ကိုတွေ့ရသည်။
မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါသည်။ လုပ်အားပေးဒါနလဲ အပါအဝင်ဖြစ်ပါသည်ခင်ဗျာ

Address

Yangon

Telephone

+959792225580

Website

Alerts

Be the first to know and let us send you an email when FMI City စေတီဖြစ်မြောက်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share