The Word of God.

The Word of God. All nation will save and to more know about salvation of Jesus Christ by this page.

03/05/2026

#ထာဝရမပြောင်းမလဲတည်ရှိတော်မူသောဘုရားသခင်
#ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။(ဆာလံ၊၁၀၂:၂၂)
#နေ့ရက်အချိန် ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း(ဆာလံ၊၁၀၂:၂၃)
#ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။(ဆာလံ၊၁၀၂:၂၄)

 #အမျိုးသားကျမ်းစာသင်တန်းဖိတ်ကြားခြင်း          မြန်မာနိုင်ငံသတင်းကောင်းနှစ်ခြင်းအသင်းတော်၊ ရန်ကုန်အဖွဲ့ချုပ်မှ အမျိုးသာ...
25/04/2026

#အမျိုးသားကျမ်းစာသင်တန်းဖိတ်ကြားခြင်း
မြန်မာနိုင်ငံသတင်းကောင်းနှစ်ခြင်းအသင်းတော်၊ ရန်ကုန်အဖွဲ့ချုပ်မှ အမျိုးသားကျမ်းစာသင်တန်းကိုအောင်ဖော်ပြပါအတိုင်း Zoom အားဖြင့်သင်ကြားပို့ချမည်ဖြစ်ပါသဖြင့်အသင်းတော်အသီးသီးမှယုံကြည်သူများအားလုံးနှုတ်ကပတ်တော်ခံယူနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်-
#ခေါင်းစဉ်နှင့်ကျမ်းချက်
∆ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့်အညီလူယောက်ကျား
ကိုဖန်ဆင်းခြင်း(က/၁:၂၆-၂၈/မသ/၁၉:၄/မာ ၁၀:၆)
#သင်ကြားပေးမည့်သူ (Rev.မော်ဒကဲထန်းရှိန်း)
#နေ့ရက်အချိန်
၁-၅-၂၀၂၆(သောကြာနေ့)
နေ့လည် ၁:၀၀ နာရီမှ ၃:၀၀ နာရီထိ
7300037000
Code 123@

16/04/2026
16/04/2026

success

16/04/2026

#စစ်မှန်သောအောင်မြင်မှု

 #ဓမ္မသီချင်းစာအုပ်များရပါပြီ #ဝတ်ပြုကိုးကွယ်ခြင်းများတွင်အသုံးပြုရန်ဓမ္မသီချင်းစာအုပ်များကိုလိုသလောက်ဆက်သွယ်မှာယူနိုင်ပ...
02/04/2026

#ဓမ္မသီချင်းစာအုပ်များရပါပြီ
#ဝတ်ပြုကိုးကွယ်ခြင်းများတွင်အသုံးပြုရန်ဓမ္မသီချင်းစာအုပ်များကိုလိုသလောက်ဆက်သွယ်မှာယူနိုင်ပါပြီ #
#တစ်အုပ်လျင်(၄၀၀၀)ကျပ်ပါ
#ဆရာအောင်ကျော်ထွေး(၀၉၄၄၈၅၃၆၄၃၁)
#ဆရာစောဂျရတ်(09261989985)
#သတင်းကောင်းစာပေ၊အမှတ်(၆၄၆)၊ခဝဲခြံ(၂)လမ်း၊အနောက်ကြို့ကုန်း၊မရမ်းကုန်းမြို့နယ်၊အင်းစိန်။

 #ဘုရားသခင်ပဲပြန်​ပြောပါ​စေ..           #အကျွန်ုပ်အသက်ကိုရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြ...
30/03/2026

#ဘုရားသခင်ပဲပြန်​ပြောပါ​စေ..

#အကျွန်ုပ်အသက်ကိုရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။
အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်လူကဲသို့ ဖြစ်ပါ၏။နားမကြား၊ ပြန်၍မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ၏။
အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ကိုးစားပါ၏။ အကျွန်ုပ်၏အရှင်ဘုရား သခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။"
(ဆာလံ၊၃၈း၁၂-၁၅)
#မိမိမ​ကောင်း​ကြောင်းကိုတစ်စုံတစ်​ယောက်ကမဟုတ်မမှန်အပုပ်ချ...အတင်းအဖျင်း​သတင်းလွှင့်လို့..လူ​တွေရဲ့အထင်အမြင်လွဲမှားမှုခံရသည့်အခါ...လူ့သဘာဝအရ..ပြန်လည်တုန့်ပြန်ချင်သည်...​​​ဖြေရှင်းချင်သည်။
#ထိုကဲ့သို့ပြန်လည်တုန့်ပြန်​ဖြေရှင်းသည့်အခါတစ်တစ်ရံအ​ကောင်းဖြစ်မလာပဲ..ပိုဆိုးသွားသည့်အ​ခြေအ​နေသို့ရောက်ရှိသွားသည့်အခါမျိုးလည်းကြုံရတတ်သည်။
#မိမိကစကား​ပြောပရိယာယ်မကြွယ်ဝ၍​သော်လည်း​ကောင်း...တုန့်ပြန်​ပြောဆိုနိုင်သည့်သတ္တိနှင့်အရည်အချင်းမရှိသည့်အခါတွင်လည်း​ကောင်း..​ရေငုံနူတ်ပိတ်​နေရသည့်အ​ခြေအ​နေလည်းကြုံရတတ်သည်။
#ထိုကဲ့သို့အ​ခြေအ​နေမျိုးတွင်ဆာလံဆရာကဲ့သို့ဘုရားသခင်လက်ထဲကိုအပ်နှံပြီးကိုးစားယုံကြည်ခြင်းကအ​ကောင်းဆုံး​ဖြေရှင်းနည်းပင်ဖြစ်သည်။
#ဘုရားသခင်ကနစ်နာသူ၏ကိုယ်စားအမှန်တရားကိုလူ​တွေသိမြင်လာ​အောင်လုပ်​ဆောင်​ပေးသွားမှာဖြစ်ပါသည်။
အားလုံးကိုဘုရားသခင်​ကောင်းကြီး​ပေးပါ​စေ...
Moses Aung Kyaw Htwe
May God bless you all.

" #ကောင်းသောအရာမလိုအောင်ထောက်ပံ့ပေးထားသောထာဝရဘုရား""ထာဝရဘုရား၏သန့်ရှင်းသူတို့ထာဝရဘုရားကိုကြောက်ရွှံကြလော့။ကြောက်ရွှံသောသ...
27/03/2026

" #ကောင်းသောအရာမလိုအောင်ထောက်ပံ့ပေးထားသောထာဝရဘုရား"
"ထာဝရဘုရား၏သန့်ရှင်းသူတို့ထာဝရဘုရားကိုကြောက်ရွှံကြလော့။ကြောက်ရွှံသောသူတို့၌ဆင်းရဲခြင်းမရှိရာ။ခြင်္သေ့တို့သည်ဆင်းရဲ၍ငတ်မွတ်ခြင်းခံရသော်လည်းထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရာ"(ဆာ၊၃၄:၉-၁၀)
#ကျွန်တော်တို့ ယုံကြည်သူတော်တော်များများကိုယ်ကြိုက်တဲ့အရာ၊လိုချင်တာတွေပဲဦးစားပေးပြီးဘုရားသခင်ထံတောင်းလေ့ရှိကြတယ်။မရရင်စိတ်မကောင်းဖြစ်ကြတယ်။ကျွန်တော်တို့လိုချင်တဲ့အရာ၊ကြိုက်တဲ့အရာကအန္တရယ်ဖြစ်မယ်ဆိုရင်ဘုရားသခင်ကပေးမှာမဟုတ်ဘူး။ဒီကနေ့ကျမ်းစာကသွန်သင်တဲ့အရာကထာဝရဘုရားကကျွန်တော်တို့ရဲ့ဖခင်ဖြစ်တဲ့အတွက် ကျွန်တော်တို့လိုချင်တဲ့အရာ၊ကြိုက်တဲ့အရာထက် "ကောင်းတဲ့အရာ" တွေတစ်စုံတစ်ခုမှမလိုအောင်ပေးထားပြီးသားဖြစ်တယ်လို့သွန်သင်ပါတယ်...
#ခြင်္သေ့ဆိုတာတောဘုရင်ဖြစ်တယ်၊တစ်နာရီကိုမိုင်၄၀ကနေ၆၀မိုင်အမြန်နှုန်းနဲ့ပြေးလွှားပြီးသားကောင်ကိုမလွတ်တမ်းဖမ်းပြီးစားသောက်နိုင်တယ်..အစာငတ်စရာအကြောင်းမရှိဘူး......အဲ့လိုအစာငတ်စရာအကြောင်းမရှိတဲ့ခြင်္သေ့ကအစာငတ်ပြီးသေရင်သေသွားမယ်...ထာဝရဘုရားရဲ့သားသမီးတွေကကောင်းတဲ့အရာတွေမလိုအောင်ပြည့်စုံအောင်ရရှိထားပြီးသားဖြစ်တယ်...ဒါကြောင့်ကိုယ့်မှာရှိတဲ့ဘုရားပေးထားတဲ့အရာအတွက်ကျေးဇူးတော်ချီးမွမ်းပြီးရောင့်ရဲတင်းတိမ်ကြပါစို့။ နေ့စဉ်ဘုရားသခင်ကိုကြောက်ရွှံသောစိတ်နဲ့ဘုရားသခင်ကိုရှာသောသူဖြစ်ဖို့တိုက်တွန်းလိုက်ပါတယ် ....
bless you all.
Moses Aung Kyaw Htwe

 #ထာဝရဘုရား၏ဘုန်းတော် #ထွက်​၊၃၄:၂၉၊မောရှေသည် သက်သေခံချက် ကျောက်ပြား    နှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအ...
20/03/2026

#ထာဝရဘုရား၏ဘုန်းတော်
#ထွက်​၊၃၄:၂၉၊မောရှေသည် သက်သေခံချက် ကျောက်ပြား နှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။
#ထွက်၊၃၄:၃၀။အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကိုမြင်သောအခါ၊ သူ၏မျက်နှာအရေထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။
မောရှေသည်ရက်ပေါင်း(၄၀)တိတိ၊ဘုရားသခင်ထံမှနှုတ်ကပတ်တော်ခံယူ၍ဘုရားသခင်နှင့်မျက်နှာချင်းဆိုင်မိတ်သ ဟာယဖွဲ့ ခဲ့သောကြောင့်သိနာတောင်ပေါ်မှပြန်ဆင်းလာသောအခါတွင်ထာဝရဘုရား၏ဘုန်းတော်ကသူ၏မျက်နှာမှာထင်ဟပ်ပေါ်လွင်နေခဲ့သည်။
#ထိုကဲ့သို့ပင်ယနေ့ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များသည်
လည်းထာဝရဘုရားသခင်နှင့်ဆုတောင်းခြင်း၊ကျမ်းစာဖတ်ရှုလေ့လာခြင်းဖြင့်နေ့စဉ်မိတ်သဟာယဖွဲ့နေမည်ဆိုလျှင်၊သန့်ရှင်းသောဝိညာဉ်တော်ကနှုတ်ကပတ်တော်အားဖြင့်တစ်ဦးချင်းစီ၏အသက်တာကိုပြုပြင်ပေးပါသည်။
ထိုကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ပုံသွင်းပြူပြင် ပေးခြင်းကိုနာခံသောအားဖြင့်ဘုရားသခင်၏ဘုန်းတော်ကနာခံသောသူ၏အသက်တာမှာထင်ရှားပေါ်လွင်နေမှာဖြစ်ပြီးထာဝရ ဘုရား၏စိတ်တော်ကိုကျေနပ်နှစ်သက်အားရစေမှာဖြစ်ပါသည်။
#သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်း သောအမှုကိစ္စကို ပြုကြလော့။(၁ကော၊၁၀:၃၁)
#ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။(၂ကော၊၃:၁၈)
May God bless you all.
Moses Aung Kyaw Htwe

Address

​မေတ္တလမ်း
Yangon
CENTRALPOSTOFF,YANGON

Telephone

+959448536431

Website

Alerts

Be the first to know and let us send you an email when The Word of God. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to The Word of God.:

Share