ကျွန်းနက် နိဗ္ဗာန်ကုန် Black Teak Group

  • Home
  • Myanmar
  • Yangon
  • ကျွန်းနက် နိဗ္ဗာန်ကုန် Black Teak Group

ကျွန်းနက် နိဗ္ဗာန်ကုန် Black Teak Group နိဗ္ဗာန်ကုန် ပစ္စည်းများ

ယနေ့ ကျရောက်တဲ့ November လ 1 ရက်မှစ၍မိမိဆီ ကံကောင်းခြင်းများစွာ ရရှိပါစေ ဖေဖေ နဲ့ မေမေ လည်း ကျန်းမာ ချမ်းသာ ရှိပါစေလို့ ...
31/10/2024

ယနေ့ ကျရောက်တဲ့ November လ 1 ရက်မှစ၍
မိမိဆီ ကံကောင်းခြင်းများစွာ ရရှိပါစေ ဖေဖေ နဲ့ မေမေ လည်း ကျန်းမာ ချမ်းသာ ရှိပါစေလို့ ဆုတောင်းလိုက်ပါတယ် မိမိရဲ့ အလုပ်ကိုင်တွေလည်း အဆင်ပြေပါစေ အပေါ်ယံ အပေါင်းသင်းး များမှလည်း ကင်းဝေးပါစေလို့ ဆုတောင်းလိုက်ပါတယ် ❤️🙏

မိမိချစ်ရသူများပါ ကျန်းမာလို့ ချမ်းသာကြပါစေ
မြန်မာပြည်လဲ အမြန်ဆုံးအေးချမ်းပါစေ🙏🙏🙏

ဤစာဖတ်နေသောသင်သည် 2024 Aug 1.မှစ၍ တစ်နှစ်လုံးငွေတွေအများကြီးဝင်ပါစေ၊ ဘေးရန်ကင်းပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ မှုရပါစေ၊ ...
31/07/2024

ဤစာဖတ်နေသောသင်သည်
2024 Aug 1.မှစ၍ တစ်နှစ်လုံး
ငွေတွေအများကြီးဝင်ပါစေ၊
ဘေးရန်ကင်းပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ မှုရပါစေ၊ လိုရာဆန္ဒပြည့်ဝပါစေ၊🙏

27/07/2024

Mount Popa Myanmar #ပုပ္ပါး ☘️🙏

ကိုလည်းဒီလိုပုံစံရှိခိုးခဲ့တာ အိမ်ကမိသားစုကိုလည်းဒီလိုပဲသင်ပေးတာ ဆရာတော်ကြီးကအခုလိုမိန့်လိုက်တော့ ကိုယ့်ရဲ့ဘာသာတရားအပေါ်...
22/07/2024

ကိုလည်းဒီလိုပုံစံရှိခိုးခဲ့တာ အိမ်ကမိသားစုကိုလည်းဒီလိုပဲသင်ပေးတာ ဆရာတော်ကြီးကအခုလိုမိန့်လိုက်တော့ ကိုယ့်ရဲ့ဘာသာတရားအပေါ်ထားရှိတဲ့စေတနာနဲ့လုပ်ဆောင်ချက်ကို အခြေခံဘုရားရှိခိုးတာမှစ၍မမှားဘူးဆိုတာတွေ့ရလို့ကိုယ့်ကိုကိုယ်ကျေနပ်ပီတိဖြစ်မိပါတော့သည်ဗျာ....

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏
#ဒကာကြီး
#ဘုရား🙏
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။
( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
" #ဒေါင်းယောင်ဆောင်သော__ကျီး"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....
( ၅ ) #သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
#ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်

မဟာသမယသုတ်တော်ထဲမှာပါတဲ့ နတ်ဘီလူး ၃၇ပါးလူ နဲ့ ရဟန်းတို့ကို ကာကွယ်‌ပေးသောဗုဒ္ဓဟောကြား နတ်ဘီလူး(၃၇)ပါး။ (ဘီလူး ၆+ နတ် ၃၁)၁...
20/07/2024

မဟာသမယသုတ်တော်ထဲမှာပါတဲ့ နတ်ဘီလူး ၃၇ပါး

လူ နဲ့ ရဟန်းတို့ကို ကာကွယ်‌ပေးသော
ဗုဒ္ဓဟောကြား နတ်ဘီလူး(၃၇)ပါး။
(ဘီလူး ၆+ နတ် ၃၁)

၁။ ဣန္ဒ (သိကြားမင်း)
၂။ သောမ (လ နတ်သား)
၃။ ဝရုဏ နတ်မင်း
၄။ ဘာရဒွါဇ နတ်
၅၊ ပဇာပတိ နတ်
၆။ စန္ဒန နတ်
၇။ ကာမသေဋ္ဌ နတ်
၈။ ကိန္နုဃဏ္ဍု နတ်
၉။ နိဂဏ္ဍု နတ်
၁၀။ ပနာဒ နတ်
၁၁။ သြပမည နတ်
၁၂။ မာတလိ နတ်
၁၃။ စိတ္တသေန နတ် (ဂန္ဓဗ္ဗ နတ်မင်း)
၁၄။ နဠောရာဇ နတ်
၁၅။ ဇနေသဘ နတ် (ဇနဝသဘ နတ်)
၁၆။ သာတာဂိရ ဘီလူး 👹
၁၇။ ဟေမာဝတ ဘီလူး 👹
၁၈။ ပုဏ္ဏက ဘီလူးမင်း 👹
၁၉။ ကရတိယ နတ်
၂၀။ ဂုဠ နတ်
၂၁။ သိဝက နတ် (မုစလိန္ဒရေအိုင်နတ်)
၂၂။ ဝေဿာမိတ္တ နတ်
၂၃။ ယုဂန္ဓရ နတ်
၂၄။ ဂေါပါလ နတ်
၂၅။ သုပ္ပရောဓ နတ်
၂၆။ ဟိရိ နတ်
၂၇။ နေတ္တိ နတ်
၂၈။ မန္ဒိယ နတ်စစ်သူကြီး
၃၉။ ပဉ္စာလ စဏ္ဍ ဘီလူး 👹
၃၀။ အာဠဝက ဘီလူး 👹
၃၁။ ပဇ္ဇုန္န နတ်

၃၂။ သုမန နတ်
၃၃။ သုမုခ နတ်
၃၄။ ဒဓိမုခ နတ်
၃၅။ မဏိ နတ် (ကျောက်မျက်ရတနာ)
၃၆။ မာဏိဝရ နတ်
၃၇။ ဒီဃ ဘီလူး 👹

buddah's law

ဒီပုံဟာ တရားဦးဓမ္မစကြာဟောကြားနေတဲ့ပုံပါ။ဘယ်နိုင်ငံက လက်ရာလဲ မပြောတတ်။ အရင်ကဆိုရင်  တရားနာနေတဲ့ ပဉ္စဝဂ္ဂီ ငါးဦးကို သင်္ကန...
20/07/2024

ဒီပုံဟာ တရားဦးဓမ္မစကြာဟောကြားနေတဲ့ပုံပါ။
ဘယ်နိုင်ငံက လက်ရာလဲ မပြောတတ်။
အရင်ကဆိုရင် တရားနာနေတဲ့ ပဉ္စဝဂ္ဂီ ငါးဦးကို
သင်္ကန်းဝတ်ပြီး ခေါင်းတုံးထားတဲ့ ရဟန်းအသွင်နဲ့ပဲ
ဆွဲကြတာ သတိထားမိတယ်။

ဒီပုံမှာတော့ တစ်ယောက်ပဲ ရဟန်းဝတ်သဏ္ဍာန်ရှိပြီး
ကျန်တာက အဖြူဝတ်ယောဂီဟန်တွေ။

ဒီလို ဘာလို့ဆွဲသလဲ ဆိုရင်
ဝါဆိုလပြည့်နေ့ ဓမ္မစကြာတရားနာတဲ့အခါ
ငါးဦးလုံးပြိုင်တူနာတာဖြစ်ပေမယ့်
အရှင်ကောဏ္ဍည တစ်ပါးပဲ သောတာပန်ဖြစ်တာ။
ဓမ္မစကြာတရားနာပြီးတဲ့အခါ "ရဟန်းဖြစ်ပါရစေ" ဆိုပြီး
ရဟန်းပြုခွင့်တောင်းတာကလည်း
အရှင်ကောဏ္ဍညတစ်ပါးပဲ တောင်းတာ။
ကျန်တဲ့ လေးပါးက ရဟန်းပြုခွင့် မတောင်းဘူး။

(ဓမ္မစကြာကို ဖတ်တဲ့အခါ သတိထားကြည့်ပါ)

ဒါကြောင့် ဒီပုံထဲက ရဟန်းတော်ဟာ
အရှင်ကောဏ္ဍညမထေရ် ဖြစ်ပါတယ်။
ဓမ္မစကြာဟောတဲ့နေ့ဟာ ဝါဆိုလပြည့်နေ့ည။
အဲဒီညမှာ အရှင်ကောဏ္ဍညက သောတာပန်ဖြစ်တယ်။
ရဟန်းဖြစ်တယ်။

ကျန်တဲ့ လေးပါးက သောတာပန်လည်း မဖြစ်။
ရဟန်းပြုခွင့်လည်း မတောင်းကြသေးပါဘူး။
ဒါကြောင့် ဘုရားက ဓမ္မစကြာကို ကျန်တဲ့လေးပါးအတွက်
နောက်ထပ် လေးရက် ဆက်ဟောပေးရတာပါ။

ဝါဆိုလပြည့် - အရှင်ကောဏ္ဍည
လပြည့်ကျော် ၁ရက် အရှင်ဝပ္ပ
လပြည့်ကျော် ၂ရက် အရှင်ဘဒ္ဒိယ
လပြည့်ကျော် ၃ရက် အရှင်မဟာနာမ
လပြည့်ကျော် ၄ရက် အရှင်အဿဇိ

ဒီလိုမျိုး #ဓမ္မစကြာကို ဝါဆိုလပြည့်နေ့ကနေ
လပြည့်ကျော် ၄ ရက်နေ့အထိ
၅ ရက် ဆက်ဟောပေးရပါတယ်။
တစ်ရက်ကို တစ်ပါးစီ သောတာပန် တည်ပါတယ်။
ရဟန်းပြုခွင့်ကိုလည်း သောတာပန်တည်မှ တောင်းတာ
ထင်ပါတယ်။

လပြည့်ကျော် ၄ ရက်နေ့ကျတော့
ပဉ္စဝဂ္ဂီငါးဦးလုံးက ရဟန်းလည်းဖြစ်နေပြီ
သောတာပန်လည်းဖြစ်နေကြပြီ။
ဉာဏ်တွေက ရင့်ကျက်ပြီ။ Ready ဖြစ်ပြီပေါ့။

ဒါကြောင့် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့မှာ
"အနတ္တလက္ခဏသုတ်" ကို ဟောတာပါ။
အနတ္တလက္ခဏသုတ်ကို နာပြီးတဲ့အခါ
ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။

ဖြည့်စွက်။ ။ ဘုရားရဲ့ရောင်ခြည်တော်နေရာမှာ
လှည်း ရထားတို့ရဲ့ စက္ကခေါ်တဲ့ ဘီးပုံသဏ္ဍာန်
ထည့်ဆွဲထားပါတယ်။
ဒါကလည်း ဘုရားရှင်ဟာ
သူ့ရဲ့ ဓမ္မ ဆိုတဲ့တရားဘီးကြီး (ဓမ္မစက္က) ကို
စတင်လည်ပတ်ပြီ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။
ပြီးတော့ ဒီစက်ဘီးကြီးကိုမြင်တာနဲ့
ဓမ္မစကြာသင်္ကေတဆိုတာ သိသာလှပါတယ်။


မူလမျှဝေသူနဲ့အတူ ပြန်လည်မျှဝေသူများကို
ကျေးဇူးတင်ပါတယ် ✨✨✨
တရားထူးတရားမြတ်ရကြပါစေ ✨🙏✨

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ ၊ အဓိပ္ပါယ်၊ ရှင်းတမ်း ၊ လှူဒါန်းရကျိုး ဓမ္မဒါန မျှဝေပါတယ် ☘️🙏
20/07/2024

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ ၊ အဓိပ္ပါယ်၊ ရှင်းတမ်း ၊ လှူဒါန်းရကျိုး ဓမ္မဒါန မျှဝေပါတယ် ☘️🙏

ဝါတွင်း(၃)လ " နေ့အလိုက် မေတ္တာသုတ် " ရက်ပေါင်း (၉၀) အဓိဌာန်ဝင်ချင်သူများ ဖိတ်ခေါ်ပါတယ်(20-7-2024) ရက် ဝါဆိုလပြည့်နေ့မှာ ...
20/07/2024

ဝါတွင်း(၃)လ " နေ့အလိုက် မေတ္တာသုတ် " ရက်ပေါင်း (၉၀) အဓိဌာန်ဝင်ချင်သူများ ဖိတ်ခေါ်ပါတယ်
(20-7-2024) ရက် ဝါဆိုလပြည့်နေ့မှာ စဝင်ရမှာပါ

✨ သက်သတ်လွတ်စားစရာမလိုပါ ။
✨မိမိ စိတ်အခါအားလျှော်စွာ သက်သက်လွတ်စားချင်
ရင် စားနိုင်ပါသည် ။
✨နေ့တိုင်း မပျက်မကွက် မှန်မှန်ရွတ်ဖတ်ရမှာပါ

မေတ္တာသုတ် ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ..

🙏🙏🙏"မေတ္တာသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏

တနင်္ဂနွေဂြိုလ်သက် ၆

တနင်္လာဂြိုလ်သက် ၁၅

အင်္ဂါဂြိုလ်သက် ၈

ဗုဒ္ဓဟူးဂြိုလ်သက် ၁၇

စနေဂြိုလ်သက် ၁၀

ကြာသပတေးဂြိုလ်သက် ၁၉

ရာဟုဂြိုလ်သက် ၁၂

သောကြာဂြိလ်သက် ၂၁

(စုစုပေါင်းဂြိုလ်သက် ၁၀၈)

🙏🙏🙏🙏🙏

၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ

တနင်္ဂနွေသားသမီးများအားလုံး

၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မှီ- "အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မှီ-

"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မှီ-

"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မှီ- "ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မှီ- "သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မှီ- "စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။

၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သီးခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။

၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-

(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ြခင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများ မကျရောက်နိူင်တော့ပါ။

(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။

(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တစျာန်အဆင့်ကိုပင်ရရှိနိူင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။

🙏🙏🙏🙏🙏

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့🙏🙏🙏 ============================ ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသော နေ့...
20/07/2024

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့🙏🙏🙏
============================

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသော နေ့ထူးနေ့မြတ်ကြီး တစ်ရက်ပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝါဆိုလပြည့်နေ့ ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက် ပြာဋိဟာ ဆိုသည့် အတိုင်း ဂေါတမမြတ်စွာ ဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း။ ဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများ ကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့ သည် ဘုရား အဖြစ်ကို ဝန်ခံတော်မူသော နေ့လည်း ဖြစ်သည်။ တရား ရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့ လည်း ဖြစ်သည်။ ပုထုဇဉ် ခရီးမှ အရိယာ ခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန် ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာ တရားတော်များ ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း များ ပြုကြသည့်အပြင် ဝါတွင်းသုံးလတွင် အခြားကာလများ ထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။ ထိုသို့ ထူးခြားသော ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ Black Teak Group မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

သစ်တံခါးဆရာတော်မိန့်ကြားသော " ဝါတွင်း ၁၁၀ ရက် အဓိဋ္ဌာန် "💠 ဝါတွင်း ၁၁၀ ရက် အဓိဋ္ဌာန်ဝင်ချင် သူများအတွက် 📋 တနေ့သုံးကြိမ် ...
18/07/2024

သစ်တံခါးဆရာတော်မိန့်ကြားသော " ဝါတွင်း ၁၁၀ ရက် အဓိဋ္ဌာန် "

💠 ဝါတွင်း ၁၁၀ ရက် အဓိဋ္ဌာန်ဝင်ချင် သူများအတွက်

📋 တနေ့သုံးကြိမ် အဓိဋ္ဌာန်တင်ပါ .....

📖 ပရိတ် ပဋ္ဌာန်းအား အထူးရွတ်ပွားပူဇော်ပါ .....
ပရိတ်ကြီး ၁၁ သုတ် မရွတ်ပွားနိုင်ပါက
ရတနာသုတ် မေတ္တသုတ် အာဋာနာဋိယသုတ်နှင့်
ပဋ္ဌာန်းအကျယ် မဟာသရဏဂုံကျမ်း များအား
တနေ့သုံးကြိမ် အဓိဋ္ဌာန်တင်၍ ရွတ်ပွားပူဇော်ပါ

📿📿 အရဟံသိဒ္ဓိဘဂဝါအောင် ဂုဏ်​တော်အား
အနည်းဆုံး တနေ့ ၁၀ ပတ် ၂၇ ပတ် ၃၇ပတ်
မိမိအဆင်ပြေသည့် အပတ်ရေဖြင့် တနေ့သုံးကြိမ်စိပ်ပွားပါ

🔰🔰လပြည့် လကွယ်နေ့များတွင် အထူးကုသိုလ်ပြုပါ
ထိုနေ့များတွင် ဗောဓိဓာတ်ကိန်းသော ဗောဓိညောင်ဆယ်ပင် ကျင့်စဥ်အား ကျင့်ကြံခြင်း .......
ကမ္ဘာ့မေတ္တာကမ္မဠာန်း ကျင့်စဥ်အားပွားများခြင်း.....
လပြည့်နေ့ထူးတွင် ဆွမ်းတော်ဦးများ ကပ်လှူခြင်းများ
ကုသိုလ်ပြုပါ.....

🕰မနက် ဆယ်နာရီ ဆယ်မိနစ် ည ဆယ်နာရီ ဆယ်မိနစ်များတွင် ဆရာတော်၏ မေတ္တာဓာတ်အား ခံယူကြပါ

ငါးပါးသီလအား အထူးလုံခြုံအောင် စောင့်ထိန်းလျက်
သက်သတ်လွတ်စားခြင်း အသားကြီးငါးကြီး ရှောင်ကြဥ်
မှုများအား မိမိနိုင်သလောက် ရှောင်ကြဥ်ကြပါ....

သတ္တဝါတွေ အေးချမ်းလိုကြောင်း အထူးမေတ္တာပို့သကြပါ။

#ဟိန်းထက်စာပေမှမျှဝေပါသည်။

ယနေ့အတွက် စာစု -
16/07/2024

ယနေ့အတွက် စာစု -

Address

Yangon

Telephone

+95943038565

Website

Alerts

Be the first to know and let us send you an email when ကျွန်းနက် နိဗ္ဗာန်ကုန် Black Teak Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share