24/05/2026
မေတ္တာသုတ်တရားတော် (ပထမပိုင်း) {၁၄}
Mettā Sutta (First Part) (14)
✨ မေတ္တာသုတ်တော်သည် ရွတ်ဖတ်ရန်မဟုတ်... လက်တွေ့ ကျင့်ကြံကြရန် မြတ်စွာဘုရားရှင် ဟောကြားခဲ့ခြင်းဖြစ်၏။✨
The Mettā Sutta was taught by the Buddha not merely for recitation, but for practical practice and cultivation in real life.
⚜️ မေတ္တာသုတ် ပရိတ်တွင် ရွတ်ဖတ်ရန် တိုက်တွန်းသော အမွန်းတွင်ပါရှိသည့် အကျိုးအာနိသင် အနှစ်သာရနှင့်
🍀 မြတ်စွာဘုရားရှင်မှ "ကရဏိယမတ္ထကုသလေန " မှစ၍ ဟောကြားထားသော ကျင့်စဉ်တရားများ၏ အနှစ်သာရ ကွာခြားမှုကိုလည်း နာကြားကြရပါမည်။
In the Mettā Sutta Paritta, we should understand the difference between the benefits mentioned for chanting and the deeper essence of the practices taught by the Buddha beginning with “Karaṇīyam-attha-kusalena.”
ဟိမဝန္တာတောအုပ်တွင် ဝါဆိုရန်လာရောက်ကြသော ရဟန်း၅၀၀တို့အား ရုက္ခစိုး၊ ဘုမ္မစိုးတို့သည် ကြည်ညိုခြင်းမရှိသည့်အတွက် ခြောက်လှန့်ကြသောကြောင့် ရဟန်းတို့သည် ထိုနေရာတွင် မနေဝံ့ကြပဲ ထိတ်လန့်တုန်လှုပ်စွာဖြင့်မြတ်စွာဘုရားရှင်ထံသို့ သွားရောက်လျောက်ထားကြ၏။
In the Himavanta forest, five hundred monks came to stay for the rainy retreat (Vassa). Because the tree spirits (Rukkha-so) and earth spirits (Bhumma-so) did not respect them, they frightened the monks. The monks became afraid and could not remain there, so they went to the Buddha and reported the matter.
သီလ၊ သမာဓိ၊ ပညာမပြည့်စုံမှုကြာင့် နတ်တို့မကြည်ညိုသဖြင့် ခြောက်လှန့်ကြသည်ကို သိတော်မူ၊ မြင်တော်မူသော မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား လိုအပ်နေသော အကျင့်တရားတို့ကို ကျင့်ကြံနိုင်ရန် နည်းလမ်းပြဆုံးမ၍ ထိုနေရာသို့ပင် ပြန်သွား၍ ကျင့်ကြံကြရန် မိန့်ကြားတော်မူလေ၏။
The Buddha understood that the monks were lacking in Sīla (morality), Samādhi (concentration), and Paññā (wisdom), and therefore the spirits did not respect them and frightened them. So the Buddha taught them the necessary practices and instructed them to return to that same place and continue their practice there.
မိမိတို့၏ မှားယွင်းသောနှလုံးသွင်းနှင့်အကျင့်မပြည့်စုံမှု လိုအပ်ချက်ကို သိမြင်လာသောရဟန်းတို့သည် မြတ်စွာဘုရားရှင်ဟောကြားဆုံးမသည့် အတိုင်းကျင့်ကြံရန် နှလုံးသွင်း၍ ပြန်လည်လာရောက်ကြသောအခါ နတ်တို့မှ ခြောက်လှန့်ခြင်း မပြုတော့ပဲ ကြည်ညိုစွာဖြင့် ခရီးဦးကြိုပြုခြင်း၊ ကူညီခြင်းတို့ကိုပြုကြ၏။
Realizing their own wrong attitudes and lack of practice, the monks returned and practiced according to the Buddha’s teachings. When they came back, the spirits no longer frightened them but instead respectfully welcomed them and offered their help.
ရဟန်းတို့သည်လည်း ဝါတွင်း ၃လအခါပတ်လုံး မြတ်စွာဘုရားရှင် ဆုံးမလိုက်သည့်အတိုင်း ကြိုးစားကျင့်ကြံကြသဖြင့် ထိုဝါ၌ပင် အာသဝေါကုန်ခမ်း ရဟန္တာအဖြစ်သို့ရာက်တော်မူကြလေ၏။
The monks practiced diligently throughout the three months of the rainy retreat according to the Buddha’s guidance, and within that very retreat they eradicated all Āsava (defilements) and attained Arahantship.
ဤအပိုင်း(၁)တရားတော်တွင် ...
In this first part of the Dhamma discourse:
👉 မြတ်စွာဘုရားရှင်မှ ရဟန်း ၅၀၀တို့အား>>>
လောကီ၊ လောကုတ္တရာအကျိုးစီးပွါးနှင့်ပြည့်စုံ၍ လောကတစ်ခုလုံးသို့ မေတ္တာအပြန်အလှန်ဖြန့်ကျက်ဖို့ "စွမ်းနိုင်သူ" တို့၏ ဂုဏ်ရည်နှင့် စွမ်းနိုင်သူဖြစ်လာစေရန် ကျင့်ကြံဖြည့်ကျင့်ရမည့် အကျင့်တရားများကို ဤသို့ဟောကြားတော်မူခဲ့၏။
The Buddha explained to the five hundred monks the noble qualities of those who are capable of spreading loving-kindness throughout the whole world, and the practices that must be cultivated to become such capable persons.
⚜️ လောက၌ အကျိုးစီးပွါးနှင့် ပြည့်စုံစေပြီး မိမိသဏ္ဍန်၌ ကိလေသာငြိမ်းအေးသော နိဗ္ဗာန်ကိုအလိုရှိသူသည် သစ္စာ လေးပါးတရားကို ထိုးထွင်း၊ သိမြင်၊ ကျင့်သုံးနိုင်စွမ်းသူဖြစ်ရမည်ဟု ဦးစွာဟောကြားတော်မူ၏။
First, the Buddha taught that one who wishes to gain both worldly and supramundane benefits and attain Nibbāna, where defilements are extinguished, must be able to understand, realize, and practice the Four Noble Truths.
🍀 Sakko – one should be capable and courageous without fear.
🍀 သက္ကော ~ ထိတ်လန့်တုန်လှုပ်ခြင်းကင်းစွာ စွမ်းနိုင်သူ အဖြစ်ကိုရဖို့၊
🍀 Uju ca Suju ca – one should be upright and honest in body and speech.
🍀 ဥဇူ သုဟုဇူ ~ ကိုယ်နှုတ်ကို ဖြောင့်မတ်စွာ ထားနိုင်သူဖြစ်ဖို့ ကျင့်ကြံရမည့် နည်းလမ်းကိုလည်းကောင်း၊
🍀 One should be easy to advise and teach.
🍀 ဆိုဆုံးမလွယ်ခြင်း၊
🍀 One should be gentle and humble.
🍀 နူးညံ့သိမ်မွေ့ခြင်း၊
🍀 One should not be proud or arrogant.
🍀 မာန်မာနဖြင့် ဝါကြွားခြင်းမရှိခြင်း၊
🍀 One should be easily content.
🍀 ရောင့်ရဲလွယ်ခြင်း၊
🍀 One should live easily and be adaptable in any situation.
🍀 မွေးမြူလွယ်ခြင်း (အခြေနေတိုင်းမှာ မွေ့လျှော်နိုင်သူ)၊
🍀 One should have few duties and responsibilities.
🍀 အမှုကိစ္စနည်းခြင်း၊
🍀 One should live a simple and light livelihood.
🍀 ပေါ့ပါးသော အသက်မွေးမှုရှိခြင်း၊
🍀 By understanding the Four Noble Truths, these qualities can be fully developed.
🍀 စသည့်စွမ်းနိုင်သူတို့၏ ဂုဏ်ရည်နှင့်တကွ သစ္စာလေးပါးကို မိမိသဏ္ဍန်တွင်ထိုးထွင်းသိမြင်ခြင်းဖြင့် ထိုဂုဏ်ရည်အင်္ဂါရပ်များဖြင့် ပြည့်စုံနိုင်ပုံကို၄င်း၊
ထိုသို့စွမ်းနိုင်သူသာလျှင် လောကတစ်ခုလုံးသို့ မေတ္တာဖန့်ဝေနိုင်ကြောင်းကို ရှုမှတ်ကျင့်ကြံနည်းနှင့်တကွအသေးစိတ် ဟောကြားထားသည်ကို နာကြားကြရပါမည်။ ဤတရားတော်ကို နာကြားကြပြီး သကာလ လောကတစ်ခုလုံးသို့ မေတ္တာဖြန့်ကျက်နိုင်သော စွမ်းနိုင်သူအဖြစ်ကို ရနိုင်ကြပါစေကုန်သတည်း။
Only those who cultivate these qualities can truly spread loving-kindness throughout the whole world. By listening to and practicing this Dhamma, may we all become capable of radiating loving-kindness to the entire world.
#သစ္စာလေးတန်ဆရာတော်အရှင်အရိယဓမ္မ #ဘုရားတရား #သံဃာတရား #မေတ္တာသုတ် #သာဓုသာဓုသာဓု🙏🙏🙏 #မြန်မာ