22/08/2026
🍀 စိတ်၏ ငြိမ်းအေးရာနှင့် ဝိပဿနာ
လောကီ အာရုံတွေနောက်ကို လိုက်နေသမျှ ကာလပတ်လုံး စိတ်၏ စစ်မှန်သော အေးချမ်းမှုကို ရရှိနိုင်မည် မဟုတ်ပါ။
မိမိ၏ စိတ်ကို သမာဓိဖြင့် တည်ငြိမ်အောင် ထိန်းသိမ်းပြီး ခန္ဓာ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အမှန်တရားကို ဝိပဿနာဉာဏ်ဖြင့် ထွင်းဖောက် သိမြင်အောင် ကြိုးစား အားထုတ်ခြင်းသည်သာလျှင် စစ်မှန်သော ငြိမ်းအေးရေးသို့ ရောက်ရှိနိုင်မည် ဖြစ်၏။
(ဖားအောက်တောရ ဆရာတော်ကြီး၏ တရားဓမ္မ အနှစ်ချုပ် ဩဝါဒမှ)
————————————————
🍀 Peace of Mind and Vipassana Meditation
As long as we continue to pursue worldly objects and pleasures, we will not be able to attain true peace and tranquility of mind.
Only by cultivating a calm and steady mind through Samādhi (concentration), and striving to deeply understand the true nature of the five aggregates—impermanence (anicca), suffering (dukkha), and non-self (anattā)—through Vipassana insight meditation, can we progress towards genuine inner peace and liberation.
(From a Dhamma teaching and summary of guidance by the Venerable Pa-Auk Tawya Sayadawgyi)