Missionary Sisters of St. Paul, Myanmar

Missionary Sisters of St. Paul, Myanmar The MSP Congregation was founded in 1990.

26/05/2026
HUMANITY IS MAGNIFICENT! ဒစ်ဂျစ်တယ်ခေတ်မှာ ပုပ်ရဟန်းမင်းကြီးကလူငယ်တွေကို သတိပေးထားပါတယ်။ ဉာဏ်ရည်တု Artificial Intelligen...
26/05/2026

HUMANITY IS MAGNIFICENT!
ဒစ်ဂျစ်တယ်ခေတ်မှာ ပုပ်ရဟန်းမင်းကြီးက
လူငယ်တွေကို သတိပေးထားပါတယ်။ ဉာဏ်ရည်တု Artificial Intelligence ဟာ အချက်အလက်တွေကို လုပ်ဆောင်နိုင်ပေမဲ့ လူသားရဲ့ စိတ်၊ ဝိညာဉ်၊ စစ်မှန်တဲ့ မေတ္တာနဲ့ ကိုယ်ချင်းစာတတ်တဲ့ စွမ်းရည်တွေကို ဘယ်တော့မှ အစားထိုးလို့ မရပါဘူး။

နည်းပညာနဲ့မောင်းနှင်နေတဲ့ ဒီလောကမှာ ရုန်းကန်နေရတဲ့ လူငယ်အားလုံးကို ပြောချင်တာက- အယ်ဂိုရီသမ်တွေကို သင့်ကိုယ်သင်ဘယ်သူဖြစ်တယ်ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုခွင့် မပေးလိုက်ပါနဲ့။ နည်းပညာကို စည်းလုံးညီညွတ်မှုနဲ့ လူထုအကျိုးအတွက် ကိရိယာတစ်ခုအဖြစ် လက်ခံပါ။ ဒါပေမဲ့ သင့်ဘဝကို စစ်မှန်တဲ့ လူသားဆက်ဆံရေး၊ သနားကြင်နာမှုနဲ့ ယုံကြည်ခြင်းပေါ်မှာ အမြဲတည်ဆောက်ထားပါ။

သင်တို့ဟာ အနာဂတ်ရဲ့ နှလုံးသားပါပဲ—တီထွင်မှုရဲ့ အလယ်မှာ လူသားဂုဏ်သိက္ခာကို ဗဟိုပြုထားပါ!

Today, Pope Leo XIV released his highly anticipated first encyclical, "Magnifica Humanitas" (Safeguarding the Human Pers...
25/05/2026

Today, Pope Leo XIV released his highly anticipated first encyclical, "Magnifica Humanitas" (Safeguarding the Human Person in the Time of Artificial Intelligence).

ဘုရားသခင်၏ကျေးဇူးတော်ကြောင့် May 22, 2026 ရက်နေ့တွင် Sr. Christine Zarni, MSP သည် Doctor of Philosophy (Ph.D.) in Theolo...
22/05/2026

ဘုရားသခင်၏ကျေးဇူးတော်ကြောင့် May 22, 2026
ရက်နေ့တွင် Sr. Christine Zarni, MSP သည်
Doctor of Philosophy (Ph.D.) in Theology major in Missiology ဒေါက်တာဘွဲ့ကိုဆွတ်ခူးနိုင်ခဲ့ပါပြီ။
Sr.Christine Zarni သည် Master ဘွဲ့ကို
Scripture major ဖြင့်လည်းပြီးမြောက်ခဲ့သူဖြစ်ပါသည်။
စစ္စတာရ်ရဲ့အောင်မြင်မှုအတွက် ကျွန်ုပ်တို့သာသနာပြု
စိန်ပေါလ်အသင်းဂိုဏ်းမှ ဝမ်း‌မြောက်ဂုဏ်ယူပါတယ်။
ကိုယ်တော်ရှင်ပေးသော ပညာနှင့် အသင်းဂိုဏ်းအတွက်၊
သာသနာတော်အတွက်၊အများအတွက်
ရှေ့ဆက်များစွာဆက်ကပ်နိုင်ပါစေ။
Congratulations Sister 👏

စိန်ပေါလ်မူကြိုကျောင်းဆောင်သစ်ဖွင့်လစ်ခြင်း    .......................................................................လာ...
18/05/2026

စိန်ပေါလ်မူကြိုကျောင်းဆောင်သစ်ဖွင့်လစ်ခြင်း
.......................................................................
လားရှိုးဂိုဏ်းအုပ်သာသနာ၊ ကောင်းခါးတိုက်နယ်...
လွယ်ခန်ကျေးရွာတွင် မေလ ၁၆ ရက် ၂၀၂၆ တွင် စိန်ပေါလ်မူကြိုကျောင်းဆောင်သစ်ကို အခက်အခဲများ အမျိုးမျိုးကြားမှ ဘုရားရှင်၏ ကျေးဇူးတော်ကြောင့်
အောင်မြင်စွာ ဖွင့်လစ်နိုင်ခဲ့ပါသည် ....အတားအဆီး ခက်ခဲမှုများစွာရှိခဲ့ပါသော်လည်း ဇွဲစိတ်မလျော့ အောင်မြင်လာအောင် ကြိုးစားပေးခဲ့သော ကျေးဇူးရှင်ကြီး၊ငယ် ယောက်တိုင်းစီအားလည်ကောင်း၊ စိန်ပေါလ်ဂိုဏ်း အသင်းဝင် သီလရှင်များအားလည်ကောင်း၊ လားရှိုးသာသနာ
ကောင်းခါးတိုက်နယ် ကောင်းခါး community တာဝန်ခံ Sr. Cecilia Kaw Nan နှင့် community စစ္စတာရ်များအားလည်း အထူးပဲကျေးဇူးတင် Missionary Congregations of Sisters of St.Paulအသင်းဂိုဏ်းမှဂုဏ်ပြုမှတ်တမ်းအပ်ပါသည်။

၂/၅/၂၀၂၆သာသနာပြုစိန်ပေါလ်သီလရှင်အသင်းဂိုဏ်းဝင် စစ္စတာရ်ကြီးမာရီးယားအငယ်ထွေး၏ ဆက်ကပ်ခြင်း၂၅ နှစ်ပြည့်ငွေစင်ဂျူဗီလီ‌ပွဲ‌ တ...
02/05/2026

၂/၅/၂၀၂၆
သာသနာပြုစိန်ပေါလ်သီလရှင်အသင်းဂိုဏ်းဝင် စစ္စတာရ်ကြီးမာရီးယားအငယ်ထွေး၏ ဆက်ကပ်ခြင်း၂၅ နှစ်ပြည့်ငွေစင်ဂျူဗီလီ‌ပွဲ‌ တော်မြတ်ကို လက်ရှိတာဝန်ထမ်းဆောင်‌နေ‌သော မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ၊ နမ္မတီးတိုက်နယ် မြို့ဦး စိန်ဒေါမိနစ်ဘုရားကျောင်း၌ ‌ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Peter Tu Hkawng ဦးဆောင်၍ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို စည်စည်ကားကား ကျင်းပခဲ့ကြသည်။

ကျေးဇူးတော်များအားလုံးအတွက်
ကိုယ်တော်ဘုရားရှင်အားကျေးဇူးတင်ပါ၏။

ငြိမ်းချမ်းရေးမှာ ကန့်သတ်ချက်တွေ ဒါမှမဟုတ် နယ်နိမိတ်တွေ မရှိပါဘူး။ ငြိမ်းချမ်းရေးဟာ အားလုံးအတွက်ပါ။Peace has no limits o...
01/05/2026

ငြိမ်းချမ်းရေးမှာ ကန့်သတ်ချက်တွေ ဒါမှမဟုတ် နယ်နိမိတ်တွေ မရှိပါဘူး။ ငြိမ်းချမ်းရေးဟာ အားလုံးအတွက်ပါ။
Peace has no limits or boundaries.
Peace is for all...✍️Z

Sr.Mary stephana MSP ၏ဈာပနအခမ်းအနားပုံရိပ်များဈာပနအခမ်းအနား၌ လာရောက်ပါဝင်ဆုတောင်းပေးကြသော ရပ်နီးရပ်ဝေးမှ အသိမိတ်ဆွေများအ...
01/05/2026

Sr.Mary stephana MSP ၏ဈာပနအခမ်းအနားပုံရိပ်များ
ဈာပနအခမ်းအနား၌ လာရောက်ပါဝင်ဆုတောင်းပေးကြသော ရပ်နီးရပ်ဝေးမှ အသိမိတ်ဆွေများအားလုံးကို Msp Sisters များမှ အထူးကျေးဇူးတင်ရှိပါသည်။

၃၀.၄.၂၀၂၆
သာသနာပြုစိန်ပေါလ်သီလရှင်များ
သန်လျင်မြို့။

သာသနာပြုစိန်ပေါလ်သီလရှင်အသင်းဂိုဏ်းဝင်ဖြစ်သော Sr. Mary Stephena သည် ၂၈.၄.၂၀၂၆ခုနှစ် ညနေ ၆း၃၀နာရီအချိန်တွင် သန်လျင်မြို့အ...
28/04/2026

သာသနာပြုစိန်ပေါလ်သီလရှင်အသင်းဂိုဏ်းဝင်ဖြစ်သော Sr. Mary Stephena သည် ၂၈.၄.၂၀၂၆ခုနှစ် ညနေ ၆း၃၀နာရီအချိန်တွင် သန်လျင်မြို့အုတ်ဖိုစုရပ်ကွက်၊ ဂါလီလေဗဟိုကျောင်း‌‌တော်၌ ဘုရာသခင်ပြန်လည်သိမ်းပိုက်သွားခဲ့ပါသည်။
သူမ၏ဈာပနမိစ္ဆားကို ၃၀ ရက် (ကြာသပတေးနေ့)နံနက် ၁၀:၃၀နာရီအချိန်တွင်ဂါလီလေကျောင်းတော်၌ပြုလုပ်သွားမည်ဖြစ်ပြီး သန်လျင်အမိုးနီသချိုင်းသို့ပို့ဆောင်သဂြိုလ်သွားပါမည်။
သူမ၏ဝိညာဉ်ကယ်တင်ခြင်းရရှိရန်အတွက် သတိယဆုတောင်းပေးကြပါရန်ရပ်နီးရပ်‌‌ဝေးမှမိတ်‌ဆွေများတို့အားမေတ္တာရပ်ခံပါသည်။
၂၉.၄.၂၀၂၆။

ပထမကတိသစ္စာနှင့် ရာသက်ပန်ကတိသစ္စာခံယူခြင်း....              ယနေ့ ၂၇.၄.၂၀၂၆ ခုနှစ်တွင် သာသနာပြုစိန်ပေါလ်သီလရှင်များအသင်းဂ...
27/04/2026

ပထမကတိသစ္စာနှင့် ရာသက်ပန်ကတိသစ္စာခံယူခြင်း....
ယနေ့ ၂၇.၄.၂၀၂၆ ခုနှစ်တွင် သာသနာပြုစိန်ပေါလ်သီလရှင်များအသင်းဂိုဏ်းမှ သီလရှင်(၄)ပါးတို့၏ ရာသက်ပန်ကတိသစ္စာ ခံယူခြင်းနှင့် သီလရှင်လောင်း(၃)ပါးတို့၏ ပထမကတိသစ္စာ ပြုခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဘုရားရှင်အားကျေးဇူးတင်ချီးမွမ်းရင်း လာရောက်ဆုတောင်းပေးကြသော ဆရာတော်များ၊ ရဟန်းတော်များ ၊ အသင်းဂိုဏ်းအသီးသီးမှ သူတော်စင်များ ရပ်နီးရပ်ဝေးမှ မိဘ မောင်နှမများ အသိမိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

သာသနာပြုစိန်ပေါလ်သီလရှင်များ
သန်လျင်မြို့။

Congratulations, dear brothers. May God continue to bless and guide your vocational journey faithfully until the end.
25/04/2026

Congratulations, dear brothers. May God continue to bless and guide your vocational journey faithfully until the end.

Address

22/Theikpan Street, Oak-Pho-Su Quarter
Thanlyin

Telephone

+955622217

Website

Alerts

Be the first to know and let us send you an email when Missionary Sisters of St. Paul, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share