31/05/2026
By the grace of God, our youth group successfully completed the home-visiting prayer program throughout the month of May. 🌿
We are deeply grateful to Fr. Paul Nan, Sr. Paulla, Sr. Theresa, and Sr. Rosy for leading us and praying with us during these visits.
We also extend our heartfelt thanks to all the families who kindly opened their homes to us and welcomed our youth with such generosity. Finally, a special thank you to all the youths who participated and everyone who helped us in various ways to make this program possible.
ဘုရားသခင်၏ ကျေးဇူးတော်ဖြင့်မေလအတွင်း ဘာသာသူများ၏အိမ်များသို့ လူငယ်များ ဘုရားရှိခိုးသွားရောက်ခြင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။
လူငယ်များနှင့်အတူ ဘုရားရှိခိုးသွားရောက်ဖို့အတွက် ဦးဆောင်ပြီး အတူဘုရားရှိခိုးပေးခဲ့ကြပါသော ဖာသာရ်ပေါနန်း၊ စစ္စတာပေါလာ၊ စစ္စတာ Theresa နှင့် စစ္စတာ Rosy တို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် မိမိတို့၏ အိမ်များသို့ ဘုရားရှိခိုးရန်အတွက် စေတနာအပြည့်ဖြင့် လူငယ်များကို နွေးထွေးစွာ ကြိုဆိုလက်ခံပေးခဲ့ကြသော ဘာသာသူမိသားစုဝင်များအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အစီအစဉ်ဖြစ်မြောက်ရန်အတွက် ပါဝင်အားဖြည့်ပေးခဲ့ကြသောလူငယ်များနှင့် အဘက်ဘက်မှ ကူညီပေးခဲ့သောသူအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါသည်။
ဘုရားရှိခိုးသွားရောက်ခဲ့သည့် အစီအစဉ်များမှာ -
မေလ (၃) ရက် - ဖာသာရ်ပေါနန်း၊ စစ္စတာပေါလာနှင့် လူငယ်များ
မေလ (၁၀) ရက် - ဖာသာရ်ပေါနန်းနှင့် လူငယ်များ
မေလ (၁၇) ရက် - ဖာသာရ်ပေါနန်း၊ စစ္စတာပေါလာနှင့် လူငယ်များ
မေလ (၂၄) ရက် - စစ္စတာ Theresa၊ စစ္စတာ Rosy နှင့် လူငယ်များ
(၃၁) ရက် - ဖာသာရ်ပေါနန်း၊ စစ္စတာပေါလာနှင့် လူငယ်များ
တို့ဖြစ်ပါသည်။
အားလုံးပဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ခံစားကြပါစေ။
May God bless you all 🤍🙏
🕊️🕯️