Church of Christ Taunggyi

Church of Christ Taunggyi Love, Laugh, Live
“We love because he first loved us” (1John4:19)

Happy New year 2024.. နှစ်သစ် ကို ပြင်ဆင်ပေးတဲ့ ဘုရားကျေးဇူးတော် ကို ရေတွက်ချီးမွမ်းရင်း.. ယေရှူခရစ်တော် ၏ လမ်းပြခြင်း၊ ...
01/01/2024

Happy New year 2024..

နှစ်သစ် ကို ပြင်ဆင်ပေးတဲ့ ဘုရားကျေးဇူးတော် ကို ရေတွက်ချီးမွမ်းရင်း..

ယေရှူခရစ်တော် ၏ လမ်းပြခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်းမေတ္တာ အယောက်စီတိုင်းအပေါ်သက်ရောက်ပါစေ။

ခရစ်တော်၏ မေတ္တာ၌

ခရစ်တော်၏ အသင်းတော် (ရေအေးကွင်း၊ တောင်ကြီး)

ဘုရားသခင် ၏ လမ်းပြပို့ဆောင် မှုအောက်၌ ၃ ရက်တာ နှုတ်ကပတ်တော် လေ့လာခြင်း အောင်မြင်စွာပြီးဆုံးခွင့်ပေးသော ဘူရားသခင် ၏ နာမတေ...
14/10/2022

ဘုရားသခင် ၏ လမ်းပြပို့ဆောင် မှုအောက်၌ ၃ ရက်တာ နှုတ်ကပတ်တော် လေ့လာခြင်း အောင်မြင်စွာပြီးဆုံးခွင့်ပေးသော ဘူရားသခင် ၏ နာမတော် မင်္ဂလာရှိပါစေ…

အဖက်ဖက် မှ ဆုတောင်းကူညီခြင်းအားဖြင့်သော်လည်းကောင်း ၊ ငွေရေးအားဖြင့်သော်လည်းကောင်း ကူညီပေးသော ဓမ္မမိတ်ဆွေ အယောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းကြီးသက်ရောက်ပါစေ။

အမှုတော် မြတ်၌

ခရစ်တော် ၏ အသင်းတော်
(ရေအေးကွင်း၊ တောင်ကြီး)

20/05/2022

you tube အားကိုးနဲ့
ဘုရားကျောင်းမလာချင်သူများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

သမ္မာတရားကို
ဆာငတ်ခြင်းထက်
မိစ္ဆာအမှားတွေနဲ့
နိမိတ်လက္ခဏာဆာငတ်သူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်

ဆုံးမသွန်သင်ခြင်းနဲ့
အပြစ်ဖေါ်ပြခြင်းကိုနာခံလိုသူထက်
အမြဲတမ်းချော့ပြော
မြောက်ပြော တောင်းတာပေး
လိုချင်တာပေးမှကြိုက်တတ်သူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

ကိုယ်တိုင်လမ်းမှားလိုက်ပြီး
ဘုရားနဲ့ဝေးနေပေမဲ့
သားသမီးတွေကိုလိမ္မာစေချင်
သားသမီးတွေကိုဘုရားနဲ့နီးစေချင်တဲ့ မိဘတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်နေရတယ်။

ဆက်ကပ်ခြင်းဆိုတာကို
ဂုဏ်တခုလိုမှတ်ယူပြီး
အစေခံခြင်းဆိုတာကို
အချိန်ရမှအချိန်ပိုမှဖြစ်နိုင်မယ်လို့
ခံယူသူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

ပေးလှူဖို့အကြောင်းပြောတဲ့အခါ
တွန့်တိုနှမြောနေပြီး
အကျိုးမဲ့သုံးဖြုန်းနေရာမှာ
ရက်ရောသူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

သားသမီးတွေသမ္မာတရား၌ကျင်လည်နေတာကို
မဝမ်းမြောက်တတ်တဲ့
မိဘတွေများသထက်များလာတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

ဘုရားအတွက်လို့
ဂတိတွေပေးပြီး
ကိုယ့်အကျိုးအတွက်အရင်ရှေ့ရှုတတ်သူတွေများနေတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်နေရတယ်။

အချိန်တိုင်းမှာချီးမွမ်းပါ့မယ်
အခြေအနေတိုင်းမှာကိုးကွယ်ပါမယ်လို့
သီချင်းတွေလွယ်လွယ်ဆိုပြီး
ခုန်ပေါက်ကခုန်ရင်းနဲ့
အတွင်းနှလုံးသားကငြီးတွား
ဝိညာဉ်သဘောထားတွေမကြီးပွားသူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

ကယ်တင်ခြင်းစိတ်ချပြီးကြွေးကြော်ရင်း
ယုံကြည်ခြင်းပါတဲ့အသက်တာနဲ့
ကောင်းသောအသက်တာထဲကျငိလည်ဖို့နေနေသာသာ
လမ်းဟောင်းမှာဆက်လက်ပျော်ပါးနေသူတွေ
များတဲ့ခေတ်ကြီးမှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

ခရစ်တော်အုပ်စိုးသော ခရစ်ယာန်အိမ်ထောင်
သင်တန်းတွေကိုတက်ပြီး
မယုံကြည်သူတွေလို
living together များနေတဲ့ခေတ်ကြီးထဲမှာ
ကျနော်သင်းအုပ်ဖြစ်ရတယ်။

ဘုရားအတွက်
အသင်းတော်အတွက်
အမှုတော်ဆောင်တွေအတွက်
ပါဝင်ပေးလှူဆက်ကပ်ဖို့မေ့ဖို့လွယ်သလောက်
ကိုယ်လိုချင်တာ ဘုရားအဖြေမပေးသေးရင်
ကိုယ်ဖြစ်ချင်တာ အသင်းတော်ကအချိန်မှီမဖြည့်ပေးရင်
ကိုယ်ခေါ်တဲ့အချိန်အမှုတော်ဆောင်တွေမရောက်နိုင်ရင်
အပြစ်တင် ကဲ့ရဲ့ဖို့ဝန်မလေးသူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်ရတယိ။

စားသောက်ပျော်ပါးတဲ့နေရာမှာ
တက်ကြွလန်းဆန်းနေသလောကိ
ဝတ်ပြုကိုးကွယ်ရာမှာ
ဖိုသီဖတ်သီနဲ့
လေးလံထိုင်းမှိုင်းသူတွေများတဲ့ခေတ်မှာ
ကျနော်သင်းအုပ်ဖြစ်နေရတယ်။

အိပ်ပျော်နေပါလျှက်နဲ့
မအိပ်ပါဖူး
မျက်လုံးပိတ်ရင်းဒေသနာခံယူနေတာပါလို့
ဒေသနာဆရာကို
သူငယ်တန်းကလေးလိုသဘောထားပြီး
ဗြောင်ကျကျငြင်းတတ်တဲ့သူတွေများတဲ့ခေတ်ထဲမှာ
ကျနော်သင်းအုပိဖြစ်ရတယ်။

ကျေးဇူးတင်ပါတယ် ကိုယ်တော်
စုံလင်တဲ့သူ
ပြည့်ဝတဲ့သူကို
ကိုယ်တော်လိုချင်တာထက်
ရိုးသားတဲ့သူကိုပဲကိုယ်တော်လိုချင်နေတာကိုကျနော်သိနေတော့
ကိုယ်မပြည့်ဝကြောင်း
ကိုယ်မစုံလင်ကြောင်း
ကိုယ်အားနည်းကြောင်းကို
ရဲရဲဝန္ခံ
မာနရှင်းရှင်း
ဟန်ကင်းစင်တဲ့သူတွေကို
ကိုယ်တော့်လက်ထဲပြန်အပ်ပါ့မယ်
ကိုယ်တော့်နိုင်ငံတော်ထဲဆွဲသွင်းပါ့မယ်။
အတုတွေအများကြီးထဲက
အစစ်ကိုရအောင်ရှာပါ့မယ်
ပြာဖုံးနေတဲ့ တောက်မဲ့မီးခဲခပ်ရဲရဲတွေကို
ကိုယ့်တော်နိုင်ငံအတွက်မွေးထုတ်ပါ့မယ်။

စုံလင်ချင်အယောင်ဆောင်နေတဲ့
ပြည့်ဝယောင်ဆောင်နေတဲ့
ရိုးသားဟန်ဆောင်နေတဲ့
ဟန်ဆောင်ကျွမ်းကျင်သူတွေကိုတော့
လောကနဲ့စာတန်ကတော့
ကျေနပ်ပီတိဖြစ်လို့
လောကပေးတဲ့အကယ်ဒမီဆုတခုခုတော့
သူတို့ရပါလိမ့်မယ်။

ခွန်အားပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုယ်တော်။
ရဲရင့်ခြင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ကျနုပ်ကိုယုံသောသူများကြောငိ့
ကျနော်သာ၍ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းတရား
၌တည်ပါ့မယ်။
ဂရုစိုက်ကြည့်နေသူများသောကြောင့်
သာ၍ကိုယ်တော့်သန့်ရှင်းခြင်းထဲမှာတိုးဝင်မွှေ့လျှော်ပါ့မယ်။
ခက်ခဲပေမဲ့ စိန်ခေါ်မှုတွေများပေမဲ့
ဆောင်ရွှက်စရာအမှုများသောကြောင့်
ခရစ်တော်အားဖြင့်သာ၍ရဲရင့်ပါ့မယ်။

ဘုရားသခင်သည်အချိန်တိုငိးမှာကောင်းမြတ်တော်မူ၏
ဟာလေလုယာ အာမင်
ကိုယ့်အကျိုးကိုမကြည့်ပဲ ခရစ်တော်ကိုမျော်ကြည့်လျှက်အစေခံဆက်ကပ်လျှက်ရှိသောယုံကြည်သူများ အခြေအနေတိုင်း
နေရာတိုင်းမှာအမှုတော်ဆောင်နေသောသူများ
သင်းအုပ်များကိုဂုဏ်ပြုလျှက်
ခံစားရေဖွဲ့ပါသည်။

Merry Christmas!! “ #အချိန်ကာလစေ့သောအခါ၊ ငါတို့သည်  #သား၏ အခွင့်အရာ ကိုခံရမည်အကြောင်း၊ ပညတ် တရားလက် ၌ ရှိသောငါတို့ကို ရွ...
25/12/2021

Merry Christmas!!

“ #အချိန်ကာလစေ့သောအခါ၊ ငါတို့သည် #သား၏ အခွင့်အရာ ကိုခံရမည်အကြောင်း၊ ပညတ် တရားလက် ၌ ရှိသောငါတို့ကို ရွေးနုတ်စေခြင်းငှါ၊ မိန်းမဝမ်း ၌ ပဋိသန္ဓေ ယူ၍ ပညတ်တရား အောက်၌ ဘွားမြင်ရသော သားတော် ကို ဘုရားသခင် သည်စေလွှတ်တော် မူ၏။”(ဂလာတိ ၄:၄-၅)

ခရစ်တော်၏အသင်းတော် (ရေအေးကွင်း၊ တောင်ကြီး) ၌ သင်းထောက်တာဝန်အားဖြင့် ပါဝင်အသုံးတော်ခံခဲ့သော ကျွန်တော်တို့ ချစ်ခင်လေးစားရသ...
20/11/2021

ခရစ်တော်၏အသင်းတော် (ရေအေးကွင်း၊ တောင်ကြီး) ၌ သင်းထောက်တာဝန်အားဖြင့် ပါဝင်အသုံးတော်ခံခဲ့သော ကျွန်တော်တို့ ချစ်ခင်လေးစားရသော ဥိးဟီးရားသည်၊ (၂၀.၁၁.၂၀၂၁) နေ့ရက်၌ ခရစ်တော်၏ ရင်ခွင်၌ အိပ်ပျော်သွားပါသည်။

ကျန်ရစ်သူမိသားစုဝင် အယောက်ဆီတိုင်းအတွက် သတိရ ဆုတောင်းကူညီပေးကြပါရန် ခရစ်တော်၏
မေတ္တာ၌ ခေါ်ဖိတ်အပ်ပါသည်။

ဘုရားသခင်၏ ငြိမ်သက်ခြင်း အယောက်စီတိုင်းအပေါ် သက်ရောက်ပါစေ။

“ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။”
(ရှင်ယောဟန် ၁၁:၂၅)

ခရစ်တော်၏ အသင်းတော်
ရေအေးကွင်း၊ တောင်ကြီးမြို့။

ရှင်သန်သော အသင်းတော်၏ သမ္မာကျမ်းစာနှင့်ညီသော လက္ခဏာ(၁၂)ချက်*************************************၁။ သမ္မာတရားနှင့်ညီသော ဧ...
19/10/2021

ရှင်သန်သော အသင်းတော်၏ သမ္မာကျမ်းစာနှင့်ညီသော လက္ခဏာ(၁၂)ချက်
*************************************
၁။ သမ္မာတရားနှင့်ညီသော ဧဝံဂေလိတရား ဟောပြောခြင်း (Biblical Evangelism)
(မဿဲ ၂၈:၁၈-၂၀၊ မာကု ၁၆:၁၅၊ တမန် ၁:၈)
၂။ သမ္မာတရားနှင့်ညီသော တပည့်တော်မွေးဖွားခြင်း (Biblical Discipleship)
(မဿဲ ၂၈:၁၈-၂၀၊ ဧဖက် ၄:၁၁-၁၅၊ ကောလောသဲ ၁:၉-၁၀၊ ၂တိ ၂:၂)
၃။ သမ္မာတရားနှင့်ညီသော အသင်းဝင်ခြင်း (Biblical Membership)
(တမန် ၂:၄၁-၄၇၊ ၄:၃၂၊ ၁၂:၁၊ ဟေဗြဲ ၁၀:၂၃-၂၅)
၄။ သမ္မာတဂါးနှင့်ညီသော ဦးဆောင်ခြင်း (Biblical Leadership)
(၁တိ ၃:၁-၁၃၊ တိတု ၁:၅-၉၊ ဧဖက် ၄:၁၁-၁၃၊ တမန် ၆:၂-၄၊ ၂၀:၂၈)
@သင်းအုပ်ဆရာ(pastor)
@ သင်းထောက်များ(deacons)
၅။ သမ္မာတရားနှင့်ညီသော သွန်သင်ခြင်းနှင့် ဟောပြောခြင်း (Biblical Teaching & Preaching)
(ရောမ ၁၀:၁၇၊ ဧဖက် ၆:၁၉-၂၀၊ ၂တိ ၂:၁၄-၁၆၊ ၃:၁၆-၁၇၊ ၄:၁-၅၊ တိတု ၂:၈)
၆။ သမ္မာတရားနှင့်ညီသော ပဋိညာဉ်တရားတော် (Biblical Two Ordinances)
(မဿဲ ၃:၁၃-၁၇၊ ၂၆:၂၆-၃၀၊ ၂၈:၁၉-၂၀၊ တမန် ၂:၃၇-၄၂၊ ၈:၁၂-၁၃၊ ၂၆-၄၀၊ ၁၀:၄၇-၄၈၊ ရောမ ၆:၁-၁၁၊ ၁ ကော ၁၁:၁၇-၃၄၊ ကောလောသေ ၂:၁၂)
@ ဗတ္တိဇံမင်္ဂလာ
@ ပွဲတော်မင်္ဂလာ
၇။ သမ္မာတရားနှင့်ညီသော ကိုးကွယ်ခြင်း(Biblical Worship)
(မဿဲ ၁၅:၈-၉၊ တမန် ၂:၄၄-၄၇၊ ဧဖက် ၅:၁၉၊ ကောလောသဲ ၃:၁၆-၁၇)
၈။ သမ္မာတရားနှင့်ညီသော ဆုတောင်းခြင်း( Biblical Prayer)
(တမန် ၂:၄၂၊ ၁၂:၅၊ ဧဖက် ၅:၁၉၊ ၆:၁၈-၂၀)
၉။ သမ္မာတရားနှင့်ညီသော မိဿဟာယဖွဲ့ခြင်း (Biblical Fellowship)
(တမန် ၂:၄၁-၄၇၊ ဧဖက် ၅:၁၉-၂၁၊ ၁သက် ၅:၁၁-၁၅၊ ဟေဗြဲ ၁၀:၂၄-၂၅)
၁၀။ သမ္မာတရားနှင့်ညီသော အပြစ်ဖော်ပြခြင်းနှင့် ဆုံးမခြင်း
(Biblical Accountability and Discipline)
(မဿဲ ၁၈:၁၅-၂၀၊ လုကာ ၁၇:၃-၄၊ ၁ကော ၅၊ ကလာတိ ၆:၁-၂၊ ယာကု ၅:၁၉-၂၀)
၁၁။ သမ္မာတရာယနှင့်ညီသော ပေးကမ်းခြင်း (Biblical Giving)
(တမန် ၂:၄၄-၄၅၊ ၁ ကော ၈၊ ၁၆:၁-၄၊ ၂ကော ၉:၆-၇)
၁၂။ သမ္မာတရားနှင့်ညီသော သာသနာပြုခြင်း (Biblical Mission)
(ကမ္ဘာဦးကျမ်း ၁၂:၁-၃၊ ယေရှာယ ၆:၁-၈၊ မဿဲ ၉:၃၇-၃၈၊ ၂၄:၁၄၊ ၂၈:၁၈-၂၀၊ လုကာ ၂၄:၄၆-၄၉၊ ယောဟဟန် ၁၇:၁၅-၁၈)

...

Merry Christmas to you all. .."ယေရှူခရစ်သည် အပြစ်ရှိသော သူတို့ကိုကယ်တင်ခြင်းငါှ၊ ဤလောက သို့ ကြွလာတော်မူသည် ဟူသော စကားသည်...
25/12/2020

Merry Christmas to you all. ..

"ယေရှူခရစ်သည် အပြစ်ရှိသော သူတို့ကိုကယ်တင်ခြင်းငါှ၊ ဤလောက သို့ ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်းဖြစ်၏။" (၁တိ. ၁:၁၅)

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ချစ်ခင်ရသော ဓမ္မ မိတ်ဆွေ ညီအစ်ကို မောင်နှမ များနှငိ့ ၂၀၂၀ ခရစ်စမတ် ကို
ကြိူဆိုရခြငိး နှင့် အတူ..

ယေရှူခရစ် ၏ အကြောင်းကို အသင်းတော် အားဖြင့် ဝေငှ အသုံးတော်ခံခွင့်ပေးသော ဘုရားသခင်၏ ဘုန်းတော် ကမ္ဘာ အဆက်ဆက် ထင်ရှားပါစေသော်...

ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းအလုံးစုံ
ခံထိုက်​​​တော်မှုသော ယေရှူခရစ်တော်၏ နာမတော် ကို ဝန်ခံလျက်...

ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း မေတ္တာ အယောက်စီ တိုင်းအပေါ်ရရှိခံစားရပါစေ။

ခရစ်တော်၏ အသင်းတော်
ရေအေးကွင်း၊ တောင်ကြီးမြို့။

ကြွယ်ဝခြင်း...လောက၏ ကြွယ်ဝခြင်းက သင်ဘယ်လောက် ပိုင်ဆိုင်လဲ/ဘယ်အရာတွေ ပိုင်ဆိုင်လဲ ဆိုသည့်အရာပေါ်၌ မူတည်သော်လည်း... ယေရှူ ...
30/09/2020

ကြွယ်ဝခြင်း...

လောက၏ ကြွယ်ဝခြင်းက သင်ဘယ်လောက် ပိုင်ဆိုင်လဲ/ဘယ်အရာတွေ ပိုင်ဆိုင်လဲ ဆိုသည့်အရာပေါ်၌ မူတည်သော်လည်း...

ယေရှူ ၏ ကြွယ်ဝခြင်းကို ဖော်ပြသည့်အရာကတော့ ပေးကမ်းစွန့်ကြဲ​ခြင်းဖြစ်သည်။

သင်၏ ကြွယ်ဝခြင်းက ဘယ်အရာပေါ်မှာလည်း ချစ်သော ဓမ္မ မိတ်ဆွေ......

ဘုရားသခင်၏ ကူညီမစခြင်း အယောက်စီတိုင်းပေါ်ရှိပါစေ

25/08/2020

Crd. .ဆရာ ရှိုင်းကိုကိုလင်း

ဟုတ်ယောင်ထင် ယုံကြည်မှု
-------------------------------------------------

- ယုံကြည်မှုဆိုတာက လွတ်လပ်စွာ မည်သူမဆို ယုံကြည်လို့ရပါတယ်။ ဒါပေမယ့် ယုံကြည်သမျှ
အားလုံးတော့ မမှန်ဘူးဆိုတာ သတိပြုဖို့
လိုအပ်ပါလိမ့်မယ်။ လူတွေက ကိုယ့်အတ္တနဲ့ ခံစားမှုကို အခြေခံပြီး လက်ခံထားကြတဲ့၊ ယူဆချက်တွေများစွာ ရှိပါတယ်။ မှန်တယ်လို့ လက်ခံထားပြီး မမှန်တာတွေ များစွာရှိပါတယ်။

- ဟုတ်ယောင်ထင်မှုတွေ ဘာသာရေးမှာလည်းများစွာ ကိန်းဝပ်နေတာ တွေ့ရပါတယ်။ အထူး သဖြင့် အားမနာတမ်း ပွင့်လင်းစွာ ပြောရရင် မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်အသိုင်းအဝိုင်း
ကြားမှာ ဝမ်းနည်းစွာ ဟုတ်ယောင်ထင် ယုံ ကြည်မှုများစွာ ရှိနေတယ်ဆိုတာ သူတို့ဖတ်တဲ့စာ၊ အာမင်ပေးတဲ့ Post နဲ့ Share ပြီး ဝေငှနေကြတဲ့ အရာတွေကို လေ့လာရင် သိရှိနိုင်ပါတယ်။ မကြာခင်က ဆရာတစ်ဦးကိုဆဲဆိုထားလို့ ဘုရားသခင်ရဲ့ ကြိမ်ခြင်း အမင်္ဂလာ (သို့) ဘုရားသခင်ရဲ့တရားစီရင်ခြင်းခံရပြီး ကင်ဆာ ဖြစ်တယ်၊ မျက်လုံးကွယ်တယ်၊လေဖြတ်တယ်ဆိုပြီး Facebook မှာ အမှုတော်ဆောင်များ အပါအဝင် ခရစ်ယာန်များစွာ Share & Post လုပလူပျံနေတာ တွေခဲ့ရပါတယ်။ အသိတွေ၊ အမျိုးတွေလည်း အများကြီးပါ။ မေးစရာရှိတာက ဘုရားသခင်ရဲ့ တရားစီ ရင်ခြင်း ဖြစ်တယ်ဆိုတာ ဘယ်လို သူတို့သိလဲ။ ဘုရားသခင်က သူအပြစ်ပေးတာပါလို့ ဖြောင့် ချက်လာပေးလို့လား။ ကျမ်းစာကို အခြေခံပြီးပြောတာလား။ စဉ်းစားစရာ အများကြီးရှိပါတယ်။ အချို့အမှုတော်ဆောင်များ သူတို့ကို ဝေဖန်ရင် ဒီလိုဖြစ်မယ်ဆိုပြီး ဖြည့်စွတ်ရေးတင်ကြသေး။

- တစ်ချို့သော အမှုဆောင်လိုလို လူတွေက ပြည်ပကနေ Page တွေလုပ်၊ မြန်မာပြည်ကို ချစ်သလိုလိုနဲ့ ကိုယ်တိုင်သေချာလေ့လာမှုမရှိဘဲ ကြိုက်သလို စာရေး၊ လူသိများရင်ပြီးရော ဆိုတဲ့ပုံစံ၊ မသိနားမလည်တဲ့ ခရစ်ယာန်တွေက အဟုတ်ကြီးမှတ် သတင်းတွေလိုက်ဖြန့် နောက် ဆုံးတော့ ဘုရားဘုန်းတော်မပြောနဲ့ ကိုယ်ကိုး ကွယ်တဲ့ ဘုရားနဲ့ ဘာသာတရားကို အိုးမဲ သုတ်တဲ့ အဖြစ်ရောက်နေကြတာ အရမ်းများနေပါပြီ။ ပြည်ပမှာနေပြီး မြန်မာပြည် ခရစ်ယာန်သာသနာအရေးတွေ အ ရမ်းလုပ်ချင်ရင် ပြန်လာပါ သွားမယ့်နေရာတွေ ဟောရမယ့် နေရာတွေ လိုက်ပို့ပေးပါ့မယ်။ ဒီလိုပြောတာ မကြိုက်လို့ Unfriend & block လုပ်ပါအမှန်တရားတော့ ဆက်ပြောနေရပါလိမ့်မယ်။

- လူတစ်ဦး၊ အဖွဲ့အစည်း၊ လူမျိုးနှင့်နိုင်ငံ ဒုက္ခ ရောက်လို့ လက်ညှိးထိုး ဘုရားသခင်စီရင်တာ
လို့ပြောတာ အင်မတန် လွယ်လွန်းပါတယ်။ ဘုရားသခင်က ကျမ်းစာမှာ မျိုးစုံတရားစီရင်တာတွေ့ ရပါတယ်။ သူတရား စီရင်တာဖြစ် ကြောင်းလည်း ရှင်းလင်းစွာဖော်ပြထားတွေရှိရပါတယ်။ ဆင်းရဲဒုက္ခ တိုင်းက ဘုရားစီရင်တာ မဟုတ်ကြောင်းကိုလည်း ကျမ်းစာမှာတွေ့ရပါတယ်။ ဒါကြောင့် ဘာအထောက်ထားမှ မရှိဘဲ ဆရာတစ်ဦးကို ဆဲဆိုထားလို့ ဘုရားကအပြစ်ပေးတယ်ဆိုတာ ကိုယ့်အတ္တနဲ့ ခံစားမှုကို အခြေခံခြင်းသာဖြစ်ပါတယ်။ ဒီလိုပြောလို့ ဆရာတွေကို ဆဲဆိုလို့ရတယ်ဆိုပြီး ထောက်ခံနေတာ မဟုတ်ပါဘူး။ ဥပမာ။ ။ ကင်ဆာနဲ့ လေဖြတ် ဝေဒနာက ဘုရားအပြစ် ပေးတာလို့ ခံယူရင်။ အမေရိကန်မှာ ကင်ဆာနဲ့လေဖြတ် ဝေဒနာခံ စားတဲ့သူအများစုက ခရစ်ယာန်တွေပါ။ ဒါဆိုဘုရားက ခရစ်ယာန်တွေကိုထိုင်ပြီး အပြစ်ပေးနေတာလား။ မဟုတ်ပါဘူး။ သစ္စာရှိစွာ အမှုတော်မြတ်၌ပါဝင်ပြီး ကင်ဆာ၊လေဖြတ်ဝေဒနာခံစားရပြီး ခေါ်တော်မှုခြင်းခံတဲ့ အမှုတော်ဆောင် အများကြီးရှိသလို ကိုယ် တိုင်လဲ တွေ့ဖူးပါတယ်။

- လူတစ်ဦး ဆင်းရဲဒုက္ခရောက်နေချိန် ဘုရားကအပြစ်ပေးတာလို့ ခံယူတဲ့သူတွေကို သိစေချင်တာက ကိုယ်တိုင်ကော ဘုရားက ဘာဖြစ်လို့
အပြစ်မပေးတာလဲ။ ဆင်းရဲဒုက္ခရောက်နေတဲ့
သူထက်ကော ပိုပြီးအပြစ်ကင်းနေလို့လား။

- ယနေ့လူသားတွေရဲ့ အပြစ်ကိုအလျင်အမြန် ဘုရားက တရားစီရင်မယ်ဆိုရင် မနက်နိုးထခွင့်
တောင်မရကြမယ့်သူတွေ အများကြီးပါ။ မိမိအပါအဝင်ပါ။ ကျွန်တော်တို့ ယုံကြည်တဲ့ ဘုရားသခင်က အရာအားလုံး ထိန်းချုပ်သောသူ၊ စီရင်ပိုင်သောသူဖြစ်သော်လည်း စိတ်ရှည်သောသူ၊ မေတ္တာတရားကြီးမားသော ဘုရားဖြစ်ပါတယ်။ ဒါကြောင့် ဘုရားအပြစ်ပေးတာလို့ ပြောပြီးဘုရားအပြစ်ပေးတာ မဟုတ်ရင် ဘုရားသခင်ကို တရားခံလုပ်ခြင်းဖြစ်တဲ့အတွက် အရမ်းအန္တရာယ်များတယ်ဆိုတာ သိစေချင်ပါတယ်။

- ဒီလို ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင် လေ့ လာမှုများစွာ ပြုလုပ်စေချင်ပါတယ်။ ဆရာတစ်ဦးကို အားပေးလို့ဘုရားသခင်ကို လူတွေအမြင်မှားအောင် မလုပ်ကြပါနဲ့။ ဒါကို ရုပ်တု ဆင်းတုကိုးကွယ်ခြင်းထက် ပိုဆိုးပါတယ်ဆိုတာ သိစေချင်ပါတယ်။ အရိုးသားဆုံး ဝန်ခံရရင်ကိုယ်တိုင်လည်း ယခင်က ဟုတ်ယောင်ထင် ယုံကြည်မှုများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် လေ့လာတယ်၊ စူးစမ်းတယ် ကျေးဇူးတော်ကြောင့် တဖြည်းဖြည်းနဲ့ လွတ် မြောက်ခွင့်ရခဲ့ပြီး မိမိကိုးကွယ်ယုံကြည် မှန်ကန်ကြောင်း စိတ်ချယုံကြည်မှု အားကောင်းလာပါတယ်။

- ဟုတ်ယောင်ထင် ယုံကြည်မှုရဲ့ ပြဿနာတွေက လေ့လာခြင်း၊ စူးစမ်းခြင်း၊ မေးခွန်းထုတ်ခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း၊ နှိုင်းယှဉ်အကဲဖြတ်ခြင်း ၊ သမ္မာတရား ကျမကျ ဆန်းစစ်ခြင်းတွေ
အားနည်းပြီး ဓမ္မဆရာနှင့် ဆရာမများရဲ့ပြောတာ၊ ဟောတာကိုသာ မျက်စိမှိတ်ပြီး လက်ခံလိုက်ကြတာ များခြင်းကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့် သမ္မာတရားဖတ်ပါ။ လေ့လာပါ။
ဝိညာဉ်တော်ဘုရားခေါ်ဖိတ်ပါ။ထိုသမ္မာတရားက ဟုတ်ယောင်ထင် ယုံကြည်မှုများထဲကလွတ် မြောက်ခြင်း လုံးဝခံစားစေပြီ ကိုယ်ချင်းစာ
တရားပွားများနိုင်ကြပါစေ။

- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း

- ကိုးကား
- I have a cancer.I want to live by Darlene
Arnold Gore
- ဟုတ်ယောင်ထင်မှု by မင်းသေ့ (၈ ၊ ဧပြီ ၊ ၂၀၂၀)

"သခင်​​ယေရှူသည်​ သင်​၏ သခင်​ ဖြစ်​လာ​သော အခါ ​ငွေသည်​ သင့်​ကို အ​စေခံလိမ့်​မည်​။ သို့​သော်​ စည်းစိမ်​ ဥစ္စာ ကား သင့်​ သခ...
05/07/2020

"သခင်​​ယေရှူသည်​ သင်​၏ သခင်​ ဖြစ်​လာ​သော အခါ ​ငွေသည်​ သင့်​ကို အ​စေခံလိမ့်​မည်​။ သို့​သော်​ စည်းစိမ်​ ဥစ္စာ ကား သင့်​ သခင်​ ဖြစ်​လာ​သော အခါ သင်​သည်​ ၎င်း၏ ကျွန်​ဖြစ်​သွား လိမ့်​မည်​။ ဥစ္စာ ဓန ကြွယ်​ဝခြင်း ဟူသည်​ကား အပြစ်​ မဟုတ်​ပါ။ သို့ရာတွင်​ ဘုရားသခင်​ ၏ ဘုန်း​တော်​ ထင်​ရှားဖို့ ရန်​ ​ငွေ ကို အသုံးပြုဖို့ ပျက်​ကွက်​ မည်​ဆို လျှင်​​တော့အပြစ်​ဖြစ်​သည်​။"
Rick Warren
The Purpose Driven Life

ယေရှူခရစ်​​တော် ကို မိမိ ၏
ကယ်​တင်ရှင် သ​​​​​​​ခင်​​နေရာ ထားခြင်း အားဖြင့်​ ထိုသခင်​ ​ယေရှူခရစ်​၏
လမ်းပြ မှု ကို အစဉ်​ဝန်​ခံ အသက်​တာ၌ လိုက်​​လျှောက်​ အသက်​ ရှင်​ရင်း၊ ဘုန်း​တော်​ ထင်​ရှား​စေ​သော ဘုရား သား/သမီးဖြစ်​ကြပါစို့....

"ငါသည်​​ကောင်း​သော သိုးထိန်းလည်းဖြစ်​၏။" (ရှင်​​ယောဟန်​ ၁၀:၁၁)

Blessed Sunday... "အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခို...
28/06/2020

Blessed Sunday...

"အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။"
(​ရောမ ၈:၃၈-၃၉)

Address

115/16, Pearl Street, Ye Aye Kwin Q.
Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959777735988

Website

Alerts

Be the first to know and let us send you an email when Church of Christ Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Church of Christ Taunggyi:

Share