岱枝康濟廟

岱枝康濟廟 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 岱枝康濟廟, Buddhist Temple, Taikkyi.

အုန်ကုန်း   အပိုင်း   ၁ဟိန်ဟုတ်ကျွံအုန် အုန်ကုန်း အဖြစ်ပျက်အကျဉ်းချုံးနဲ့တိုက်ကြီးခုံကျေးဗြို အုန်ကုန်းဘုရားကျောင်း၏ အသေ...
13/02/2022

အုန်ကုန်း အပိုင်း ၁
ဟိန်ဟုတ်ကျွံအုန် အုန်ကုန်း အဖြစ်ပျက်အကျဉ်းချုံးနဲ့
တိုက်ကြီးခုံကျေးဗြို အုန်ကုန်းဘုရားကျောင်း၏ အသေး
စိတ်သမိုင်းမှန်
အုန်ကုန်း၏အမည်မှာလင်ကျောက်တိတ်林绍德်ဖြစ်ပြီး
ဟုတ်ကြန့်ပြည်နယ်ဖူထန်မြို့莆田သားဖြစ်သည် တိုင်း
ပြည်ကျိုးပြုလုပ်ငန်းများကြောင့် ထန်မင်းဆက်ထန်
ကောင်းကျုံးမှ သက္ကရာဇ် ၆၅၀ - ၆၅၅ ခုနှစ်အချိန်တွင်
ဟိန်ဟုတ်ကျွင်အုန် 興福尊王 ဆိုသည့်ဘွဲ့ရာထူး
ချီးမြင့်ခဲ့သည် အုန်ကုန်း 王公 ဟုအများကအတိုချုံးခေါ်
ဝေါ်ကြသည် အုန်ကုန်း၏သားအကြီး တွာရှာ 大舍
သည် ဗိုလ်ချုပ်မှုးကြီးဖြစ်ပြီး ပြည်နယ် ၁၃ ခုကိုလှည့်
လည်ကြီးကြပ်ရသည် 二舍 ဒုတိယသားတော် 三舍
တတိယသားတော်ကို တိုင်းပြည်အားကာကွယ်သည့်
သူရဲကောင်းဘွဲ့ချီးမြင့်သည် ယောက်ဖတော် 苏都统
ကိုစစ်သေနာပတချုပ်အဖြစ်ခန့်အပ်သည် အုန်ကုန်းမိသာ
းစုသည် ထိုခေတ်အခါကလက်ရုံးရည်နှလုံးရည်နှင့်ပြည့်ဝ
သောမူးကြီးမတ်ရာများဖြစ်ကြသည် ဟုတ်ကြန့်ပြည်နယ်
၌တည်ငြိမ်ရေးပျက်ပြားချိန်တွင် အုန်ကုန်းဦဆောင်သော
စစ်တပ်သည်ထိုဒေသကိုတည်ငြိမ်အောင်အကျိုးပြု့
စွမ်းဆောင်နိုင်ခဲ့ရာ ဘုရင့်အမိန့်အရအုန်ကုန်းသည်
မိသားစု 王公林绍德 叶顺 王戀英 苏都统
大舍 二舍 三舍 一家七口人 နှင်အတူဆွေမျိုး
များကိုပြန်လည်ကြည့်ရာ ကျင့်ကံမြို့ကွီထုံတောင်ကြီးကို
梅桐 ဖြတ်သန်းရာလမ်းတွင် အုန်ကုန်းမိသားစုခုနှစ်ဦး
အုန်ကုန်းပထမဇနီး ဒုတိယဇနီး ယောက်ဖတော်စစ်ကဲ
ချုပ်နဲ့ သားတော်ကြီး ဒုတိယသားတော် တတိယသား
တော်အားလုံးတို့သည် ကိုယ်ရောင်ကိုယ်ဝါပြ၍ထွက်ရပ်
ပေါက်ကာနတ်ဒေဝါအဖြစ်သို့ရရှိပါကုန်တော့သည်
ထိုအခါအနီးနားရှိ ရွာသူရွာသားများသည် ဤမြင့်မြတ်
ထူးခြာသည့်အခြင်းရာကိုမြင်တွေ့ရပြီး ထိုနေရာ၌ပင်
ကျောင်းဆောက်၍ရုပ်တုတော်ထုလုပ်ကာနတ်ဒေဝါအ
ဖြစ်ရိုသေစွာကိုးကွယ်ကြလေသည် ထိုဘုရားကျောင်းကို
အွီစွမ်စီ 回山寺 တောင်တန်းအပြန်ဘုရားကျောင်းဟု
ခေါ်ဝေါ်ကြသည်
၅ ပြည်ထောင်ခေတ် သက္ကရာဇ် ၉၀၇ - ၉၆၀ ခုနှစ်တွင်
ချွမ်ကျိုးမြို့သမိုင်းမှတ်တမ်းများအရ ထိုဘုရားကျောင်း
တွင်တိမ်မြုပ်သွားသောဝိညာဉ်များကို ကောင်းမှု့ပြုလုပ်
ပေးကာ ဘုရားကျောင်းကိုခုံကျေးအွန် 玉泉康济院
ဟု ပြန်လည်နာမည်ပေးခဲ့သည် ထိုနှင့် နှစ်ကာလကြာ
ညောင်းသောအခါ ထိုဘုရားကျောင်းလည်းယိုယွင်းပျက်
စီးသွားသည် မင်မင်းဆက်ခေတ်ယုံလိုမင်းကြီးအုပ်ချူပ်
မူ့ ၄ နှစ်မြောက် သက္ကရာဇ်1406 ခုနှစ်တွင် ရှင့်ငေါ်
မျိုးနွယ်စု၏ 姓吴 霞井始祖吴原禄 ပထမဦးဆုံး
လူ ဝူယွမ်လုဆိုသူသည် စန်းရှီးပြည်နယ်မြောက်ပိုင်းတွင်
စခန်းချကာ အေကျင်ရွာတွင်နေထိုင်ရန်သတ်မှတ်ပြီး
အုန်ကုန်းအားဘိုးဘေးနတ်အဖြစ်သတ်မှတ်ကာပူဇော်
လေသည် ထိုနောက်ဘုရားကျောင်းကိုလည်းပြုပြင်ကာ
ခုံကျေးဗြို 康济庙 王公庙 ဟုပြောင်းလည်းမှည့်ခေါ်
ခဲ့သည် မင်မင်းဆက်ခေတ်ကျန့်တက်မင်းကြီးလက်ထက်
သက္ကရာဇ် 1506 1521 ခုနှစ်တွင် ရေမြေအနေထား
ကျွမ်းကျင်သည့် ဖုန်ရွှေဆရာတစ်ဦးထိုကျောင်းနေရာမှ
ဖြတ်အသွား တောင်ထွဋ်ခြောက်လုံးစုစည်းနေပြီး
လေမီးဖိုသဏ္ဍန်စုစည်းနေသော သဘာဝ၏ရတနာမြေ
ကိုကြည့်ရှု့မဆုံးဖြစ်ကာ တကယ်လို့သာဘုရားကျောင်း
ကိုသုံးပေမြင့်ပြီး ကျောင်းမျက်နာစာကိုအနည်းငယ်ရွှေ့
လိုက်ရင် တန်ခိုးသိဒ္ဓိတွေဟာသွေးကြောကဲ့သို့စုစည်း
လာလိမ့်မည်ပထမဆုံးဘိုးဘွားဘီးဘင်ရဲ့မူလနတ်အ
ဖြစ်နဲ့ ဘိုးစဉ်ဘောက်ဆက်ဘုရားကျောင်းအဖြစ်တည်
ထားကိုးကွယ်ရင်တော့ နတ်တန်ခိုးကြောင့်လူသားတွေ
ချမ်းသာကာ ရေရှည်ကောင်းကျိုးရှိလိမ့်မယ်ဟု အကြံပြု
ပြောကြားသွားသည် ရှင်ငေါ်မျိုးနွယ်စုကလည်း ထိုစကား
တိုင်းတည်ဆောက်သောအခါ အမှန်တကယ်ပင်ဖုန်းရွှေ
အရကောင်းမွန်သောကြောင့် အုန်ကုန်းတွင်အမွှေးဆီမီး
ထိန်ထိန်ညှိကာ ရှင်င်ါမျိုးနွယ်စု၏သားမြေးများဟာလည်း
စောင့်ရှောက်မစမှု့ကြောင့် ချမ်းသာကြွယ်ဝလာကြသည်
ခရစ်နှစ် 1921 တွင် တိုက်ကြီးမြို့သို့အစောပိုင်း ရောက်
ရှိသည့်တရုတ်လူမျိုးလီလွန်အင်နှင့်ဇနီးဖြစ်သူမစိန်တို့
သည် ဆွေမျိဲးများကိုတွေ့ဆုံရန်တရုတ်ပြည်သို့အလည်
ပြန်ကြလေသည် ထိုအခါတွင်သူ့၌အမည်မသိအဆိတ်
ရှိအနာတစ်မျိုးသည်လည်ပင်း၌ဖြစ်ပွါးရာ နာကျင်၍မ
ပျောက်ကင်းနိုင်ပဲရှိနေသည် နာမည်ကြီးဆေးဆရာများ
ဖြင့်ပြသကုသပါသော်လည်း ပျောက်ကင်းနိုင်မည့်နည်း
လမ်းမရှိဖြစ်နေရာ ထိုအခါအသက်အန္တရာယ်ပါစိုးရိမ်လာ
ရသည် ထိုအခါရွာသားများကလာရောက်ပြီး အုန်ကုန်း
ဟာတန်ခိုးကြီးကြောင်းတတိယသားတော်မှာလည်း
နတ်ဆေးဆရာဖြစ်ကြောင်း ထိုကြောင့်ဘုရားကျောင်းသို့
မြန်မြန်သွားကာ ရောဂါပျောက်ကင်းစေရန်ဆုတောင်းစေ
သည် အမှန်တကယ်ပဲနတ်ဒေဝါတို့၏တန်ခိုးမှာအံ့သြစရာ
ပင် ရုတ်တရက်ဆိုသလိုအနာနဲ့ဆေးတွေ့ကာ ပျောက်
ကင်းသွားလေသည် လီလွန်အန်သည်အုန်ကုန်းကိုကျေး
ဇူးဆပ်ရမည်ဟုသိရှိပြီး မြန်မာပြည်သို့မပြန်ခင်တနေ့တွင်
ထပ်မံ၍ဘုရားကျောင်းသို့သွားရောက်ကာ ကန်တော့
စရာပစ္စည်းစုံဖြင့်ပူဇော်ကန်တော့သည် ထိုနေ့ညမှာပင်
အုန်ကုန်းဟာအိမ်မက်ပေးတော်မူပြီး ကိုယ်တော်လည်း
မြန်မာပြည်သို့ကြွတော်မူမည်ဟုဆိုသည် ထိုအခါလီလွန်
အန်သည်အိမ်မက်ကိုအသေးစိတ်စဉ်းစားကာ ကံကောင်း
ပြီးသုခလက္ခဏာဖြစ်ကြောင်း သိရှိကာချက်ချင်းပင်
မြန်မာပြည်မှအတူပြန်လာသည့်ငေါ်ရှန်ရှုံနှင့်တွေ့ဆုံပြီး
ပန်းပုဆရာခေါ်ကာ ဥာဏ်တော် ၁၀ လက်မခန့်ရွှေရုပ်ပွါး

အုန်ကုန်း အပိုင်း ၂
တော်တစ်ဆူထုဆစ်ကာ
ထိုနောက် ထိုကျောင်း၌ပင်သိဒ္ဓိတင်ခိုင်းကွမ်းမင်္ဂလာပြု
လုပ်ကာ ဗုံမောင်းတီမှုတ်ပြီး သမ္မာန်ပေါ်တက်၍ ၃ ဦး
အတူပင်လယ်ဖြတ်ကာမြန်မာပြည်သို့ပြန်လာကြလေ
သည် မြန်မာပြည်တွင်ခေတ္တကိုးကွယ်သည့်နေရာမှာ
တိုက်ကြီးမြိူ့မြောက်ဘက်ရှိဖလုံကျေးရွာ岱枝 怕弄 ၏
အိမ်ရှင်ဟိုတျန်ကီး၏နေအိမ်အပေါ်ထပ်၌ပူဇော်ကာ
မွေးနေ့မင်္ဂလာနေ့ကြုံကြိုက်တိုင်းရွာထဲ၌ ဆွမ်းတော်ကြီး
ပွဲများတင်လှုကြပူဇော်ပြီးပြဇာတ်များပြ၍ဂုဏ်ပြုကြသည်
နောက်ပိုင်းတွင်တရုတ်လူမျိုးအများစုမှာ တိုက်ကြီးမြို့သို့
ပြောင်းရွှေ့အချေချသောကြောင့်အုန်ကုန်းအားတိုက်ကြီး
မြို့တွင်ပူဇော်ကန်တော့ကြတော့သည် ထိုအချိန်မှာ
ငေါ်ရှုံရှင်ဆိုသူမှာငွေသုါံ်ထောင်ဖြင့် တိုက်ကြီးမြို့တရုတ်
တန်းတွင်အခန်း ၅ ခန်းပါသစ်သားအိမ်နှစ်ဆောင်
ဝယ်ယူပြီးအပေါ်ထပ်တွင်အုန်ကုန်းအားပူဇော်ထားကာ
အောက်အခန်းများကိုကုန်စုံဆိုင်ဖွင်ရန်ငှားရမ်းထားသည်
ငှားရမ်းလခသည်အဆောင်တန်ဖိုး အရင်းကျေးသော
အခါအဆောင်ကြီးကို အုန်ကုန်းပိုင်အဖြစ်လှုဒါန်းကာ
အုန်ကုန်းတျန် အုန်ကုန်းအခန်းဆောင်ဟု နာမည်ပေး
လေသည် ဖလုံနဲ့ဥက္ကံ တွင်လည်း အုန်ကုန်းပင့်ဆောင်
လျင် ပူဇော်နိုင်မည့်အသေးစားဘုရားကျောင်းများကို
လည်းဆောက်လုပ်စေသည် နှစ် ၂၀ ကာလတွင်အုန်ကုန်
အား ပြင်ပမြို့များမှလာပင့်ဆောင်ကြသဖြင့် တိကျသော
နေရာအတည်ကျမရှိပါ တိုက်ကြီးမြို့တွင်အုန်ကုန်းမွေး
နေ့ပွဲတော်ကို တရုတ်လ ၁ လ ၁၈ ရက်နေ့၌ကျင်းပသည်

ဥက္ကံမြို့တွင် တရုတ် ၂ လပိုင်း ၈ ရက်နေ့
ဒိုက်ဦးမြို့တွင် တရုတ် ၃ လပိုင်း ၈ ရက်နေ့နှင့်
မင်းလှမြို့ကျောက်တံတားမြိူ့ တရုတ် ၁၀ လ ၁၈ ရက်
ဟူ၍နေ့ရက်မတူပဲကျင်းပကြသည်
1948 ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရပြီးသောအခါ
အုန်ကုန်းတျန်ကိုတစ်လမ်းတည်းရှိချစ်တီးတိုက်သို့
ပြောင်းရွှေကာပူဇော်ထားသည် ထိုနောက်နှစ်ပေါင်း ၃၀
ကြာသောအခါ ထိုအခါ၌အုန်ကုန်းတန်ခိုးအရှိန်ဝါတောက်
ပလာပြီး ရန်ကုန်မြို့ရှိအလှုရှင်များသည် တရုတ်ပြည်
ရှေးဟောင်းမူပုံစံ နဂါးဇာမဏီရတနာကျောင်းဆောင်
တစ်ခုကိုလှုဒါန်းကြလေသည် ကျောင်းဆောင်မှာအလွန်
လှပပြီးပုံသဏ္ဍာန်သစ်နှင်ထည်ဝါလှသောနတ်ကျောင်း
ဆောင်ဖြစ်လာခဲ့ပြီး ဘုရားကျောင်းကိုလည်း ခုံကျေးဗြို
ဘုရားကျောင်းဟုခေါ်ဝေါ်ကြတော့သည် အုန်ကုန်းဘိုး
တော်၏တန်ခိုးတော်ကြောင့်ဆုတောင်းပြည့်ဝ၍အနယ်
နယ်အရပ်ရပ်မှတရုတ်လူမျိုးများတဖွဲဖွဲလာရောက်၍
တန်ဖိုးကြီးပစ္စည်းများအလှုငွေများလာရောက်လှုဒါန်းကြ
ကာအေးချမ်းသာယာစေရန်ဆုတောင်းကြသည်
ထိုအချိန်မှစ၍ဘုရားပွဲတော်ကျင်းပတိုင်း ယခင်ကမရှိ
ဖူးသည်ဘုရားဖူးများစည်ကားများပြား၍နေပါသည်
သို့သော်အုန်ကုန်းသည် မူလအေကျင်းရွာမှရှင်ငေါ်မျိုး
နွယ်စုတို့၏ မူရင်းပိုင်ဆိုင်သောဘုရားဖြစ်သည် ပွဲတော်
ကျင်းပသည့်အခမ်နားစရိတ်ဇာတ်ပြခြင်း ဆွမ်းတော်ကြီး
တင်ပွဲများဆက်ကပ်ခြင်းကို ရှင်ငေါ်မျိုးနွယ်စုတို့ကသာ
တာဝန်ယူပြုလုပ်သည်အခြားပြင်ပလူတွေက အမွှေးတိုင်
ဖယောင်းတိုင်ကန်တော့ပစ္စည်းဖြင့်သာပူဇော်ရသည်
သို့သော် ဘုရားပွဲတော်မှာနှစ်စဉ်စည်ကားလာသောလည်
ဘုရားကျောင်းအကျယ်ဝန်းမလံလောက်၍ လူများပြီး
ကျဉ်းမြောင်းနေ၍ တိုးချဲ့ကျောင်းဆောက်လုပ်ရန်တွက်
သက်ဆိုင်ရာတာဝန်ရှိလူကြီးများတိုင်ပင်ကာ တမြို့လုံး
ကိုဆော်သြလိုက်သည် ထိုအစီစဉ်နှစ်ပတ်သက်ပြီး
ရှင့်ငေါ်မျိုးနွယ်စု၏ဦးစီးလုပ်ကိုင်နေသည့် ငေါ်ရှန်ကျူး
ငေါ်ခီရှိန်လူကြီးနှစ်ဦးသည် 1983 ခုနှစ်နွေရာသီတွင်
မြို့လုံးကျွတ်တရုတ်အမျိုးသားများ အစည်းဝေးခေါ်ယူ
ညှိနိုင်းကာ ပရိတ်သတ်ရှေ့မှောက်၌ပင် အုန်ကုန်းအား
တမြို့လုံးနှင့်ဘုံသက်ဆိုင်သော နတ်ဖြစ်ကြောင်းကျေငြာ
သည် ဘုရားကျောင်း၏ကိစ္စကိုတမြို့လုံးမှတိုင်ပင်လုပ်
ဆောင်ကြရန်နှင့် ကျောင်းဆောက်လုပ်ရေးကော်မတီ
ဖွဲ့စည်းပြီးဆောက်လုပ်ရေးကိစ္စတွက် အကြံဥာဏ်
တောင်းခံခဲ့သည် အများကအုန်ကုန်းတျန်ဟာ မြို့လယ်
လမ်းမှာရှိပြီးဘုရားစေတီကိုမျက်နာမူနေသည့်အတွက်
လက်ရှနေရာကကောင်းမြတ်ပြီးအခြားနေရာရှာရန်မလို
ကြောင်းပြောကြသည် ၎င်းနေရာကိုသာဖျက်ပြီးပြန်
ဆောက်ရန်ရှေးမူလက်ရာအတိုင်း လှသထက်လှအောင်
မွမ်းမံပြီးနတ်တန်ခိုးအား တင့်တယ်ထည်ဝါစေခြင်းသည်
အများပြည်သူတို့၏ဆန္ဒနှင်ကိုက်ညီကြောင်းပြောကြ
သည် သို့သော် ငွေပမာဏများစွာလိုအပ်နေသော
ကြောင့် ကိုယ်နည်းဟန်ဖြင့်နည်းလမ်းရှာကြသည် ထို
ကြောင့်လူကြီးများသည်ဘုရားကျောင်းရွှေငွေပစ္စည်းများ
ကို စုကြည့်ပြီးအုန်ကုန်းဘုရားကျောင်းကိုဖျက်ပြီး
ရောင်းလိုက်သည် ကျောင်းဟောင်းနောက်တစ်ခုဖြစ်
သည့် ချစ်တီးတိုက်ကိုလက်ရှိငှားရမ်းနေထိုင်သူ
ငေါ်ရှုံဟင်ကိုရောင်းချလိုက်သည် စုစုပေါင်းတွက်ချက်
ကြည်သော်လည်း ငွေကြေးပမာဏများစွာလိုအပ်နေသေ
သည် ထိုကြောင့်လူကြီး ၉ ဦးသည် အခြားမြို့များသို့
အလှုခံထွက်ကြသည် အုန်ကုန်း၏မစမှု့ဖြင့်နေရာအသီး
သီးမှလူအလွှာအသီးသီးတို့သည် သဒ္ဒါကြည်စွာလှုဒါန်း
ကြအလှုငွေများပေးပို့လာကြဖြင့် ပိတ်စပိုင်းလေးများ
ဆက်ရင်းအင်္ကျီတစ်ထည်ဖြစ်မြောက်သကဲ့သို့ ငွေပမာ
ဏပြည့်စုံသွားတော့သည် 1983 ခုနှစ်တရုတ်ပြက္ခဒိန်
ဝက်နှစ် ၁၁ လ ပိုင်း ၁၉ ရက် အာရုံဏ်တက်ချိန်တွင်
အုန်ကုန်းတျန်မူလနေရာဟောင်းကို အမွှေးတိုင်ထွန်း

အုန်ကုန်း အပိုင်း ၃
အမွှေးတိုင်ထွန်းအုန်းမြသ်ချပြီး တရုတ်ပြက္ခဒိန် ၁၂ လ
ပိုင်း ၁၀ ရက်နေ့တွင် တိုက်ကြီးမြို့နယ် အေးချမ်းသာ
ယာရေးနှစ် ဖွင့်ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှုးအောင်ခိုင်
ကိုယ်တိုင်လာရောက်၍ ပန္နက်ရိုက်မင်္ဂလာပြုလုပ်ပေး
သည် ရန်ကုန်မှကန်ထရိုက်ငေါ်ကျွီးစိန်ကိုလုပ်ငန်းတာဝန်
များ ပေးအပ်ပြီးတိုင်တိုင်ပင်ပင်နဲ့အလုပ်လုပ်ကြကာ
၁ နှစ်ကျော်ကြာပြီးနောက်အလုပ်တာဝန်ပြီးဆုံးသွားကြ
သည် ဘုရားကျောင်းအမြင့်မှာ ၃၇ ပေ အလျား ၈၀ ပေ
အနံ ၅၅ ပေရှိသော RC တ်ုက်အမျိုးစားဖြစ်ပြီး ခိုင်ခံ
ခိုင်ခံတောင့်တင်းလှလည် ခေါင်းတံစက်မြတ်ကိုတော့
လိပ်ထားပြီးထုထည်ခန်းညားလှပသည့် တရုတ်ပြည်မှ
ကျောင်းဆောင်ပုံသဏ္ဍာန်နှစ်ထပ်ကျောင်းတော်ကြီးဖြစ်
သည် အပေါ်ထပ်တွင်ဘုရားကျောင်းခန်းမကြီးဖြစ်ပြီး
ကျောင်ူဆောင်သုံဆောင်တန်းစီထားသည်
ကျောင်း၏ဘယ်ဘက်တွင်မြတ်စွာဘုရား အရိမေတ္တယျ
ဘုရားလောင်းတော် ကွမ်ရင်မယ်တော်တို့အားကိုးကွယ်
ထားသည် အလယ်ဗဟိုတင်ပင်မကျောင်းဆောင်
ထားရှိပြီး ဟိန်ဟုတ်ကျွံအုန် အုန်ကုန်းအားပူဇော်ထား
သည် ဘာဘက်တွင်မြေစောင့်နတ်ထူတိကုန်း 土地公
ပိုစိမ်တိုင်တေကျန်းမာရေးနတ် 保生大帝
ကျုံကွန်ရာ 将军爷 စစ်ဗိုလ်ချုပ်နတ် 吕仙公 ရှန်ကုန်
းနတ်ဘိုးဘိုး ကင်ကြည်မားမယ်တော် 金氏娘娘
စသည့်နတ်ဒေဝါအပေါင်းအားကိုးကွယ်ထားသည်
ဘုရားဆောင်များ၏အရှေ့ဘက်တွင်အခင်းကျင်းများ
ပြုလုပ်ထားသည် ရှေးဆန်သည့်တင့်တယ်သည့်ခန်းမကြီ
းတွင် ဘုရားကျောင်း၌ရှိသင့်ရှိထိုက်သောအဆောင်
ယောင်ပစ္စည်းများနှင့်ပြည့်စုံနေသည် တံခါးမကြီးများ
အရှေ့ဘက်ထွက်လျင်လသာဆောင်ရှိပြီး အလယ်ဗဟို
၌ပြဿဆောင်ရှိပြီး ထျန်းကုန်းမိုးနတ်မင်းကန်တော့
သည့်ဘုံအဖြစ်ပြုလုပ်ထားသည် ပြဿ်ဆောင်ကိုနဂါး
တိုင် ၂ ခုက ထောက်ကန်ထားပြီး ဘယ်ညာနှစ်ဘက်
တွင်ရွှေစက္ကမီးရှို့သည်မီးဖိုကြီး ၂ လုံးကို မျက်နာခြင်း
ဆိုင်ထားရှိသည် ထို့ပြင်ကောင်းချီးစာသားများကိုလည်း
ကျောက်ပြားထက်တွင်ရေးထွင်းထားပြီးအပြန်အလှန်
ရောင်ပြန်ဟတ်နေသည် ထို့ကြောင့်ဇာတိမြေမှအရောင်
သွေးစုံလင်ထည်ဝါမှု့ကိုမလျှော့နည်းစေပါ အုန်ကုန်း
ကျောင်းသည်မြို့လယ်ခေါင်တွင်ရှိနေသည်ကလည်း
ကျောင်း တရုတ်လူမျိုးအသိုက်ဝန်းတွင်ရှိနေသည်က
လည်းကောင်းဖြစ်သောကြောင့် ဝရန်တာမှမျှော်ကြည့်
လျှင် မြို့ထဲ၌စည်းကားသွားလာနေသည်ကိုရှု့မြင်နိုင်
သည် ကျောင်းဆောက်လုပ်ရေးလုပ်ငန်းပြီးဆုံးသွား
သောအခါ ပထမအကြိမ်မြောက်ဂေါပကအဖွဲ့မှဘုရား
ကျောင်း၏တာဝန်အလုပ်များကိုဦးစီးလျက် 1985 ခုနှစ်
တရုတ်ပြက္ခဒိန် ၁လ ၁၅ ရက်နေ့ မီးထွန်းပွဲတော်နေ့ကို
ရွှေးချယ်ကာ ကျောင်းသစ်ဖွင့်ပွဲအခမ်းနားနဲ့ပထမဦးဆုံး
အကြိမ်အုန်ကုန်းမြို့တွင်းဒေသစာရီအပူဇော်ခံလှည့်လည်
ပွဲအပြီး ကျောင်းဆောင်သစ်တက်ပွဲအခမ်းနားကိုကျင်း
ပကြသည် ဂေါမတမြတ်စွာဘုရား အုန်ကုန်းဘိုးတော်
နတ်ဒေဝါအသီးသီးအားပင့်ဆောင်ကာ မြို့တွင်းတပတ်
လှည့်လည်ပြီး ကပ်ဘေးကင်း၍ချမ်းသာသုခပြည့်စုံပြီး
အရပ်လေးမျက်နားငြိမ်းချမ်းရေးတွက်ဆုတောင်းကြ
သည် ထိုနောက် ၅ နှစ်တစ်ကြိမ်ဂေါပကသစ်ရွှေးချယ်
ကာတာဝန်လွှဲပြောင်းပေးအပ်ရသည် ထိုနောက်အစဉ်
လာတိုင်း တရုတ်မီးထွန်းပွဲတော်နေ့တွင်ဒေသအသီးသီး
မှ တရုတ်အမျိုးသားအဖွဲစည်းများ ဘုရားကျောင်းများ
ကိုဖိတ်ကြားကာ မြို့တွင်းလှည့်လည်ပွဲတစ်ကြိမ်ကျင်းပ၍
ရှစ်ခိုးကန်တော့သည့်မင်္ဂလာအခမ်းနားဖြင့်အတူတကွ
ဂုဏ်ပြုကြသည် ထိုအခါတွင်တရုတ်နဂါးအဖွဲ့ ခြင်္သေ့
အဖွဲ့မြန်မာတီးဝိုင်းအဖွဲ့ရှေးဟောင်းအဝတ်စားများဖြင့်
မြင်းစီးအဖွဲ့တို့ပါဝင်လှည့်လည်ကြသည် နတ်တန်ခိုးကြီး
မားမှု့ကြောင်းတရုတ်အဖွဲ့စည်းချစ်ကြည်ရေးတိုးတက်
စေကာ လှည့်လည်ပွဲမှာလည်းအထူးပင်ကြီးမားထည်ဝါ
လှပါသည် သို့ပါ၍ဤသမိုင်းများတိမ်ကောပျောက်ကွယ်
နောင်လာနောင်သားတို့မသိရှိမှာကိုစိုးရိမ်သည့်အတွက်
မှတ်တမ်းများကိုပြု့စုကာ ဆောင်းပါးအဖြစ်နှစ်ပေါင်း
ကြာရှည်ရန်ပြုစုထားရစ်ခဲ့ပါသည်
ခရစ် 2002 ခုနှစ် တရုတ်ပြက္ခဒိန်မြင်းနှစ် ဆောင်းရာသီ
အစပိုင်းကာလပထမပတ် တိုက်ကြီးမြို့မှဒါယကာ
အွန်ရှိတင်းလေးစားစွာမှတ်တမ်းပြု့စုပါသည်

Ko Htaik

တိုက်ကြီးမြို့ တရုတ်ဗုဒ္ဓဘာသာ အုန်ကုန်းဘုရားကျောင်းအား ၁၂.၂.၂၀၂၁ နေ့ မှ  ၁၄.၂.၂၀၂၁ နေ့ အထိ ​​ခေတ္တယာယီပိတ်ထားပါသည်။
11/02/2021

တိုက်ကြီးမြို့ တရုတ်ဗုဒ္ဓဘာသာ အုန်ကုန်းဘုရားကျောင်းအား ၁၂.၂.၂၀၂၁ နေ့ မှ ၁၄.၂.၂၀၂၁ နေ့ အထိ ​​ခေတ္တယာယီပိတ်ထားပါသည်။

Address

Taikkyi

Opening Hours

Monday 05:00 - 17:00
Tuesday 05:00 - 17:00
Wednesday 05:00 - 17:00
Thursday 05:00 - 17:00
Friday 05:00 - 17:00
Saturday 05:00 - 17:00
Sunday 05:00 - 17:00

Telephone

+95552220050

Website

Alerts

Be the first to know and let us send you an email when 岱枝康濟廟 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share