18/05/2014
ဝိဇ္ဇာကျင့်စဉ်
ကိလေသာအမိုက်အမှောင်ကို ဥာဏ်အလင်းဆောင်၍ အောင်မြင်
ခြင်းရှိတော်မူသောမြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သ္မီးသည် ( )ခုနှစ်၊
( ) လ၊ ( )ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉) ပတ်
တိတိဖြင့် ၀ိဇ္ဇာအကျင့်မြတ်ကို ပွါးများအား ထုတ်ပါမည်ဟု သစ္စာအဓိဌာန်
ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌၀ိဇ္ဇာရှစ်သောင်း
ဆရာအပေါင်းတို့သည်၎င်း၊ သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်း တို့သည်
၎င်း၊အရပ်လေးမျက်နှာ၌ စောင့်ကြကုန် သော နတ်မင်းကြီးလေးပါးတို့သည်
၎င်း၊ တောစောင့် ၊တောင်စောင့် ၊မြို့စောင့်၊နယ်စောင့်၊ သာသနာစောင့် တို့
သည် ၎င်း၊ဘ၀အထိုထို၌တော်စပ်ကြသော ဆွေတော် မျိုးတော်တို့သည်၎င်း
၊သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာ မကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
အကျဉ်းပွါးနည်း -
ဥုံ - ပု - ဒိ - အာ - ၀ိ - စေ - မ - ဒိ - ဣ တစ်ပုဒ် ပုတီးတစ်လုံးပွါးပါ။
အကျယ်ပွါးနည်း -
ပု - ပုဗ္ဗေနိဝါသ နုဿတိ ဥာဏံ သရဏံဂစ္ဆာမိ
ဒိ - ဒိဗ္ဗစက္ခု ဥာဏံ သရဏံ ဂစ္ဆာမိ
အာ - အာသဝေက္ခယ ဥာဏံ သရဏံ ဂစ္ဆာမိ
ဝိ - ၀ိပဿနာ ဥာဏံ သရဏံ ဂစ္ဆာမိ
စေ - စေတောပဋိယတ္တိ ဥာဏံ သရဏံ ဂစ္ဆာမိ
မ - မနောမယိဒ္ဓိ ဥာဏံ သရဏံ ဂစ္ဆာမိ
ဒိ - ဒိဗ္ဗသောတ ဥာဏံ သရဏံ ဂစ္ဆာမိ
ဣ - ဣဒ္ဓိ ၀ိဓ ဥာဏံ သရဏံ ဂစ္ဆာမိ